Wednesday, April 24, 2013

ခံဆွမ်းတနပ် (ပိဏ္ဍပါတိက ဓူတင်္ဂံ)



ဖားအောက်ဆရာတော်ဘုရားကြီး ဦးဆောင်ကာ ဆွမ်းခံကြွနေပုံ


မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးဆွမ်းခံကြွနေစဉ်

ဤသို့တရားအားထုတ်နိုင်ရန်အတွက် ဆွမ်းကိုစားသုံးရပါ၏ဟု ဆင်ခြင်၍ စားသုံးကြရပါသည်။

 

 

 

 
အရှင် ဓမ္မစာရ ဦးဆောင်ပြီး ပဲခူး ကြခတ်ဝိုင်းစာသင်သားများ ဆွမ်းခံကြွနေပုံ

ပိဏ္ဍပါတိက ဓူတင်္ဂံ ကိလေသံ အဘိ ဘီရုကော၊


ပလာယိတော ဒူရေ ဒူရံ သာရမ္ပိ ဟဒယံ ကမ္ပိ။

ဘိက္ခူဿ၊ ရဟန်းတစ်ပါး၏။ ပိဏ္ဍပါတိက ဓူတင်္ဂံ၊ အထူးတလည်တည်ခင်းသော ဆွမ်းကိုမစား၊ ခြေသလုံးခေါင်း အရင်းအနှီးပြုဖြင့် ခံယူရရှိရာမှ ရသော ဆွမ်းကိုသာလျှင် စားသုံးအံ့ ဟူသော ဓူတင်အကျင့်သည်။ ကိလေသံ၊ တဏှာ၊ မာန၊ ဒိဋ္ဌိကို။ အဘိဘီရုကော၊ အလွန်လျှင် ကြောက်လန့်စေ၏။ ဒူရေဒူရံ၊ ဝေးထက်ဝေးရာသို့လည်း။ ပလာယိတော၊ ပြေးစေ လွှားစေ ပုန်းကွယ်စေ၏။ မာရမ္ပိ၊ မာန်မင်းကြီးသော်မှလည်း။ ဟာဒယံ ကမ္ပိ၊ ကိုယ်စိတ်နှလုံး ပူပန်ညှိုးချုံးရချေပြီ။
ရဟန်းတို့ ဆွမ်းခံဓလေ့ကို ဗုဒ္ဒဘာသာဝင်တိုင်းက ရိုသေမြတ်နိုးကြ၏။  နေ့စဉ်ဆွမ်း တစ်ဇွန်းတစ်ယောက်မ မျှဖြင့် အလှူ၊မဏ္ဍပ်ထိုးနိုင်သဖြင့်လည်း ဂုဏ်ယူတတ်ကြ၏။ သို့တိုင်……တဏှာဖိစီး၊ မာနကြီးသော ဘာသာခြား လူမျိုးခြားများ၏ မျက်စိထဲတွင် ကားအလွန်လျှင် အထင်သေး အမြင်သေးကြရာ အရှက်မရှိသော မျက်နှာ ကျက်သရေမဲ့သော ခွက်မဲကြီးလွယ်ကာဖြင့် ရပ်တကာ၊ ရွာတကာ လှည့်တောင်းရမ်း စားသောက်နေကြခြင်း ဤသို့လျှင် စွပ်စွဲပုတ်ထတ်ကြလေကုန်၏။
မသိသူ၏ မသိပြစ်သည် ကြောက်စရာ အလွန်ကောင်း။
ဓူတင်သည် တဏှာကို ရိုက်ချိုးရာ၌ အလွန်ထိရောက်သော လက်နက်။ သို့ကြောင့် တဏှာ အစီးခံရသူတိုင်း ကြောက်ကြသည်။
ဓူတင်သည် မာန်နှိမ်ရာ၌ အားအကိုးရဆုံး ကိရိယာ။ သို့ကြောင့် မာနကြီးသမားတိုင်းက လန့်ကြသည်။
ဓူတင်သည် ငါစွဲကို ဖြတ်ရာ၌ အထိမိဆုံး တန်ဆာပလာ။ သို့ကြောင့် ဒိဋ္ဌိလက်သတ်မွေး သမားတိုင်းက ရှောင်ကြသသည်။
ထိုဓူတင်တို့သည် (၁၃)ပါး အထိရှိရာ တစ်ပါး တစ်ပါးလျှင် အကျိုးတရားများစွာစီ ရှိနေကြ၏။
သူ့အတွက်လည်းကောင်း၊ ကိုယ့်အတွက်လည်းကောင်း၊ နိဗ္ဗာန်အထိကောင်းသည့် ကောင်းခြင်း (၃)ဖြာပြည့်စုံသည်။
လောကီအကျိုး၊ လောကုတ်အကျိုး၊ နိဗ္ဗာန်အကျိုးထိ ပြီးစီးစေမည့် အကျိုးထူး သုံးမျိုးတို့နှင့်လည်း ပြည့်စုံ၏။
တဏှာကိုဖြစ်စေ၊ မာနကိုဖြစ်စေ၊ ဒိဋ္ဌိကိုဖြစ်စေ ၀ိဇ္ဇာဥာဏ် အကူမစွက် စရဏအခံသက် သက်ဖြင့်ပင် ဖျက်ခြွေ ခြွေပစ်နိုင်စွမ်းသော သတ္တိထူးရှိ၏။
ထို(၁၃)ပါးတို့တွင်….
ဤ၌ကား ဆွမ်းခံစားခြင်းဆိုင်ရာ ပိဏ္ဍပါတ် ဓူတင်တစ်ပါး၏ အာနိသင် မျှကိုသာ သီးခြား ၀ ကွက်ပြမည်။
ဆွမ်းသည် အရာခပ်သိမ်း၏ အထောက်အပံ့။
ထိုစဉ် အဆိုးထောက်ကို ဖျောက်ဖျက်ပစ်ပြီး အကောင်းထောက်ချည်းရောက်ရန်ကို ဤ ဆွမ်းကျင့်ဝတ် အပြီးအစီး တာဝန်ယူလိုက်ပြီ။

(ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီး၏ ပီတိမှသည်   … ဘ၀ပန်းတိုင်ဆီသို့မှ)
ဤ ဓမ္မစာစုကို တင်ပြလိုက်ရခြင်းမှာ ရဟန်းတော်များသည် မိမိတို့ ကိလေသာ ပယ်သတ်ခြင်းအကျိုး၊ မြတ်စွာဘုရားထားသော လမ်းစဉ်အား တသွေမတိမ်းလိုက်နာခြင်းဖြင့် မိမိနှင့်တကွ ဝေနေယျ သတ္တ၀ါ ဆွမ်းအလှူရှင်များ၏ တဇွန်းတမသော ဆွမ်းအကျိုးရစေခြင်းငှာ ဖိနပ်မပါ ခြေဘလာသက်သက်ဖြင့် မိုးရွာမရှောင် နေပူမရှောင် ဆောင်းမရှောင် ကြွရောက် ဆွမ်းခံခြင်းတည်းဟူသော မြင့်မြတ်သောလမ်းအားလျှောက်လှမ်းနေ သော သံဃာတို့၏ ဂုဏ်ကို တန်ဘိုးထားစေခြင်းအလို့ငှာ တင်လိုက်ခြင်းဖြစ်ပါသည်။

သာဓု သာဓု သာဓု

2 ဖတ်သူများပြောစကား:

  1. ကောင်းလှပါဧ။်။ ဓုတင်အကျင့်ဆိုတာ လုပ်နိုင်ခဲသလောက် ကိလေသာကာမကို တွန်းလှန်ပယ်သတ်ရာတွင်လည်း ထိရောက်ပြင်းထန်ပြီး အမှည့်ချွေချွေသော ဘုရားချီးမွမ်းသည့် တရားအလုပ်ပင်ဖြစ်ပါသည်။
    ယခုကဲ့သို့ တရားအလှူတော်ကြောင့် နိဗ္ဗာန်အကျိုးကို ဘ၀တိုတိုနှင့် ရရှိခံစားနိုင်ပါစေ။
    မေတ္တာဖြင့်.............
    အရှင်ဓမ္မသာရ(ကြခတ်ဝိုင်း)
    ခေတ္တ....ကိုလံဘို၊သီရိလင်္ကာ

    ReplyDelete
  2. ကျေးဇူးတင်လှပါတယ်ဘုရား။ ဓုတင်အကျင့်သည် အင်မတန်ခက်ခဲပါတယ်ဘုရား။ တချို့သောဆရာတော်ဘုရားများသည် ရာသက်ပန် နိသိစ္စဓုတင်ကိုဆောင်ကြရာ ခန္တာဝန်မချမီလေးတွင်သာဖြုတ်ကြကြောင်းမှတ်သားဘူးပါသည်ဘုရား။
    သာဓုလည်း အကြိမ်ကြိမ်ခေါ်မိပါသည်ဘုရား။
    ကျန်းမာချမ်းသာပါစေ

    ReplyDelete

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts