မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး နောက်တွင်ကပ်ပါလာသောကြောင်ကလေး ဒီကြောင်လေးဟာ ဘယ်တော့မှ ဆရာတော်ဘုရားကြီးရှေ့ကမသွားဘူးလို့ ပြောကြပါတယ်။ ဘေးနားနောက်နားလေးကနေ လိုက်တတ်ပါတယ်တဲ့ |
အာတာပီ သဗ္ဗဇန ကာလေဟောတိလို့ မြတ်စွာဘုရားကဟောတယ်။
အာတာပီ= စိတ်ဝိရိယကိုပြောတာ၊ ကိုယ်ဝိရိယကိုပြောတာမဟုတ်ဖူး။
မယုံမရဲ = မယုံရင် မရဲဘူး ယုံမှရဲတယ်။
နိဗ္ဗာန်ကိုယုံတယ် ဒုက္ခကို မယုံဘူး
နာဒုက္ခကို ကြောက်တယ်။ အိုဒုက္ခမကြောက်ဖူး။
ခန္တာ့ ဒုက္ခကို မယုံဘူး။ ငါဒုက္ခဖြစ်နေပြီ ကိုယ့်ကိုကိုယ်တော့ပြောတယ်။
ဒါပေမဲ့ စိတ်ကမယုံ။
ဒုက္ခကလွတ်ဖို့ သတိတစ်လုံးဘဲ။ ဒုက္ခကို မယုံတော့ သတိတစ်လုံးဆိုတာကို
ဘယ်ယုံမလဲ။
ဒီသတိတစ်လုံးဘဲ၊ အိမ်က ဆေးတစ်လုံးဘိုးလောက်မယုံပါဘူး။
ဒုက္ခကိုယုံရင် လက်ရှိဒုက္ခကနေလွတ်ဖို့ အောက်ငရဲမရောက်ဖို့
ဒုက္ခကိုယုံမယ်။ ဒီသတိတစ်လုံး၊ သတိသာဆရာ။ ဒို့ကြောက်တဲ့ ကိလေသာတွေဒုက္ခတွေ။ အတွေးပြောတာပါ။
အတွေးလို့ပြောလိုက်ရင် ဒုက္ခမဟုတ်လား။ ချစ်မိတာလည်း ဒုက္ခ၊ မုန်းတာလည်း ဒုက္ခဘဲ။ ဖြစ်ဖြစ်သမျှဒုက္ခက
အတွေးကြောင့်၊
အတွေးဟာဆရာပါ။ သတိကဒို့စိတ်ကိုခေါ်သွားတာ။ စိတ်မသွားတတ်တဲ့လမ်းကိုလည်း
သတိကဘဲ ခေါ်သွားတယ်။ သတိကလမ်းပြခေါ်သွားမယ်။ ပယ်စရာရှိတာကို လည်း သတိက ပယ်သွားပါလိမ့်မယ်။
ဒို့ကဘာမှမလိုဘူး။ သူခေါ်သွားလိမ့်မယ် နိဗ္ဗာန်ကိုတန်းလို့။
ဧကရကော မဂ္ဂေါ(သာဝက-၅ပါးဖြစ်ခြင်ရင်)
သာဝကဖြစ်စေခြင်သူအားလုံးက သတိနှင့်ရှမှတ်ရသည့်လမ်းသည်
ဧကရကော တကြောင်းတည်းသောလမ်း။ မှားဘို့မလို၊ တစ်ခုတည်းသောလမ်းလို့ ဘုရားက အာမခံတယ်။
သတိတစ်လုံးနဲ့ ပွင့်သွားတဲ့ဘုရားပေါင်းမနည်းဘူး။
စေတသိတ်မှာလည်း သောဘဏ-၂၅ လုံး သတိမှာအကုန်ပါတယ်။
ဗောဓိပက္ခိယ-၃၇ ပါးလည်း သတိမှာအကုန်ပါတယ်။ ဒို့ကအသစ်ထွင်တာ မဟုတ် လမ်းဟောင်းလမ်းအို။မှားစရာမရှိ။
သတိသာလက်မလွတ်နဲ့။ ဖြစ်ခြင်ရာဖြစ် သတိသာလက်မလွတ်နဲ့။ ဒို့မသိသေးတဲ့လမ်း၊
ဒို့မသိတဲ့ မဂ်ဖိုလ် ဒို့မသိဘူးတာကို သတိလမ်းကသွားတာ။
သောက ပတိဒေ၀- သောကတွေကို ကျော်လွန်ခြင်ရင် လည်း သတိဟာတစ်ခုတည်းသောလမ်းပါ။
သောကကလည်း တွေးမှဖြစ်တာ။ ငိုခြင်တာလည်း တွေးမှဖြစ်တာပါ။
မတွေးရင် မငိုဖြစ်ပါဘူး။ သောက ပတိဒေ၀ ကငြိမ်းခြင်ရင် ချုတ်ငြိမ်းခြင်ရင်လည်း သတိဘဲ။ ဒုက္ခမှန်းသိတာလည်း
တွေးမှ။
ဒုက္ခ ဒေါမဏသကလည်း ချုပ်ငြိမ်းခြင်ရင်လည်း ဒီသတိဘဲ။
နှလုံးမသာယာတာလည်း တွေးမှပါဗျာ။ ကိလေသာနဲ့ပြောမနေဘူး။ အတွေးနဲ့ပြောနေတာနော်။
ဒုက္ခကို ဒုက္ခလို့ မယုံတာ၊ တိုက်ကြီးပေါ်ကားကြီးပေါ်က
သားတွေသမီးတွေက လည်း ပြောကောင်းဆိုကောင်းဆိုရင် ဒုက္ခကိုယုံမလား။
သုခသည် ဒုက္ခလို့မယုံတာ။
ဘင်္ဂါအုပ်စုကျတော့ သိပါလိမ့်မယ်။မိခင်ဝမ်းထဲမှာ ဒုက္ခမဟုတ်လား။ ဒုက္ခကို ဒုက္ခမှန်းမသိလို့
မယုံတာ။ မယုံလို့မရဲတာ။ ဒုက္ခဖြစ်နေတာကို ဒုက္ခလို့မယုံတာ။ ရှေ့စိတ်က ပြောတာ ငါဒုက္ခဖြစ်နေပြီ
နောက်စိတ်က မယုံ။
ဘင်္ဂါအုပ်စုကျတော့
သိပါလိမ့်မယ်။ နှာသီးဝကရှုတော့ လက္ခဏာကသိပ်မပေါ်ဘူး။ သမာသနတို့ ဥဒဟဘယတို့ကျတော့ မြင်လာပြီ။
ဘင်္ဂဥာဏ်အုပ်စု(၅)ခုကျတော့ လဟာပြင်- အာကာသ ထဲရောက်သွားပြီ။ လက်ခြေတွေကရေးရေးလေးပေါ်တော့
တယ်။ သင်္ခါရုက္ခပက္ခာဥာဏ်ကျတော့ နှလုံးသွေးထဲရောက်သွားပြီ။ ရောင်ပြန်နမိတ်ဖြစ်သွားပြီ။
နှလုံးသွေးထဲကနေသိနေတာ။
သတိရဲ့ထိုးထွင်းတာကို
ပြောတာ။ အဲဒါတွေက သတိက လုပ်သွားတာ။ သတိခိုင်းတာသာလုပ်ပါ မရောက်ဖူးဆိုတာမရှိပါဘူး။ ဘေးပြောတာက
ခန့်မှန်းပေးတာလောက်။ သတိကသံနော်။ ဘုရားအဆူဆူ သူ့ဘုရားရဲ့သာဝကတွေ မဂ်ဥာဏ်ဖိုလ်ဥာဏ်လိုခြင်ရင်
ဧကရကော တစ်ကြောင်းတည်းသောလမ်း။ ဒီလမ်းကို ဘယ်နှစ်ယောက်သွားတာလဲ။
ဝေဘူဆရာတော်ဘုရား-
ဒို့ ဒကာ ဒကာမတွေဘာမှမလိုဘူး။ ၀ိရိယဘဲလိုတာလို့ပြောလေ့ရှိတယ်။
ဒို့ကတော့ ဒီလိုပြောခြင်တာ
= ဒို့ ဒကာ ဒကာမတွေဘာမှမလိုဘူး။ ပျင်းတာလေးတစ်ခုဘဲ။
မရှက်ဖူးလားဟယ်။
(ပရိတ်သတ်များရီကြ)
ဒို့က တအီးအီး
တညည်းညည်းဖြစ်နေမှာဒုက္ခလို့ထင်တာ။
သုခဆိုတာ ဆေးရုံပေါ် မေ့ဆေး ထုံဆေးပေးပြီး ချုပ်တာ။
ဒုက္ခကတော့ အစိမ်းခေါင်းရိုက်ခံရတာ။ ခေါင်းရိုက်ခံရတာခြင်းတော့
အတူတူဘဲမဟုတ်လား။ သံဃာတော်တွေကလည်း မမြင်တော့ဘူးထင် တယ်။ ဘင်္ဂဥာဏ်အုပ်စုရောက်တဲ့ သူများကြတော့
ကြောက်ကိုလာတာ။အပျက်တွေဘဲတွေ့တာကိုး။ ဘာဖြစ်ဖြစ်အပျက်။ အတွင်းကျေ။ အတွင်းကျေ။
ဒို့ဖြစ်နေတဲ့ ဒုက္ခကိုယုံဘို့။ ဒီကတက်ဖို့ရာဟောဒီ
သတိတစ်လုံးဘဲ ယုံဘို့။ ဒီယုံ(၂)ခုဘဲလိုတယ်။ ပညာအမှတ်က အပြင်က အာရုံဘက်လိုက်မှတ်တာ။
သတိက ခန္တာကိုယ်ထဲကိုလိုက်မှတ်တာ။
လွတ်မြောက်ရေးသွားခြင်တော့ သတိရယ်။ ၀ိရိယရယ်။
အသိရယ်။ ဘု၇ားပြောသလိုပြောရင် သတိကိုလယ်သမားကိုင်တဲ့ ပေါက်တူးလိုသဘောထားစို့။ ပေါက်တူးအား
-သာသာလေးပေါက်ရင် သာသာလေးဘဲ။ ၀ိရယအားကောင်းရင် နက်တာပေါ့။ သတိကိုလယ်သမားကိုင်တဲ့ ပေါက်တူးလို
သဘောထား။
ဝိရိယကျတော့ လေးသမားကိုင်တဲ့ မျှားလိုသဘောထား။
မျှားက ဖြောင့်အောင်လုပ်ရတယ် မဟုတ်လား။ အသိကျတော့ ရွေသမားကိုင်တဲ့ ဒါးလို လုပ်ပေးစမ်းပါ။
ရွေသမားကိုင်တဲ့ ဒါးက ထက်သနော် တုံးတုံးကြီးနဲ့မရဘူး။ ဒါးတော့ ဒါးဘဲလေ။ ဥုံခံနေတဲ့ဒါးမဖြစ်စေနဲ့ပေါ့။
ဒါးလည်းတုံး။ အသားကလည်း အရွတ်ဖတ်ဆိုတော့။ ခုတ်တော့ ပြတ်လား။ မပြတ်ဖူး။
ရှိတဲ့ဘက်ကရေကို ပေါက်တူးအားကိုးနဲ့ မရှိတဲ့ဘက်ရောက်အောင်လုပ်သဟဲ့။
သုမနသာမဏေ-တမနက်လုပ်တာကို ဒို့ကဘယ်နှစ်နှစ်လုပ်မှာတုံး။ သုခသာမဏေလေးနဲ့ ကွာတာက သဒ္ဓါ
သဒ္ဓါ။ ကိုရင်လေးက သူ့ဘို့ သူအသေခံလုပ်တော့ ဘုရားလည်း မနေနိုင်ဘူး။ သကြားလည်း မနေနိုင်ဘူး။
ဒို့က ကိုယ်ရမှာကို သာသာလေးလုပ်နေတော့ ဘုရားလည်း
အနေသာကြီး၊ သကြားလည်း အနေသာကြီး။ ဒို့ကလုပ်တာလေးက အနေသာလေးလုပ်တာဆိုတော့ ဘုရားရော သကြားရော
နေနိုင်သပေါ့။ (ပရိတ်သတ်များရီကြသည်)
လေးသမားက မျှားကို အပူပေးပြီးဖြောင့်သလို ရှုကွက်နဲ့မှတ်စိတ်တည့်အောင်
လုပ်ပေးပါ။ ဒို့က ရှု့ကွက်ကို သတိကနောက်ကကပ်ပေးပါ။ ဖောင်းပေါ်လာလိုက် ပိန်ကျသွားလိုက်
ဒါကို ရွေသမားကဲ့သို့ ပေါ်လိုက်ပျောက်လိုက်ကိုမှတ်ပါတဲ့။
တခါတုံးက ဘုန်းတော်ကြီးတပါးဟာ တရားပုလင်ပေါ်တင်ပလ္လင်ခွေထိုင်လိုက်ပြီး
အောက်က ပရိတ်သတ်ကို ငုံကြည့်လိုက်ပြီး။ ငါဟောတဲ့အထဲ ကျွတ်မဲ့သူလည်း တစ်ယောက်မှ မပါဘူး။
ငါကလည်း ကျွတ်ပါစေလို့ဟောတာမဟုတ်ဖူးလို့ပြောသတဲ့။ (စိတ်မရှိနဲ့နော်) အာတာပီ သဗ္ဗဇာန
ကလေဟောတိ ဒီ(၃)ချက်ပါမှနော်။ ဒါကိုယုံ ဒါမလုပ်ရင် အပါယ်လေးပါးမလွတ်နိုင်သေးဘူးလို့။
ယုံမှ လွတ်မှာ။ ရှေ့ဆက်ပြီး ဒီထက်ကြီးတဲ့ ဒုက္ခရောက်မှာကို ယုံမှ လုပ်မှာဗျ။
ကဲနားကျစို့။
ဘုရားပေးတဲ့ အမွေ(၂)ခုက အာမိသအမွေ ၊ ဓမ္မအမွေ(၂)မျိုးရှိတာ
အာမိသအမွေက အလှူဒါနပြုကြတာ၊ သံသရာအတွက်။ ဓမ္မအမွေက ၀ိပသနာအမွေ။ ဘုရားပေးတဲ့ အမွေထဲ မှာ
ငိုက်မွေမပါဘူး။(ပရိသတ်များရီကြ)
သာဝကဆုက ဒီဘ၀တင်ရနိုင်တယ်။ အဂ္ဂသာဝကတို့က ဘုရားရှင်ရှိမှရတယ်။
ဝေဘူ၊ မဟာစည်၊ မိုးကုတ်စသည့် ဆရာတော်ဘုရားတွေက ဒီဘ၀တင် သာဝကဆုနဲ့ပြည့်ပြီးနေကြတယ်ဗျ
==========
ယခုတရားတော်အား နာကြားရင်း ဘလော့တွင်တင်ခြင်စိတ်ပေါက်လာသည့်အတွက် ကြိုက်နှစ်သက်သော အပိုဒ်ကလေးများကို ရွေးတင်ထားပါသည်။ ဆရာတော်ဘုရားကြီးက အာဝဇ္ဇန်းရွှင်လေရာ အသုံးအနှုန်းလေးများမှာ ပြောင်မြောက်လှသည့်အတွက် ပရိတ်သတ်များမှာ ရီကြလေသည်။ ကျမလည်း တရားနာရင်းရီမိပါသည်။
ငါဟောနေတဲ့ သူတွေထဲမှာ ကျွတ်မဲ့သူတယောက်မှ မပါဘူးဆိုတာလေးတွေ။ ဘုရားလည်း နေနိုင်တယ်။ သကြားကလည်း နေနိုင်တယ်။ ဘုရားပေးတဲ့အမွေထဲမှာ ငိုက်မွေမပါဘူးဆိုတာလေးတွေဟာ အင်မတန် ပြောင်မြောက်လှတဲ့ စကားလုံးတွေဖြစ်ပါတယ်။
ဆရာတော်ဘုရားကြီးဟာ သံဃာကိုသာမြင်စေခြင်တယ်- ပုဂ္ဂလိကဆန်တဲ့ ငါတို့ဆရာတော်ကြီးဆိုတာ ကို မမြင်စေခြင်တာကိုလည်း မကြာခဏ မိန့်ကြားတဲ့အတွက်- ယခုတရားကို ဖတ်ရှုကြတဲ့ ဓမ္မသာလာရဲ့ ပရိတ်သတ်အပေါင်းတို့သည် ဆရာတော်ဘုရားကြီးနှင့်တကွ သံဃာဂုဏ်ကို ကြည်ညိုသာဓု ခေါ်နိုင်ကြပါစေ သတည်း။
0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး