Tuesday, July 22, 2014

မေတ္တာဓါတ်လှိုင်းသံ ညံသည်တကား။နယ်ကျင်းသွယ်ပျောက် မရောက်လေရာမရှိပါ အနတ္တ စကြ်ာဝဠာ

ဗောဓိရိပ်ငြိမ်ဆရာတော် အရှင်က္ကုန္ဒာစရိယ (ဦးဗောဓိ)သည် တရားစခန်းသိမ်းအောင်ပွဲမှတ်တမ်းတင် ဓါတ်ပုံကို သံဃာတော်များ သီလရှင်များနှင့် အတူတကွရိုက်ပြီး ရွှေနန်းသွင်းစေတီတော်ပေါ်မှ အဆင်းတွင် ကျမမှ ဆရာတော်အား ပူဇော်သောအားဖြင့် ဓာတ်ပုံရိုက်ယူခဲ့ပါသည်။ အမြန်ကြွသွားလျင် ပုံမထွက်မည်စိုး သဖြင့် ဖြေးဖြေးကြွပါဘုရားဟု လျှောက်ထားသောအခါတွင် ပြုံးတော်မူပုံကို မှတ်တမ်းတင်ထားပါသည်ဈ
ယခုပုံကို ဆရာတော်ကို ကြည်ညိုကြကုန်သော ဒကာ ဒကာမများ ကူးယူနိုင်ပါသည်။
ယခုပုံကို မြင်သောအခါ ကျမသည် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ မေတ္တာဘေရီ လင်္ကာကို သတိရမိပါသည်။ မရောက်လေရာမရှိပါ အနတ္တ စကြ်ာဝဠာ ဆိုသော မေတ္တာဓါတ်လှိုင်းများ စီးဆင်းနေသည် ကို ဆရာတော်၏ မျက်နှာတော်တွင် ဖူးမြင်ကြည်ညိုနိုင်ကြမည်ဖြစ်ပါသည်။
 မေတ္တာဓါတ်လှိုင်းသံ မေတ္တာဓါတ်လှိုင်းသံ ညံသည်တကား။ ဟုဖြစ်ပါသည်။ နယ်ကျင်းသွယ်ပျောက် မရောက်လေရာမရှိပါ တဲ့။ ကဲ -မေတ္တာဂရုဏာရှင် တရားရှင်များ၏ မေတ္တာကား ကျောသားရင်သား မခွဲခြားပါ။ မိမိကသာ ခံယူတတ်ဖို့လိုပါသည်။ ခံယူတတ်ကြပါစေသတည်း။ မေတ္တာ ဂရုဏာကား ဘုရားတောင်မနေနိုင် သကြားတောင်မနေနိုင် နောက်ဆုံး မဟာနေဘုရင် ကျောက်သားဆင်းတု မျက်လုံးတော်မိတ်တုတ်မိတ်တုတ် တန်ခိုးတော်ပြသည့်အထိ- ဓမ္မတန်ခိုး ဖြိုးဖြိုးညံသည်သာတည်း။

ဓမ္မသာလာမှ မိတ်ဆွေများ သူတော်ကောင်းများအား အထူးမေတ္တာရပ်ခံအပ်ပါသည်။ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ သက်တော်(၇၃)နှစ်ပြည့် တရားစခန်းသိမ်းအောင်ပွဲကို ကျမသည် မအားသည့်ကြားမှ သွားရောက်ခဲ့ပါသည်၊ စခန်းသိမ်းအောင်ပွဲပုံများ အမှတ်တရ အင်တာနက်ပေါ်တွင် ထင်ကျန်ရစ်စေရန်အလို့ငှာ ရိုက်ကူးလာပါသော်လည်း - ကျမ၏ အသုံးများသော Dell insprion laptop မှာ အသုံးများသည့်အတွက်ကြောင့် ကွန်ပြူတာ screen တုန်နေခြင်းများ ဗိုင်းရပ်ကိုက်ခြင်းများကြောင့် ကွန်ပြူတာဟာ မထင်မှတ်ဘဲ တော်တော်သုံးရခက်သည့်အနေအထားဖြစ်သွားပါတယ်။
ဒါကြောင့် ဘာမှမတင်နိုင်ဘဲ ကွန်ပြူတာကို အစကနေ အင်စတောပြန်လုပ်ရပါတယ်။ အသံတွေမထွက်လို့ တခြားမှာ driver တွေရှာဖွေရစသည့် အလုပ်တွေက ညတောင်ဖြောင့်အောင်မအိပ်ရပါဘူး။
ကွန်ပြူတာအသစ်ကို ၀ယ်ဘို့ဆိုတာက မစဉ်းစားနိုင်သေးတာကတကြောင်း၊ ပျဉ်းမနားသွားပြင်ရင် ဆိုင်ကယ်နဲ့ကွန်ပြူတာသယ်ရတာ အန္တရာယ်များတာကတကြောင်းကြောင့် အင်တာနက်ချိတ်တာက အစကိုယ့်ဖာသာကိုယ်အကုန်ပြန် အင်စတောလုပ်နေရပါတယ်။
ဒါကြောင့် အားနာနာနဲ့ဘဲ - ပို့စ်တွေမတင်နိုင်ဖြစ်နေပါကြောင်းပြောကြားအသိပေးပါရစေရှင်။
မဟာနေဘုရင်ဘုရားရဲ့ မျက်လုံးမိတ်တုတ် မိတ်တုတ်ပုံလေးကို တင်ပေးဘို့ကို အင်တာနက်နှေးလွန်းတာကြောင့်တင်မရဖြစ်နေရပါတယ် ဆိုတာလေး ပြောခြင်လို့ပါရှင်
အားလုံးသော ဝေနေယျ ကျန်းမာချမ်းသာကြပါစေ။ သက်ရှည်ကြပါစေ။

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts