Wednesday, February 5, 2014

ဘာကြောင့် မဟာနေဘုရင်ဘုရားဘွဲ့တော် သမုဒ်တွင်သနည်း


ထူးထူးခြားခြား မဟာနေဘုရင်ဆိုသော ဘွဲ့တော်သည် ကျမအတွက် စိတ်ဝင်စားစရာကောင်းနေသဖြင့် ဆရာတော်အား ယနေ့တွင်လျှောက်ထားရာ မြတ်စွာဘုရားရှင်သည် နေမင်းကြီး၏ အလင်းရောင်ကဲ့သို့ ကမ္ဘာလောကသားများအား အလင်းရောင်ပေးသည့်သဘောဟုသိရပါသည်။ ယနေ့ရုံးဖွင့်ရက်တွင် ကျမသည် အိမ်ရှင် အိမ်ငှားထုံးတမ်းစဉ်လာလိုဖြစ်နေသော ပြသနာတခုကြောင့် ပျဉ်းမနားသို့ခွင့်ပန်သွားရာ ပျဉ်းမနားသွားမည့်အတူ မထူး ၊ တရားစခန်းဖွင့်နေသော မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီး၏ ကျောင်းတော် လက်လုပ်တောင် ရွှေနန်းသွင်းစေတီသို့ ရောက်ခဲ့ရပါသည်။ စနေနေ့တွင် ကျောင်းသို့သွားခဲ့ရာ ဆရာတော်ဦးဗောဓိအား မဖူးခဲ့ရသည့် မကြေနပ်ပွဲဆိုလျင်လည်း မှားမည်မထင်ပါ။ စနေနေ့က မဖူးခဲ့ရ။ တရားတစ်ခွင်တော့ ၀ိဇ္ဇောဓာရကျောင်းပေါ်ထိုင်ဖြစ်သည်။ ပြန်ဆင်းလာလို့ ဖူးမည်ကြံသည် ဦးခေမာက ဆရာတော်ကျောင်းထဲက မထွက်။ ပိတ်ထားလို့ဝင်မရခဲ့။ ဆရာတော်ကား ဧည့်ခံရသည့်အချိန်၊ တရားထိုင်ချိန်၊ နားချိန်လေးများရှိရာ ဧည့်ခံချိန်နှင့်မတိုက်ဆိုင်ပါက မဖူးခဲ့ရပေ။ ညတွင် ကျမဆရာဒေါက်တာမြသွင်၏ ဇနီးမမဆွေမှ ပျဉ်းမနားရောက်နေရာ အာရုံဆွမ်းတောင် (၃)ဦးစပ်ကပ်ခဲ့ရသည်။ ဆရာတော်ကိုလည်း မဖူးခဲ့ရဟု ကျမအားဖုန်းလှမ်းဆက်ပါသည်။
ဖူးရခြင်း မဖူးရခြင်းသည်အဓိကတော့မဟုတ် သို့သော် လူ့သဘာဝကျောင်းရောက်လျင် ဆရာတော့်ကိုတော့ ဖူးခြင်ပါသည်။ မဟာနေဘုရင်ဘုရားမှာ မူလအလှူရှင်ရှိပြီးဖြစ်သဖြင့် ဘုရားအား ပူဇော်ရန်ပင့်သောအခါ ဘုရားထုသည့်ဒကာမှ လှူဒါန်းလိုကြောင်း၊ သို့သော်မူလအလှူရှင်၏ သဒ္ဓါတရားကို မပျက်စေလိုသဖြင့်အလှူမခံခဲ့ကြောင်း ဆရာတော်မှ ရှင်းပြပါသည်။ ဆရာတော်၏ ဇာတိမြေတွင် ပူဇော်ထားမည်ဖြစ်ပြီး (၂-၃-၂၀၁၄)နေ့တွင် ပျဉ်းမနားမြို့ရှိ ရွှေနန်းသွင်းစေတီတော်ကျောင်းတွင် တစ်ညတာရပ်နား ကျိန်းဝပ်မည်ဖြစ်ကြောင်း သိရှိရပါသည်။ ကြည်ညိုဘွယ်ရာ ကျောက်ဆင်းတုတော်ထက် မြတ်စွာဘုရား၏ နေမင်းကြီးကဲ့သို့ ဓမ္မအလင်းရောင်ဖြင့် ဖြန့်ကျက်ထားသော မေတ္တာ ဂရုဏာတော် ဘုန်းတော် ဂုဏ်တော် ဥာဏ်တော်တို့ အား ကြည်ညိုစေရန်အလို့ငှာ ပုံတော်များအား တင်လိုက်ရပါသည်။









0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts