ထေရီပါဒါန်ထဲမှာ တကြိမ်ထဲ ဥပုသ်စောင့်ခဲ့ဘူးတာနဲ့- ကျွန်မဘ၀ကနေ -ဧတဒဂ်လာဖြစ်တာ။ ပဒုမုတ္တရ ဘုရားရှင် သီတင်းသုံးတဲ့နေရာက သူဌေးအိမ်က ကျွန်မလေး ။နေ့တိုင်း သူဌေးကြီးက ငွေစကားပြောတာ ဒီနေ့ကျရင်ဆိတ်လို့။ဘာမှမပြောဘူး။ သူတို့ဥပုသ်က ငွေထက်ကောင်းပုံထင်တယ်။ သူဌေးကတော်ကြီးက ဘယ်အသားမကောင်းဘူး ဟိုအသားက သုံးဘို့ငွေကဘယ်လောက်ရမှနဲ့။ ဒီနေ့ဘာမှမပြောဘူး။ သူတို့မိသားစုက မြတ်စွာဘုရားကျောင်းတော်သွားတယ်။ အဲဒီတော့ ကျွန်မလေး အိမ်ကျန်နေတယ်။ ကျွန်မလေးက တွေးတယ်။
သူဌေးကြီးကခါတိုင်းငွေက ဘယ်ကရမယ်။ ဘယ်လိုနဲ့ဒီနေ့ဘာမှမပြောရင် သူတို့ဥပုသ်က ငွေထက်လည်း ကောင်းပုံပေါ်တယ်။ နေ့တိုင်း သူဌေးကတောက် ဘာအသားမှညာအသားမှနဲ့ ဒီနေ့ ဘာမှ မပြောရင် သူတို့ဥပုသ်က ဟင်းထက်လည်းကောင်းပုံပေါ်တယ်။ သူဌေးသားကလည်း သုံးဖြုန်းနေတာ ဒီနေ့ဘာမှ မပြောရင် သူတို့ဥပုသ်က အပျော်အပါးထက်လည်းကောင်းတယ်ထင်တယ်။ သူဌေးသမီးက ခါတိုင်း ဘယ်အ၀တ်အစားမှ ဘာမှနဲ့ ဒီနေ့ဘာမှမပြောပုံထောက်ရင် အဲဒီဥပုသ်က အ၀တ်အစားထက်လည်း ကောင်းပုံပေါ်တယ်။ ကျွန်မလေး ကစဉ်းစားတာနော်။ ကျွန်မလေး က ခင်ဗျားတို့လောက်လည်းဗဟုသုတမရှိပါဘူး။ ခင်ဗျားတို့ထက် ညံ့ပါတယ်။
သူတို့သူဌေးတွေတောင် စည်းစိမ်ဥစ္စာစွန့်သေးတာ။ ငါလည်းသူစားရမဲ့အစာကို မစားတော့ဘူး။ ဘာက ညစာမစားရတာ ဘာမှမသိဘူး။ သူလည်း သူဌေးကြီးတို့ မိသားစုနေမလိုနေမယ်။ အဓိဌာန်လိုက်တာ။အဲဒီလို ဥပုသ်ယူလိုက်တာ။ သမီးတို့လို ပါဏတိပါတာ ဘာညာပါလား။ မပါဘူး။ သူဌေးကြီးတွေကဘယ်အချိန်စားမှန်း သူမသိတော့ သူကလည်းမစားဘူး။သို့သော် ကျွန်ဆိုတော့ အိုးဆေး လျော်ဖွတ်ရမယ်။ ရှိသမျှအကုန်လုပ်ရတာ။ ညနေ သူဌေးမိသားစု ဘုရားကျောင်းတော်က ပြန်လာတော့၊ ထမင်းအိုးတွေထဲ ထမင်း၊ ဟင်းတွေ ကျန်တာမြင်တော့။နင်မစားရသေး ဘူးလား။ အရှင်တို့သူဌေးမိသားစုဘယ်အချိန်စားတာမသိလို့ ကျမစောင့်နေတာ။ ဟ ငါ့တို့က နေ့လည် (၁၂)နာရီမတိုင်ခင်စားရတာ။ ဒါဆို ကျမလည်း ဒီနေ့ သူဌေးကြီးတို့လို ဘဲ မစားတော့ဘူး။
ညနေကျတော့ ဘာအစာမှမစားထားတော့ လုပ်နေရင်း မျက်လုံးတွေကပြာ ဟိုနား ဟပ်ထိုးဟပ်ထိုးဖြစ်။ သူဌေးကြီးက မြင်တော့နင်ဘာဖြစ်တာတုံးမေးတယ်။ ကျွန်နော်။ အလုပ်လုပ်ရတာ။ ဖြစ်သလိုေ နရတာ။ ဖြစ်သလိုစားရတာ။ သူဌေးကြီးက မစားဘူးလားမေးတော့ သူဌေးကြီးတို့မစားဘူးလား။ မစားဘူးဆိုတော့ ဒီလိုဆိုကျမလည်း သူဌေးကြီးတို့နေသလိုနေမယ်ဆိုပြီး အဲဒီနေ့ မစားတော့ဘူး။ သူဌေးကြီးက စတုမတုကျွေးတော့ သူဌေးကြီးတို့စားသလားဆိုတော့ မစားဘူးဆိုတော့ မစားတော့ဘူး။ ဒီတော့ သူဌေးကြီးက သမီးအလုပ်မလုပ်နဲ့တော့။ နားတော့ဆိုပြီး ကျွန်အလုပ်တွေပယ်လိုက်တယ်။ ဝေဒနာပြင်းထန်တော့ ညတော့ သေရော။
ပုဒုမုတ္တရဘုရားလက်ထက်က ကျွန်မကနေ တရက် ဥပုသ်ယူတာ ဥပုသ်စိတ်နဲ့သေတော့ စတုမတုစားမှာ ဆိုတောင်စားလား။ ထမင်းစားမှာဆိုတောင်စားလား ။မစားဘူး။ အဲဒါစောင့်တာထင်တယ်။ စောင့်တာ။ အဲဒီကစပြီးနတ်ပြည်စောင်းတန်းမှာ ဘ၀တွေမှာလူနဲ့နတ်နဲ့ဘဲဖြစ်ခဲ့ပါသတဲ့။ အဲဒီမှာ ပဒုမုတ္တရဘုရားလက်ထက်မှာ ရဟန္တာမ လာဖြစ်တာ။ ဥပုသ်ဗွက်ပေါက်တွေ၊ မရှက်ဖူးလားဗျာ။
နင်တို့စောင့်လား။ မရှက်ဖူးလားဟယ်။ ဥပုသ်ဆိုတာအာရုံလုံအောင်စောင့်တာ။ ပညတ်က အရင်ပေါ်တာထင်တယ်နော်။ ပညတ်နောက် စိတ်မပါစေနဲ့။ ကိုယ့်စိတ်လေးလဲ အာရုံနောက်အလိုက်မခံဘူးနော်။ ကျောင်းရမှာနော်။ အထူးအချိန်တဲ့။ အထူးအချိန်။ (၁၇)နာရီ။ ညမအိပ်တော့ဘူးပေါ့။ မေ့သွားလို့ပျော်သွားတာလား။ မအိပ်ရဘူး။ ကြောင့်ကျစိုက်အားနဲ့ သွေးဆူအောင်လုပ်ပေးနေရမှာ။သွေးနိုးနေရမှာ။
ရှေးခေတ်က ဥပုသ်စောင့်တာ၊ အမျိုးသားများက ဥပုသ်နေ့ဆိုတာနဲ့ အ၀တ်စားကောင်းမ၀တ်တော့ဘူး။ ဖြစ်သလိုချက်တယ် ။ တွေ့တာနဲ့ချက်တယ်။ ဘာပါမှညာပါမှ မရှိဘူး။ ခုခေတ်က သူများရှေ့စားရမှာဆိုတော့ ဆီပိုထည့်တယ်။ ဥပုသ်နေ့ပိုတောင်ကောင်းကောင်းစားသေး။ ဒို့ငယ်ငယ်က မုန့်ဝယ်တာမရှိဘူး။ ကိုယ့်ယာကထွက်တဲ့ ဆန်ကနေမုန့်လုပ်ပြီး ကျောင်းသွားတာ။ အဲအမျိုးသားတွေက သစ်တစ်ပင် ၀ါးတပင်အောက် တင်လ္လင်ခွေထိုင်ပြီးကျောင်းတော့တာ။ အမျိုးသမီးတွေက ဇရပ်ပေါ် ထိုင်ပြီးကျောင်းတာ။ စကားမပြော၇ဘူး။ စကားပြောရင်ထွက်သွားမှာပေါ့။ အမျိုးသားတွေက ညနေ(၅)နာရီ ကျောင်းပေါ်တက် လာတာ။ အမှတ်နဲ့နေတဲ့အတွက် နေ့တာကလည်းတိုလိုက်တာနော်။ အမှတ်နဲ့စိတ်ဝင်စားနေတော့ မသိဘူးနော်။ ညနေ(၅)နာရီဖျော်ရေလေးသောက်ပြိး တောထဲပြန်သွား။ အမှတ်နဲ့နေတာ။ ညလည်း တညလုံးတောထဲပြန်သွား။ အုန်းမောင်းခေါက်မှ ပြန်လာ နေ့တာကလည်းတို လိုက်တာနော်။ ကျောင်းနေတာ စားကျက်ငြိမ်နေလို့။ မနက်(၅)နာရီကျမှ သိက္ခာချတယ်။ (၈)ပါးကို (၅)ပါးနဲ့ သီလပြန်ယူပြီး အာရုံသိမ်းပြီး အိမ်ပြန်ကြတာ။
ရဟန်းနဲ့ ခင်ဗျားတို့နဲ့မတူဘူး။ကျပ်တို့က နေ့တိုင်း။ ခင်ဗျားတို့က တလမှ(၄)ကြိမ်။ ရှေးတုံးကပြောစကားရှိတယ် လူအို လူမင်းတွေက ခဲမူးစေ့တွေ။ လူအိုလူမင်းများက အဖိတ် ဥပုသ် အထွက် (၃)ရက်စောင့်ရတယ်။ အိမ်ထောင်ဦိးစီးများက အဖိတ် ဥပုသ်(၂)ရက်စောင့်ရတယ်။ လူလတ်ပိုင်းတွေက အဖိတ် ဥပုသ် (၈)သီတင်း၊ ခလေးငယ်က (၁)ရက်စောင့်ရတယ်။ ဘာဖြစ်လို့လဲ အခုခေတ်က တရက်ဖဲကျန်တာ။ ၀ါတွင်းတောင် စောင့်ခြင်မှစောင့်တာ။ အခု တလမှာ(၄)သီတင်းဘဲရှိတော့တာ။ လကွယ်နေ့ကစောင့် လဆန်း(၁)ရက် နေ့အထိ(ရ)ရက်စီးပွားရှာရတာ။ အများနဲ့ပေါင်းသင်းပြီး စီးပွား ရှာရတာ အဲဒီဖြစ်ခဲ့တဲ့ အကြွေးကို (၇)ရက်စာကို တစ်ရက်ထဲနဲ့ ခြေရမှာ။ ဒီလိုလေးနဲ့ရမလား။ အစွဲအရှည်ကြီးမဖြစ်အောင် တလကို(၄)ရက်ဖြတ်တာ။ နောက်မို့ အစွဲရှည်ကြီး လုံးပတ်ရှည်ကြီးဖြစ်သွားမှာ။
အောင့်သီလလား ချေသီလလား အောင့်ထားရင် ကန်မှာ အောင့်ထားသလောက် အတိုးကလာမှာဗျ။ အမှတ်နဲ့ သရဏဂုံနဲ့ခြေရမှာနော်။ ဥပုသ်စောင့်နေတာ
ဖြစ်ပျက်မြင်အောင်ကြည့်။ ဖြစ်ပျက်မမြင်ရင် အောင့်မှာ။ သတိနဲ့ ဓမ္မံသရဏံ ဂစ္ဆာမိမလုပ်ရင် အောင့်ကိုအောင့်မှာ။ ကိုယ်ခန္တာကိုဖြစ်ပျက်မြင်အောင်ကြည့်။ ရုပ်ရှင်မှာ လက်တရမ်းကို အကွက် (၃၀) ခြေတရမ်းကိုအကွက်(၃၀) ။ အဲဒါ ဘယ်လောက်မြန်မြန် သတိနဲ့ယူလိုက်ရင် အကွက်ဖမ်းလို့ရတာပေါ့။ အဲဒါကိုမြင်တော့ သိတာပေါ့ဟယ်။ စိတ်ဘယ်လောက်မြန်မြန် သတိတင်းတဲ့အချိန် ဘာမှမ၀င်ရဲဘူး။ စိတ်ကသတိသိပ်ကြောက်တာ။ သတိလေး လျော့လိုက်ရင်။ ခုနက သတိတင်းတင်း အာတာပီ ၀ိရိယကောင်းကောင်းနဲ့။ မောတာဟယ် ဒါတွေပြောရတာ။ (ကျေးဇူးကြီးပါတယ်ဘုရား)။ သင်္ကြန်လို ဟိုဘက်က ဟာ ဒီဘက်မပါအောင်လုပ်။ တပတ်ကဟာ နောက်အပတ်မပါအောင်လုပ်။ အဲဒါဆိုတရက်ထဲနဲ့ပြီးပါတယ်ဗျာ။
(သာဓုသာဓုသာဓု) တပည့်ဒါယိကာ ဒါယိကာမများမှဆုတောင်းမေတ္တာပို့သကြပါသည်။
ဤကဲ့သို့ဆုတောင်းမေတ္တာပို့သရသော ကုသိုလ်ကံစေတနာကြောင့်ု့ဆုတောင်းမေတ္တာပို့သသော ဒါယိကာ ဒါယိကာမတို့သည် ဘေးရန်ခပ်သိမ်းကင်းငြိမ်းသော ကြောင့်ကျခပ်သိမ်းကင်းငြိမ်းပြီး ဘုရားရှင်နှင့်အရိယာတို့ ကျင့်အပ်သောတရားကို ဘုရားရှင်နှင့်အရိယာတို့ သကဲ့သို့ကျင့်နိုင်၍ ဘုရားရှင်နှင့်အရိယာတို့ သိသလို သိနိုင်ပါစေ။ (သာဓု ၊ သာဓု၊ သာဓု ပါဘုရား)







0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး