Monday, June 17, 2013

အသက်ရယ်တဲ့ ရှည်စေလို ဟင်းသီးဟင်းရွက်ကိုယ်တိုင်စိုက်ပြီးစားပါနှင့် ပို့စ်မတင်ဖြစ်ရခြင်း




အခုတလော ခုနှစ်ရာခိုင်တွင် ကဆုန်လပြည့်နေ့မှ (၃)ရက်တရားထိုင်ပြီးညောင်ဦးက ပြန်လာကတည်းက ကျမပို့စ်မတင်ဖြစ်ပါ။ ဘာလို့ဆို ကျမဟာ ဒီနှစ်မှာ တခါမှ မစိုက်ဖူးတဲ့ အပင်စိုက်ခြင်းလုပ်ငန်းကို လုပ်နေလို့ပါဘဲ။ ဘာကြောင့် စိုက်ပျိုးရေးအခြေခံဘွဲ့ရပြီး အပင်မစိုက်ဖြစ်တာလဲဆိုရင် ကျမရတဲ့ အိမ်ရဲ့ခြံက ကျဉ်းတာကတကြောင်း၊ ကျယ်ပြန်တော့လည်း ရေတိုက်စားထားတဲ့ တောင်ကုန်းတွေရဲ့ဒဏ်ရာ ဒဏ်ချက်ကြောင့် မြေဆီလွှာတွေ တိုက်စားခဲ့တဲ့အတွက် ကျောက်ခဲတွေပေါ်လာပြီး ကျောက်ခဲတော ဖြစ်နေပါတော့တယ်။
အခုပြောင်းရတဲ့အိမ်ကတော့ ရေလည်းပေါ နဂိုနေသွားသူတွေက အထွေထွေမန်နေဂျာ၊ ဒု-ထွေဂျာတွေဖြစ်ခဲ့တဲ့ အတွက် သူတို့ဟာ တော်တော်လေးပြင်ဆင်ထားခဲ့ကြပါတယ်။ သို့ပေမဲ့ မြေကျွံ့တဲ့ ပြသနာရှိတဲ့အတွက် တိုက်တွေအက်နေတာဟာတော့ နမျောစရာကောင်းပါတယ်။ ပြန်ပြင်ထားပေမဲ့ တံခါးဘောင်တွေဟာ စောင်းနေလို့ ပိတ်ရခက်တဲ့ ပြသနာကြုံရပါတယ်။
နောက်တချက် အပင်စိုက်ခြင်တာက  မကြာမတင်(၃)နှစ်နောက်ပိုင်းဆိုရင် ပင်စင်ကိုယူရမှာဖြစ်ပါတယ်။ ပင်စင်ယူရင် အားလပ်သွားမဲ့အချိန်တွေရယ်- အပင်တွေရဲ့သဘောသဘာဝတွေကို ကြိုတင်လေ့လာခြင်တာ ကြောင့်ရော၊ အရေးကြီးဆုံးအချက်တချက်ဖြစ်တဲ့ စားသုံးသူဖြစ်တဲ့ ကျမက အပင်စိုက်တဲ့ တောင်သူတွေရဲ့ ဆေးဖျန်းမှု၊ အသီးကြီးအောင်လုပ်မှု၊ အသီးကို မှည့်အောင်ဆေးသုံးမှု စသည်စသည်တို့ကို မယုံကြည်လို့ ဖြစ်ပါတယ်။ အထူးသဖြင့် ဂေါ်ဖီထုပ်ကိုမစားလို့ မဖြစ်စားရရင် စိန်ကွက်ဖလံပိုးစိမ်းကောင်လေးတွေ တစ်ကောင်မှ မမြင်ရလေလေ၊ ကြောက်လေလေဖြစ်မိပါတယ်။ ဟော်မုန်းတွေသုံးပြီး ကြီးအောင်လုပ်လို့ ကိုယ့်ခန္တာကိုယ်ထဲက ဆဲလ်တွေ ပုံမမှန်ကြီးထွားမထွားမမြင်ရတဲ့အတွက် - ကင်ဆာဖြစ်ဘို့ အခွင့်အရေးများသလို ငရုတ်သီးမှိုကလည်း ကင်ဆာဖြစ်စေတဲ့အကြောင်းအရင်းပါ။ ထိသေတဲ့ ပိုးသတ်ဆေးကို ဖြန်းလို့က ပြသနာမဟုတ်ပေမဲ့ ပင်လုံးပြန့်စေတဲ့ ပိုးသတ်ဆေးတွေကို ဟင်းသီးဟင်းရွက်မှာ ဖျန်းပြီဆိုတော့ ကျမတို့ရဲ့အသက်ကို ရက်ဆုတ်ပြီးစောစောခေါ်ခံရတော့မယ်။
လောဘနဲ့ အသိဥာဏ်နည်းခြင်းဟာ မိမိဟာလူသတ်လက်နက်မကိုင်ဘဲ လူသတ်နေတယ်၊ မမြင်ရတဲ့ လူသတ်သမားဖြစ်မှန်းမသိဖြစ်သွားတယ်လို့ မစဉ်းစားကြပါဘူး။ ဟိုမုန်းတွေ ပိုးသတ်ဆေး မှိုသတ်ဆေးတွေကို သုံးခြင်တိုင်းသုံးနေတော့တာပါဘဲ။ 
မြေထောက်ပဲတွေကို ပြူတင်းပေါက်မှာသံရိုက်ပြီး သံကြိုးနဲ့တက်ခိုင်းထားတာလေ

ပဲသီး ပြောင်းတွေစိုက်ထားပါတယ်

ဒါက ကန်ဇွန်းခင်းဖြစ်ပါတယ် ဖရုံပင်တွေလည်း ရှိပါတယ်။

အသက် ဥာဏ်စောင့်အောင် အသက်ကို ဥာဏ်ယှဉ်စောင့်ဘို့ ကြိုးစားမှ တစ်ခုဆိုရင် မှန်ကန်ပါလိမ့်မယ်။
ဒါကြောင့်အပင်တွေဘက်စိုက်တဲ့ဘက်ကို အာရုံလှည့်လိုက်တာကြောင့် အပင်ဘက်ကို အချိန်ပေးလိုက်လို့ပါ။ မုတ်သုန်ကလည်း ဘယ်ပျောက်နေလည်းမသိ- မိုးကပြတ်သွားတော့ ရေတွေဆွဲလောင်းရတဲ့ ဒုက္ခကိုရင်ဆိုင်ရ ပါတယ်။ အလေ့အကျင့်မရှိဘဲ ရေဆွဲလောင်းလိုက်တာ အကြိမ်များသွားတော့ ခါးပါနာသွားပါတော့တယ်။
ဒီတော့ ဘယ်လိုရေကို အဆင်ပြေအောင်လုပ်မလဲလို့ စဉ်းစားနေခဲ့ပါတယ်။ သို့သော် ညစဉ်လုပ်နေကြ ဘာသာရေးဝတ်တော့မပျက်ခဲ့ပါ။ ဒါကြောင့်ပို့စ်မတင်ဖြစ်ဖဲ- ခဏခဏနားထားတာဖြစ်ပါတယ်ရှင်။အခုတလော မီး မိုးရွာတဲ့နေ့တွေမှာ မီးလည်းပျက်တာကြောင့်လည်း တစ်ကြောင်းဖြစ်ပါတယ်။ အင်တာနက်ကလည်း မယ်ခုမျှော် သန်းခေါင်ယံ အင်တာနက်ဖြစ်နေပါတယ်။ လင်းကြက်တွန်ခါနီးလောက်မှ ကောင်းတဲ့အင်တာနက် မို့ပါနော်။ ဓာတ်ပုံတွေတင်ရင် ပိုဆိုးတာမို့ ရုပ်ကလပ်ကျွင်းတဲ့ ခုနှစ်ရာခိုင်က ဆရာတော်ဦးသုဇာတ၏ လယ်ဝေးသာသနာပြုခရီး အမှတ်တရ မှတ်တမ်းပုံများနှင့် လက်ပံချေပေါ်မှ ရှေးဟောင်းဘုရားတဆူကို အခုထိ မတင်နိုင်သေးတာကို အားလုံးကိုနားလည်ပေးပါလို့ တောင်းပန်အပ်ပါတယ်။
ဓမ္မသာလာမှ စာဖတ်သူများ၊ ဓမ္မမိတ်ဆွေများအားလုံးအား ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။
မေတ္တာဖြင့်
 ဓမ္မသာလာ ပို့စ်တင်သူ

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts