Sunday, January 11, 2015

ဘာသာ ဿာသနာကို ထွန်းလင်းတောက်ပစေမည့် မဟာလဘုရင် ဘုရားနှင့် ကျောင်းလာပြီးဘာလာလုပ်နေတာလဲတဲ့

မဟာဗောဓိမြိုင်ဆ၇ာတော်ဘုရားကြီး သီတင်းသုံးခဲ့တဲ့ နေပြည်တော် ရွှေနန်းသွင်းစေတီတော်မြတ်မှာ (၉.၁.၂၀၁၅)နေ့ ည(၉)နာရီခန့်မှာ ကြွရောက်လာတယ်လို့သိရပါတယ်။ ညကြီး ကျောင်းကိုမသွားနိုင်တာကြောင့် နောက်နေ့မနက်က ပိတ်ရက်လည်းဖြစ်ပြန်၊ ကျမတို့ရဲ့ ညွှန်ကြားရေးမှူချုပ် ဒေါက်တာရဲတင့်ထွန်းရဲ့ မွေးနေ့လည်းဖြစ်ပြန်တာကြောင့် စောစောထပြီး ဆရာ့မွေးနေ့ကို မှာ မုန့်ဟင်းခါးကို ကွင်းထဲ သွာားပြီးလွေးလိုက်ပါတယ်။ အဲဒီနောက်တော့ ကျောင်းကို ဆိုင်ကယ်နဲ့ အမြန်သုတ်ရပါတယ်။ တကယ်အမြန်ပါ။ အသက်(၅၈)နှစ်ထဲ ၀င်လာပြီဖြစ်တဲ့ ကျမအတွက်တော့ KM -60 မောင်းနှင်လာတယ်ဆိုတာ တကယ် အန္တရာယ်ပါဘဲ။ သို့ပေမဲ့ ဘာမှ မဖြစ်ဘူးလို့ စိတ်ထဲမှာ ခံယူချက်အပြည့်နဲ့ကျောင်းရောက်သွားပါတယ်။ ကျောင်းအ၀င်လမ်းမှာ အရှိန်က မသတ်နိုင်တာကြောင့် ဆရာတော် ဦးခေမာရဲ့ ပူညံ အသံလေး ကြားလိုက်ရပါတယ်။ ဒီနောက်တော့ လှူခြင်တာလေးသွားလှူလိုက်ပါတယ် သတင်းကရထားတယ်လေ။ ဆ၇ာတော် ဦးဗောဓိက ဆွမ်းစားအမှီ ကြွလာမှာတဲ့ ဒါကြောင့် ကျမက ဆိုင်ကယ်ကို အမြန်နှုန်းတင်ပြီးစီးလာတာပါ။
ရောက်တာနဲ့ ဆ၇ာတော့်ကျောင်းပေါ်တန်းတက်ခွင့်ရတယ်။ ဆွမ်းပွဲပြင်နေပြီ။ ကိုမိုင်ကယ်ကတော့ နားနေတယ်လို့ ပြောပေမဲ့ ဂေါပကအဖွဲ့ တွေ က ကျမကိုချစ်ခင်တော့ လာသွားမယ်နဲ့ ခေါ်သွားပါလေရဲ့။
ဆရာတော်ကတော့ ခရီးကပန်းပန်း ဧည့်သည်တွေကလည်းရှိ။ ရေဆင်းက နာမည်ကြီး ဒိန်ချဉ်ကို ၀ယ်ကပ်ဖြစ်တယ်။ တကယ်တော့ ဒိန်ချဉ်ဆို တဲ့ ဘောဇဉ်အစား ဆေးအဖြစ်ကပ်တာဖြစ်ပါတယ်။ ကျမကိုယ်တိုင် ဆေးအဖြစ်သောက်ပါတယ်။ ဒီမှာကြုံလို့ ဒိန်ချဉ်အကြောင်း အနည်းငယ် ပြောလိုပါတယ်။ ဒိန်ချဉ်ဟာ အစာအိမ်အတွက်ကောင်းသလို အဆီလည်းကျစေပါတယ်။ အလုပ်လုပ်ရလို့ နှုံးနေတဲ့ အချိန်မှာ ဓါတု ဆေးလုံးဝမပါတဲ့ ဒိန်ချဉ်ကို သောက်လိုက်ရင် ပြန်အားအင်ပြည့်သွားစေပါတယ်။ ကျမ၀ယ်တဲ့ ဒိန်ချဉ်ဆိုင်က တက္ကသိုလ်က ဒေါက်တာဘွဲ့ ရ ဆရာမတဦးရဲ့ အမကရောင်းချပြီး တက္ကသိုလ်ကျောင်းသားတွေ အ၇မ်းဝယ်သောက်တာကြောင့် နေ့ကျန်ဆိုတာမရှိတဲ့ ဒိန်ချဉ်ပါ။
ပြီးတော့ ဘုရားပေါ်တက် အိမ်က တပါတည်းယူသွာားတဲ့ နေကထိုင်လေးချပြီး လှူထားတဲ့ ပစ္စည်းလေးတစ်ခုရဲ့ ကုသိုလ်ကို ပိုသန့်ခြင်လို့ တရားထိုင်လိုက်ပါတယ်။
စိတ်ဆိုတဲ့စိတ်ဆိုတဲ့အတိုင်း ၊ စတရာားထိုင်လို့မှ (၅)မိနစ်ရှိသေး ဇန်န၀ါရီလ (၂၄)ရက်နေ့မှာ ရောက်လာမည့် မက္ကစီကို နိုင်ငံက ညွှန်ကြားရေးမှူးချုပ်နဲ့(၂)ဦးကို စာပြန်ရမဲ့ ကိစ္စ လုပ်ရန်ကြံသေးတဲ့ကိစ္စတွေကို တသီးကြီးတွေးမိနေပါတော့တယ်။ တွေးလို့တွေးနေမှန်း မသိတဲ့ အချိန်လေးမှာ (သတိမပါတဲ့အချိန်ပေါ့) အသံတသံက ခပ်တိုးတိုးနဲ့ ကျောင်းလာပြီး ဘာလာလုပ်နေတာလဲ လို့ ကြားအလိုက်ရပါတယ်။ ကျမက နည်းနည်းတော့ လန့်သွားတယ်။ မမျှော်လင့်ထားတာကော အတွေးတွေနဲ့လုံးထွေးနေတာကြောင့် ရုတ်တရက် တိုးတိုးနဲ့ ပီပီသသကြားလိုက် ရတာရောကြောင့်ပါ။ အတွေးတွေရပ်ပြီး အမှတ်သတိနဲ့ထိုင်လိုက်ပါတယ်။ သတ်မှတ်ချိန်ကြတော့ တရားဖြုတ်လိုက်ပြီး တိတ်တိတ်ကလေး ဘုရားပေါ်ကဆင်းလာပါတယ်။
အဘဦးတင်မြင့်က မြင်တော့ ကျမကို ထမင်းစားခေါ်ပါတယ်။ ကျမ မစားဖြစ်ခဲ့တော့ပါဘူး။ ဘာကြောင့်ဆို ကျောင်းကလည်း မုန့်ဟင်းခါး  ဖြစ်နေတော့ နှစ်ထပ်ရှိသွားတော့ ဗိုက်ကလုံလောက်သွားပါပြီ။ ကျမပစ္စည်းလေးလှူတော့ ဆရာတော်က ဘုရားသယ်ဘို့ စရိတ်အတွက် ရောင်းစားမယ်လို့ပြောပါတယ်။ နဂိုတည်းက ရည်ရွယ်ထားပြီးသား မြန်မြန်ကို သံယောဇဉ်ပြတ် လှူ ခြင်နေတာဖြစ်ပါတယ်။
ဆရာတော်က သံဃာ့သဒေမလို့ ချပေးနေစဉ်မှာ မဟာဗောဓိမြိုင်ဆရာတော်ကြီးသင်ထားသလို စိတ်ထဲကနေ သုံးပါးသော သရဂုံနှင့် ၅ စုံသော သီလအားဆောက်တည်ပါ၏လို့ သရဏဂုံနဲ့ သီလကို အာရုံပြုလိုက်ပါသေးတယ်။ ပြီးတော့ လှူပြီးရင် မစင်စွန့်သလိုစွန့်လိုက် ကိုယ့်မစင် ကိုယ်ပြန်ကြည့်ခြင်သေးလားလို့ ပယ်ပယ်နယ်နယ် ထိထိမိမိ ဟောထားတဲ့တရား၊ တနည်းအားဖြင့် သင်ပေးတဲ့တရားကို အမှတ်လည်း ရမိ လိုက်ပါတယ်။
ကျောင်းက အပြန် နေမင်းကြီးရဲ့အနေအထားကိုကြည့်ရပါတယ်။ ခေါင်းပေါ်ရောက်လုဖြစ်နေပါပြီ။ နေမင်းကြီးအရောင်နဲ့ အကောင်းဆုံးဖြစ်နိုင် မည့် အနေအထားကနေ မဟာလဘုရင်ဘုရားပင့်ဆောင်လာတဲ့ ပုံကို ရွှေနန်းသွင်းစေတီတော်ကြီးနောက်ခံပြီး ရိုက်ပြီးမှတ်တမ်းတင်လိုက်ပါတယ်။ မဟာလဘုရင်ဘုရားဟာ (၁၃.၁.၂၀၁၅) မနက်( ၅)နာရီ(၄၅)မိနစ် မှာ မှော်ဘီမြို့နယ်ရှိ ဗောဓိရိပ်ငြိမ် ကျောင်းကို ပင့်ဆောင်ပူဆော်မှာဖြစ်တယ်လို့ သိရပါတယ်၊ နောက်ထပ် (၂)ဆူလည်း ပင့်ရန်ရှိသေးတယ်လို့ သိရပါတယ်။ တစ်ဆူက ကယားပြည်နယ် လွိုင်ကော်မြို့နယ်အတွက်လို့သိရပါတယ်။ ဆရာတော်လေး ဦးခေမာလည်း အလုပ်ရှုတ်နေတော့ မေးရင် ငေါက်ခံရမှာစိုးလို့ မမေးဖြစ်လိုက်သေးဘူး။ မနက်ဖန်ညမှာ ရေစက်ချပွဲနဲ့ တရားပွဲရှိပါတယ်။ နေပြည်တော်က ပရိတ်သတ်များ ကြွရောက်တရားနာနိုင်ဘို့ အွန်လိုင်းက ဖိတ်မံတက ပြုလိုက်ရပါတယ်။ အကုသိုလ်က အချိန်တိုင်း ကုသိုလ်ကတော့ ရှာကို ယူမှ ရတာမို့ နိုးဆော်လိုက်တာပါ။
ဝေနေယျတွေ အမျှဝေ အလှူခံဇရပ်ဝင်ပြီး ဘိုးတို့ကိုနှုတ်ဆက်၊ အဲ ကောက်ညင်းပေါင်း (ကောင်းခြင်းပေါင်း)ထုတ်တွေပေးတော့ ဗိုက်ပြည့် နေပေမဲ့ အတိတ်နမိတ်ဆောင်ခြင်တာကြောင့် ယူခဲ့သေးတယ်။ အခုအချိန်မှာ သာသနာ ထွန်းလင်းတောက်ပဘို့ မိဘတွေကလည်း အင်မတန်မှ ဘာသာရေးအားနည်းလာကြ စားဝတ်နေရေးက အဓိကဖြစ်လာ။ ဒီနေ့ တေးရေးဆရာအောင်နိုင်စန်းက facebook ပေါ်မှာ ဗောဓိညောင်ပင်အောက်က ဆင်းတုပေါ်တက်ပြီး ဘုရားကို ကောင်လေးတယောက်နဲ့ ကောင်မလေးတစ်ယောက်က ဖက်နေတဲ့ ပုံ(၂)ပုံတင်ထားတယ်။ သူကရွှေဘိုသားပါ၊ ဘာသာရေးလည်းအလေးအနက်ထားသူပါ။ သူက ဒီလို ဗမာတွေ ပျက်လာပြီ ဆိုတာကို တင်ပြတာဘဲ။ အကုန်က ၀ိုင်းပြီး သူ့ပုံကို ဆိုပြောကြတယ်။ အဲဒါထက် ကိုယ့်အမျိုးဘာသာကို ဖျက်ဆီနေကြတာကို ဘယ်လိုကာကွယ် မလဲ ဆိုတာက အရေးကြီးလာပြီ။  ပေါ့ပေါ့လေး သဘောထားလို့မဖြစ်ဘူး။ ဗုဒ္ဓဘာသာတွေ ကိုယ့်ဘုရားကိုယ်တန်ဘိုးထားရကောင်းမှန်း မသိတော့ ဘူး။ အနောက်နိုင်ငံတွေက ပျက်ပြ၊ လိုက်အတုခိုး။ ငရဲလည်းမကြောက်။ မမြင်ရဘဲကိုး မြင်ရတဲ့သူတွေက ကြောက်တယ်။ မြင်ရအောင် ကျင့်ကြတာကိုး။ မျက်ကန်းတွေ တစ္ဆေမကြောက်ဖူးလို့ အဆိုရှိတယ် မျက်ကန်းထက်အဆင့်မြင့်လာ နားပါးကန်း၊ အသိဥာဏ်ပါ ကန်းကုန် ကြကုန်ပြီ။ ဒါကြောင့် မိဘဆိုသည့် မည်သည့်မိဘမဆို ဘာသာ သာသနာကို စောင့်ရှောက်နိုင်အောင်ကြိုးစားစေခြင်ပါတယ်။
မဟာလဘုရင်ဘုရားသည် အေးမြသောအရောင်အလင်းကိုဆောင်လျက် ကြွလာပေပြီ။ သာဓု သာဓု သာဓု

မဟာလဘုရင်ဘုရား (မဟာစန်းလဘုရင်ဘုရား)

အနီးကပ်ကြည်ညိုဖွယ်ရာ မဟာလဘုရင်ဘုရား
ပွဲများထိုးပြီး ပူဖော်ထားတဲ့ အလှူခံ မဏဍ္ဍပ်


ကျန်းမာသက်ရှည်ပါစေဘို့ ဘိုးမြသန်းနှင့် ဦးဝင်းမောင် အလှူခံ မဏဍ္ဍပ်မှာ အမှတ်တရ

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts