ကျမမှာ ဆရာမ တစ်ဦးရှိပါတယ်။ သူဟာ တရုပ်အမျိုးသမီးပါ။ သို့ပေမဲ့ သူဟာ သမထလိုင်းမှာ နာမည်ပေါက်ရောက်ပြီးဘုရားတည်နေတဲ့သူဖြစ်ပါတယ်။ အကျင့်စာရဏမှာ ရွှေပေါ်ကျွန်းဆရာတော်ဘုရားကြီးရဲ့ တပည့်အရင်းဖြစ်တာမို့ ရွှေပေါ်ကျွန်းဆရာတော်ဘုရားကြီးကိုကိုးကွယ်တဲ့သူဆိုရင် ဒေါ်ရင်မေ ကိုမသိသူ မရှိသလောက်ပါဘဲ။ စရဏအားနဲ့ အတိတ်က ပါရမီကြောင့် ဆရာမဟာ ရွှေပေါ်ကျွန်းဆရာတော်ဘုရားကြီးရဲ့ လက်ရင်းတပည့်ပီပီ ဘုရားအဆူပေါင်းများစွာကို တည်တဲ့ အခါမှာ မပါမပြီးသလောက်ပါဘဲ။ ပွဲပေါင်းများစွာ ထိုးပြီးတိုင်းပြည်အေးချမ်းအောင် ကယ်နိုင်သမျှကယ်နေတဲ့ သူတွေ။ ကျမတွေ့ဘူးတဲ့ အကြားအမြင်တွေထဲမှာ အလိုရမက်နည်းတဲ့ သူလို့ပြောရမှာပါဘဲ။
ဝိဇ္ဇာများကို တိုင်ကြွလာတတ်ပြီး သူတို့မိန့်တဲ့အတိုင်းလုပ်ပေးရပါတယ်လို့ ကျမဆရာမက ပြောပြဘူးပါတယ်။
တရက်မှာ ကျမဆရာမက ဓမ္မစေတီခေါင်းလောင်းကြီးကို ဆယ်နေတဲ့အကြောင်းပြောပါတယ်။ သိပ်တော့ မထင်ဘူးလို့လည်းပြောပါတယ်။ ဘာလို့လဲ လို့ ကျမလည်းမေးလိုက်တော့ လိုသေး တယ်လို့ ပြန်ပြောပါတယ်။ သို့သော် သူတို့ဘက်မှာ အစွမ်းထက်တဲ့ သူတွေရှိရင် နတ်ကောင်းနတ်မြတ်တွေ နဂါးတွေအကူအညီနဲ့ အများကြီးလုပ်ရဦးမယ်လို့ဆိုပါတယ်။
ဆရာမဟာအတော်ထူးဆန်းပါတယ်။ သူပြောရင် ကျမက တခါ တရံ ပျက်ရည်ပြုတတ်ပါတယ်။ မဖြစ်နိုင်တာလို့။ သို့သော် တနှစ်အတွင်း- ၆ လအတွင်း သူပြောတဲ့အတိုင်းဖြစ်ဖြစ်လာပါတယ်။ အရင်က ဆိုရင် သူကို မေးခြင်ရင် ဓါတ်ပုံလေးယူယူလာကြတယ်။ နောက်ပိုင်းမှာ အကျင့်အား သန်လာတဲ့အခါ နာမည်ကို ပြောလိုက်တာနဲ့ ပြောနိုင်ပါတယ်။
ကျမသူငယ်ချင်းရဲ့ ခဲအို ခွဲစိတ်ခန်းဝင်မယ်ဆိုတုံးက သူတို့က ကျမကို ဆရာမဆီလွတ်လိုက်ပါတယ်။ နှလုံးထဲကို ပစ္စည်းလေးနှစ်ခုထည့်မယ်။ ဒါကဘာမှမဖြစ်ဘူး။ တနှစ်အတွင်းမျက်လုံး(၂)ဖက်လုံးခွဲရတဲ့ အခါ ဒေါသကြီးလို့ မျက်လုံးတဖက် ကွယ်လုနီးပါးဖြစ်မယ်လို့ပြောလိုက်ပါတယ်။
သူပြောတဲ့အတိုင်းဖြစ်တာပါဘဲ။
သူက အမြဲအလုပ်ရှုတ်တတ်ပါတယ်။ ဟိုမှာ ဘုရားတည်လိုက် အထက်က ပုဂ္ဂိုလ်များက အမိန့်ပေးရင် သွားလိုက်နဲ့။
အင်းအခုတလော ဓမ္မစေတီခေါင်းလောင်းနဲ့ပတ်သက်ပြီး အသံပလံလေးတွေကြားလိုက်ရလို့ အဲဒီမကြားခင် တလလောက်က ကျမဆရာမပြောတဲ့အကြောင်းတွေကို တင်ပေးလိုက်တာဖြစ်ပါတယ်။ လုပ်မဲ့လုပ်လည်း ငွေမကုန်လူမပန်းရအောင် စွမ်းတဲ့ သူတွေနဲ့ လုပ်ကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။
ဘာသာရေးကိစ္စဖြစ်နေတော့ အကုသိုလ် ကုသိုလ်တွေ မရောနှောစေခြင်လို့ပါ။
ပိုစ်လည်း မတင်ဖြစ်တာကြာပါပြီ။ အားလည်းမအားတော့ပါဘူး။ တာဝန်ကြီးတဲ့အတွက် ကိုယ်ပိုင်အချိန်နည်းသွားပါတယ်။ ဒီပို့စ်တွေတင်ဖြစ်ရေးဖြစ်တာဟာလည်း ကျမ သမထ သမားမဟုတ် ပေမဲ့ ဘိုးတော်အောင်မင်းခေါင်ကြီးရဲ့ လမ်းကြောင်းပေးမှုအတိုင်း ကိုယ့်ကိုကိုယ်တောင်မသိဘဲ လျောက်ဖြစ် သွားတာဖြစ်ပါတယ်။ တကယ့်ကို ကုသိုလ်လည်း အများကြီးရပါတယ်။
ကျမကို ပစ္စည်းအားဖြင့် ထောက်ပံ့ပေးခဲ့သော စင်္ကာပူမှ ကိုကျော်ဇေလှ (ဓမ္မလင့်) နှင့် ကိုရီးယား သမ္မတ နိုင်ငံမှာ အလုပ်လုပ်နေတဲ့ ကျမ၏ သူငယ်ချင်း ကိုထိန်လင်းတို့ကို အများကြီးကျေးဇူးတင်ပါတယ်။ သူတို့ ကြောင့် ပို့စ်များတင်ရာမှာ ၀ိုင်ဖိုင်မရသေးဘဲ ဖုန်းနဲ့တင်နိုင်အောင် အင်တာနက်ပါတဲ့ ဖုန်းပံ့ပိုးပေးခဲ့ တဲ့ ကိုထိန်လင်းရယ်။ ဘက်ထရီပျက်သွားလို့ မိုးရာသီမှာ ပို့စ်တွေအကုန်ပျက်တဲ့ ဒုက္ခကို ကယ်တင်ပေးခဲ့တဲ့ ကိုကျော်ဇေလှကို အထူးကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်။
အများမိုးခါးရေသောက်တိုင်း မသောက်ဖို့ဆိုတာ ကိုယ့်ကိုကိုယ်အများကြီး ထိန်းချုပ်ရပါတယ်။ အဲဒိလို သူမျိုးတွေဟာလည်း အများနဲ့ သွေဖယ်သွားတတ်ကြပါတယ်။ ကျမဟာ ဆရာတော်ဘုရားကြီးမိန့်တဲ့ စကားလေးတခွန်းကို သွားသွားသတိရမိပါတယ်။ တဖြေးဖြေးဆုတ်လာပြီ။ ပူမယ်နော် ပူမယ်နော် ဆိုတာလေးပါ။ အထက်တက်ခြင်လို့ကတော့ ထိန်းချုပ်ရမယ်။ သူများယိမ်းတိုင်း မယိမ်းမယိုင်ဘို့ စိတ်ဓါတ် ကြံခိုင်ဘို့ အများကြီးလိုပါတယ်လို့ အမှတ်တရ ရေးသားလိုက်ရပါတယ်ရှင်
Saturday, September 20, 2014
ဓမ္မစေတီခေါင်းလောင်းနှင့် ကျမ၏ ဆရာမအမြင်
4:55 PM
No comments
Subscribe to:
Post Comments (Atom)
သိတာလေးတွေ ပြောခဲ့ပါဦး
Popular Posts
-
၁၉၇၅ ကျမတို့စိုက်ပျိုးရေးတက္ကသိုလ်တက်စဉ်က အင်မတန်ထူးဆန်းတဲ့ တဘောင်တခုကို ပျဉ်းမနားသူဖြစ်တဲ့ ကျမသူငယ်ချင်းဆီက ကြားခဲ့ရဘူးပါတယ...
-
လွန်ခဲ့တဲ့ (၄)လလောက်ခန့်က ကျမ ဆရာတော်ဘုရားကြီးရေးသားထားတဲ့ ဥလ္လမ္ပတု ဘိက္ခုဘာဝ ကထာကို ဖတ်ပြီးကတည်းက ဒီတရားကို အတော်ကို ကြိုက်နှစ်သက်...
-
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး ချီးမြှင့်တော်မူသော မေတ္တာမြိုင် -မေတ္တာပို့ နှင့် အနက်အဓိပ္ပါယ် (၁) ဘေရီသဒေ...
-
ကျမရဲ့ဘလော့ထဲက search engine မှာ သရဏဂုံသုံးဆယ်လို့ ရှာဖွေထားတဲ့ key word တွေ့လို့ အကျိုးပေးလည်း ထူးတယ်လို့လည်းသိထားတာကြောင့် တကြောင်း တင်ပေ...
-
နေပြည်တော် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး သီတင်းသုံးသွားခဲ့တဲ့ ရွှေနန်းသွင်းကျောင်းတော်မှာ မနက်ဖန်မနက်(၇)နာရီမှာ ဆွမ်းဆန်းစိမ်းလောင်မှာဖြစြ်...
-
ဒါ ကိုးထပ်ကြီး ဘုရား ရှင်အဇ္ဇဂေါဏဘုရား မန္တလေး မဟာမြတ်မုနိ တနေ့တခြား ရွှေသားများဖြင့် အိစက်လာသည့် မဟာမြတ်မုနိဘုရားအားယှဉ်ြ...
-
ဆရာတော် ပျဉ်းမနားတွင်ရှိစဉ်က မကြာခဏ ရန်ကုန်မကြွမှီ မီးရထားစီးရန် မဟာမြိုင်တောရမှ ပျဉ်းမနား မြို့ပေါ်သို့ကြွလာလေ့ရှိပါသည်။ ကြွလာလျင်လည်း လေသာေ...
0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး