ဘုရားက စိန္တမဏိလို့ အမည်ပေး ကဗ္ဗည်းတင်ထားပါတယ်။ သို့သော် အ၀င်ဝမှာ မုဒ်ဦးက ဘုရားကြီးတောရ မုဒ်ဖြစ်နေတဲ့အတွက် သူ့ကိုလွယ်လွယ်ကုကူတော့ မမြင်ရပါဘူး။ ဘုရားနီလို့လည်း ပျဉ်းမနား လူထုတွေက ခေါ်ဝေါ်တယ်လို့ပြောပါတယ်။ အရင်က တောကျောင်းလေးတခုပါတဲ့။ အခုအချိန်မှာတော့ အံ့သြစဘွယ်တိုးတက်လာတာကိုလည်း ပျဉ်းမနားမြို့ထဲက သိတဲ့သူအချို့က ပြောပြပါတယ်။ ဘုရားကြီးတောရ မုဒ်ထဲကနေ၀င်လိုက်ရင် ကွန်ကရစ်လမ်းအတိုင်း ညာဘက်လမ်းကိုလိုက်သွားရင် မြန်မာပြောသလို လမ်းဆုံးတော့ရွာတွေ့တယ်ပေါ့ရှင်။ စိန္တာမဏိရဲ့ အ၀င်ဝကတော့ ဘုရားလေး ဆူနဲ့ အမြင့်တစ်ဆူပါဘဲ။
![]() |
ဘုရားကြီးတောရမုဒ်က ညာဘက်ကွန်ကရစ်လမ်းအတိုင်းဝင်လာရင် အဆုံးရောက်တော့ မြင်ရမဲ့ဘုရား။ ဒီဘုရားလေးတွေမြင်ရရင်သေချာပြီပေါ့။ |
![]() |
လိပ်ကြီးနှစ်ကောင်ထပ်လို့၊ အပေါ်မှာ နဂါးနဲ့ ခြင်္သေ့က တက်နေသေး။ ဘယ်လိုအဓိပ္ပါယ်တော့မသိပါဘူး။ |
![]() |
လိပ်ကြီးရှေ့ကမျောက် ၊ မျောက်ရဲ့နောက်ကတော့ ငါးပေါ့ -ငါးရံထင်တာပါဘဲ။ |
![]() |
အဲ ပြီးရင် ဘုရားတဆူ။ သူက ရွှေတွေချထားတယ်။ ရွှေချထားတဲ့ဘုရားတွေ မြင်ရခဲတဲ့ခေတ်မှာ ရွှေချထားတယ်။ |
![]() |
အစောက ဘုရားပုံရဲ့နောက်ကျော်က ဘုရားနီဆိုတာ။ ဘုရားက အောက်ပိုင်းနီပြီး အပေါ်ပိုင်းက ရွှေရောင်။ ဒါလည်း စဉ်းစားစရာဘဲနော်။ |
![]() |
ဒါက အပေါ်ကစေတီရဲ့အောက်ဖက်အထပ်မြင်ကွင်းပေါ့။ အဲဒီဘုရားထဲမှာ ပုလင်းလေးတွေတော့တွေ့ခဲ့တယ်။ ဆေးတွေလား။ သို့မဟုတ် ဓါတ်တော်တွေလား။ မမေးရဲဘူး။ဒါကြောင့် ဓါတ်ပုံရိုက်ပြီးပြန်ခဲ့တယ်။ |
![]() |
အမတော်မြနန်းနွယ် ၀တ်ပြုနေတဲ့ဘုရားကတော့ အပေါ်ဆုံးက အဘယ မုနိဘုရားပါ။ |
![]() |
နောက်ထပ်ရိုက်ထားတဲ့ပုံ။ အဆောက်အဦကိုဖေါက်ထွက်တည်ထားတာ၊ အဓိပ္ပါယ်တတော့ရှိပါလိမ့်မယ်။ |
0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး