Saturday, June 21, 2014

တန်ခိုးတော်ဆက်ပြနေသည့် မဟာနေဘုရင် သွားတော်ပေါ်ပြန်(ဖြည့်စွက်ခြင်း)




မနေ့က ကျောင်းမှာ ကိုရင်လောင်း(၅၀)စတင်ဝတ်ကြပါတယ်။ ကျမလည်း တစ်ပါးစာကို တာဝန်ယူထားတာကော ရာဂျူးး က(၃)ပါးယူထားတာကြောင့် ကျောင်းကို   ညနေ(၃)နာရီမှာ ရောက်သွားပါတယ်။ ဦးခေမာကို ကန်တော့ပြီးတော့ စတင်အဆူခံလိုက်၇တာပါဘဲရှင်။ ဒက္ခိဏသီရိဟု မှားရေးထားတာရော၊ အင်္ဂရမ်းအုပ်စု၊ မအူကုန်းကျေးရွာဆိုတာမှ အမှန်ဟုပြောပါတယ်။ ကျမကလည်း ဆ၇ာတော်က အခွေပေးဘို့ကြတော့ သတိမရဘဲနဲ့။ ဟုဆိုရာ ရှိနိုင်တဲ့သူတွေကို ပြောပြပါတယ်။ ဒါပေမဲ့ ဘယ်သူမှ မသေချာဘူး။ ဟိုလိုလို ဒီလိုလိုကြားမှာ ထုံးစံအတိုင်း ဦးသေချာလို့ ကျမကွယ်ရာမှာနာမည်ပေးထားတဲ့ ဦးထွေးမောင်ကဘဲ သူ့အိမ်ကို လူလွတ်ပြီးသွားယူခိုင်းပါတယ်။ ကျမမဟာမြိုင်သွားတုံးက လှူဘွယ်တွေ တစ်ပုံတပင်ကြီးနဲ့ ကူဆွဲပြီး ကားပေါ် တင်ပေးမဲ့သူမ၇ှိဖြစ်နေချိန်မှာ တခါမှ မသိဘူးပါဘဲ ကူညီဆောင်ရွက်ပေးပါတယ်။
ဆရာဦးသန်းဝေကလည်းး ထမင်းချက်ဆောင်အသစ်ကိုဆောက်လုပ်နေပါတယ်။ တချက်မှမနားရပါဘူး။
အရေးကြီးတာ ရေးပါဦးမယ်။ ဒါကတော့ ယခုတင်ထားတဲ့ပုံတွေကို ဒေါင်းလုပ်လုပ်ပြီး သေချာကျန ချဲ့ကြည့်ပါ။ ဒါဆို၇င် မြတ်စွာဘုရားရဲ့ မျက်နှာတော် ဘယ်ဘက်မှာ သွားတော်လေးပေါ်နေတာကို တွေ့ရပါလိမ့်မယ်။
အခွေရလာတော့ သေချာကြည့်ရမှ မျက်တော်ခတ်တာ အနည်းဆုံး(၅)မိနစ်လောက်ကြပါတယ်။ ခဏလေးမဟုတ်ဘဲ  တော်တော်ကြာကြာကိုခတ်တာဖြစ်ပါတယ်။ ဆရာတော်တို့ရန်ကုန်ပြန်ကြွသွားပြီးမှမျက်တောင်ခတ်တာဖြစ်သလိုသွားပေါ်လာတာကြောင့်လူတွေ တော်တော်ကိုတိုးကြိတ်သွားပါတယ်တဲ့။ အခွေကြည့်ရတော့မှ တော်တော်ကို အားရပါတယ်။ ကဲ အခု ဘုရားရှိတဲ့အမှန်နေ၇ာက ဟင်္သတ ခရိုင်၊  အင်္ဂရမ်းအုပ်စု၊ မအူကုန်းကျေးရွာဖြစ်ပါတယ်နော်။ လက်လုပ်တောင်ရွှေနန်းသွင်းစေတီတော်ရှိတဲ့နေရာက ပုဗ္ဗသီရိမြိုံနယ်ဖြစ်ပါတယ်။ ဆရာတော်ဦးဗောဓိက စာမှားလို့ မှော်ဘီကနေ ပြောနေတယ်လို့ ဦးခေမာက ပြောပါတယ်။ ကျမလည်းဒီညအပြီးပြန်ပြင်ပေးပါမယ်လို့ပြောထားပါတယ်။ ငယ်ငယ်တုံးက ကာတွန်းအောင်ရှိန်ေ၇းတဲ့ စုံထောက်ဦးစံရှားနဲ့ ဒိန်းဒေါင်တို့ အမြဲတမ်းပြောနေကြ စကားစုလေးရှိပါတယ်။ မှားတဲ့ အခါလည်း မှားပေမှာပေါ့ဘုရား။
ဆရာတော် ဦးဗောဓိဟောကြားတဲ့ မဟာနေဘု၇င်၏  အမည်နာမ အဖွင့်ကိုတင်ပေးပါဦးမယ်ရှင်။
ဒီနေ့ဆက်လက်ပြိးကျောင်းမှာ ကိုရင်ဝတ်ကြဦးမှာမို့ ကျောင်းကို ခဏတော့ ပြေးလိုက်ပါဦးမယ်။

မဟာနေ ဘုရင်ဘုရား၏ပုံတော်များကိုဦးခေမာကvibre မှတဆင့်ပေးပို့လာတဲ့ပုံ(၃)ပုံကိုတင်ပေးလိုက်ပါတယ်ပြုံးနေတာကိုသိသာထင်ရှားစွာမြင်တွေ့ရမှာပါအပြုံးတော်တွေကြားထဲမှသွားပေါ်တယ်လို့သိရပါတယ်
ဒီနေ့ လက်လုပ်တောင် ရွှေနန်းသွင်းစေတီတော်မှ ဆရာတော် ဦးခေမာ ထံမှ vibre မှတဆင့် သတင်းပို့လာပါတယ်။ အဲဒါကတော့ ထူဆန်းစွာဘဲ (၁၇.၆.၂၀၁၄)နေ့မှာ မဟာနေဘုရင်ဘုရားဟာ သွားတော်တွေပေါါ်တယ်လို့ သတင်းပို့လာတာပါဘဲ။
တကယ့်ကို ထူးဆန်းလှပါပေတယ်။ ဒီဘုရားရဲ့ အင်မတန်ကြက်သရေရှိတဲ့ မျက်နှာတော်ကို ကျမဟာ ဆရာတော် ဦးဗောဓိ(ဗောဓိရိပ်ငြိမ်ဆရာတော် အရှင် က္ကုန္ဒာစရိယ)ရဲ့ table ထဲမှာ ဖူးမြင်ခဲ့ရပါတယ်။ အဲဒီတုံးကလည်း ကျက်သရေ အပြည့်၊ အရှေ့တိုင်းဆန်တဲ့ မျက်နှာတော်ဟာ အင်မတန်မှ ဖူးမျှော်လိုက်လျင် ငြိမ်းချမ်းသွားတယ်လို့ ခံစားမိခဲ့ပါတယ်။ အခုတော့ ဟင်္သာတမြို့နယ် မှာ လေးမျက်နှာအနားက အုန်းတောမှာ စံပါယ်နေတဲ့အတွက် -အဲဒီရွာက လူတွေတော့ ထူးခြားတာတွေကို ကိုယ်ုတိုင်ကိုယ်ကျ ဖူးရမြင်ရတော့ ထီပေါက်တာထက်တောင် ပျော်ကြမယ် ကြည်နူးကြမယ်ထင်ပါတယ်။
 ကျမတို့လည်း သူတို့လိုကြုံခြင်ပေမဲ့ ကြုံဖို့ ကံကမပါလာဘူး မဟုတ်လား။
ထူးဆန်းစွားတန်ခိုးတော်ပြပြီ။ အကြောင်းတခုခုတော့ရှိပါလိမ့်မယ်။ ဆရာတော်ဦးခေမာရဲ့ ဖုန်းထဲက ဗွီဒီယို ခွေမှာ မျက်တောင်ခတ်တာ ရိုက်ထားတုံးက ကျမက ဇာပြားနဲ့ ကူးခြင်တယ်လို့ ပြောပေမဲ့ ကျမကလည်း ဇာပြားကို မလုပ်တတ်တော့ ဆရာတော်က ရီပါတယ်။ ကွန်းပြူတာတွေကျတော့ ကောင်းကောင်းလုပ်တတ်ပြီး ဖုန်းကို မလုပ်တတ်လို့ ပေါ့။ ဒါနဲ့ ဘုရားမျက်တောင် ခတ်တော်မူတဲ့ ပုံလေးကို ကူးမလာခဲ့ရပါဘူး။ အခုလည်း မိုးတွေရွာနေပါတယ် မိုးမရွာခဲ့ရင်တော့ ကျမရဲ့ စီးတော်မြင်း ဆိုင်ကယ်နဲ့ ကျောင်းရောက်သွာားဦးမှာပါ။
ဘယ်လိုဘဲဖြစ်ဖြစ် - မြတ်စွာဘုရားရဲ့ ဘုန်းတော် တန်ခိုးတော် မြင့်မ်ြတ်သူတို့၏ ဘုန်းတော်ကံတော် ဥာဏ်တော်အားလုံးဟာ ဘယ်သိပ္ပံပညာရှင်မှ လိုက်မမှီပါဘူး။ စိတ်တည်ငြိမ်အေးချမ်းလျင် စိတ်စွမ်းအား တွေရလာတာကိုလည်း ကျမအများကြီးတွေ့ဘူးပါတယ်။ ဒါကြောင့် လိုက်မမှီနိုင်သော အတု မရှိမြတ်စွာဘုရားကို ဗုဒ္ဓဘာသာများ တန်ဘိုးထားနိုင်ကြ တန်ဘိုးထားတတ်ကြပါစေ။
ဆရာတော်ဘုရားကြီး၏ မွေးနေ့ မင်္ဂလာ အကြို တရားစခန်းပွဲတွင် တရားဝင်လိုသူများ နေပြည်တော် လက်လုပ်တောင် ဦးခေမာထံ (ဖုန်း၀၉-၄၉၂၀၃၃၇၃)တွင် စာရင်းပေးသွင်းနိုင်ကြပါသည်။ ထိုတရားစခန်းပွဲတွင် သံဃာတော်များ သီလရှင်များအဖြစ်သာတရားဝင်ကြမည်ဖြစ်ပါသည်။ လှူတန်းလိုသော သူများ ဆရာတော် ဦးခေမာထံ ဆက်သွယ်လှူတန်းနိုင်ပါသည်။
နိဗ္ဗာန်အကျိုးမျှော်နိုးဆော်လိုက်ရပါသည်။

5 ဖတ်သူများပြောစကား:

  1. ကျွန်တော်မှာပုံတော်တွေများကြီး
    ရှိပါတယ်ဘယ်လိုပို့ပေးရမလဲ
    ကျွန်တော်ကမအူကုန်းသား
    စည်သူလင်းပါ fbကနေsithu linဆိုပြီး
    ဆက်သွယ်နိုင်ပါတယ်

    ReplyDelete
    Replies
    1. ကိုစည်သူလင်းတွေအများကြီးဖြစ်နေလို့ ဘယ် သူမှန်းမသိဖြစ်နေပါတယ်။ kktstar@gmail.com ကိုပို့ပေးမယ်ဆိုရင်ကျေးဇူးတင်ပါမယ်။ ဗောဓိရိပ်ငြိမ်ဆရာတော်ရဲ့ သိက္ခာသုံးပါးကတော့ ချီးကျူးစရာပါ။

      Delete
  2. ကျွန်တော်မှာပုံတော်တွေများကြီးရှိပါတယ်

    ReplyDelete

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts