ကျမ ၂၁.၁၁.၂၀၁၂ နေ့က လက်လုပ်တောင်ကျောင်းသို့တခေါက်ရောက်ခဲ့ပြန်ပါသည်။ ထိုအချိန်တွင် ဆရာတော် ဦးခေမာလည်း ဆွမ်းဘုန်းပေးနေပြီ။ ကျမလည်း ဦးဗောဓိအရှင်သူမြတ်ရောက်လာခိုက် တခုခုလှူခြင်ရာ ကျမတို့ကားဆရာလေးက ကထိန်အတွက် ထီးဝယ်ခြင်သည်ဆိုက လမ်းမှဆိုင်တဆိုင် တွင် ၀င်ဝယ်သဖြင့် ကျမလည်း အလျင်းပိုသင့်သွားရာ ခေါက်ထီးလေးတချောင်းကို သံဃာ့ဂုဏ်ရည်မှတ်လှူမည်ဆိုကာ ၀ယ်လာခဲ့ပါသည်။ သို့သော် ဆရာတော် ဦးဗောဓိအရှင်အား မနှောက်ယှက်လိုသဖြင့် ဆရာတော် ဦးခေမာထံတွင်သာ လှူဒါန်းထားခဲ့ပါသည်။ ကျမလည်း နေပြည်တော် ပြေးရပါသည်။ ဆရာတော် ဦးဗောဓိ (အရှင် က္ကုန္ဒာစရိယ)ကား နေ့ခင်း (၁၀)နာရီတွင် မိထ္တီလာသို့ရောက်ရှိ နေပြီး ယနေ့ညတွင် ညောင်ဦးရွှေစည်းခုံတွင် တရားဟောကြားမည်ဖြစ်ပါသည်။
ဆရာတော်နှင့် ယခင်နေ့က စကားစမည်လျှောက်မိရာ ဆရာတော်မှ ၄င်း၏စာအုပ်မှ စာများအား ကျမ၏ဘလော့တွင် တင်ခွင့်ပြုခဲ့ပါသည်။ အလားတူ ဆရာတော်ဘုရားကြီး၏ တရားတွေတင်ထားသဖြင့် အများဖတ်ရသည်ဟုဆိုလာသဖြင့် ကျမမှာဝမ်းမြောက်ဝမ်းသာဖြစ်မိပါသည်။
ယခုတလောတွင်လည်း ကျမဘလော့အားဖတ်နေကြဟုယူဆရသော ပရိသတ်များသည်လည်း ဆက်တိုက်လို ဖတ်ရှုနေကြသဖြင့် ကျမအနေနှင့်တင်ရကျိုးနပ်သည်ဟုပင်ဆိုလိုပါသည်။
ကျမသည် ဘ၀အခက်အခဲများစွာကိုရင်ဆိုင်ရခဲ့သူဖြစ်ပါသည်။ ထိုသို့ကုသိုလ်ယူရခြင်းကိုလည်း များစွာကြေနပ်မိပါသည်။ တစ်ဦးတည်းနေသည့်အပြင် သူတပါး၏ချောက်တွန်းခြင်းကို မကြာခဏခံရသူ ဖြစ်ပါသည်။ အများစုက တပါးဂုန်းချောဂုန်းတိုက်ခံရသဖြင့် မကြာခဏခံလိုက်ရသော ကျမအား သနားစရာဟု မြင်ထားသူဖြစ်ပါသည်။
တခါကလည်း ရွှေစေတီဆရာတော်ဘုရား ဓူတင်ဆောင်သည်ကို သိသဖြင့် ကျမက ဆရာတော်အား နိသဇ]္ဇဓူတင်ဆောင်ရခြင်းကို ပင်ပန်းသည်ဟု ကျမဘက်မှ မြင်မိသဖြင့် ကျန်းမာရေးချို့ယွင်းမည်ကို သတိပေးမိပါသည်။ ကျမအား ဆရာတော်မှ နင်က ငါ့ကိုသနားနေတယ်ပေါ့။ နင့်ကိုငါက ပိုသနားသေးဟု ပြောပါသည်။ စာဖတ်သူများ မည်သည့်အဓိပ]ါယ်ဆောင်သည်ကို မှန်းမိပါရဲ့လား။
အကျင့်စာရဏပြင်းထန်သော ဆရာတော်တို့သည် နိဗ္ဗာန်ကို ကြာရှည်စွာမျက်မှောက်ပြုကြသည်။ ဓူတင်သည်ကား မြတ်စွာဘုရား၏ စည်းမျဉ်းစည်းကမ်းအား လေးစားစွာလိုက်နာခြင်းဖြင့် ဆောင်ကြခြင်း ဖြစ်ပါသည်။ ဆရာတော်ငေါက်သည်ကို ခံရသည်ကားလည်း အကြိမ်ကြိမ် ဘာကြောင့်ဆို ကျမက စပ်စု တတ်သည်လေ။
ယခုလည်း ကျမကို သနားကြသည်။ ကျမဘ၀သည်ခက်ခဲသည်။ အတိုက်အခံများသည်။ စကားတတ်သူတွေ၏ ဂျောက်ချမှုတွေကို ဘုမသိဘမသိခံလိုက်ရတာက များများ။ ဘာလို့ဆို ကျမတို့က လူကြီးတွေအနားကို သူများအကြောင်းသွားမပြောတတ်။ ကိုယ့်ကိုလုပ်လည်း ခံလိုက်ရတာက များသည်။
ဆရာတော်ရဲ့ ဓမ္မစာစုလေးကို လည်း ကျမမနေ့ကတင်ထားပါသည်။ ပန်းတိုင်မရောက်မခြင်း တကယ်မတော်သေးပါ။ ပန်းတိုင်ကျမကားမရောက်သေး။ သို့ဖြစ်ရာ ကျမသည် တကယ်တော်သော စာရင်းတွင် မပါပါ။ သို့သော်အမှန်ချော်နေသော စာရင်းတွင်လည်း ကျမမပါပါ။
သို့ကြောင့် ကျမသည် ကျမကို သနားသူများကို လေးစားစွာကြိုဆိုလိုက်ပါသည်။ ရွှေစေတီဆရာတော်က က ငါကနင့်တို့ကိုပိုတောင်သနားသေးဆိုသကဲ့သို့ ပင်စင်လည်းယူကုန်ကြပြီ ပင်စင်လည်းနီးကုန်ကြပြီ အခုထက်ထိ သူများတွေကို လုပ်သူကလုပ်ကြတုံး အသက်တွေကလည်း ၅၀ ကျော်ပြီ ကနေ့အထိလည်း ပေါ့ပေါ့ပါးပါးနေနေကြတုံး
ဘ၀တန်ဘိုးကို ငယ်ငယ်မှာ သိအောင်လုပ်ခြင်းက အကောင်းဆုံးပါ။ ဒီလိုသိဘို့လည်း ပါရမီကောင်း အခံကောင်း ပတ်ဝန်းကျင်ကောင်း အကုန်လိုအပ်ပါတယ်သလို ကိုယ့်ကိုကိုယ်လည်း လောကုတ္တရာမှာ စိတ်ချရအောင် လုပ်ဖို့လိုအပ်ပါတယ်။ အားလည်းထုတ်သင့်ပါတယ်။ ရွှေစေတီဆရာတော်ကို ကျမယခုစာစုဖြင့် ကန်တော့ရင်း ငါကနင်တို့ကိုပိုတောင်သနားသေး ဆိုတဲ့အတိုင်း တကယ်တန်းသနားစရာကောင်းနေတာက ကျမတို့ပါလို့
Friday, November 23, 2012
ငါက နင်တို့ကိုပိုတောင်သနားသေး
Subscribe to:
Post Comments (Atom)
သိတာလေးတွေ ပြောခဲ့ပါဦး
Popular Posts
-
မနေ့က ကျောင်းမှာ ကိုရင်လောင်း(၅၀)စတင်ဝတ်ကြပါတယ်။ ကျမလည်း တစ်ပါးစာကို တာဝန်ယူထားတာကော ရာဂျူးး က(၃)ပါးယူထားတာကြောင့် ကျောင်းကို ည...
-
ဒီတရားကို စင်္ကာပူမှ ဓမ္မမိတ်ဆွေတဦးက ပို့စ်တင်ပေးပါလို့ ကျမကို အကြံပေးတဲ့အတွက် တင်လိုက် ရခြင်းဖြစ်ပါတယ်။ ပထမကတော့ အရေးကြီးတဲ့အချက်လေးတွေကိ...
-
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးသီတင်းသုံးခဲ့သော ကျောင်းဆောင်ပေါ်တွင် ဖူးတွေ့ရသော ဆရာတော် ဦးဗောဓိ (ဗောဓိရိပ်ငြိမ်ဆရာတော်)၊ ဆရာတော်အနားမှာ...
-
သာသနာ့မဏ္ဍိုင် ခုနှစ်ရာခိုင်မှာ စိတ်ဝင်စားစရာဘုရားတဆူရှိပါသေးတယ်။ ဒါကတော့ ခုနှစ်ရာခိုင်စေတီပါ။ အဲဒီစေတီရဲ့ မြေညီထပ်မှာ ဘုရားလေးဆူရှိပါတယ်...
-
ဒါလေးကတော့ ဗဟုသုတအဖြစ် လူမမာတွေအနားနေရင် သတိထားနိုင်ဘို့အတွက် ဆရာတော် ဦးဇောတိက အတော် မမာမကျန်းဖြစ်ခဲ့တဲ့ကာလ (မဟာမြိုင်မှာ လွန်ခဲ့တဲ့ အနှစ် ...
-
စဉ်းစားစရာလေးများ (မဟာမြိုင်ဦးဇောတိက ထန်းတပင်တောရတွင် သီတင်းသုံးစဉ်က) မဟာမြိုင်ဆရာတော်လို့နာမည်ကျော်တဲ့ ဆရာတော် ဦးဇောတိကဟာ လွန်ခဲ့သော် နှစ...
-
ပိဋကတ် သုံးပုံ မြန်မာဘာသာပြန် စာအုပ် အစုံကို ဒေါင်းယူနိုင်ပါပြီ ခင်ဗျ မရှိသေးသူများ အောက်ပါ လင့်များတွင် ဖြစ်စေ ဆိုဒ် မီနူ မှာ ဖြစ်စေ နှိပ်ြ...







0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး