![]() |
ဦးသောမအား ကျောင်းပေါ်မှ ခရီးဦးကြိုစဉ် |
![]() |
မပဒါန်တွင် အပူဇော်ခံနေစဉ် |
ပြောမယ်ကြံ ကိုယ့်နောက်ဘုရားရှိလား လှည့်ကြည့်လိုက်၊ ဘုရားရှိတယ်ဆိုရင် ရဲရဲတင်းတင်းသာပြော
လုပ်တော့မယ်ကြံ ကိုယ့်နောက်လှည့်ကြည့်လိုက် ဘုရားရှိလား ၊ ဘုရားရှိတယ်ဆိုရင် ရဲရဲတင်းတင်းသာလုပ်
ကိုယ့်လုပ်တဲ့အလုပ်ကိုယ်ပြောတဲ့အပြောဟာ ဘုရားအဆုံးအမနဲ့ညီမညီ၊ အဲဒါဘုရားလှည့်ကြည့်ခိုင်းတာဗျာ့။
အရှင်ဘုရားနဲ့ ဘ၀တူ။ မဟာမြိုင်ဦးဇောတိက။ သူ့လည်းဝိုင်းတိုက်ခိုက်ကြလို့တဲ့ သူ့ပိုက်ဆံတွေ ပလီဆောက်မလို့တဲ့ဆိုပြီး။ ဘုန်းကြီးလည်း ဘုန်းကြီးမို့ ဘုန်းကြီး လောကဓံရှိတယ်ဘုရား။ လူမှလောကဓံရှိတာမဟုတ်ဖူး။ တပြည်လုံးလှည့်တော့ တပြည်လုံးဒဏ်ခံခဲ့ရပြီနော်။
ကောင်းတာနဲ့တွေ့ရင် ငါ့ရန်သူလို့သဘောထား။ ဆိုးတာနဲ့တွေ့ရင် ငါ့မိတ်ဆွေလို့သဘောထား။
လိုလားသူက ကောင်းတာတွေရွေးကြည့်ပြီး ကောင်းကြောင်းချည်းပြောပြီး ဖုံးစရာရှိဖုံးနေမှာနော်
ဆိုးတဲ့သူတွေက အရှင်ဘုရား ချို့ယွင်းချက်အကုန်လျောက် ကြည့်နေတာနော် ဘယ်လိုချည်း ညာလိုချည်းနဲ့ဆိုးတဲ့သူတွေက ကိုယ့်ကိုပြင်ပေးနေတာများတယ်။
ကောင်းတဲ့သူတွေက မြှောက်ပေးတာများတယ်။ ဘယ်သူ့ မိတ်ဆွေထားရမှာတုံးဘုရား။
ဆိုးတာ ကြပ်ကြပ်ပြောတဲ့သူကို သူပြောတဲ့အတိုင်း ငါလုပ်နေတဲ့အလုပ်က ဟုတ်မဟုတ် ငါလုပ်နေတာ ဘုရားအဆုံးအမနဲ့ ကိုက်မကိုက်ချိန်ကြည့်လိုက်။ သူပြောတာမှားနေရင် ငါ့စေတနာ ငါ့လုပ်ရပ်ကို သူမသိလို့ဘဲဆိုပြီး ပြုံးပြုံးလေးသာ ခံလိုက်ယုံဘဲ။ သူကဝေဖန်ပုတ်ခတ်တယ်ဆိုရင် သူပြောတဲ့အတိုင်း စစ်ကြည့်လိုက်။ ကိုယ်က သူပြောတဲ့အတိုင်းလုပ်မိနေရင် ငါကလည်းသူပြောတဲ့ အတိုင်းလုပ်မိနေပြီဆိုရင် ငါကိုက သူပြောတဲ့အတိုင်းလုပ်နေတာဘဲဆိုပြီး ခံသာခံလိုက်။
ဘုရား ရဟန္တာကလွဲလို့ အကုန်လုံးအမှန်မရှိပါဘူး။ အရေးကြီးတာက စေတနာမှန်ဘို့လိုတာ။ လုပ်ရပ်ကတော့ ကိုယ့်စေတနာကမှန်တယ်ထင်လို့လုပ်ပေမဲ့လည်း မှားခြင်မှားနေတာ။ အမှားဘယ်သူမှမကင်းဘူး။ အမှားကြောက်လို့ မလုပ်ရင်လဲ ထိုင်နေဘို့ဘဲ။ ဘာမှဖြစ်မှာမဟုတ်ဘူး။ အမှားကြောက်လို့ ဝေဖန်မှာကြောက်လို့ ငုတ်တုတ် ထိုင်နေရင်လည်း ထိုင်နေယုံရှိမှာ။ မှားတတ် ဝေဖန်တဲ့အထဲ ဘုရားတပည့်တော်တို့ အမှားတွေ ချို့ယွင်းချက်တွေထောက်ပြ၊ အဲဒါကျေးဇူးတင်ပြီး ကိုယ်ကပြင်ပေးလိုက်ယုံရှိတာဘုရား။ မှားတာတော့ တွေ့မှာနော်။ အရှင်ဘုရားမမှားအောင်ကော လုပ်နိုင်လို့လား။ (တတ်နိုင်သလောက်လုပ်ပါမယ်ဘုရား) အကုန်လုံးတော့ မဖြစ်နိုင်ဘူးနော်။
ရဟန္တာကသတိတခုထဲရှိလို့ တနေရာမှာသိက္ခာပုဒ်နဲ့ သွားငြိနေတာလေ။ အဲဒါကို ရဟန္တာကိုသွားပြီး ဘယ်သိက္ခာပုဒ်က ဘယ်လိုညှိတယ်။ဘာညာနဲ့ စွပ်စွဲဝေဖန်လို့ ဘုရားလက်ထက်မှာ ဘုရားက ဒါရဟန္တာမင်းတို့ သွားမဝေဖန်နဲ့ဆိုပြီး သိက္ခာပုဒ် တောင်ထုတ်ယူရတာ။ ရဟန္တာတောင်မှားသေးတာနော်။ ဘုရားကလွဲလို့ ၀ါသနာကို ဘယ်သူမှမပယ်နိုင်ဘူးလေ။ အဲဒါ မပယ်နိုင်တော့ ညာဉ်အလိုက် ၀ါသနာအလိုက်ရှိမှာဘဲ။ ဘုရားကလွဲလို့ ရဟန္တာတောင် အပစ်မကင်းဘူးဆိုတော့ ဘာကျန်သေးလဲဘုရား။ ကိုယ့်ဘက်က စေတနာမှန်မှန်နဲ့ဆောင်ရွက်ပါဘုရား။ အရှင်ဘုရားဆောင်ရွက်တာတွေ သာဓုခေါ်ထိုက်တာတွေပါ။ သင့်တော်တဲ့အလုပ်၊ လုပ်ထိုက်တဲ့အလုပ်လုပ်တာလေ။ အများက ဒါဒါ လုပ်နေတာလေ ကိုယ်ကသူများမလုပ်နိုင်သေးတဲ့ဟာတွေကို ကွက်လပ်ကလေးတွေဝင်ဖြည့်မှာပေါ့။သာသနာမှာလည်း ကွက်လပ်လေးတွေရှိသေးတာဘဲ။ ဖြည့်ပေါ့ဘုရား။ ရန်ကုန်မှာ ကြေးပြားနဲ့ ပိတကဋ်တွေလုပ်နေတာ။ မတိမ်ကောအောင်လေ။ ဒါဘဲသာဓုခေါ်ပါတယ်ဘုရား။ ဦးဥာနြောဘာသာဆိုတာကြားလိုက်ုမိတာ ဒါလဲသာဓုခေါ်တာဘဲ။ ဒါလည်းကွက်လပ်လေးဘဲဘုရာ့။ လုပ်ပါဘုရား။
ဦးသောမ။ ။ တပည့်တော် ခလေးလေးတွေ ပဋိစ္စသမုပါဒ်တွေ၊ တရားထိုင်နည်းတွေ အခြေခံသင်ပေးတယ်ဘုရား။ အတိုက်အခိုက်တွေများလို့ သြ၀ါဒခံယူတာပါဘုရား။
ဆရာတော်။ ။ ဘုရားတပည့်တော်ဆီက ပြန်မှ ပိုအတိုက်ခံရရင်ဘယ်နှယ်လုပ်မလဲ
တပည့်တော်ရဲ့ ဥပဇ္ဈယ်ဆရာတော်က ဝေဘူဆရာတော်ကြီးကို ဥပဇ္ဈယ်ပြုပြီး ရဟန်းခံတာပါဘုရား။ သကဒါဂါမ်နဲ့ရှေ့မတက်နိုင်ဘူးဘုရား။ ဆရာတော်ဘုရားကြီး၏ ဥပဇ္ဈယ်ဆရာတော် ဘ၀ိမလဖြစ်သည် ။ ဝေဘူဆရာတော်ဘုရားကြီးနှင့် သူနဲ့ကသာသနာနောက်ပိုင်းမှာ ညီအကိုအဖြစ်နဲ့ အိန္ဒိယနိုင်ငံမှာ တော်တော်ကြာတယ်တဲ့ဘုရား။ အိန္ဒိယနိုင်ငံတွင် သာသနာမှေးမိန်မှ ဒီရောက်လာတာ။ ဝေဘူဆရာတော်ကြီး က ကိစ္စပြီးသွားပေမဲ့ သူက မပြီးလို့တဲ့။ အခုချိန်မှာ ကိစ္စပြီးမယ်ဆိုရင် ဆီကျက်အိုးထဲတောင်ဆင်းပါတယ်ကွလို့ ခဏခဏပြောတယ်။
တပည့်တော်ရဲ့ ဥပစ္ဇျယ်ဆရာတော်က လူ့ဘ၀တုံးက ဘိုးမင်းခေါင်ကြီးနဲ့ အလုပ်လုပ်ရတာ။ ဘုရားတည်တဲ့အလုပ်တွေ။ သူကပထမက န၀င်းဂိုဏ်းဆိုလား တပည့်တော်က သူတို့ဂိုဏ်းတွေမသိဘူး။ အဲဒီမှာဖိုထိုးတာလေ။ ဘိုးတော်အောင်မင်းခေါင်ကြီး သူ့ဖိုရုံထဲကြွလာပြီး မင်းအဲဒီလိုကြီးထိုးသလို ကိုယ့်နှာခေါင်း ကိုယ်-ဖိုထိုးရင် အောင်တယ်ကွလာပြောတယ်တဲ့။ အဲဒီထဲက ငါလည်း ဖါးဖိုကြီးလွင့်ပစ်တာ လို့ပြောတာ။ အောင်မင်းခေါင်ကြီး ထွက်စခန်းမ၀င်မခြင်း နှစ်(၃၀)လောက်ဘုရားလိုက်တည်ရတာ။ အဲဒီမှာ တုတ်တပျက် ဒါးတပျက်နဲ့တဲ့။ ပြောလိုက်တာလည်း ပက်ပက်စက်စက် ဘယ်လိုဟာမျိုးး ဘယ့်နှဲ့ဟာမျိုး ဘယ့်နဲ့ ညာနယ်နဲ့။အရှင်ဘုရားက အဲဒီလောက်ခံရလို့လား။ တပည့်တော်ရဲ့ဆရာတော်က လူအေး၊ သာသနာပြုကိစ္စ တော့ ခိုင်းပါဘုရာား။ ဘုရားတည်တာတော့ မခိုင်းပါနဲ့ဘုရား။ တပည့်တော်က မေတ္တာလေးနဲ့ အေးအေးဆေးဆေး နေခြင်တာ။ အောင်မင်းခေါင်က တရားမှတ်နေရာက မျက်စေ့လေးဖွင့်ပြီး စိဉ္စမာဏ က လူလည်ခေါင်မှာ ဘုရားနဲ့သူနဲ့ရတဲ့ ဗိုက်ပါလို့ပြောတာ။ ဒေ၀ဒတ်က လူလည်ခေါင် ဆင်ကြီးအရက်တိုက်ပြီး လုပ်တာနော်။ နောက်ကျောက်မောင်းကြီးနဲ့ ပစ်ချတာကွာ။ နင့်အဖေတောင်ခံရသေးတာလို့။ နင်ကဘာမို့လို့လဲလို့ပြောတာ။ အရှင်ဘုရားအဲဒီလောက်ခံရသေးလို့လား။
ဘုရားက မဒိမ်းကျင့်ပြီးသတ်တာဆိုပြီး ဘုရားငှက်ပျောခြံထဲ သုဒ္ဒရီလည်းလာထားသေးတာ။ သုဒ္ဒရီလေ။ အရှင်ဘုရား အဲဒီလောက်ခံရလို့လား။ အရှင်ဘုရားရဲ့ တာဝန်က ခံနိုင်ဘို့။ ပြောနေကျစကားက။ ဒါနက ပိုက်ဆံရှိသလောက်လုပ်လို့ရတယ်။ သီလက အရှင်ဘုရားကြိုက်သလောက်လုပ်လို့ရတယ်။ ခန္တီက သူများလာပြီးရန်စမှ လုပ်လို့ရတာ။ ဘယ်ဟာက တန်ဘိုးကြီးတုန်း။ ဗုဒ္ဓဂါယာက ပိုက်ဆံရှိသွားလို့ရတယ်။ သီလက အရှင်ဘုရားလုပ်လို့ရတယ်နော်။ ခန္တီကငွေနဲ့ဝယ်လို့ရလား။ အဲဒါ သူအဓိကပါ။ တောတောင်တလျောက် ဘုန်းကြီးခံရတဲ့လောကဓံ ခံရသလောက်မရေးခဲ့ဘူး။ သံဃာကြည်ညိုလို့သာပါ။ ဇင်းကျိုက်တုန်းကလည်း ခံလိုက်ရတာ လိမ့်ပိန့်ပြီးဘုရာုး့ ၊ ဘုန်းကြီးခုံရုံးတောင် ရောက်တယ်။ အရှင်ဘုရားရောက်ဖူးလို့လား။ လူဖြစ်တုံးက ဘယ်ခုံရုံးမှ မရောက်ဖူးဘူး။ တောထဲမှာ (၅)တောင်ပတ်လည်ကျောင်းလေး ဓနိမိုးလေး၊ ဓနိကာနဲ့ သံဃာမပန်ကြားဘဲဆောက်မှု၊ တောတောင်ထဲ ဘယ်သူမှမပြောဘဲနေမှု၊ သံဃာနဲ့သမဂ္ဂ မနေဘဲ တပါးတည်းနေမှု။ စုံလို့။
ကယ်တာက ဓမ္မစရိယတန်းအောင်ခဲ့တာ၊ မခံနိုင်တဲ့ ဒကာတွေက မြို့နယ်ဥက္ကဌကို သွားလျှောက်တာ သူ့ဆီစာရင်းပေးတုံးက သံဃာ့မှတ်ပုံတင် သူ့ဆီသွားပေးရတာကိုး။ အဲဒီတော့ သူကအကုန်သိတယ်။ အဲဒီတော့ ငါ့တပည့် မတော်တာဘာမှမလုပ်ဖူးဆိုမှ။ မြို့နယ်ဥက္ကဌက တောနယ် ဥက္ကဌကို ခေါ်ပြောမှပြီးသွားတာ။
ဘယ်သွားသွား လာဘမစ္ဆရိယ၊ ကုလာမစ္ဆရိယကတော့ ကြုံမှာ။ ကြုံမှာဘဲနော်။ ဘယ်သွားသွား ကြုံမှာ ခံနိုင်အောင် ခံ။
(သံဃာအခြံအရံအကြောင်း၊ မေတ္တာရှင်-အရှင်ဇ၀န အား ဟောကြားသော သြ၀ါဒတွင်ပါပြီးဖြစ်ပါသည်)
ဦးသောမ၏အမေး။ ။ဆရာတော် ၊ အနိစ္စလက္ခဏာလေးမြင်ပြီးရင် မရှိတဲ့သဘောလေးတွေ အားလုံး သိမ်မွေ့သွားတာ ဘာလုပ်ရမလဲဘုရား။
ဆရာတော်၏အဖြေ။ ။ တွေ့နေရင် ရှုနေရမယ်။ မဟာစည်ရဲ့ သီလ၀ံသသုတ္တန်၊ သုတ၀ံသသုတ္တန်တို့ကို ကြည့်လေ။ သိတာလေးကိုလည်း ရှုနေရမှာ။ ရုပ်ကို နာမ်ကျန်နေခဲ့တာ။ အရူပဈာန်နဲ့ဆိုင်တာတွေ အနုဆုံးအထိတက်ဦးမှာ တက်လဲလိုက်နေရမှာနော် အနိစ္စလက္ခဏာဆိုတာ ခန္ဓာဖြစ်စဉ်ရှုထဲက မြင်နေရမှာ။ အားကောင်းရင် အပျက်ကျမှာပေါ့ ဒီထက်အားကောင်းရင် ဘာရှုလိုက်လိုက် ပေါ်လာလိုက် ထစ်ကနဲဆို ပျောက်သွားလိုက် အနန္တရဲ့ သဘောဘုရား။ အနန္တလို့မပြပါဘူး။ ဖြစ်သွားလိုက် ပျက်သွားလိုက်။ ပြခြင်တာပြ ကြည့်ရမှာအရှင်ဘုရားတာဝန်က ကြည့်ရမှာနော်။ ကြည့်စရာမရှိဘူး-သိစရာလေးကျန်နေရင် ကြည့်ဦး။ သိတယ် သိတယ်ပေါ့ ။ အမှတ်ပါမှတိုးတာလေ။ သိသိလေးကို သိတယ် သိတယ်နဲ့။ အမှတ်ပါမှတိုးတာနော် အမှတ်မပါရင် တွေဝေနေတတ်တယ်။ စာလို သမာဓိဘက်က အားကောင်းရင် ပညာဘက်ကလိုနေရင် တစ်ဘီးလိမ့်ကြီးကျန်နေမယ်။ ရုပ်သာရှုပြီး နာမ်ဘက်အရှုနည်းရင်ဖြစ်တတ်တယ်။ (စိတ်ကလေးငွေ့ငွေ့ကျန်နေတတ်တယ်) အဲဒါ ငွေ့ငွေ့ဆိုတာ အရူပ ဈာန်နဲ့ဆိုင်တာ တခါတလေ ကောင်းကင်ပေါ်နေသလို-အာကာသနဉ္စ၊ တခါတလေသိယုံလေး-၀ိညာဏဉ္စယတန၊ သိသလို မသိသလိုလေး -အာကိဉ္စညာယတန၊ သိသလို မသိသလိုလေးကို အနုညံ့ဆုံးအထိရောက်သွားတယ် နေ၀သညာ နာသညာ အရူပဈာန်နဲ့ ဆန်ဆန်တွေအထိတက်နေတတ်တယ်။ ရုပ်ဖက်ကရှုတာကုန်သော်လည်း နာမ်ဖက်က အားနည်းနေလို့ကျန်နေတတ်တာ။ သမာဓိအားကောင်းပြီး သညာဘက်ကအားနည်းနေလို့။ သိအားက ဒလစပ်ဖြစ်သွားပြီ အရှင်ဘုရားကကြားမှအတွေးဝင်ခွင့်မရရင် သိတာက ပြတ်သွားတာလဲရှိတယ်။ အရှင်ဘုရား အားနည်းရင် ဖင်ထိုင်ရက်ပြန်ကျပြီး ရုပ်နာမ်ဖြစ်ပျက်ပြန်မြင်တယ်။ အရှင်ဘုရားတို့ ဒုက္ခပေးတာ နိဝေနရတွေ ဘာတွေပြောမနေနဲ့ ၊သံယောဇဉ်တွေပြောမနေနဲ့။ အတွေးဘဲ အတွေးကသေးသေးလေး စိပ်စိပ်လေးပေမဲ့ ကျန်နေတတ်တယ် အဲဒါကလဲ အောက်ပြန်ကျမှာဘဲ။ ဖြစ်ပျက်ရုပ်ကြမ်း ပြန်မြင်မှာနော်။ မြင်နေလည်း ရှုနော်။ အရှင်ဘုရား ရေ(၁၀)ထမ်းသာထမ်း၊ (၁၀)ထမ်းပြည့်ရင် ထမ်းခကထုတ်စာရှိပါတယ်။ တောင်းနေစရာ လိုသေးသလား။ ပြန်ကျရင်လည်း သူ့ဟာနဲ့သူ ထုတ်စာရှိပါတယ်။
သီလ၀န္တသုတ် မှာ ကောဋ္ဌိကမထောရ်ကြီးမေးလို့ ရှင်သာရိပုတ္တရ မထောရ်ကြီးပြန်ဖြေတာ။ ကောဋ္ဌိက က ဧတဒဂ်ဘဲ။ မသိမရှိဘူး။ ဘုရားမရှိတဲ့နောက်ပိုင်း ယောင်နနနဲ့ပုဂ္ဂိုလ်တွေ အတွက်မေးတာ။ မသိလို့မေးတာမဟုတ်ဖူး။ ဘုရားတပည့်တော်တို့အတွက်။ ဒီနေရာထစ်နေရင် ဘာလုပ်ရမှာတုံး။ ဒီနေရာထစ်နေရင် ဘာလုပ်ရမှာလဲနဲ့မေးတာ မသိလို့မေးတာမဟုတ်ဖူး ။ ဦးသောမတို့အတွက်။
တင်ပြသူ၏မှတ်ချက်။ ။ ကျမ မကျွမ်းကျင်သော သုတ္တန်များနှင့်ပတ်သက်ပြီး စာလုံးပေါင်းအမှန်ဖြစ်စေရန်နှင့် ရှာဖွေဖတ်ရှုနိုင်ရန် မေတ္တာဖြင့် ကျမ်းညွှန်းစာမျက်နှာများပါ ဖုန်းဖြင့်ညွှန်ကြားပေးသော ညောင်ဦးမြို့ ဇေတ၀န်ကျောင်း နာယကဆရာတော် အရှင်အာဒိစ္စ အား ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်ရှင့်။ အားလုံးသော စာဖတ်ပရိတ်သတ် ဓမ္မမိတ်ဆွေများလည်း ကျန်းမာချမ်းသာကြပါစေ
0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး