ဥစ္စာသယန မဟာသယနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ
မြင့်သောမြတ်သောနေရာမှာ မအိပ်ရဘူး။ အမြင့်မှာအိပ်တော့ မာနတက်တာပေါ့။ မြတ်တဲ့နေရာမနေရဘူး တဏှာထမှာစိုးလို့။ အဲဒီနေ့ဆို ရှင်ဘုရင်တွေကအစ ပုလ္လင်ပေါ်မထိုင်ဘူး။ အဖြူရောင်လေးခင်းပြီး အောက်မှာထိုင်တာ။ “ဟ။ အိကနဲ ငြိမ့်ကနဲဆို တဏှာမထကြွဘူးလား။"
နေ့တိုင်းက (၅)ပါးသီလဗျ။ အခုက ဥပုသ်တော်သီလ။ ဒါကြောင့် အဗြဟ္မစရိယာ ကိုရှောင်ရတာ။ အဗြဟ္မစရိယာ ကြောင့် နောက်ထပ်(၃)လုံးထပ်တိုးရတာကို။ ကြားကန်တိုးရတာဗျ။ နင်တို့လုပ်နိုင်ပါ့မလား။
ကြောင့်ကျအားချလိုက်ရင် သွေးအေးသွားတာဘဲ။ ထိုင်းတာဘဲ။ ကြောင့်ကြအားဆိုတာ အာတာပီဝိရိယ လို့သုံးတာဘဲ။။ စေတသိက ၀ိရိယ။ စိတ်ဝိရိယနော်။ အာတာပီဝိရိယက ဘယ်နှစ်နာရီထိုင်မယ်။ ကိုယ်ဝိရိယက အရေးမကြီးဘူး။ စိတ်ဝိရိယက အရေးကြီးတယ်။ ကြောင့်ကျစိုက်အားကြီးရင် သွေးက အမြဲတမ်းပူတယ်။ သတိမလွတ်ရဘူး။ သတိမလွတ်ရင် ဓမ္မံသရဏံ ဂစ္ဆာမိချည်းဘဲ။ ကြားကြားတယ်မှတ် ဘယ်ဟာမှတ်မှတ် ဓမ္မံသရဏံ ဂစ္ဆာမိချည်းဘဲ။ အဲဒါ သွေးကလည်း အမဲသားအိုးနဲ့တူတယ်။ အေးရင်ဘာဖြစ်လဲ ခဲတော့တာ။ ၀ိရိယချတာနဲ့သွေးကခဲတော့တာဘဲ။ အဲဒီလိုကိုမချရဘူး။မချသော ၀ီရိယ။ ဝေဘူဆရာတော် ဘုရားကြီးဆိုအမြဲတမ်းပြောတယ်။ မချသောဝိရိယ။ ဒါကြောင့် ၀ိကာလ အရေးကြီးလွန်းလို့ပြောတာ။ သီလကစတာဘဲနော်။
သားသမီးအိမ်ကရေတခွက်တောင် ပန်ပြီးသောက်ရမဲ့သီလ ( အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ)
စာလိုက အဒိန္န အဒါန= မပေးတာကို မယူတာ၊ ဝေရမဏိ= ရှောင်ကြဉ်ပါ၏။
လမ်းများ သိန်း(၁၀၀၀)တန်တွေ့ရင် ဘာလုပ်မလဲ ပြန်မပေးဘဲ ယူမှာလား။ (၁၀၀၀)ကော၊ (၁၀၀၀၀)ကော။ ပိုင်ရှင်က ကိုယ်နဲ့နှုတ်နဲ့မပေးတာကို ရှောင်တာ။ ရန်ကုန်မှတွေ့ခဲ့ဘူးပါတယ်။ အိမ်ထဲဝင်တာ တောင်ဝင်ပါရစေ ပန်ရတယ်နော်။ ကိုယ့်သားသမီးဖြစ်ပါစေ။ ကိုယ့်က သားရေ အိမ်ထဲဝင်ပါရစေပြောပါ။ ကိုယ့်သားသမီးရဲ့ ရေအိုးကို စိတ်လွတ်ကိုယ်လွတ်မသောက်ပါနဲ့။ ရေသောက်တာတောင် ကိုယ့်သားသမီးအိမ်ဖြစ်ပါစေ။ ပေးမှယူပါ။ သားရေ အမေရေသောက်ပါရစေ ပန်ပါ။ ကိုယ့်သားသမီးအိမ်ဖြစ်ပါစေ အိုးခွဲအိမ်ခွဲ ဆိုရင် ကိုယ်မပိုင်ဘူးနော်။ ပိုင်စိုးပိုင်နင်းဘာမှလုပ်လို့မရဘူးနော်။ ကိုယ့်သားသမီးအိမ် ကလွယ်တယ်နော်။
ရန်ကုန်မှာ သုံးဘီးသမား ငွေအိတ်ကြီး ခရီးသည်ကကျန်ခဲ့တယ်။ ဘယ်သွားပို့ရမှန်းမသိတော့ သတင်းစာတိုက်သွားအပ်တယ်။ သတင်းစာက ဘယ်တုံးက ဘယ်ကိုဘယ်ကိုသွားပါတယ် ဘယ်လိုဆိုပြီးရေး လိုက်တော့ ပိုင်ရှင်က သတင်းစာတိုက်သွားယူတယ်။ ပိုင်ရှင်က အဲဒီအထဲမှာ ဘာပါ ညာပါတယ် အတိအကျပြောနိုင်တယ်။အဒိန္န အာဒါန သိက္ခာပုဒ်ကို သုံးဘီးသမားကစောင့်ထိမ်းတာ။
သူများမပေးတာသွားခိုးတဲ့သူဆိုတာက တော်တော်သတ္တိကြီးတာ။ ကိုယ့်သားသမီးအိမ်ကတော့ လူတိုင်းလွယ်တယ်။ သတိထားဗျ။ အရေးကြီးတာပြောတာ။ အဗြဟ္မစရိယာ က ခုနကပြောပြီးပြီနော်။
မုသာဝါဒါဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ
မဟုတ်တာမမှန်တာ မပြောပါဘူး။ ဂတိခံထားတယ်နော်။ ဘယ်လောက်ကြာမှလဲ (၂၄)နာရီနော်။ တရက်(၂၄)နာ၇ီနော်။ မဟုတ်တာ မပြော မမှန်တာ မလုပ်ရဘူး။ ဖြောင့်ကွယ်ကွယ်ရတယ်။ ရဟန္တာလိမ်နည်း။(ဤနေရာတွင်ဟောသော ဥပမာအား-ထိုင်းများအားဟောသော ရှင်မဟာကသပ ကိုယ်တော်ကြီး၏လိမ်နည်း စာမျက်နှာတွင်ကြည့်ပါ)။ လိမ်နည်းပြောနေရသလို ဖြစ်နေပြီ။ ရီတယ်ဗျာ။ မှားသလားဗျာ။ မလိမ်ပါဘူးဗျာ။ ငါးသိန်းလောက်မပါဘူးလားမေးတယ်။ ပြောလိုက်ပေါ့ ငါ့လက်ထဲမပါဘူးလို့။ အိတ်ထဲမှာလေ။ လွယ်လွယ်လေး။ အိပ်ထဲပါတာကို အာရုံပြုပြီး ငါ့လက်ထဲမပါဘူးပြောရတာ။ ကားပေါ်ပါရင် ကားပေါ် သတိလေးနဲ့အာရုံပြုပြီး င့ါလက်ထဲမပါဘူးပြောရတယ်။
သူရာမေရယ မဇ္ဇပမာဒဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
နစ္စ ဂီတ ၀ါဒိတ ၀ိသူက ဒဿန မာလာ ဂန္ဓ ၀ိလေပန ဓာရဏ မဏ္ဍန ၀ိဘူသနဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ
နစ္စ၊ ဂီတ၊ ၀ါဒိတ = ကခြင်း၊ သီခြင်းဆိုတာ သီချင်းရေးတာပြောတာ။ ၀ါဒိတ=သီဆိုခြင်း တီးမှုတ်တာ ၀ိဘူသန ဌာနာ= တပ်မက်ခြင်း၏ တဏှာ၏ အကြောင်းဖြစ်တာသည်။ ဒဿန =မကြည့်ရဘူး။ မင်းသမီး မင်းသားမှမဟုတ်ဖူး။ ကိုယ့်သားသမီးကိုယ်ကြည့်ရင်လဲသတိထား။ တခါတလေ ကိုယ့်သမီးကိုယ်ကြည့်ပြီး အကျိုးမဲ့တဲ့ ဒေါသဖြစ်ရင် သွားမယ်။ တခါတလေ စိတ်တိုင်းမကျတာရင် ဒေါသဖြစ်မယ်။
ဥစ္စသယန မဟာသယနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
ဥပေါသဌ သီလံ= ဥပုသ်တော်သီလကို အပ္ပမာဒေထ= မမေ့မလျော့ မပေါ့မဆသောသတိတရားဖြင့် သမ္မဒေထ= မကျိုးမပေါက် မပျောက်မကြားအောင် သတိနဲ့ကောင်းစွာဆောက်တည်စောင့်ထိမ်းနိုင်ကြပါစေ။
ဒီနေ့ ဥပုသ်တော်သီလ။ နေ့တိုင်း(၅)ပါးနော်။ ဘယ်လို ရှောင်ကြဉ်တာသိလား။ (စိတ်နဲ့နေပါ့မယ်ဘုရား။) သီလက ကိုယ်နဲ့နှုတ်နဲ့တာဝန်ယူတာ။ ဥပုသ်က စိတ်နဲ့ဆိုင်တယ်။ ဥပ၀ါသ = အာရုံကင်းဆိတ်ပြီး နေထိုင်တာကို ဥပုသ်။ မျက်စေ့ကြည့်မြင်မှာဘဲ။ ဘာဘာလိမ့်ဆိုရင် ဥပုသ်ထွက်ပြီ။ မြင်ရင် မြင်တာနဲ့ ပြီိးရမယ်။ ဘာလဲလို့ အာရုံနောက်ပါသွားရင် ဥပုသ်ထွက်ပြီ။ မနက်ဖန်အထိမနေဘူး။ စိတ် စိတ် စိတ် -ရပါ့မလားဥပုသ်။ အကောင်းအဆိုးအပေါ်အရသာမခံရဘူး။ နားကြား ကြားတာနဲ့ပြီးရမယ်။ ဒီနေ့ အာရုံကိုမခံစားဘူး။ စားတာသောက်တာ လည်း ဖြစ်သလိုစားရမယ်။ လှည်းများဆီမထည့်ရင် တကျွီကျွီ မည်သလိုဘဲ။ ကိုယ့်ဗိုက်ထဲက တကျွီကျွီကို မြည်တာကို ကြည့်ပြီးစားရမှာ။ ရေသောက်ရင်တောင် ရေက သိပ်အေးတာဘဲ သိပ်ကောင်းတာဘဲ ဆိုရင် ထွက်ပြီဥပုသ်။ ကျုံပျော်ကအဖွဲ့တွေ ရွှေကျောင်းကုန်းတောင်လာတယ်။ အဲဒါရှင်းပြတော့ မလွယ်ပါဘူး။ မစောင့်တာကောင်းတယ်တဲ့။ လူကျိုးတော့ ကြည့်ကောင်းလား။ သွားလို့ကောင်းလား။ (မကောင်းပါဘူးဘုရား)။ ဥပုသ်ကြီးကျိုးတော့ကော။ ကြည့်ကောင်းလား ဥပုသ်ကျိုးကြီးနဲ့။
ညနေဆိုရင် ဆေးပေါ့ စာလိုပြောရမှာပေါ့။ အဖတ်မရှိရဘူး။ အတုံးအခဲမရှိရဘူး။ ထန်းလျက်လား။ သံပုရာရည်လား။ ထန်းလျက်ကို ရေလေး နဲ့ဖျော်သောက်ရတာနော် ။ အဖတ်စားရင် အနာဆီလူးတဲ့ ဥပမာ။ အနာများဆီမလူးရင် တဖျင်းဖျင်းနဲ့မထဘူးလား။ တဖျင်းဖျင်းဖြစ်နေတဲ့အစာအိမ်ကို ဖြေဖြေးလေးထည့်ရမှာ။ မန်ကျီးဖျော်ရည်၊ သံပုရာရည်နောက်ကို မပါသွားရဘူး။ တော်နေ ထမင်းဝိုင်းကို ငါလာကြည့်ခြင် သေးတာ။ တော်နေကြ ရှိသေးတယ် ခင်ဗျားတို့ တရက်ကလေးစောင့်ရတာဆိုတော့ စားကြများများ ညကြရင် ဆာနေဦးမှာဆိုပြီး။ စားကြဗျ။ စားကြဗျနဲ့နေမှာ။
ထင်းများများထိုးသလိုဘဲ။ ထင်းများများထိုးတော့ မြန်မြန်လောင်တယ်။ မြန်မြန်ကုန်တယ်။ များများစားလေ ဗိုက်ကြီးကားလေ။ အိပ်လေ။ မျှအောင်စားရတယ်။ ဖျော်ရည်တွေသောက်တော့ အနာဆီလိမ်းတဲ့ ဥပမာနဲ့သွားရတယ်။ အာရုံနောက်မလိုက်ရဘူး။ အာရုံမခံရဘူး။ ဥပုသ်ဘယ်ကစောင့်တာတုန်း။ စိတ်ဘယ်ကထွက်တတ်သတုန်း။ စိတ်က မျက်စေ့ နား အာရုံကထွက်မယ်။ မျက်စေ့ကကြည့်ရင် မျက်လုံးမှာ စိတ်ကိုစောင့်ရမှာ။ ဒါမှ ဥပုသ်စောင့်တာ။ ကြားရင် နားထိပ်၊ နံရင် နှာခေါင်းထိပ်၊ စားရင်လျှာထိပ်။ ခြေထောက်နဲ့သွား ခြေထောက်။ ထိတဲ့နေရာလေးကို သိသိပြီးသွားရမှာ။ အာရုံလုံအောင်စောင့်တာ ။ဥပုသ်က အဲဒီလိုစောင့်တာ စောင့်နိုင်မလား။ (ရိုးရိုးစောင့်တာပါဘုရား)။ ရိုးရိုးကဘယ်လိုလဲ။သီလကတော့လွယ်တယ်ဗျ။ ကိုယ်နဲ့နှုတ်နဲ့ဆိုတော့။ အိပ်သာပစ်လိုက် အအိပ်ကြီးလေ သီလရလေဘဲ။ ဥပုသ်ရလေဘဲ။ (မောဟဖြစ် နေဦးမယ်ဘုရား)။ မောဟက ဥပုသ်နဲ့ဆိုင်တာ သီလနဲ့မဆိုင်ဘူး။ သီလလောက်နဲ့ ခါးတောင်းကြိုက်မနေနဲ့ ဥပုသ်ရမှ။
Monday, July 30, 2012
မချသော ၀ိရိယနှင့် သားသမီးအိမ်ကရေတခွက်သောက်ရန်တောင် ပန်ပြီးသောက်ရမဲ့သီလ(မဟာဥပုသ်-၃)
Subscribe to:
Post Comments (Atom)
သိတာလေးတွေ ပြောခဲ့ပါဦး
Popular Posts
-
စုံးဆိုတာကို ဒီအရွယ်မှာစတွေ့ဘူးခဲ့တာဖြစ်ပါတယ်။ ကျမငယ်စဉ်ကပုံ စုံးဆိုတာ ကျမတို့မြို့မှာ ငယ်စဉ်ကတည်းက ကြားခဲ့ဘူးတယ်။ စုံးအတတ်ဟာ...
-
၂၀၁၂ ခုနှစ်၊ မတ်လထဲမှာ မဟာမြိုင်တောကြီးထဲကို ဆရာတော်ဘုရားကြီးဖူးဘို့ သွားရောက်ခဲ့တုံးက နေပြည်တော်က ၀န်ထမ်းတချို့လည်း အဖွဲ့ထဲမှာပါဝင်...
-
ဧရာဝတီတိုင်း ဒေသကြိး၊ ဟင်္သာတမြို့နယ်၊ ဓမ္ဘီ-မအူကုန်းရွာတွင် ဗောဓိရိပ်ငြိမ်ဆရာတော်၏ ဇာတိမြေ၊ သစ္စာကုန်းမြေတွင် တည်ထားပူဇော်မည့် မဟာနေဘုရာင် ဘွဲ...
-
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး ချီးမြှင့်တော်မူသော မေတ္တာမြိုင် -မေတ္တာပို့ နှင့် အနက်အဓိပ္ပါယ် (၁) ဘေရီသဒေ...
-
လူတို့ဝင်ေ၇ာက်နှောက်ယှက်မှုကြောင့် ကျင့်ြံကံအားထုတ်နေသူတို့ စည်းခြားထား၇ာ (မ၀င်၇)ဟူသော ဆိုင်းဘုတ်နှင့် ကျောင်းအ၀င်ဝ ကျမတို့ငယ်စဉ်ဘ...
-
သင်္ကန်းမှာ-ထိန်၊ ဆွမ်းမှာ -ပိဏ်၊ ကျောင်းမှာတော့-သိမ် ဟူ၍ ဆရာတော်ဘုရားကြီး၏ ဆရာတော်ဖြစ်သူ ဘ၀ိမလမှ မိန့်ခဲ့သည်။ သင်္ကန်းအလှူတို့တွင် ကထိန်သင်္ကန်...
-
နေပြည်တော် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး သီတင်းသုံးသွားခဲ့တဲ့ ရွှေနန်းသွင်းကျောင်းတော်မှာ မနက်ဖန်မနက်(၇)နာရီမှာ ဆွမ်းဆန်းစိမ်းလောင်မှာဖြစြ်...
0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး