Sunday, June 1, 2014

ငါ့ကိုလူဝတ်လဲဘို့ အ၀တ်သာယူလာကြတော့ (သံဃာတော်များ၏သိက္ခာသုံးပါးကိုတန်ဘိုးထားတတ်စေခြင်သည်)



မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး ဒေသစာရီကြွစဉ်အတွင်း မန္တလေးတွင် သီတင်းသုံးနေပါတဲ့။ အဲဒီအချိန်မှာ ဆရာတော်ဘုရားကြီး သီတင်းသုံးတဲ့နေရာရဲ့အောက်ထပ်မှာ ဆရာဦးထွန်းဝေက အိပ်ပြီး ဆရာနဲ့အတူကိုမင်းသူကလည်း ပါလေသည်။ ဆရာဦးထွန်းဝေကား တညလုံးလည်းအိပ်မရ၊ မနက်(၃)နာရီခန့်တွင်မှေးကနဲ အိပ်ပျော်သွားလေသည်။ ထိုအခိုက်ဆရာတော်ဘုရားကြီး သီတင်းသုံးရာ ကျောင်းအပေါ်ထပ်မှ ဆူဆူညံညံကြားသောကြောင့် အပြေးအလွှားတက်ကြည့်ရာ အမျိုးသမီးတစ်စုသည် ဆရာတော်ဘုရားကြီး သီတင်းသုံးရာကျောင်းပေါ်ထပ်သို့ တက်ရောက်နေကြပေသည်ဟုပြောပြပါသည်။
တကယ်ကား ကိုမင်းသူလက်ချက်ဖြစ်ပြီး ဆူခံရမှာကြောက်သည့်အတွက်ရှောင်နေလေသည်။ ဆရာတော်ဘုရားကြီးက ထိုအမျိုးသမီးတစ်စုအား နင်တို့ ဒီလိုလုပ်ရင် ငါလူဝတ်လဲဘို့ အ၀တ်သာယူလာကြဟုဆိုနေသည်ဟုပြောပြပါသည်။ အထူးသဖြင့် မာတုကါမများသည် သဒ္ဓါတရားထက်သော မာတုဂါမများရှိသလို လောဘကြောင့် လာဖူးကြသော မာတုဂါမများလည်း ရှိကြပါသည်။ လူအမျိုးမျိုးစိတ်အထွေထွေပင်၊ သံဃာတော်များအား လှူတန်းသော အာမိသာအမွေအား အကြောင်းပြုကာ နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့ကောင်းအဖြစ် ကြည်ညိုကိုးကွယ်ခြင်းသာကောင်းပါသည်။ မိမိကြောင့်အနှောင့်အယှက်ဖြစ်သည်ကား မကောင်းသလို မိမိကြောင့် သံဃာတော်၏ သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်နှင့် ၀ိနည်းသိက္ခာပုဒ်ကိုပါ ထိခိုက်စေခြင်းကား အပြစ်လည်းကြီးပါသည်။ ယခုခေတ်ကာလတွင် ဒကာများအလိုလိုက် အကြိုက်လုပ်နေသော သံဃာများ အတွက် မထောင်းတာပါသော်လည်း၊ အမှန်တကယ် ကျင့်ကြံအားထုတ်မှု ကို အလေးထားကာ မြတ်စွာဘုရား ၀ိနည်းကို အထူးအလေးထားကြကုန်သော သံဃာတော်များအား မနှောင့်ယှက်မိစေရန်   ၊ သတိပြုသင့်ကြောင်း ရေးသားလိုက်ရပါသည်။ 
ဒကာ/ဒကာမများက မည်မျှပင် အလိုလိုက်ပါစေ၊ သံဃာဝိနည်းအထိမခံသော သံဃာတော်များသည် ဒကာ/ဒကာမများကို လုံးဝအားမနာပါ။ အလိုမလိုက်ပါ။ ဆိုလိုသည်မှာ ဒကာ ဒကာမများ ဖျက်ဆီးလို့ ပျက်စီးကုန်ပြီဟု မကြာခဏ ကြားနေရလေရာ၊ ဒကာ ဒကာမများ ဖျက်ဆီးတိုင်း မပျက်စီး အလိုမလိုက်သော သံဃာတော်များ များစွာရှိသည်ကို သိစေလိုပါသည်။
ဝိနည်းကိုလိုက်နာရသော အမှုကိစ္စများသည် သံဃာတော်များအတွက် လွယ်ကူသော ကိစ္စမဟုတ်ပါ။ တော်ယုံသဒ္ဓါတရားနှင့်လည်း မလိုက်နာ မဆောင်ရွက်နိုင်ပါ။ သို့ကြောင့် သံဃာတော်များတွင် အကျင့်ဦးစားပေးသံဃာတော်များသည် ၀ိနည်းအလို့ငှာ သိက္ခာသုံးပါးအလို့ငှာ မထိခိုက် မထိရှမိစေရန် ဒကာ ဒကာမများဘက်မှ စောင့်ရှောက်စောင့်ထိမ်းသင့်ကြောင်း တကယ့်အဖြစ်အပျက်လေးကို အကြောင်းပြုေ၇းသား လိုက်ရပါသည်။
ကျမတို့ မဟာမြိုင်သွားစဉ်ကလည်း မ၀င်ရဟုသတ်မှတ်ထားသော ဆရာတော်ဘုရားကြီးကျောင်းဝန်းထဲသို့ ၀င်ရောက်ပြီး တရားအားထုတ်နေသော ဆရာတော်ဘုရားကြီးတံခါးကို မယ်သီလရင်တပါးမှ သွားခေါက်ခြင်းကြောင့် ကပ္ပိယဆရာကြီးမှာ တော်တော်ကိုအလုပ်ရှုတ်သွားရှာသည်။

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts