Saturday, July 26, 2014

သင်္ကန်းအစုံ(၁၀၀)နဲ့ သင်္ကန်း(၁)စုံအလှူ

အောင်ပါပြီ အောင်ကြပါပြီ။ စခန်းသိမ်းတရားအပြီး ပြန်အကြွ (ဆရာတော်ဦးဗောဓိ)
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးရဲ့  မွေးနေ့ တရားစခန်းပိတ်ပွဲနေ့မှာ နေ့ခင်း ပိတ်ပွဲအခမ်းအနားကို မ ထင်မှတ်ဘဲေ ရာက်ရှိခဲ့ပါတယ်။ အဲဒီအခါမှာ ဆရာတော် ဦးဗောဓိက ပိတ်ပွဲတရားဟောကြားပါတယ်။ ဆွမ်းလှူတဲ့ ဒကာ ဒကာမတွေ အပံ့အပိုးပေးတဲ ဒကာ ဒကာမတွေကလည်း မြန်မာတို့၏ ဓလေ့ထုံးစံအတိုင်း ရေစက်ခွက်တွေကိုယ်စီနဲ့ပေါ့။ စိတ်ထဲမှာ မ ဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး ရေစက်ချတဲ့အခါမှာ စိတ်ကိုထားတတ်ဘို့ဟောကြားတာကို သတိရမိလိုက်ပါတယ်။ ရေစက်လို အေးမြပါစေ။ အ လှူလှူတဲ့ကုသိုလ်ကို စိတ်ကလေး အေးအောင် အာရုံပြု စေလိုလို့ ရေစက်ကလေးတွေချတာ။ ရေစက်တစက်စီကျတာကို အာရုံပြုနေခြင်းဖြင့် စိတ်က အပြင်မထွက်ဖဲ တည်ငြိမ်အေးချမ်း(လောဘ၊၊  ဒေါသ မောဟကင်းတဲ့စိတ်)တွေဖြစ်တာကြောင့် မိမိလှူရသော ကုသိုလ်သည် ပိုမိုတန်ဘိုးရှိသွားတာတွေကို ဟောပြောခဲ့ဘူးပါတယ်။ ရှေးက  မြေကြီးပေါ်ကို ရေစက်ချတာဖြစ်တယ်။ ဒီလို မြေကြီးပေါ်ရေစက်ချခြင်းအားဖြင့် ၀သုံမြေကြီးကို သက်သေပြုတာဖြစ်တယ်လို့ ဟောကြားခဲ့ဘူးပါတယ်။
ဗောဓိရိပ်ငြိမ်ဆရာတော် ပုလ္လင်ပေါ်ကြွလာပြီ ဆရာတော်က အခုတလော ပင်ပန်းပုံရသည်ဟု ဘေးကဂေါပကများပြောနေတာကြားလိုက်မိပါသည်။
စိတ်ထဲမှာ မှတ်မှတ်ရရရှိလိုက်သော သင်္ကန်းလှူတာနဲ့ ပတ်သက်တဲ့တရားလေးကို ပြန်လည်ဖောက်သည် ချခြင်ပါသည်။ တချို့က ငွေတွေအရမ်းပေါတော့ သင်္ကန်းတွေ အစုံ(၁၀၀)လှူနိုင်တယ်။ ငွေပေါတယ် သင်္ကန်း အစုံ(၁၀၀)လောက်လှူလည်း မဖြစ်လောက်ဖူး။ ပေါနေတာကိုး။ ဒီတော့ လှူတဲ့ သင်္ကန်းအပေါ်မှာ ထားတဲ့ သဒ္ဒါတရားမှာ သိပ်အလေးအနက်မရှိဘူး။ တချို့က သင်္ကန်းလေး (၁)စုံတည်းလှူနိုင်တယ်။ ဒီသင်္ကန်းလေးဟာ သူ့တသက်မှာ ဒီတစ်ကြိမ်တဲ့ည်း လှူတာဖြစ်ခြင်ဖြစ်မယ် နောင်ကိုလှူခြင်မှ လှူနိုင်တော့မှ ဆိုတဲ့ စိတ်ကလေးကလည်းဖြစ်မိတယ်။ ဒီတော့ အင်မတန်စိတ်အားထက်သန်စွာနဲ့လှူတယ်။ ဒါကြောင့် သင်္ကန်း(၁)စုံတည်း လှူနိုင်တယ်ဆိုပြီး ကိုယ့်အလှူကိုလည်းလျော့တွက်လို့တော့မရဘူး။ အကျိုးပေးတာက သဒ္ဒါတရားထက်တာဘဲဟုဖြစ်ပါသည်။
စခန်းသိမ်းတရားနာကြားနေသည့် ရဟန်းတော်များ
အလုပ်တွေရှုတ်နေသည့် ဦးခေမာ
ရဟန်းဒကာ ကတုံးနှင့် ရဟန်း(၃)ပါး

လက်လုပ်တောင်တောရသည်ကား ဆရာတော်ဘုရားကြီး၏  တပည့်သာဝကများပီပီ ကျောသားရင်သား မခွဲခြား တပြေးညီသာတည်း။ မျက်နှာကြီးငယ်လည်း မရွေး။ ကျမနှင့် ပတ်သက်လို့ ကျမရုံးမှ ကားဆရာလေး များလည်း ၀င်ဘူးထွက်ဘူးကြရာ ကျမတို့ကားဆရာလေး ကတုံးက သဒ္ဒါပေါက်ပြီး ရဟန်း(၃)ပါးကို  တာဝန်ယူခဲ့ပါတယ်။ ဝေယျဝစ္စလုပ်သူတွေကိုလည်း တကယ်ချီးကျူးမိပါတယ်။ ဝေလှံကုန်း၊၊ သပြေကုန်း၊။ သပြေတန်းအဖွဲ့တွေရဲ့ ညီညွတ်မှုဟာလည်း အားကျလောက်ပါတယ်။
ပုံတွေကိုတင်ပေးဘို့ အင်တာနက်ကနှေး ကွန်းပြူတာကနှေး အနှေးတွေစုတော့ ပုံတွေက တင်မရလို့ပါ။ ဘုရားမြတ်တောင်ခတ်တာကိုလည်း USB dithering က အလုပ်မလုပ်ဖြစ်နေတော့ ကွန်ပြူတာနဲ့ဖုန်းနဲ့ ဆက်ပြီးယူမရဖြစ်နေပါတယ်။ တကယ်တော့  ထူးဆန်းတဲ့ အဖြစ်မှန်ကို သက်သေပြခြင်တာပါ။
ဘုရားသာသနာ(၁၅၀၀)ကျော်ပေမဲ့ ထူးဆန်းတဲ့ တကယ်အဖြစ်မှန်တွေ  အများကြီးက မြတ်စွာဘုရား၏ ဓမ္မတရားတို့၏ သက်သေခံပင်မဟုတ်ပါလား။
မသိသူကျော်သွား သိသူဖော်စားသောကာလသို့ရောက်နေပြီမဟုတ်ပါလား။ 

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts