Sunday, April 21, 2013

သူ့အတွက်မှန်းမသိ၊ ကိုယ့်အတွက်မှန်းမသိ။




ဒီနေ့ဟာ နှစ်သစ်ကူးတဲ့နေ့ပါ။

နှစ်သစ်ကူးတဲ့နေ့ဟာ ပွဲပါဘဲ။ ပွဲဆိုပေမဲ့ နိဗ္ဗာန်ပွဲနော်။ ပွဲသွားရင် အလှပြင်တယ်မဟုတ်လား။ ရုပ်ကိုပြင်တာက သူများတွေ ကြည့်ဘို့နော်။ ရုပ်ကိုပြင်တာက ကိုယ့်အတွက်ကနည်းနည်း သူများအတွက်က များများနော်။ မြင်တဲ့သူ တိုင်းက ကိုယ့်ကိုကြည့်စေခြင်တာမဟုတ်လား။ ဒီကောင်မလေး လှလိုက်တာလို့ဖြစ်စေခြင်တယ်။
တခါက နိုင်ငံခြားသူတွေ အသက်က(၆၀)လောက်ရှိနေပြီ။ အရေတွေက တွန့်စပြုလို့။ အဲဒါကို သူတို့က အလှတွေပြင်ထားတယ်။ သူတို့အသက်အရွယ်က သူများက သေချာကြည့်ရမဲ့အရွယ်ကိုမဟုတ်ဖူး။ သူတို့ကသာပြင်နေတာ နှုတ်ခမ်းနီက ဘယ်လောက်ဆိုးဆိုး အကုန်ကျ ဘယ်လောက်ဖဲ ခံခံ နဂိုမှမရှိတော့ နကိုင်းက မထွက်တော့ဘူး။  ဒါကြောင့် စိတ်ကိုပြင်ရမယ်။
်ဖတ်ခြင်း) နေ့နေ့ညည တသသနှင့် မလှလှအောင် ထွေထွေထူးထူး ရုပ်ခန္တာကိုယ်ကို ပြုပြင်ခြင်းသည် အရှင်လူများ သူတပါးတို့ရှု့စားရန်အလို့ငှာ ကိုယ်ပိုင်ဥာဏ်နဲ့ယှဉ်ကြည့်ရင် ရုပ်ကိုပြင်တာ အပြင်လူတွေ ကြည့်ဘို့ဘဲ ။ အမျိုးသမီးနဲ့ အမျိုးသားဘယ်သူက အလှပြင်တာများလဲ။

(အမျိုးသမီးက ပိုများပါတယ်ဘုရား)
သူတို့ဟာသူတို့ ၀န်ခံနေတယ်။ ရုပ်ရှင်သွားဘို့ အလှပြင်ရာတွင် မှန်တင်ခုံနှင့်ကျမမျက်နှာချင်းဆိုင်၊ မပြီးနိုင်ဘူး။ နောက်အမျိုးသားကို အပြာရောင်ဆွယ်တာလေး ရွေးပေးပါဦး။ (ယောဂီများရီမောကြသည်)
တချို့ကအလှပြုပြင်တာက သူ့အတွက်လား ကိုယ့်အတွက်လားလဲ သိခြင်မှသိမှာ။ ဘယ်သူ့အတွက်လဲ။ (အများအတွက်ပါဘုရား) တချို့က သူ့အတွက်မှန်းမသိ ကိုယ့်အတွက်မှန်းမသိကြဘူး။ တနေ့တော့ အိမ်ရှင်မတယောက်  ဈေးသွားဝယ်ခါနီး- သူ့အိမ်သားကို ပြောတယ်။ မောင်ရေ ကျမလိမ်းနေကျ သနတ်ခါးဗူးလေး ကုန်သွားလို့ ၀ယ်လိုက်ဦးမယ်နော်။ မင်းတို့ကလည်းကွာ ဈေးက ကြီးပါဘိနဲ့  မင်းတို့ မိန်းမတွေကွာ အားရင် သနတ်ခါးဘဲလိမ်းနေတာဘ။ဲ ဒကာမက ဘာမှမပြောဘူး။ တော်နေ ဟိုဟာလေး လျော့ဝယ် ဒါလေးလျော့ဝယ်နဲ့ ပိုက်ဆံတွေက ပိုလာတယ်။ အဲဒီအခါ သနတ်ခါးဗူးဝယ်လာတယ်။
ညနေကျတော့ ရေမိုးချိုးပြီး သနတ်ခါးလေးလိမ်းထားတော့။ အိမ်ခန်းထဲရောက်တော့ ယောကျာ်းလုပ်တဲ့ သူက မင်းအနံ့လေး တယ်မွှေးလှချည်လားပေါ့။ သူဘဲ မနက်က သနတ်ခါးဗူးဝယ်မယ်ဆိုတော့  ဈေးကြီးသလေး ဘာလေးနဲ့ သူ့အတွက်မှန်းလဲမသိ ကိုယ့်အတွက်မှန်းလဲ မသိ။ (ယောဂီများရီကြသည်)။
အဆိုတော် တစ်ယောက်ရှိတယ်လေ သနတ်ခါးလိမ်းတာ ကိုကို့အတွက်ပါကွယ်။ (ယောဂီများရီကြသည်)။
စိန်ရွှေရတနာ မွှေးနံ့သာနှင့် နီပြာဝတ်ဆင် ရုပ်ကိုပင် အလှပြင်တာက သူ့အတွက်
ဒါန သီလ ဘာဝနာနှင့် မေတ္တာတွဲယှဉ် စိတ်ကိုပင် အလှဆင်တာက ကိုယ့်အတွက်။
ကိုယ့်အတွက်ကိုယ်အလှဆင်ပြီး နိဗ္ဗာန်ပွဲကြီးကို ကိုယ်ဆီကိုယ်ငှ ရကြပါစေ။
အရှင်ပညာနန္ဒ ဘိဝံသ (ချမ်းမြေ့ရိပ်သာ၊ အနီးစခမ်း၊ ပြင်ဦးလွင်)

အထက်ပါတရားတော်သည် အရှင်ပညာနန္ဒ ဘိဝံသ (ချမ်းမြေ့ရိပ်သာ၊ အနီးစခမ်း၊ ပြင်ဦးလွင်)မှ မြန်မာနှစ်သစ်ကူးနေ့တွင် ဂုဏပူဇာအခမ်းအနား၊ ယဉ်ကျေးလိမ္မာ ထူးချွန် ဆုပေးပွဲ အခမ်းအနားတွင် ဟောကြားသောတရားဖြစ်ပါသည်။ ဆရာတော် ဦးပညာနန္ဒသည် အနီးစခမ်းချမ်းမြေ့ရိပ်သာတွင် တာဝန်ယူထားပြီး နိုင်ငံခြားသားယောဂီများအား တရားပြနေသောဆရာတော်ဖြစ်ပါသည်။ ဆရာတော် သည် ကရင်လူမျိုးဖြစ်သည်ဟုသိရပါသည်။ ယခုကဲ့သို့ ပေါ့ပေါ့ပါးပါးတရားများကို ဟောတတ်သကဲ့သို့ ၀ိမ္မိကသုတ္တန် ကဲ့သို့သော မြတ်စွာဘုရား၏ တရားတော်များတွင် နက်နဲသောသုတ္တန်များအားလည်း ဟောကြားခဲ့ပေသည်။ ယခုနှစ်တွင် ကျမတို့ တရားဝင်နောက်ကျသဖြင့် နာထသုတ္တန်အား နိဂုံးပိုင်းသာကြားနာခဲ့ရပေသည်။ သင်္ကြန်အချိန်တွင် ရိပ်သာတွင် ယောဂီ(၇၀၀)ကျော်အား ထိမ်းသိမ်းစောင့်ရှောက်ရသော ၀န်သည် မသက်သာလှပေ။ ယခုနှစ်တွင် မန္တလေး တောင်ချေတွင် ရိပ်သာထပ်ခွဲရာ ဓမ္မစရိယဖြစ်သူ အရှင်ကရုညသည် ခဏသွားရသဖြင့် ဆရာတော် ဦးပညာနန္ဒ၊ ဦးဝိသုဒ္ဓစာရ၊ ဒေါက်တာ နေမိန္ဒ၊ ဦးဇင်း ဦးဝေပုလ္လနှင့်ဦးဇင်း(၂)ပါး၊ ဆရာလေးနည်းနည်း၊ ဝေယျဝေစ္စလုပ်သူများနှင့် လည်ပတ်နေသည်မှာ ချီးကျူးဘွယ်ဖြစ်ပါသည်။
ယောဂီ(၇၀၀)ကျော်သော်လည်း စည်းကမ်းသေ၀ပ်ခြင်းကြောင့် ငြိမ်သက်တိတ်ဆိတ်လျက် စနစ်တကျ တရားအားထုတ်နိုင်သည့်အခွင့်အရေးကို ရရှိပေသည်။ ရေမပြတ်စေရ၊ မီးမပြတ်စေရ စေတနာအပြည့်ဖြင့် ဦးဇင်းများ တက်လိုက်ဆင်းလိုက် ဟိုနေရာပါလိုက်ရ ဒီနေရာပါလိုက်ရ ဖတ်ဖတ်မောနေကြပါသည်။
ဆရာတော် သံဃာတော်များ၏ သီလ သမာဓိ ပညာဂုဏ်တို့အပြင် ယောဂီများအပေါ်တွင် ထားရှိသော စေတနာ မေတ္တာအား ရိုသေစွာဖြင့် ကန်တော့အပ်ပါသည်ဘုရား။

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts