မဟာနေဘုဘရာင်ဘုရား မျက်လုံးတော် ဖွင့်လိုက်ပိတ်လိုက်လုပ်နေတော်မူပုံတော်ကို Youtube တွင် တင်ထားပေးပါသည်။ ပဌာန်းတော်ရွတ်ဖတ်နေချိန်တွင် ဗီဒီယိုရိုက်ကူးသူနှင့်အဖွဲ့တို့ သို့လော သို့လောဖြစ်ပြီး ကင်မရာကဘဲဖြစ်သလားဟုပြောဆိုနေပုံကိုကြားရပါလိမ့်မည်။ သို့ရာတွင် ကင်မရာမှ ဖြစ်နိုင်ချေ အလွန်နည်းပါသည်။ မယုံကြည်နိုင်လွံန်းသဖြင့် ရိုက်ကူးနေသူတို့ ပြောဆိုနေသော စကားသံများလည်းကြားနိုင်ပါလိမ့်မည်။ Youtube ၏ ရှာဖွေရမည့် နေရာတွင် မြန်မာဘာသာဖြင့်
မဟာနေဘုရင် ဟုရိုက်ထည့်လျင် (၄၅)စက္ကန့်စာ ထူးဆန်းအံ့ဘွယ် မျက်လုံးတော်ခတ်ပြသည်ကို ဖူး
တွေ့နိုင်ပါသည်။ http://youtu.be/RegCiFPKEBg မဟာနေဘုရင်ဘုရား ဟုရိုက်ထည့်လျင် (၁)မိနစ်စာ ဗွီဒီယိုဖိုင်ကို ကြည်ညိုဘွယ်ရာဖူးမြင်ရမည်ဖြစ်ပါသည်
(၂)ဖိုင်တင်ထာခြင်းဖြစ်ပါသည်။။ မိုဘိုင်းဖုန်းမှတင်လိုက်ရသည်အတွက် အနည်းငယ်အဆင်မပြေမှုရှိပါက နားလည်ခွင့်လွတ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်
ထိုဘုရားပင့်လာစဉ်က ရဟန်းတပါးနှင့် လူကြီးတစ်ဦးရောက်လာပြီးလျင် ဒီဘုရားက ဘာထူးခြားလည်းဟု ပရိတ်သတ်ကိုမေးသည်ဟုသိရပါသည်။ တဦးမှ ဘာမှမထူးခြားပါဘူးဟုဖြေကြားလိုက်ပါသည်။ သိပ်မကြာမတင်တွင် ဘုရား၏ ဦးခေါင်းတော်နောက်ဘက်တွင် ရဟန်းတပါးဈာန်ဖြင့်ကြွလာသည်ကို မြင်တွေ့ရသဖြင့် ပရိတ်သတ်ထဲမှတဦးသည်ဓါတ်ပုံရိုက်ထားခဲ့သည်ဟု သိရပါသည်။ ထိုပုံအားလည်းဘေးမှ ပရိတ်သတ်တော်တော်များများသည် ၀ိုင်းအုံပြီးကြည့်လိုက်ရပါသည်။ နောက်တကြိမ်ထိုပုံအား ပြန်ပြမည်ဟုလုပ်သောအခါ ထိုပုံထဲမှ ဈာန်ကြွနေသော ရဟန်းပုံသည် လုံးဝပျောက်ကွယ်သွားသည်။ သို့သော် ဓါတ်ပုံအား မြင်လိုက်ရသော သက်သေပရိတ်သတ်မှာတော်တော်များသည်ဟုသိရပါသည်။
ယခုသတင်းအား ရဟန်းတော်တပါးမှ ပြန်လည်ပြောကြားပေးခြင်းဖြစ်ပြီးလျင် အင်တာနက်မှာ ဘယ်သူပြောတာတော့ ထည့်မရေးနဲ့ဟုဆိုပါသဖြင့် ဘွဲ့တော်အားမဖော်ပြခြင်းဖြစ်ပါသည်။ ယခုထက်ထိ အနယ်နယ်အရပ်ရပ်က လာဖူးသူများ အများအပြားဖြင့် စည်ကားနေဆဲဟုသိရပါသည်။
Saturday, July 26, 2014
မဟာနေဘုရင်ဘုရား တန်ခိုးတော်ပြပုံ -စိတ်ဝင်စားလျင် Youtube တွင်ရှာကြည့်ပါ(ဖြည့်စွက်)
Subscribe to:
Post Comments (Atom)
သိတာလေးတွေ ပြောခဲ့ပါဦး
Popular Posts
-
မဟာဗောဓိမြိုင်ဆရာတော်ကြီးသီတင်းသုံးသည့်အရပ်အလိုက်ဘွဲ့တော်မဟုတ်သော အမည်နာမများရှိခဲ့ပါ သည်။ ပျဉ်းမနားတွင် လက်လုပ်တောင်ဆရာတော်ကြီး၊ သာစည်တွင် ...
-
တရားမှတ်တာအပေါ် နှာသီးဝမှတ်လျင် သမထဟုပြောကြတဲ့ သူများအတွက် ဝေဘူဆရာတော်ဘုရားကြီးမိန့်သောစကားကို မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးကအောက်ကအတိုင်း စ...
-
ရှင်အဇ္ဇဂေါဏဆရာတော်ဘုရားကြီးကို မြန်မာလူမျိုးတို့မသိသူရှားပါသည်။ မစင်တွင်းသို့ စိတ်တိုတိုနှင့် ဓါတ်လုံးကိုပေါက်ပစ်မှ ဓါတ်လုံးအောင်ပြီး မျ...
-
တရားတော်စာအုပ်များ ဒေါင်းယူရန် ဂန္တ၀င်ကျော် ရဟန်းတော်များ PDF Download ဟေမဝတသုတ္တန်တရားတော်.PDF D...
-
နှာသီးဝတွင် တရားမှတ်သည်ကို စာသမားများက သမထကြီးဟုပြောဆိုကြသည့်အတွက် ဝေဘူဆရာတော်ဘုရားကြီးမှ သံဃာစားတော့ ဆွမ်း၊ လူစားတော့ ထမင်းဟုမိန့်ကြားခဲ့သည...
-
၁၉၉၆ ခုနှစ် အိန္ဒိယနိုင်ငံ၊ အူထရာပရာဒတ် ပြည်နယ် Uttarakhand, India ၊ ဒါရာဒွန်း Dehradun ဆိုသောမြို့ငယ်လေးတွင် ကျမပညာ သင်ကြား ခွင့်ရခဲ့ပါသ...
-
ဒီအဖြစ်အပျက်ဟာ သိပ်မကြာသေးခင်က ကျမတို့နေရာလေးမှာ တကယ်ဖြစ်ပျက်သွားတာလေးပါ။ အမျိုးသမီးဝန်ထမ်း(မ)ဟာ ရောဂါတခုနဲ့ သေသွားပါတယ်။ သူက နဂိုကလည်း ခပ်ေ...







0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး