Monday, July 30, 2012

နွားတွေသူများစားကျက်ခိုးစားမှစိုးလို့ ကျောင်းသလို ကျောင်းရမှာ (မဟာဥပုသ်-၄)


ဒါနနဲ့သီလက နတ်ပြည်သွားတာရဲ့စောင်းတန်း၊ ဥပုသ်က နိဗ္ဗာန်၏ တံခါးဝ။ သီလက နတ်ပြည်တက်ခြင်တက်မယ်။ နိဗ္ဗာန်တံခါးကိုမရောက်ဖူး။ ဥပုသ်က နိဗ္ဗာန်အထိသွားတာနော်။ သီလနဲ့ပါရမီ။ စိတ်မလုံလို့ အာရုံမှမလုံရင် နတ်ပြည်တော့ ရောက်ခြင်ရောက်မယ်။ နိဗ္ဗာန်တံခါးဝမရောက်ဖူး။ အာရုံလုံအောင် စောင့်နေရင် တွေးချိန်မှမရတော့ဘဲနဲ့။ အာရုံလုံရင် သူ့အသက်သတ်ဖို့ သူ့ဥစ္စာယူဘို့ မရှိတော့ဘူး။ အာရုံလုံတော့ ကြက်သတ် ၀က်သတ်ဖို့ရှိဦးမလား။ မရှိပါဘူးဗျား။ ဆိုင်ရာတံခါးပေါက်စောင့်ရင် အာရုံနောက်ကကပ်လိုက်လာတဲ့ ကိလေသာ ကိုယ့်ဆီတက်ပြီးမ၀င်သာဘူးဗျာ။ အဲဒါ ဥပုသ်စောင့်တာ။ သီလက ရိုးရိုးဆိုရင် နတ်ပြည်လောက်နဲ့ပြီးတာ။

ဒါနမှာက စွန့်တာ။ဒါနမှာ ကိုယ့်လက်က လွတ်လိုက်တာ။ ဒါနက နတ်ပြည်တော့ရောက်ခြင်ရောက်မယ်။ အစွဲမလွတ်ရင် နိဗ္ဗာန်တံခါးဝမရောက်ဖူး။ ငါ့ပစ္စည်းမဟုတ်ဖူးဆိုတဲ့အစွဲကိုလွတ်ရဦးမှာ။ ဒါမှပါရမီဖြစ်မှာ။ ဟုတ်ပါ့မလားဟယ်။ နင်- ကျောင်းကြီးလှူခဲ့ရင် နင့်ကျောင်းကြီးကို နင့်ရှေ့မှာ ရောက်တိုင်း နင် ဆိုင်းဘုတ်ကြီးကြည့်ကြည့်နေရင် ဘယ်နဲ့လုပ်မလဲဗျာ။ နင့် လှူထားတဲ့ကျောင်းကြီးကို နင့်ရှေ့မှာ အိုးမဲတွေနဲ့သုတ်မယ်ဗျာ။ အစွဲမလွတ်ရင် ဆိုင်းပုဒ်ကြည့်တိုင်း သာယာမယ်နော်။ ကိုယ့်ရှေ့မှာ မတော်ဒရော်လုပ်တွေ့ရင် ဒေါသထွက်မှာနော်။ စိတ်ကို နည်းနည်းတော့ ပွတ်မှာနော်။

ပုသိမ်တုံးက သာသနာ့ရံသီတက္ကသိုလ်မှကျောင်းနေခဲ့တော့ ကျောင်းဒကာက စက်ရေတွင်းနဲ့ ရေကန်လှူထားတယ်။ သံဃာတွေက ဆွမ်းစားပြီး စာသင်သားဘ၀မြန်မြန်ပြီးခြင်တော့ အဲဒ်ီထဲဆေး အဲဒီနားချထားတာ။ ဆွမ်းလုံးတွေနဲ့ပေကျံနေတာပေါ့။ အဲဒီတော့ လှူထားတဲ့ကျောင်းဒကာကနှာခေါင်းကြီးရှုံပြီး ဘုန်းကြိးကိုသွားတိုင်တာ။ နင်လည်းအဲဒီအထဲပါမှာ။ နင်မတွေ့သေးလို့နေမှာ။ ငါမယုံပါဘူးဟယ်။

စွန့်ပြီးရင် အစွဲပါလွတ်။ စွန့်ယုံမျှနဲ့ ဒါနသာဖြစ်ပြီး ပါရမီမတက်နိုင်ဘူး။ စွန့်ပြိးရင် ပါရမီတက်မှာနော်။ ဒါနကကောပါရမီအထိတက်ပြီးပြီလား။ သီလကကော ပါရမီအထိတက်ပြီလား။ဒီနေ့ကစပြီး တက်မလားလို့။ တက်တာတောင် မလားလို့။ ဥပုသ်စောင့်တာလည်း အာရုံလုံရတယ်။ ရန်ကုန်လည်းရောက်၊ ပြင်ဦးလွင်တို့ မန်းတလေးတို့ ဥပုသ်နေ့ ဥပုသ်ယူဘို့ ကျောင်းသွားမယ်။ကျောင်းသွားမယ်နဲ့မပြောဘူးလား။ ကျောင်း။ ကျောင်း။ ကျောင်း။ နွားများကြတော့ သူများစားကျက်ကို ခိုးစားမှာစိုးလို့ နွားကျောင်းသားကတုတ်နဲ့ကျောင်းရတာ။ ကျောင်းသွားတာ မိမိစိတ်ကို မိမိထိန်းဘို့ ကျောင်းသွားရတာနော်။ ဒို့ကျောင်းမရောက်သေးဘူးနော်။ ကျောင်းသွားမယ်လူတိုင်းပြောတ။ စိတ်ကိုကျောင်းမလို့သွားရမှာ။

ဘူရိဒတ်နဂါးမင်းလို သူ့အိမ်နေရင် နဂါးကာမဂုဏ်တွေ့မှာစိုးလို့ အာရုံကမလွတ်မှာစိုးလို့ လူ့ပြည်လာ ဥပုသ်စောင့်တာ မဟုတ်လား။ ဒို့မှာလည်း အိမ်နေရင် အိမ်ကာမဂုဏ်က ရှိတာကိုးကွဲ့။ သားသမီးကိစ္စ ဟိုကိစ္စနဲ့မို့ ကျောင်းကိုသွားတာ။ စိတ်ကျောင်းဘို့သွားတာနော်။ အပ္ပမာဒသတိနဲ့ ကျောင်းရမှာနော်။ ဥပုသ်စောင့်ရင် မျက်စေ့မှာ အာရုံလာရင် ဟိုဘက်ကို စားကျက်ကို ခိုးမစားအောင် ခန္တာထဲကမထွက်အောင် အာရုံကို ထွက်လို့ ။ ကောင်းတာမြင်ရင် -ကြိုက်စွဲလာမှာပေါ့။ မကောင်းတာမြင်ရင် - မုန်းမှာပေါ့။ ဖာသိဖာသာကြီးနေရင်ရော-မောဟစွဲလာမှာပေါ့ ၊ သူ့စိတ်ကြိုက်နေရင် ကိုယ်ကမကျောင်းနိုင်ရင် သူများစားကျက်သွားခိုးစားမှာမဟုတ်လား အဲဒီတော့ လျော်ပေးရမှာပေါ့။ နွားမြင်ရင် အဲဒီအစွဲနဲ့သွားတော့ နွားဖြစ်မှာပေါ့။ ဥပုသ်ကိုပြောခြင်လို့ ၀ိကာလကိုကြိုပြောထားတာ။ ဥပုသ် စိတ်နဲ့ဆိုင်တယ်။ သီလ-ကိုယ်နဲ့နှုတ်နဲ့ဆိုင်တယ်။ စိတ်ကိုလုံအောင်ထားတော့ ကိုယ်နဲ့နှုတ်က အလိုလိုလုံသွားတာမဟုတ်လား။ ဒီနေ့အတွက်ကို အာရုံလုံအောင်စောင့်ရမှာ ဥပုသ်စောင့်တာ။ တရက်ဖဲစောင့် နိဗ္ဗာန်အထိ တာဝန်ယူတယ်။

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts