Sunday, April 28, 2013

အတွန့်များသော လမ်းကြောင်းများ(၅) ၊ ကျမနှလုံးသားတွင် စူးဝင်နေသောညှောင့်တစ်ညှောင့် ကျမအားရိပ်သာတွင် ဆုံးမသွားသော ဆရာတော်ဘုရားကြီး



အတွန့်များသော လမ်းကြောင်းများ(၅) ၊ ကျမနှလုံးသားတွင် စူးဝင်နေသောညှောင့်တစ်ညှောင့်နှင့် ကျမအားရိပ်သာဝင်နေစဉ် ကျိန်ဆဲသဖြင့် ဆုံးမသွားသော ဆရာတော်ဘုရားကြီး
ကျမသည် ချမ်းမြေ့ဆရာတော်ဘုရားင်္ကြး၏ မနောတွင်စူးဝင်နေသော ညှောင့်(၅)ညှောင့်ကို တင်ရန်အတွက် စိတ်ကူးထဲတွင်ကြံစည်မိနေခဲ့ပါသည်။ အကြောင်းမှာ ချမ်းမြေ့ရိပ်သာ၊ အနီးစခမ်းတွင် တရားဝင်နေစဉ် ကျမ၏ မနောတွင် မည်သူမှ မသိသော ညှောင့်စူးဝင်နေသောကြောင့်ဖြစ်သည်။
လွန်ခဲ့သော(၄ နှစ်ကျော်)ခန့်က တောရကျောင်းတကျောင်းတွင် ကျောင်းထိုင်သော ရဟန်းပျိုတပါး၏ လိုအပ်သော ကိစ္စများကိုလုပ်ကိုင်ပေးရင်းမှ ကျမသည် ၀ိနည်းအရ မသင့်တော်ဟုထင်သော ကိစ္စအား ပြောမိ လိုက်ရာမှ ပြသနာတက်ခြင်းပင်။ နောက်ဆုံးတွင် ပြသနာဖြစ်သည်က ကျမ။ အားလုံး၏ အပစ်က ကျမအပေါ်ပုံချလာပါတော့သည်။
အစကသွေးရိုးသားရိုးထင်ပါသည်။ ပြသနာဖြစ်ပြီး တနှစ်ကျော် ရန်ကုန်သို့ရောက်သော် ကျိုက္ကလော့မှ ဒေါ်တင် တင်ဝင်းကြောင့် သွေးရိုးသားရိုးမဟုတ်မှန်းသိရလေတော့သည်။ အဓိကက ကျမသည် ဘိုးတော် အောင်မင်းခေါင်ကို ဘုရားခန်းထဲတွင် စိတ်ဆိုး၍ ပြောမိရာမှ စသော ဇတ်လမ်းတည်း။ သူ့ကိုဘုရားခန်းတွင် ပြောမိသဖြင့် ဦးဇင်းထံမှ တူသောတုန့်ပြန်မှုရသည် အော်ခံရသည်။ သူတပါးပြောဆိုခြင်းခံရသည်။ ဒါတင်မက ရန်ကုန်မှ ဦးဇင်းဒကာမဆိုသော ဒေါ်နီနီအောင်ဆိုသူက တကြိမ်တခါမျှပင် မမြင်ဘူးပါဘဲ ကျမသူငယ်ချင်းဆိုင် တွင်သွားရောက်၍ ချိန်းခြောက်တော့သည်။ နောက်ဆုံး အချစ်ဆုံးသူငယ်ချင်းနှင့် စကားမပြောသည်မှာ (၂)နှစ်ကျော်ကျော်။
အားမရသေး။ ဆက်လုပ်ပြန်သေးသည်။ အလုပ်ထဲတွင် အဆင်ပြေမလိုနှင့် နောက်ဆုံး အာဏာဖြုတ်ချ ခံရအောင်။ မလုပ်ခင် ကြိုတင်အိမ်မက်ပေးသည်။ မှတ်မှတ်ရရ- မတ်လ၂၀၁၁၊ နင်မျှော်လင့်ထားသည့် အာဆီယံ အစည်းအဝေးလည်းပျက်မယ်။ နင်လည်း ရွေ့ရမယ်ဟူသတည်း။ ထုံးစံအတိုင်း ကျမအိမ်မက်တို့ သည်မှန်တတ်လေရာ၊ အခြားသော ကျမနှင့်ရင်းနှီးသော ၀န်ထမ်းများအား ပြောပြမိလေသည်။ မျှော်မှန်းထား သည့်အတိုင်း ဇွန်တွင်လုပ်မည့် အာဆီယံအစည်းအဝေးလည်း ပျက်သွားတော့သည် ကျမလည်း စက်တင်ဘာ လတွင် ဖြေရှင်းခွင့်မရသောအမြင်ကပ်ပုဒ်မဖြင့် စက်တင်ဘာလတွင် ဌာနစုတာဝန်ခံ နေရာမှ ရွေ့ပေးလိုက်ရတော့သည်။ ဆိုးကျိုးများက မဆုံးတော့ ၊ ဘာကိစ္စဖြစ်ဖြစ် ပြသနာသာဖြစ်စေတော့သည်။ အဆင်မချော စိတ်အနှောင့်အယှက်ဖြစ်စေသည်။ ကြာတော့ ရိပ်မိလာသည်။ ပုဂံညောင်ဦးကို သူတို့သွားခိုင်းလျင်သွားရသည် လုပ်ခိုင်းလျင်လုပ်ရသည်။ ကြာသော် ကျမ၏ ဆရာမကိုလည်း ကျမမုန်းလာတော့သည်။ ခိုင်းတာတွေတော့ လုပ်ရပြီး ကောင်းတာဘာမှ ဖြစ်မလာ။ ဆိုးတာတွေဘဲဖြစ်လာသည်- ဆိုသော် ကံကို ပုံချလေတော့သည်။ အတိတ်က ကံဆိုပါကလား။
သို့သော် ကျမဌာနရွေ့ရသောကိစ္စတွင် အမျိုးသမီး(၂)ဦးပါဝင်ပတ်သက်နေပါသည်။ လောကတွင် မကောင်းတာကို ဖြစ်စေဘို့အတွက် မကောင်းသောသူနှင့်သာ ပေါင်းလုပ်လို့ရသည်။ လူကောင်းများကို မကောင်းတာပြုရန် ဆွယ်မရ။ လူကောင်းများသည် သူတပါးပျက်ဆီးရာ ပျက်ဆီးကြောင်း မည်သည့်အခါမှ မလုပ်။  မြတ်စွာဘုရားက ဟိရိ သြတ္တပ တရားရှိဘို့သာဟောသည်။ သူတပါးအား မတရားသဖြင့် ပျက်စီးရာပျက်စီးကြောင်းလုပ်သည်ကို အားမပေး။ မြတ်စွာဘုရားသည် ကြီးသောအမှုကိုငယ်အောင် ၊ ငယ်သောအမှုကို ပပျောက်အောင်ဆိုသည်ကို သာအားပေး သည် သေးသောအမှုကို ပုံကြီးချဲ့သည့် ကိစ္စကိုအားမပေး။
အလားတူ ကျမကိုသာ အဆင်မပြေအောင်လုပ်နေကြသည်။ သာသနာတော်၏ အနှစ်ဖြစ်သော နှလုံးသား တွင် ဘုရားတည်သောအလုပ်ကိုဘာကြောင့် မပံ့ပိုးနိုင်သနည်း။ ငထက်ဖျားဘုရားများ မြန်မာနိုင်ငံတွင် ပေါပါသည်။ ဘာကြောင့် ငထက်ဖျားဘုရားများတည်နိုင်သော သူများဘက်က ရပ်တည်နေသနည်း။ သမထလမ်းကြောင်း သည် ဤသို့ ဤနှယ် ရှုတ်ထွေးပွေလီခြင်းကြောင့် ဆရာတော်ဘုရားကြီးတော်တော်များများသည် ဤလမ်းကြောင်းပေါ်မှသူများကို ရှုံချခြင်းမည်ပေသည်။
သာသနာတော်ကို အမှန်တကယ်ကာကွယ်စောင့်ရှောက်လိုသော် စောင့်ရှောက်ကာကွယ်ရန် လုပ်စရာများ ပေါပါသည်။ အားနေသဖြင့် ကျမကို လိုက်လုပ်နေသလားတော့မသိပါ။ သူတို့ကားနာမ်လောကဖြစ်လေရာ သူတို့သည် မမြင်နိုင်သော နောက်ကွယ်မှ ဒါးနဲ့ထိုးနေခြင်းပင်။ ပုဂံသို့တကြိမ်သွားရာ မသွားမှီ ထိုင်ခုံပေါ်မှ ကျွံ့ကျအောင်လုပ်သဖြင့် ဒဏ်ရာရသွားခဲ့ရသည်။ အကြိမ်ကြိမ် ကားလက်မှတ် ယူပြီူး နေ့ လွဲနေခြင်း၊ အချိန်လွဲနေသဖြင့် ကားလွတ်သွားခြင်းဖြစ်ခဲ့ရသည်။ တဖက် ညောင်ဦးမြို့ရှိ အပေါင်းအသင်းမှ ညောင်ဦး-မန်းကားကိုသာ မပိုင်လျင် အကြိမ်ကြိမ်လက်မှတ်ရှုံးမည်အထိ။
ထိုနေ့တွင် ကျမသည် ကျိန်းမောင်းတော့သည်။ ဘာသာရေးကိစ္စနှင့်သွားမည့်ခရီးကို အနှောင့်အယှက်ပေးလျင် ဘုရားမမြင် တရားမမြင် သံဃာ မမြင်ပါစေနှင့်ဟု။ နောက်ဆုံး (၄)ကြိမ်ပျက်လိုက် ရက်လွဲလိုက်နှင့်ဖြစ်ပြီး ၊ ညကားတွင် ထိုင်ခံအမှတ် နောက်ဆုံးမှရသည်။ သို့သော် ကျမစီးမည့် ဂိတ်သို့ရောက်သော် ကားပေါ်တက်လိုက်သည်နှင့် ကားပိုင်ရှင်မှ ခုံနံပါတ်(၆)တွင် ထိုင်ပါဆိုကာ အဆင်ပြေသွားတော့သည်။
သူတို့လိုင်းက နာမ်လောကဆိုတော့ (ဥပမာ- ကျမက ရှင်အဇ္ဇဂေါဏဘုရားမှ ဆုတောင်းခဲ့သည်ဆိုကြပါစို့)၊ ကျမဆုတောင်းကို သူတို့ကသိသည်။ ထိုအထဲက ကျမလိုခြင်သောအရာကို သူတို့က အကွက်လိုသဘောမျိုး ကိုင်ထားသည်။ ဒါကတကဲ့အဖြစ်အပျက်။ ကျမအဒေါ်နှင့် ရင်းနှီးသော နတ်ကတော် (အထီး)ကြီးသည် ကျမကိုမြင်သည်နှင့် ကျမဘာဆုတောင်းတယ်ဆိုတာကို အကုန်လုံးရွတ်ပြသည်။ ပြီးတော့ ဟိုခိုင်း ဒီခိုင်း ဟိုဟာလုပ်။ ဒီဟာလုပ်လိုက်ရ။ နောက်ဆုံး ပေးမယ် ပေးမယ်နှင့် ဘယ်တော့မှ မဆုံးတော့ (၆)နှစ်လည်း ဖြစ်မလာ။ ကျမဆရာမကို မကျေနပ်၍ မေးတော့ ရွှေပေါ်ကျွန်းဆရာတော်ကြီးက ပြောတယ် ၉၆၉၃ ကိုယ့်ခြေထောက်ကိုယ်သုံးတဲ့။ မိုးလုံးပြည့် မုသားဝါဒတွေကလည်း သူတို့မှာ ပုံလို့။ သို့သော် လာဒ် လာဘပေါပြီး သူတို့ကို ပွဲနဲ့ မနေတဲ့သူမျိုးကြတော့ တရားတဲ့ဝင်ငွေဖြစ်ဖြစ် မတရားတဲ့ ၀င်ငွေဘဲ ဖြစ်ဖြစ် အဆင်ပြေမှပြေ။ လှူနိုင်လိုက်တာ။ ဟောစားပြောစားတဲ့ သူတွေကို သွားမေးရင်လည်း အလကားတော့ မရဘူး။ တန်ရာတန်ကြေးပေးပြီးမှ အမှန်တ၀က် အလိမ်ကတ၀က်ဘဲ မဟုတ်လား။ ပြီးရင် ဒါတွေနဲ့ ဘုရားတည်လိုက် ကျောင်းဆောက်လိုက်။  သာသနာပြုတယ်ဆိုဘဲ။ အဲ တဦးတော့တွေ့ဘူးတယ်။ ရေဆင်းနားမှာ နာမည်ကြီး သူကတော့ အိမ်စုတ်က မတက်ဖူး။ လှူတာတော့ လှူနိုင်တယ်။ ကျမတို့ထက်တောင်လှူနိုင်သေး။
လှည့်ကွက်တွေက အမျိုးမျိုး။ ဒီလှည့်ကွက်တွေဆိုတာ သီလနဲ့ ဆန့်ကျင်ဘက်တွေလို့ဘဲ ထင်တယ်လေ။ နောက်တော့ ဘိုးတော်အောင်မင်းခေါင်ရဲ့ တပည့်တွေလက်ချက်ဆိုတာ ကျမသိလာတာ မကြာသေးဘူး။ (၄)လလောက်ဖဲရှိသေးတယ်။ ဒီတော့ ကျမက ကောင်းကောင်းသမတော့တာပေါ့။ ထုံးစံအတိုင်း သူတို့ ရည်ရွယ်ချက်ဘာလဲ။ ကိုယ့်ကိုလုပ်ရင် လုပ်တဲ့အတိုင်းဖြစ်ပါစေပေါ့။ သူတို့က လေလုံးကတော့ အထွားသား သာသနာကို စောင့်ရှောက်တယ်ပေါ့။ မှန်ကန်တဲ့နည်းနဲ့စောင့်ရှောက်ပါ ဓာတ်စီးတွေမွေး ဟုတ်တာတွေကော မဟုတ်တာတွေကော လူတွေရဲ့ငွေတွေညာယူတာက ခပ်များများ။ ဒါတွေက ဘာတွေလဲ။ နောက် သူတို့လောက် မေတ္တာသုတ်ရွတ်တာ ၊ မေတ္တာပို့တာ မရှိဘူး။
ဒါကရင်ထဲမှာ စူးနေတဲ့ညှောင့်။ လွန်ခဲ့တဲ့ (၄)နှစ်ကျော်က အသိဥာဏ်နဲ့ အခုအသိဥာဏ်ကလည်း တခြားစီ ဖြစ်သွားပြီ။ လွန်ခဲ့တဲ့ ၄နှစ်ကျော်က ဟော်တယ်က အမျိုးသမီးတစ်ဦး တောရကျောင်းလေးက ရဟန်းပျို(၃)ဦး နေတဲ့ကျောင်းလေးကို ၀ါးရုံတောကြီးကနေ တက်တက်လာပြီး ၊ ဟိုဟာလာကပ် ဒါလာကပ်ရာကနေ ကျမ တလတကြိမ် ဦးဇင်းမှာလို့ဘဲ ဖြစ်ဖြစ် ကိစ္စရှိလို့ဘဲဖြစ်ဖြစ် ကျောင်းကိုသွား၇င် ရွာက ဟော်တယ်မှာလုပ်နေတဲ့ သူတွေက အမြင်အားဖြင့် မသင့်တော်လို့ ပြော၊ ပျဉ်းမနားကအဖွဲ့ကလည်း ပြောလို့ ကျမကိုးကွယ်တဲ့ ဦးဇင်း ကို ပြောမိရာက ပြသနာတက်ကြတာပါ။ ကျိုက္ကလော့ရောက်တော့ နင်ကျောင်းပေါ်မှာ အော်ခံရတယ် မဟုတ်လား။ ငါ့ကိုအော်သလို အော်ခံလိုက်ရတယ်မဟုတ်လားလို့ ပြောပါတော့တယ်။ အဲဒီတုန်းကတော့ ရှုတ်ထွေးနေတော့ မစဉ်းစားတတ်ဘူး။(နောက်ဆုံးဘိုးတော်အောင်မင်းခေါင်ကို ကျမလူကြီးတယောက်က မတရားလုပ်နေတာတွေကို ကြည့်နေသလားဆိုပြီး ဘုရားခန်းထဲအော်မိတာကို သတိရမိတယ်)။
အခုတော့ အဲဒီပြသနာအတွက် အဖြေကတော့ မြတ်စွာဘုရားဟောတဲ့ ၀ိနည်းပါဘဲ။ ၀ိနည်းအရ မာတုဂါမ ဟာ ရဟန်းပျိုတွေနဲ့ ရွယ်တူတွေမို့ မိဘအရွယ် ဒကာမက မသင့်တော်လို့ ပြောတာ၊ ကြားကနေ မနောတိုက်ပြီး ပြသနာတက်အောင်လုပ်လိုက်တာပါဘဲ။ သွေးရိုးသားရိုးမဟုတ်တဲ့ ဒီသမထလိုင်းက၀င်ရှုတ်တဲ့ ပြသနာတွေပါ။ ရှင်ဇနကာဘိဝံသ(တောင်မြို့) ရဲ့ မြတ်စွာဘုရားရဲ့ ဥပဒေစာအုပ် ကိုဖတ်ကြည့်ရင် သိပါလိမ့်မယ်။ သံဃာတော်များအတွက် ၀ိနည်းဟာ အသက်ပါ။ အခုဟာက သာသနာတော် အသက်ကိုကာကွယ် ထိမ်းသိမ်း ဘို့ ကြိုးစားတာက ကျမဖြစ်ပြီး၊ သာသနာတော်ရဲ့အသက်ကိုဖျက်ဆီးပြီး မာတုဂါမဘက်က ရပ်တည်တာက မမြင်ရတဲ့သမထသမားတွေဖြစ်နေတယ်။ သူတို့အနိုင်ရဘို့အတွက် သာသနာတော်ရဲ့ အသက်ဝိနည်းကို ဖျက်ဆီးအောင် ဟော်တယ်ကမာတုဂါမဘက်က အားပေးတာမဟုတ်ပါလား။ ဒါဟာ ဘုရားထားတဲ့ ဥပဒေသတွေကို ပျက်ဆီး အောင်ပံ့ပိုးပေးတာပါဘဲ။
ကျမက ဒါကို တော်တော်ကို မကျေနပ်သလို ခဏခဏလည်း သတိရတိုင်း မကျေနပ်ဖူး။ နောက်ဆက်တွဲလည်း ခဏခဏလုပ်ခံရပါများတော့ သာသနာကို တကယ်စောင့်ရှောက်မယ်ဆိုရင် အခုလက်ရှိ ဘာသာရေးစစ်ပွဲ အသေးစားတွေဖြစ်နေတယ် ကာကွယ်ပါလား။ လက်ပတောင်းတောင်မှာ သံဃာတွေ မီးလောင်သလို ခံစားခဲ့ရတယ်။ ဒါတွေ မဖြစ်အောင် အိမ်မက်တွေပေးပြီး ကာကွယ်ပါလား။ လူမျိုးရေးတွေ မကြားဘူးတာ တွေ ဖြစ်နေတယ်။ ဒါတွေကို လျော့ပါးအောင်တော့ မကာကွယ်ဘဲ ဗုဒ္ဓဘာသာနိုင်ငံဖြစ်ပြီး ဘာသာရေးစစ်ပွဲစတင် ဖြစ်နေရတယ်။ ကျော်မကောင်းကြားမကောင်း။ အားနေလို့ မိန်းမသားတစ်ဦးကို လိုက်လုပ်နေလား။ သာသာနာ စောင့်ရှောက်တယ်ဆိုရင် ဒါတွေ လက်ပိုက်ကြည့်နေလားစသည်ဖြင့် ဖြစ်လာပါတော့တယ်။
ဧပြီလ (၁၆)၇က်နေ့၊ အနီးစခမ်း ချမ်းမြေ့ရိပ်သာမှာ ကျမဟာ မနက်ဆွမ်းမစားမှီ တချိန်မှာ စိတ်လွင့်တိုင်း ဒီအကြောင်းကိုဘဲ စိတ်ရောက်တယ်။ ကျိန်လည်း ကျိန်ဆဲတယ်။ ဒါကြောင့် ရွှေစေတီဆရာတော်က အားမပေးတာဆိုတာကိုလည်းပြန်စဉ်းစားမိတယ်။ စိတ်က မငြိမ်တဲ့အပြင် ဒေါသကလည်း တော်တော်စွက်နေတယ်။ အဲဒီအချိန်မှာ တော်တော့၊ နင့်တော့ဒုက္ခရောက်တော့မယ် ငါတောင်မွှေးနဲ့ ရိုက်မိတော့မယ်လို့ အသံတသံကိုကြားလိုက်တယ်။ ရုပ်ကိုလည်း လှစ်ခနဲ မြင်လိုက်မိတယ်။ တော်တော်စိတ်ဆိုးနေပုံဘဲ။ ဆရာတော်ဘုရားကြီးဖြစ်နေတယ်လေ။ နင်တော်တော် ဆိုးတာဘဲ။ ဘာကောင်းမှုကုသိုလ်တွေလုပ်နေတာလဲလို့ မိန့်ပါတယ်။ ကျမလည်း မထင်ထားတာမို့ ကျိန်ဆဲ တာတွေ တုန့်သွားပါတော့တယ်။ စိတ်လည်းညစ်သွားတယ်ပေါ့။ ဒီသမထလမ်းဟာ အရှုတ်ထုတ်တွေ သူတပါးတွေကို မျှော်လင့်ချက်ပေးပြီး အမျိုးမျိုးဒုက္ခပေးနေတယ်ဆိုတာကိုလည်း ပြန်မလျှောက်ဖြစ်လိုက်ဖဲ၊ ငြိမ်ပြီး တရားဘဲဆက်မှတ်နေလိုက်တယ်။ ကျမရဲ့ အကျင့်တခုက ဒေါသကလည်း ကောက်ရိုးမီးလိုဘဲ။ တရားကျတော့လည်း အလေ့အကျင့်လုပ်နေကြမို့လည်း ငြိမ်လွယ်တယ်။
စိတ်ညစ်ညစ်နဲ့ ဆွမ်းစားတယ်။ ပါရမီပါအောင်ဆိုပြီး ရှိသမျှသင့်တဲ့ဟင်းတွေ ပုဂံတည်းပုံထည့်ပြီး၊ ဓူတင်လို ရောမွှေစားလိုက်တယ်။ အမှတ်စိပ်စိပ်နဲ့ စားတာကနေ ဒီနေ့တော့ ခါတိုင်းအမှတ်ထက် သုံးပုံတပုံ လျော့သွားတယ်။ သို့သော် ညနေပိုင်းတော့လည်း ပုံမှန်အတိုင်းဘဲ ရှုမှတ်လိုက်တယ်။
တကယ်တော့ ကျမက ကျောင်းရောက်တည်းက အားလုံးကိုမေ့ထားခဲ့ပါတယ်။ သို့သော်မနက်က အဲဒီလို ကြုံ လိုက်တော့ ည(၇)နာရီအချိန်ကြတော့ ဆရာတော်ဘုရားကြီးကို မေတ္တာပို့ပါတယ်။ ကျမဟာ အဲဒီလိုတွေ လုပ်ခံခဲ့ရပါတယ်ဆိုပြီးလည်း လျှောက်ထားလိုက်ပါတယ်။
နင်လုပ်တာ နှစ်ဖက်စလုံးအထိနာတယ်။ နင်ကဘ၀ဂ်တက်မီးရှို့တာဘဲ။ နင့်ကြောင့် တဖက်မှာလည်း အများကြီးအထိနာကုန်တယ်။ ဆင်ကျီစားတာ ဆိတ်မခံသာဘူးပေါ့။ နင်တို့ ဆရာတပည့်နှစ်ယောက်ဟာ အတူတူဘဲ တွေ့တဲ့လူနဲ့ ရန်ဖြစ်တယ်ဟု မိန့်သွားပါတယ်။ သမီးလိုခြင်တာ ဒါကိုလိုခြင်တာမဟုတ်ပါ၊ နိဗ္ဗာန်ကိုဘဲ လိုခြင်တာပါ။ နင်လိုခြင်တာရမှာပေါ့ (ကျမဆရာဆိုတာ ဒေါက်တာမြသွင်ကို ပြောတာပါ၊ ကျမဆရာဒေါက်တာမြသွင်ကလည်း ဆရာတော်ကြီး မိုးကုတ်ကြွသွားတော့ မပါဒါန်လိုက်သွားပြီး ညောင်နီရွာကလူတွေက ဧည့်သည်တွေနဲ့ မကြုံဘူးတော့ မလုပ်တတ်မကိုင်တတ်ဖြစ်နေတာကို သွားကြမ်းသတဲ့လေ။ အဲဒါ ဦးဗောဓိကြီးဆီက ပြန်သိရတာပါဘဲ)။ ဆရာကော တပည့်ကော နာမည်ကြီး လူဆိုးစာရင်းထဲ ဆ၇ာတော်ဘုရားကြီးကထည့်ပေးလိုက်တာပါဘဲ။
တကယ်တော့ သူတို့က ပါဝါရှိလာလို့လုပ်နိုင်တာပါ၊ ဒီပါဝါဟာလည်း ဘုရားဂုဏ်တရားဂုဏ်ကို ထုံမွှမ်းပြီးမှ ရလာတဲ့ပါဝါတွေပါ။ ဒီပါဝါတွေကို အလွဲသုံးစား လုပ်ပါတယ် ဒါကြောင့် တပည့်တော်တို့ ဘုရားတရားသံဃာကို တကယ်ကြည်ညိုတဲ့သူတွေရဲ့စိတ် ဓာတ်တွေကို ဖျက်ဆီးပါတယ်လို့လျှောက်ထားလိုက်ပါတယ်။
နောက် ကျမ-မကြိုက်တာတစ်ခု မကြိုက်ဆုံးတစ်ခုဆိုလည်း မမှားပါဘူး။ ဒဏ်ချတယ်ဆိုတဲ့ စကားလုံး။ ရူးအောင်လုပ်တယ်။ သူတောင်းစားလိုသွားရတယ်တို့။ ဒီလောကအကြောင်းကို ကျမနဲ့ပတ်သက်တဲ့ အကြောင်းသာသိတယ်။ ကျန်တာထဲထဲဝင်ဝင်မသိဘူး။ သိလည်းမသိခြင်ဘူး။ ဒဏ်ချတယ်ဆိုတာ မြတ်စွာဘုရား သာသနာမှာ မရှိဘူး။ မြတ်စွာဘုရားဟာ မေတ္တာရှေ့ထားပြီး သတ္တ၀ါတွေကယ်တင်တာ ဖြစ်တယ်။ မေတ္တာနဲ့သာ ဆုံးမတယ်။ ဒဏ်ချတယ်တို့ ဆင်းရဲအောင်လုပ်တယ်တို့ဆိုတာ မြတ်စွာဘုရား သာသနာမှာ မရှိပါဘူး။
ကျမတို့က မြတ်စွာဘုရားရဲ့ သာသနာကိုသာမြတ်နိုးတာ ၊ လိုခြင်တာလည်း နိဗ္ဗာန်ပါဘဲ။ ဘုရားဂုဏ်တွေ ထုံမွှမ်းပြီး ရလာတဲ့အာဏာပါဝါကို မြတ်စွာဘုရားဟောတာနဲ့အညီ ကျင့်ကြံနေထိုင်တဲ့ သာသနာကို မြတ်နိုး တန်ဘိုးထားတာပါ။ ကိုယ့်ဖာသာကိုယ်ကျင့်ပြီး ကောင်းတာတွေလုပ်စရာ အများကြီးရှိပါရက်ကယ်နဲ့ ကျမတို့လို ကိုယ်ဘ၀ကိုယ်မှန်မှန်ကန်ကန် ရပ်တည်နေတဲ့ အမျိုးသမီးတယောက်ကို (မနာလိုစိတ်ရှိနေတဲ့ ရာထူးတဆင့်ကြီးသူနဲ့ တန်းတူတွေရဲ့နေရာကို လိုက်လုနေပြီး ပါးစပ်ကတော့ သူငါမဟုတ် နာမ်နဲ့ရုပ်ကို တဖွဖွ ပြောနေတဲ့ ပါးစပ်တရားသမာုး) မနောတိုက်ပြီး ပြသနာတွေဖြစ်အောင် ပေါင်းကြံတာတော့ လွန်လွန်းသလို ရွံ့စရာပါ။
သာသနာတော် မပျက်ဆီးအောင် ပရိယတ္တိ၊ ပရိပတ္တြိဖင့် ထိမ်းသိမ်းစောင့်ရှောက်နေကြသော နှလုံးသား တွင်ဘုရားတည်နေကြသော သာသနာတော်၏ ကြီးမြတ်သော တာဝန်များကို ထမ်းဆောင်နေကြသော မည်သည့်သံဃာတော်မှ အစ၊ ကိုရင်လေးအဆုံး  ရိုသေမြတ်နိုး ရှစ်ခိုးကန်တော့ပါသည်။ သံဃာတော်တို့သည် ခြေလျင် ဖိနပ် မပါ ၊ ခြေဖလာအပြင် ကိလေသာကို လူသားသဘာဝမှ ဆန့်ကျင်လျက် နေထိုင်ခြင်းကသည်ပင် ရိုသေထိုက်လေးစားထိုက်သည် အခြားသံဃာဂုဏ်ကားပြောဘွယ်မရှိပြီ။  မြတ်စွာဘုရားဂုဏ်၊ ဓမ္မဂုဏ်၊ သံဃာဂုဏ်သာမရှိလျင် ကိလေသာများသောလောကကြီး၊ မတရားမှုကို မရှက်မကြောက်ပြုတတ်သော လောကကြီး၊ လောကဓံပေါင်းစုံ ကြုံရသောလောကကြီးတွင် မည်သို့ခံနိုင်အံ့နည်း။ အမျိုးမျိုးသော ရိုက်ချက်တို့ဖြင့် ကျမဘ၀တစိတ်တဒေသကို ထိခိုက်ခဲ့သလို သူတို့လည်း ဘုရားဂုဏ်ကြောင့်ရထားသော ပါဝါအာဏာရွေ့လျောလာသည် ရှိသော် ကိုယ်ချင်းစာတတ်လာမည်ထင်ပါသည်။
ကျမကိုသာမက သံဃာဂုဏ်ကို ထိခိုက်စေသွားသော သံဃာတော်တပါး၏ အပြစ်မရှိပါဘဲ ၊ ပြသနာတက်သွားခြင်း၊ သံဃာတော်အများအကျိုးငှာလုပ်ဆောင်နေသော အလုပ်တွင် အထစ်အငေါ့ဖြစ်သွားခြင်း၊  ကျောင်းမှ ဖယ်ပေးရသည်အထိ ဒုက္ခပေးသွားသော အတွန့်များသော လမ်းကြောင်းပေါ်မှ မည်သူမှန်းမသိသော အမည်မဖော်နိုင်သော ပါဝါရှင်သည် နောက်ကျောက တပြိုင်နက် ခဲတလုံးနှင့် ငှက်နှစ်ကောင် ပစ်သွားသလို ၊ သံဃာဝိနည်းစည်းကမ်းထက် ဟိုတယ်မှ အပျိုကြီး မကျတကျ မိန်းမဘက်က ရပ်တည်သွားသော နာမ်လောကက သမထသမားအား ကျမကျိန်ဆဲသည်မှာ တရားပါသည်။
သာသနာတော် အဒွန့်ရှည်ကြာပါစေ။ ဘုရားသာသနာကို ဖျက်ဆီးသူများ ကျဆုံးပါစေ။ ဘာသာရေးစစ်ပွဲများလည်း ရပ်ဆဲကြပါစေ။ သာသနာတော်ကို စောင့်ရှောက်မည်ဟု အပြောကြီးသော သမထသမားများသာ တကယ်စောင့်ရှောက်လျင် ဗုဒ္ဓဘာသာထေရ၀ါဒမြန်မာနိုင်ငံတွင် မကြားဘူး မနာဘူးသော ဘာသာရေးစစ်ပွဲဖြစ်မည်လော။
အတွန့်များသော လမ်းကြောင်းပေါ်လျောက်နေလျင် သတိထားပါ။ အလှည့်စားမခံရပါစေနဲ့။ သူတို့ရဲ့ အစမ်းသပ်ခံဘ၀လည်း မဖြစ်ပါစေနဲ့။သူတို့ အသုံးချခံလည်းမဖြစ်ပါစေနဲ့။ ကျမကတော့ ၀ိပသနာကို ဘယ်တော့မှ လက်မလွတ်ဖူး။ ကျန်တာဆွဲဆောင်လို့ သာသနာကိစ္စဆိုပြီးလုပ်ခြင်လုပ်ပေးမည်။ လျောက်နေသော သစ္စာလေးပါးတရားလမ်းကြောင်းပေါ်ကတော့ ဘယ်လိုဆွဲချချ မရဘူး။ ကျမဆရာမ ဆို ကျမတို့ကို အတ္တကြီးတယ်တို့၊ ကိုယ့်အတွက် ကိုယ်လုပ်တယ်တို့ပြောလည်း၊ ကျမက စိတ်ဓာတ်ခိုင်မာတယ်။ ဘာလို့ဆို ဆရာတော်ဦးဇောတိက ကျေးဇူးနဲ့ ကျမက ၀ိပသာနာလမ်းကြောင်းကို သိတန်သလောက်သိ နေတော့ ကိုယ့်အလုပ်ကိုယ်လုပ်ရမှာပါဘဲ။
ဒီကြားထဲ ဒီလိုတွေ ပညာပြတော့ မြတ်စွာဘုရားက ပညာပြခဲ့တာမရှိပါဘူး။ ကျမကတော့ မဟာစည်ဆရာတော် ဘုရားကြီးကို မမြင်ဘူးပေမဲ့ ကျမတရားစထိုင်ခဲ့တာ မဟာစည်မှာဖြစ်လို့ မဟာစည်ရဲ့စည်းကမ်းကောင်းတာ၊ မဟာစည်ရဲ့နည်း(ဘုရားနည်းပါဘဲ)ရဲ့ ကျေးဇူး၊ ဘုရားဂုဏ် တရားဂုဏ် သံဃာဂုဏ်တွေကို ဒီလိုမျိုး အရှုတ် ထုပ်တွေနဲ့ ကြုံလေ၊ တန်ဘိုးမဖြတ်နိုင်လေပါဘဲရှင်။
အားလုံးဟာ အဖြစ်မှန်ဖြစ်ပါတယ်။ အခုတော့ ဒီအရှုတ်ထုပ်တွေကြောင့် ဖြစ်ပေါ်လာတဲ့ နှလုံးသားမှာ စူးနေတဲ့ ညှောင့်ကို ဆွဲနှုတ်နေတုံးပါဘဲ။ လုံးဝ ဆွဲနှုတ်လို့မရသေးပါဘူး။ မြတ်စွာဘုရားသာသာနာမှာ သာသနာတော်ကို ခုတုံးလုပ်ပြီး သာသနာတော်ကို ကာကွယ်စောင့်ရှောက်သလိုနဲ့ သာသနာတော် ကို ကိုးကွယ် ဆည်းကပ်သူတွေရဲ့နှလုံးသားကို ညှောင့်လာစိုက်တဲ့သူတွေအားလုံးဟာ မြတ်စွာဘုရားရဲ့ သာသနာတော်နဲ့ ဆန့်ကျင်ဘက်တွေဖြစ်ပါတယ်လို့။ သူတပါးကိုနစ်နာအောင်လုပ်ရင် ကိုယ်လည်းနစ်နာတတ်ပါတယ်။ ဆရာတော်ဘုရားကြီးမိန့်တာကိုဖော်ပြလိုက်ပါတယ်ရှင်။

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts