Sunday, June 16, 2013

ခုနှစ်ရာခိုင် သာသနာမဏ္ဍိုင်မှ မြေထုံကူးသွားသော ဆရာတော် ဦးသုဇာတ၏ လယ်ဝေးတွင် ဘုရားတည်နှင့် ဈာပနာ့ မှတ်တမ်းများ



ဆရာတော် ဦးသုဇာတ ဦးဆောင်၍ ရှင်ဥပဂုတ္တ မထောရ်အား ပင့်ဆောင်လာစဉ်Add caption

ထီးတင်ဘို့အတွက် ဘုရားအပေါ်တက်နေတဲ့ ဆရာတော် ဦးသုဇာတ

ထီးတင်မဲ့ အနေအထားမှာ ဆရာတော်ပုံ။ ကျမကို အာရုံထဲမှာ လာပြတဲ့ပုံက ဒီပုံနဲ့အရမ်းတူပါတယ်။
ဘုရားအတွက် အုတ်သယ်နေတဲ့ မိန်းမပျိုလေးများ

ဒါကတော့ မဟာဒုတ်မဲဖေါက်တာ မဲပေါက်လို့ ဆုပေးနေတာတဲ့၊ ဆရာတော့်တပည့်ကပြောပြတာပါ။ အမျိုးသားဒီမိုကရေစီမှ ခမောက်နဲ့မဟုတ်ပါဘူး။ မြေထုံကူးတဲ့ ဆရာတော်ဘုရားကြီးကလည်း ခမောက်နဲ့ပါ။

ရေသိမ်လို့ ခေါ်တယ်ပြောပါတယ်။ ရေထဲမှာ သိမ်သမုတ်တာပါ။ ကျမအတွက်တော့ ပထမဦးဆုံးအကြိမ်မြင်ဘူးတာဖြစ်ပါတယ်။
ဆရာတော် ဦးသုဇာတ ပျံလွန်တဲ့အတွက် တပည့်သံဃာတော်များမှ မှန်ခေါင်းဖြင့်ဆရာတော့် ရုပ်ကလပ်အား သယ်လာစဉ်

ဆရာတော် ဦးသုဇာတ သက်တော်(၇၆)

ဆရာတော်ဘုရားကြီးကို ဂူသွင်းစဉ် ၊ ဂူက နှစ်ထပ်ဖြစ်ပါတယ်။ အတွင်းမှာမှ ဆရာတော်ရုပ်ကလပ်ကိုမှန်ခေါင်းနဲ့ရှိနေတာဖြစ်ပါတယ်

ဒီဘုန်းဘုန်းကတော့ လယ်ဝေးဘဘမင်းလို့ခေါ်တဲ့ ထွက်ရပ်ပေါက်လိုင်းက ဆရာတော်လို့ ဆရာတော် ဦးသုဇာတရဲ့ တပည့်ဖြစ်သူ ခုနှစ်ရာခိုင်က ဦးဇင်းက ပြောပြပါတယ်။

ဆရာတော်ဦးသုဇာတကို ဂူသွင်းပူဇော်ထားပုံ
ဆရာတော် ဦးသုဇာတဟာ လယ်ဝေးမှာဘုရားဖောင်တော်ဦးဘုရားတည်စဉ်မှာ ဆရာတော့်လက်ထက်ထဲမှာ ငွေ ၂ိ/တောင် မရှိဘူးလို့ပြောပါတယ်။ တပည့်တပန်းများက လယ်ဝေးလိုက်သွားတော့လည်း ငွေကြေးကမရှိတော့ ဆရာတော့်ကို မဟန်ဘူး။ တည်လို့မဖြစ်ဘူးထင်တယ်လို့ ပြောကြပါတယ်တဲ့။ ဆရာတော်က ငါရအောင်တည်မယ်လို့မိန့်တော်မူပါသတဲ့။ ဒီလိုနဲ့ ဆရာတော်ဟာ လယ်ဝေးသွားပြီးဘုရားတည်တဲ့ အလုပ်ကိုစတင်လုပ်တာ- ခက်ခဲပေမဲ့ ပြီးသွားတာပါလို့ ဦးဇင်းက ရှင်းပြပါတယ်။
ဝိဇ္ဇာလိုင်းမှာ ထုံကူးတာတွေထဲမှာ ဆရာတော်က ဂူကိုအသေပိတ်ပြီး မြေထုံကူးခဲ့တာပါ။ ဆရာတော်ကြီး မြေထုံကူးစဉ် (၁၅)ရက်တာ ကာလမှာ ယက်ကန်းစင်တောင်ဆရာတော်ဘုရားကြီး ဟာ ဂူထဲအ၀င်အထွက်ရှိတယ်လို့ယူဆရပါတယ်။ ဒါကြောင့် ဆရာတော်မြေထုံကူးတဲ့ဂူမှာ မှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်။
ဝိဇ္ဇာမှာလည်း အရိယာဝိဇ္ဇာဆိုတာလည်းရှိပါတယ်။ အဲဒါတွေကတော့ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးရဲ့စာအုပ်တွေ ကိုယ်တိုင်ရေးထားတဲ့ ဆရာတော်ဘုရားကြီးရဲ့ထေရုပ္ပတိတွေဖတ်ရင် သိရမှာဖြစ်ပါတယ်။ ဝေဘူဆရာတော်ဘုရားကြီးဆိုရင် ဝေဘူ သိုက်ကလာတယ်လို့ သိရတယ်ဆိုတာကအစ၊ ရှမ်းဆက်မို့ သူ့အဆက်တွေ ချွတ်ခြင်လို့ ရန်ကုန်မှာဆိုရင် အင်းလေးဓမ္မာရုံကလွဲပြီးဘယ်မှ မတည်းဘူးဆိုတာမျိုးတွေမှအစ။ သိုက်ဆက်၊ ဓာတ်ဆက် ၊ နတ်ဆက်များရင် များသလို လိုက်မွှေတာခံ၇တတ်တယ်ဆိုတာမျိုးတွေ အများကြီးထောက်ပြထားပါတယ်။
ဆရာတော်ဘုရားကြီးအင်မတန်မှ လေးစားကြည်ညိုတဲ့ ဘသန့်ရှင်း ခေါ် ဘ၀ိမလ ဆရာတော်ဘုရားကြီး ကိုယ်တိုင်လည်း အရိယာ-၀ိဇ္ဇာ (သကဒါဂါမ်အဆင့်ကိုပြီးဆုံးသွားတဲ့ ၀ိဇ္ဇာလိုင်းမကင်းတဲ့ ဆရာတော်ဖြစ်ပြီး) အသေထွက်ထွက်သွားတာဖြစ်ပါတယ်။
မသိနိုင်သောဥာဏ်ရှိနေလျင် သိနိုင်သောဥာဏ်ထူးဥာဏ်မြတ်ရှိသောသူတို့၏ စကားကိုနာခံမှတ်သားခြင်းက ကောင်း၏ဟုသာ ပြောလိုပါသည်။
ဤ စာစုအား ဖြစ်ရပ်မှန်များ ပျောက်ပြက်သွားမယ်စိုးသဖြင့် နောင်လာနောက်သားများ ဖတ်ရှုမှတ်သားနိုင်ရန် မိမိသည် သင်္ခါရသဘောအရ မရဏံမေနိစ္စံဆိုသည့်အတိုင်း သေခြင်းတရားနောက် လိုက်သွားခဲ့သော် မဟာဗောဓိမြိုင်ဆရာတော်ဘုရား၏ ထူးဆန်းဆန်းကျယ်သောဖြစ်ရပ်မှန်များနှင့် ဘ၀အတွေ့အကြုံအရ ထူးဆန်းသောဖြစ်ရပ်များကို မှတ်တမ်းတင်ထားခဲ့ခြင်းဖြင့် သာသနာတော်အတွက် အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်ပါသည်။
ဓမ္မသာလာ ပို့စ်တင်သူ

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts