Saturday, September 8, 2012

တရားကို ဘ၀ထဲရောက်အောင်လုပ်ဖို့လိုတယ် (ဒေါက်တာရှင်နန္ဒက၊ မဟာမြိုင်ဦးဇောတိက၊ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး)




ဆရာတော်ဦးဇောတိက(မဟာမြိုင်)

ဒေါက်တာရှင်နန္ဒက(ဘူဗျောင်း ဓမ္မဒူတ)

Add caption
ပြီးခဲ့သော အပတ်က ဒေါက်တာရှင်နန္ဒက (ကိုရီးယား၊ ဓမ္မဒူတ ဘူဗြောင်းဆရာတော်)နှင့် ဖုန်းပြောဖြစ်ပါသည်။ ဆရာတော် ကိုရီယားတွင်ရှိစဉ်က မကြာခဏ အွန်လိုင်းတွင်တွေ့ရသော်လည်း ဗမာပြည်ပြန်ရောက်လာသောအခါ တဦးနှင့်တဦးလည်းအွန်လိုင်းတွင်လည်း မဆုံဖြစ်၊ ဆရာတော်ပြန်ရောက်ထဲက ဖုန်းဖြင့် တကြိမ်တည်းသာနှုတ်ခွန်းဆက်ဖြစ်သည်။ ယခုနိုင်ငံတော်မှ ၀န်ထမ်းများကို လစဉ်ဖြတ်တောက် စနစ်ဖြင့် ဖုန်းပေးသောအခါ ကျမ၀ယ်ဖြစ်သွားသည့်အတွက် ဆရာတော်နှင့်ဖုန်းပြောဖြစ်ပါသည်။ ဆရာတော့်အား ကျမ ဧပြီလ သင်္ကြန်အတွင်းတွင် တရားထိုင်စဉ်ကြုံတွေ့ရသော အတွေ့အကြုံလေး များကို လျှောက်ထားခြင်းဖြစ်ပါသည်။
ကျမပြီးခဲ့သော သင်္ကြန်ပိတ်ရက်မတိုင်ခင် မေမြို့(ပြင်ဦးလွင်)ရှိ ချမ်းမြေ့ရိပ်သာကျောင်းတွင် တရားစခန်းဝင်ခဲ့သည်။ ကျမကတော့ ၁၄ ရက်ထိုင်ခဲ့ရသည်။ ပြင်ဦးလွင် ချမ်းမြေ့ရိပ်သာသည် ရာသီဥတုကောင်းလှရာ တရားထိုင်သူများပြားလှပါသည်။ စနစ်ကျသည် စကားမပြောရ၊ သန့်ရှင်းရေး ကိုလည်းယောဂီများကပင်ပြန်လုပ်ရပါသည်။ အလွန်စနစ်ကျသောရိပ်သာဟုဆိုရမည်ပင်။ ဆေးကအစ လိုလေသေးမရှိ စက္ကူပုံးကြီးများထဲတွင် ဗမာဆေးပေါင်းစုံ  အမျိုး(၃၀-၄၀)ခန့်ကို ထည့်ထားပေးသည်။ အထူးသဖြင့် ရိပ်သာတွင် အပိုစကားမပြောရသည့် ဥပဒေကို ကျမကြိုက်သည်။
ဆရာတော်နှင့်တရားအကြောင်းပြောဖြစ်ရာ ဆရာတော်မှ ထိုင်နေကြသူများကတော့ ဒီလိုပါဘဲလို့ မိန့်ပါသည်။ ထို့အပြင် တရားကထိုင်ယုံနဲ့တော့ မပြီးဘူး အပြင်လောကမှာ တကယ် လက်တွေ့မှာ လည်း ကျင့်သုံးမှ။ 
ရိပ်သာမှာတော့ တရားထိုင်လာပြီး တကယ့်လက်တွေ့ဘ၀မှာ
ဒါသဘယ်လောက် လျော့ပြီလဲ။ လောဘဘယ်လောက်လျော့ သွားပြီလဲ၊ 
ကိလေသာတွေ ဘယ်လောက်ပါးသွားပြီ လဲဆိုတာနဲ့ ချိန်ရမှာဘဲလို့မိန့်ပါသည်။
 တရားတော့ ထိုင်ပါရဲ့ လောဘ ဒေါသတွေကြီးနေလျင်တော့ ကိုယ်ဟာလိုနေသေးတယ်လို့ဆိုရမှာပါဘဲလို့ မိန့်ပါတယ်။ မှတ်သားစရာများကိုမိန့်လိုက်တဲ့အတွက် ကျမဟာ ဒေါက်တာရှင်နန္ဒကကိုကျေးဇူးအထပ်ထပ်တင် သာဓုခေါ်မိပါတယ်။

ကျမတို့ဘွဲ့ရခါစ ၁၉၉၂ လောက်ထင်ပါတယ် ဆရာတော်ဦးဇောတိကနဲ့ မကြာခဏဆုံခဲ့စဉ်က ဆရာတော်ပြောတာကိုသွားပြီးသတိရမိပါတယ်။ ဆရာတော်က အင်္ဂလိပ်စာကိုလေ့လာတဲ့အခါမှာ အင်္ဂလိပ်စာဟာ ဗမာသဒ္ဒါတွေနဲ့ပြောင်းပြန်လိုဖြစ်နေပါတယ်။ လေ့လာရခက်တဲ့ဘာသာစကားထဲမှာ ပါပါတယ်။ အဲဒါကို ကျွမ်းကျင်ဘို့အတွက် လေ့လာကြတာကတော့ မူလတန်းကနေ တက္ကသိုလ်အထိ ဘဲပေါ့။ ဒါပေမဲ့ ကျွမ်းကျွမ်းကျင်ကျင် ကောင်းကောင်းမပြောတတ် မရေးတတ်ကြဘူးတဲ့။ ဒါဘာလို့ ဆိုရင် အင်္ဂလိပ်စာဟာ ဘ၀ထဲကို မရောက်လာလို့ဘဲတဲ့။ အဲဒီလိုဘဲ တရားကိုလည်း ဘ၀ထဲရောက် အောင်လုပ်နိုင်ရမယ်။ တရားသည်ဘ၀ထဲရောက်မှသာ တကယ့်တရားကို အပြင်လောကမှာ ကျင့်သုံးနိုင်တဲ့သူဖြစ်မှာပါတဲ့။ တရားကိုဘ၀ထဲရောက်အောင်လုပ်ပါလို့ မကြာခဏမိန့်ပါတယ်။

နောက်ဆုံးပြောခြင်တာလေးကတော့ ဟာသလေးနဲ့ရောပြီး ဟောသွားတဲ့ မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီးရဲ့တရားထဲက တပိုင်းတစလေးပါ။ ဆရာတော်ကြီးရဲ့အမေက တရားစခန်းဝင်ပါတယ်တဲ့။ တရားစခန်းကထွက်လာတော့ ဆရာတော့်အမက ပြောပါတယ်တဲ့ အမေက တရားစခန်းက ထွက်လာမှ အိမ်မှာ ပြသနာရှာတယ်ပေါ့။ ပိုဒေါသကြီးလာတယ်။ ပိုငေါက်လာတယ်လို့ ပြောပါတယ် တဲ့။ ဆရာတော်ဘုရားကြီးက မိန့်တယ် အမေက တရားစခန်းမှာ ဒေါသတွေ လောဘတွေကို ထိန်းချုပ် ထားရတာကိုး။ ဒီတော့တရားစခန်းကထွက်လာတော့ပိုဆိုးလာတာပါဘဲတဲ့ရှင်။
တရားကို ဘ၀ထဲရောက်ဖို့ဆိုတဲ့စကားဟာ အင်မတန်လေးနက်တဲ့စကားဖြစ်ပါတယ်။ လူတိုင်းမှာ စရိုဒ် ဆိုတာရှိကြပါတယ်။ ကျမဆိုရင် စိတ်ကြီးတယ် ဒါလည်းမကောင်းတဲ့စရိုဒ်ပါ။ တရားကိုဘ၀ထဲရောက် မှသာ ကာယကံ မနောကံ ၀ဇီကံသောင်းကျန်းမှုတွေ များရမှ နည်း၊ နည်းရာမှ ပျောက်သွားမှာပါ။
အဲ ကျမတို့ပတ်ဝန်းကျင်မှာကို တရားစခန်းဝင်တာ အကြိမ်(၂၀)ရှိပြီ၊ တနေ့လုံးပါးစပ်ကလည်း ဘုရားစာတွေရွတ်ပြီး သူတပါးကို ဘ၀ကို ပြိုပျက်အောင်တိုင်တဲ့သူရှိပါတယ်။ သူ့လိုအင်အတွက်ဆိုရင် အရမ်းကိုမှချိုသာပြီး လှည့်ကွက်ပေါင်းစုံကိုလည်းသုံးတတ်ပါတယ်။ ဒါပေမဲ့ သူ့လိုအင်မပြည့်ရင် ပါးစပ်က အယုတ္တ အနတ္တတွေကိုပြောဆိုတတ်ပါတယ်။ ဒီလိုဘဲ လှည့်ကွက်တွေသုံးပြီး သူများတွေ ကို ဂျောက်ချ သွေးကွဲအောင်လုပ်ပြီး စည်းလုံးတဲ့သူမျိုးပါ။ အဲ တရားဟာ ဘ၀ထဲေ ရာက် မလာတာ တော့အသေအချာပါဘဲ။ ထိုင်တာလည်းအမှန်ပါ။ (၅)ရက်စခန်း အကြိမ်(၂၀)တောင် ကခြင်မှကမှာပါ။
ဒါကြောင့် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးက တရားထိုင်တာကို ကောက်သင်းကောက်သလို မထိုင်ပါနဲ့။ အဂုင်္လိမာလ လက်ညှိုးတွေကို ကြိုးနဲ့သီသလို သီပါ။ ဒါမှာ ဟိုလက်ညှိုးပျောက် ဒီလက်ညှိုးပျောက်မပျောက်မှာလို့ အင်မတန်ကောင်းတဲ့ ဥပမာနဲ့ သတိပေးခဲ့ပါတယ်။ ဒါဟာ ဆရာတော်ဘုရားကြီးတွေက အတိမ်အနက်ကိုသိလို့ အကြိမ်ကြိမ်အထပ်ထပ်နည်းပေါင်းစုံနဲ့ သတိပေးခဲ့တာဖြစ်ပါတယ်။
မီးဝေးတဲ့ချိတ်တဲ့ ဆိုရိုးလေးရှိပါတယ်။ ခွေးမြီးကောက်ကျဉ်တောက်စွပ်ဆိုတဲ့စကားလေးလည်းရှိပါ တယ်။ ဖြောင့်ခြင်ရင်တော့ တရားကို ဘ၀ထဲေ၇ာက်အောင်ပို့နိုင်ဘို့၊ တရားကို အဂုင်္လိမာလလို ကြိုးနဲ့ ခိုင်အောင်သီဘို့အတွက် ဓါတ်ညာဉ်နဲ့လာတဲ့ ကျမတို့ရဲ့ စရိုဒ်တွေကိုတော့ ပြုပြင်နိုင်ဘို့ တရားကို ဘ၀ထဲရောက်အောင် လုပ်နိုင်ဖို့လိုအပ်နေပါပြီလို့……
ဒေါက်တာရှင်နန္ဒ၊ ဆရာတော်ဦးဇောတိက၊ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး ဘုန်းဘုန်း ဦးဥေယျနှင့်ဆရာတော် သံဃာတော်များ ကျန်းမာချမ်းသာ အသက်ရှည်ကျန်းမာပြီး သာသာနာ့ဝန် ခန္ဓာ့ဝန်ကိုထမ်းရွက်နိုင်ပါစေ ဘုရား။

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts