Tuesday, February 3, 2015

နေပြည်တော် လက်လုပ်တောင် ရွှေနန်းသွင်းစေတီ တရားစခန်းပွဲအကြို မြင်ကွင်း

တရားထိုင်ခြင်တဲ့ သူများ အမြန်သွားရောက်ရင်လည်း ဆရာတော်များက လက်ခံမှာပါ။ အမြဲတမ်းသတ်မှတ် အရေအတွက်ထက်ကျော်နေကြဖြစ်ပါတယ်။ ကျောင်းမှာလည်း (၁၂)တောင်ရှိတဲ့ ကျောက်ဆင်းတု ဘုရားတဆူ ပူဇော်ဦးမယ်လို့ ဆရာတော် ဦးခေမာက မိန့်လိုက်ပါတယ်။ ထမနဲတွေထိုးထားလို့ ဦးဦးဖျားဖျားစားခဲ့ရပါသေးတယ်။ တပည့်လေးတယောက်ကတော့ ကျောင်းက ချက်တဲ့ အိုးကြီးချက် အချဉ်ဟင်းကို ကောင်းတယ်ဆိုပြီး အချဉ်ဟင်းပုဂံနားက မခွာတော့ပါဘူး။
အောက်ပုံမှာ ဘယ်ဘက်က မဟာစန်းလဘုရင်ဘုရား(မှော်ဘီ)နဲ့ မဟာနေဘုရင်ဘုရား(ဟင်္သာတ)တို့ပုံတော်တွေ ဘုရားအတက်မှာ ချိတ်ဆွဲထားတာကို တွေ့ရမှာပါ။
 လှူတန်းလိုတဲ့ နေပြည်တော်က ဒကာ ဒကာမတွေဘဲဖြစ်ဖြစ် တရားထိုင်လိုတဲ့ သူတွေဘဲဖြစ်ဖြစ် ကျောင်းကို ကြွခဲ့ကြပါလို့ ဖိတ်ခေါ်လိုက်ပါတယ်။

အလုပ်တွေရှုတ်နေတဲ့ ဦးခေမာ

အလုပ်ရှုတ်နေတဲ့ ဂေါပကအဖွဲ့များ

ချက်ပြုတ်ရေးတာဝန်ယူထားကြတဲ့ သစ်ထုတ်ရေးအဖွဲ့



0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts