ကေ
 |
ရွှေလွှမ်းတောင်ဆိုတဲ့နိမိတ်နဲ့ မြသိန်းတန်ဘုရား |
 |
နဂါးရုံဘုရားပုံတော် |
 |
ရွှေလွှမ်းတောင်ပေါ်(ရေပြာဂေါက်ကွင်းအနား)မှ လှမ်းဖူးမြင်ရတဲ့ ဥပ္ပါတသန္တိစေတီတော်မြတ် |
 |
တောင်ပိုင်ကြီးနဲ့ ဒေါ်စောလွမ်းလို့ထင်ရတဲ့ ပုံတော် (အောက်မှာ ကဗ္ဗည်းမထိုးထားလို့ ခန့်မှန်းရတာပါ) |
 |
ကဗ္ဗည်းမော်ကွန်းကို နေရဲ့အပူရှိန်အောက် ဓာတ်ပုံရိုက်တော့ မျက်လုံးတွေပြာပြီးဘာမှ မမြင်ရပေမဲ့ ကိုယ့်ပုံကိုယ်ရောင်ပြန်မြင်ရတယ်လေ။ ဖိုတိုရှော့မဟုတ်ဖူးနော် |
 |
ဘိုးတော်များပုံတော်တွေအများကြီးကိုတောင်ပေါ်မှာ ပူဇော်ထားတာတွေ့ရစဉ် |
 |
တောင်ပိုင်ကြီးနှင့် ဒေါ်စောလွန်း ပုံတော် |
 |
ဘုရားအနီးရေပြာရွာမှ တောင်ပိုင်ကြီးတို့ကို ယုံကြည်လို့ ပွဲလာတင်တဲ့ မိသားစုလေးအမှတ်တရ |
 |
ကျမနဲ့ ဘုရားသွားနေကျ ဘော်ဘော်(၂)ဦးပေါ့ရှင် |
့ပုံတွေကိုဘဲ တင်ထားတာဖြစ်ပါတယ်။ ဒီဘုရားတောင်ဟာ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးအတိတ်ဘ၀က တော်စပ်ခဲ့တယ် နှမတော်တွေကို သိုက်ကလို့ စွပ်စွဲပြီး အသတ်ခံထားရတဲ့နေရာနဲ့ မနီးမဝေးမှာရှိပြီး ဦးရီးတော်နှစ်ပါး ပုပ္ပါးကကြွလာတဲ့အခါမှာ တူမတော်တွေအသတ်ခံထားရလို့ လွမ်းတဲ့နေရာ၊ လွမ်းတောင်လို့ သိထားပါတယ်။ သို့ပေမဲ့ ရွှေလွှမ်းတောင်ရယ်လို့ အတိတ်နမိတ်ကိုဆောင်ပြီး ပြန်ပြောင်းထားတဲ့နာမည်လို့ ယူဆရပါတယ်။ အရင်က စကက(၁၆)တပ်နဲ့နီးတဲ့နေရာဖြစ်တဲ့အပြင် တပ်မတော်ရေပြာဂေါက်ကွင်းနဲ့နီးတဲ့အတွက် ကျမတို့ သွားတဲ့နေက ဂေါက်သီးရိုက်ပြိုင်ပွဲရှိနေတဲ့အတွက် ကျမတို့ လမ်းပျောက်ပြီးနေလို့ ဆူပွက်နေတော့ အစောင့်တွေရဲ့မျက်စောင်းထိုးတာခံခဲ့ရပါသေးတယ်။
ဘုရားက ခပ်မတ်မတ်တောင်ကုန်းပေါ်ကိုတက်ရပါတယ်။ ၀ိဇ္ဇာတွေနန်းတောင်ပိုင်နန်းကိုတော့ ပျဉ်းမနားက အကြားအမြင်ဆ၇ာမ ဒေါ်ကြည်ညွန့် ဆောက်လုပ်လှူဒါန်းထားတာပါ။
အကြားအမြင်လောကကတော့ တကယ့်ကို ရှုတ်ထွေးပါတယ်။ ရုက္ခစိုးကလည်း ၀င်ပြောနိုင်တယ်။ အခြားအခြားသော နာမ်လောကကလည်း ၀င်ပြောနိုင်ပါတယ်။ ဒါက စကားစပ်မိလို့ပြောတာပါ။ ဒ့ါကြောင့် ဆရာတော်ဘုရားကြီးက အငှါးမျက်မှန်စိမ်းလို့ တင်စားပြီးမိန့်တာဖြစ်ပါတယ်။ ဘိုးမင်းခေါင်လို့ ဟောပြောတဲ့သူတွေက အဘ အဘနဲ့တိုင်တည် ဟောပြောနေတာမျိုးကြုံကြမှာပါ။ တကဲ့ ၀ိဇ္ဇာတွေက နေရာတကာနာမ်ကိုမသုံးပါဘူး။ လူတွေညာတာများနေပါတယ်။ အကယ်လို့ ဘိုးမင်းခေါင်ကြီးအစစ်တကယ်ကြွလာရင် မေးကြည့်လိုက် ငါမဟုတ်ဖူးလို့ပြောတာဘဲ။ ကဲငါမဟုတ်ရင် ဘယ်သူလည်း။ ဘယ်သူတွေက ဘိုးတော်အောင်မင်းခေါင်ကြီးနာမည်ကို ၀င်သုံးပြီး ဟောနေကြတာလဲ၊ ဘယ်သူတွေက ဒုက္ခရောက်နေတဲ့သူတွေရဲ့ အိတ်ထဲက ငွေတွေကို သူတို့အိပ်ထဲရောက်အောင် နှိုက်နေကြသလဲတော့ မသိဘူးပေါ့နော်။
ဒါကြောင့်သာသနာဆုတ်ကပ်ကာလမှာ ဆုတ်သထက် ဆုတ်လာတာပါ။ ကျမဆရာမတွေကတော့ မသေချာတဲ့ကိစ္စကို ဘယ်တော့မှ အာမမခံပါဘူး။ သူက မေတ္တာထားတာများပါတယ်။ ဒါကြောင့်လည်း ကျမသူ့ကိုလေးစားတာဖြစ်ပါတယ်။
0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး