မုံရွာမြို့နယ်မှ ရင်သွေးလိမ္မာအဖွဲ့အားဟောကြားသောတရား
ယခုတရားမှာ
ယခင်က တချို့အပိုင်းများကို ကျမဘလော့ပေါ်တွင် တင်ခဲ့ဘူးပါသည်။ အခွေထဲမှ တရားကလည်း တ၀က်တပျက်-မဆုံးသလို၊
ကျမတင်တာလည်း တ၀က်သာဖြစ်ခဲ့ပါသည်။ ကျမသည် ဘာကြောင့် ပထမပိုင်းကိုတင်ခဲ့ရသနည်းဆိုသော်…
ဆရာတော်ဘုရားကြီးမှ တရားအပေါ် မိမိစားနေကြ ထမင်း၊ သောက်နေကြကော်ဖီလောက်မှ တန်ဘိုးမထားတတ်သော
ပုထုဇဉ်များ (ကျမအပါအ၀င်)ကို ဟောကြားခဲ့သည့်အတွက်လည်းကောင်း၊ ဥပမာပေးကောင်းကောင်းနှင့်
ထိထိမိမိဟောထားသော တပည့် ဒကာဒကာမများကို ကျွတ်လွတ်စေခြင်သော စေတနာအား ကျမ-နှစ်ချိုက်သဘောကျမိသဖြင့်
တင်ပေးလိုက်ခြင်းဖြစ်ပါသည်။ နောက်အပိုင်းများချန်လှပ်ခဲ့ရခြင်းမှာ တရားရှုမှတ်ခြင်းများနှင့်ပတ်သက်နေပြီး
လောကီအဓိဌာန်များပါသဖြင့် တပိုင်းတစနှင့် ကျန်ရစ်ခဲ့ပါသည်။ ယခုတော့ တပိုင်းတပျက် တရားမဆုံးသော
တရားခွေမှ ပါသမျှတရားများအားတင်လိုက်ရပါသည်။ တရားခွေထဲမှ တရားမဆုံးသည်ကိုတော့ ကျမလည်း
မတတ်နိုင်ပါရှင်။ စိတ်ပျက်စရာသတင်းတခုက အင်တာနက်ဆိုင်ထိုင်တာနှင့် ကြားလာရပါသည်။ ထိုသတင်းကား
အင်တာနက်ကို သုံးသုံးသလောက် ကျခံရမည်ဆိုသောသတင်းသည်။ ကျမတို့လို ဘလော့ တင်သူအတွက်တော့
သတင်းကောင်းမဟုတ်ပါ။ တနာရီ ၄၀၀ိ/နှုန်းဖြင့်အပြင်ဆိုင်တွင်သုံးနေရသည်မှာ အဆင်ပြေနေရသည့်ကြား
အဆင်မပြေဖြစ်တော့မှာပါလား။ ဘလော့ရပ်ရတော့မည်လား စသည်ဖြင့်?????
(ဓမ္မသာလာ)
သာသနာမှာဘုရားဘာကြောင့်ပွင့်သလဲ။ ဓမ္မံပူဇေမိ ဆိုယုံနဲ့ရရောလားဟယ်။
မုံရွာမှာ
ဘုန်းကြီးရှားလို့ဒို့ဆီလာတာလား။ (ဆရာတော်ဘုရားကြီးကို ဖူးတွေ့ခြင်ပြီး တရားလည်းနာခြင်လို့ဘုရား)
ဒို့ဟောရမှမဟုတ်တာ ။ ဒို့ကခန္တာ့ဖြစ်စဉ် ကိုယ့်ခန္တာကိုကြည့်ယုံမဟုတ်လား။ ခန္တာက အတွင်းဓမ္မကထိက၊
အတွင်းဓမ္မကထိကဟောတာ နာရမှာမဟုတ်လား။ ဒို့ကမှန်းပြီးရမ်းပြီး ဟောတာဗျ။ အတွင်းဓမ္မကထိက
နာတာဆိုနာတာ။ ကျင်တာဆိုကျင်တာဟောတာမဟုတ်လား။ အတွင်းဓမ္မကထိကဟောတာများများနာဟ။
နာတာနဲ့မပြီးနဲ့။ အာဠ၀ကကြီးက ဘုရားကိုမေးတယ်။ လောကမှာ
အမြတ်ဆုံးဘာလဲ။
လောကမှာ အမြတ်ဆုံးဟာ
ယုံကြည်ချက်ဘဲ။ ဘာဖြစ်ဖြစ်ယုံကြည်မှ ထွန်းပေါက်တာမဟုတ်လား။ သဒ္ဓါ၊ ဆန္ဒ၊ ၀ိရိယတဲ့။ ယုံကြည်ချက်ပြင်းမှ
လုပ်ခြင်တဲ့ဆန္ဒပြင်းတာ ၊ ဆန္ဒပြင်းမှလည်း လုပ်ခြင်တဲ့စိတ်ပြင်းတာ။ ထမင်းတနပ်စားရမှလောက်
တရားအပေါ်ယုံရဲ့လား။ ထမင်းတနပ်စားရင် အဆာပျောက်တယ်ဆိုတာ လူတိုင်းယုံတယ်။ တရားကိုအဲဒီလောက်ယုံရဲ့လား။
ထမင်းနပ်မှန်တယ်
တရားနပ်မှန်ရဲ့လား။
ထမင်းတော့အဆာခံရဲ့လားဗျ။
မနက်တကြိမ်ညတကြိမ်၊ လင်းတာနဲ့ကော်ဖီလေးသောက်လိုက်ရတာနဲ့။ နေ့လည်ဆို ဒါစားရင်အဆာပြေတယ်
ဒါစားရင်ကျန်းမာတယ်ဆိုတာလူတိုင်းယုံ။ အဲဒီတော့ စားခြင်တဲ့ ဆန္ဒကကော၊ ပြင်းပြနေတာ၊ စားခြင်တဲ့ဝိရိယကကော၊
ပြင်းပြနေတာ။ တရားကိုအဲဒီလောက်ယုံရဲ့လား။ ဒါစားရင် ကျန်းမာတယ်နဲ့ ယုံတယ်မဟုတ်လား။ ခင်ဗျားတို့
ဘုရားကို အဲဒီလောက်ယုံရဲ့လား။
သာသနာလူလာဖြစ်တာ
အထက်ဆန်ဘို့ပြောတာ။အထက်ဆန်ဘို့ကခက်တယ်။ ရှိတဲ့စိတ်လေး ဒီအတိုင်းပစ်ထားရင် အောက်သွားဘို့ကလွယ်တယ်ဗျ။
အတက်သည်အဆင်းလောက်မလွယ်ဘူး။ အပင်ပန်းခံရမှာဘဲ။ အထက်ဆန်ဘို့ကြ ကိုယ်လည်းမညှာမှ စိတ်အလိုလည်းမလိုက်မှ။ ဒါမှရတယ်ဗျ။ ဘယ်နဲ့တုံး။
ကိုယ့်ကိုကိုယ်ညှာလား။ မညှာဘူးလား။ စိတ်ကောအလိုမလိုက်ဖူးလား။ (လိုက်ပါတယ်ဘုရား) မိုးညင်းဆရာတော်ဘုရားကြီးပြောသလို
တရားစော်မနံတဲ့ဟာ။ အလိုလိုက်နေမရဘူး။
ဘယ်အရာမျိုးမဆို
ကျင့်ယူမှဝါသနာပါတယ်။ အရက်ကော ချက်ခြင်းကောင်းလို့လား။ တော်တော်ကျင့်ယူရတာ။ ကျင့်ပါများမှ
ကောင်းလာတာ။ မကောင်းတာလည်းကျင့်ယူမှရတာ။ ကောင်းတာကော ကျင့်ယူမှရတာ။ မကျင့်ဘဲနဲ့ဝါသနာမပါဘူး။
အာရုံကိုပယ်တာကြတော့ ပါရမီလို့သုံးတာကိုး။ အာရုံနောက်လိုက်တာ အောက်ပြန်ဆုတ်မှာကို ၀ါသနာခေါ်တာ။
အထက်ဆန်တက်မှာကို ပါရမီလို့ခေါ်တာနော်။ ပါရမီတက်ရမဲ့ဟာတွေဗျ။ အဲဒါတော့ ဒီဟာလည်း အားထုတ်နိုင်လွန်းမှ
ကျင့်နိုင်လွန်းမှ ပါရမီဆိုတာဝါသနာပါတာဗျ။ အားမထုတ်နိုင်အောင် မနေနိုင်လောက်မှ ပါရမီခေါ်တာ။
ရန်ကုန်မြို့ဒို့က
နေခဲ့တာဆိုတော့ ညနေ ၅ နာရီအရက်သောက်ရင် အဲဒီ ၅ နာရီသောက်ရမှ။ ဒီအချိန်ဒါကိုသောက်ရမှ။
သူ့အတွက်နေရာရသွားတာ။ ကျင့်ပါများတော့်နေရာရသွားတာ။ တရားကော ကျင့်ပါများရင်မရနိုင်ဘူးလား။
တရားအားထုတ်တော့လည်းဒီလိုဘဲဗျ။ အဓိဌာန်ပါရတာ။ အဓိဌာန်က သစ္စာလည်းထိုက်တယ်၊ ၀ိရိယလည်းထိုက်တယ်။
ပါရမီ(၃)ခုယူတယ်။ အဓိဌာန်နဲ့လုပ်ရမှာ။ အဓိဌာန်က အထူးရပ်တည်ချက်။ ဒီအချိန်ဒါလုပ်မယ်ဆိုရင်
မဖြစ်ဖြစ်အောင်လုပ်။ လောကီ ဥပမာပြောရဦးမယ်။ ဒါတို့ရပ်တည်ချက်မဟုတ်လား။ ည(၉)နာရီပုတီး
(၉)ပတ်စိပ်မယ်။ ဟော (၉)နာရီမှာ ဧည့်သည်လာမယ်။ များသောအားဖြင့် အဓိဌာန်ရဲ့ သုံးချိုးံ
နှစ်ချိုးကျော်ရင် အဖျက်ဝင်တာဘဲ။ အဲဒီအဖျက်က သူများဟုတ်ခြင်မှ ဟုတ်တာ ကိုယ့်စောင့်ရှောက်တဲ့ပုဂ္ဂိုလ်ကစမ်းသပ်တာအများဆုံး။ အဓိဌာန်ကိုဘယ်လောက်ရိုသေသလဲ။
ဘုရားတရားတော်ကိုဘယ်လောက်ယုံလဲ။ ဒီအကျပ်အတည်းက
သူဘယ်လိုတက်မလဲ။ ကိုယ့်ဆရာသမားများ စမ်းသပ်တာများတယ်ဗျ။အပြင်ဖျက်တာမဟုတ်ဖူး အဖျက်တွေ့တိုင်း
ဘေးချော်ပြီးလည်းမတွေးနေနဲ့ဦး။ အဲဒီအချိန်မှာဒါလုပ်မယ်ဆိုလုပ်ကိုလုပ်ရမှာ။ ပုတီးပတ်ရေနဲ့ပြောထားတာ
(၉)နာရီ (၉)ပတ်ပြောထားတော့ ဧည့်သည်လာရင် ပုတီးကို ဗြင်းဗြင်းနဲဆွဲပစ်လိုက်ရတယ်။ (၉)ပတ်ပြောထားတာကိုး။
(၁၀၈)လုံးလို့ ပြောထားတာမှ မဟုတ်တာ။ ရန်ကုန်မှာဆိုရင် (၉)နာရီမှာဧည့်သည်လာတယ်ဆိုရင်
ပုတီးကို ၉ ပတ်မြန်မြန်ဆွဲလိုက်ရတယ်။ မလုပ်ဖဲမနေရဘူး။ အခက်အခဲသုံးတာပြောတာနော်။အဓိဌာန်မှာ
ဘယ်နှစ်လုံးစိပ်ပါမယ်လို့မှမပါတာ။
ရန်ကုန်မှာ
မနက်(၄)နာရီ ဘုရားလက်ထက်က ကျွတ်ထိုက်တဲ့ဝေနေယျကြည့်တဲ့အချိန်၊ ည(၇)နာရီဆို (၇)ရက်သားသမီးတရားဟောတဲ့အချိန်။
သူ့အချိန်နဲ့သူ။ ကျောင်းတွေဆိုည(၇)နာရီဆိုရင် ကြေးစည်တို့ခေါက်ပြီ။ ဒို့မုံရွာတွေကဘယ်လိုသဘောထားလိုက်လဲ။
ကျောင်းကကိုရင်လေးတွေက ဘုရားဝတ်တက်ပြီလို့။ (၇)ရက်သားသမီးတွေ ဘုရားတရားချီးမြှင့်တဲ့အချိန်
ဘုရားရှစ်ခိုးခိုင်းတာ။် မနက်(၄)နာရီ ကျွတ်ထိုက်တဲ့ဝေနေယျ ကိုကြည့်တဲ့အချိန်၊ အဲဒီမှာကိုယ်ပါလိုပါငြား
ဝင်ပြီး ထိုင်ရအောင်လို့ သတိပေးတာဗျ။ ကျောင်းတွေက အုန်းမောင်းခေါက်ပေးတာဗျ။ ဒို့တောကတော့
ဆွမ်းချက်တုန်းဆိုပြီး ဆွမ်းထချက်လိုက်တာဗျ။ မဟုတ်ဖူး။ အဲဒီအချိန်ကို အလင်းတိုင်ပူဇော်မယ်လို့
အဓိဌာန်ထားလိုက်။ အဓိဌာန်ဆိုတာရက်ပါရမယ်။ အဓိဌာန် သချာင်္ပါရတယ်။ သချာင်္အမြဲကိုင်ရတယ်။ (၉)ရက်ဖြင့်(၉)ရက် ။
မနက်(၄)နာရီကို
ဖယောင်းတိုင်ထွန်းမယ်လို့အဓိဌာန်ထားရက်နဲ့ ကိုယ်ကခရီးသွားလို့ ရထားပေါ်ရောက်နေရင် သတင်းစာစက္ကူလေးဖြစ်ဖြစ်
မီးရှို့အာရုံပြုရတယ်ဗျ။ အဓိဌာန်ဆိုတာအထူးရပ်တည်ချက် မဟုတ်လား။ပျင်းပျင်းရှိတိုင်း
စတိကြီး ၊ ပျင်းပျင်းရှိတိုင်းနေ့တိုင်း စတိကြီးလုပ်မနေကြနဲ့ဦး။ အထူးရပ်တည်ချက်နဲ့လုပ်လို့
(၉)ရက်ဆိုပြီးလုပ်ထားတာကိုး အဓိဌာန်အောင်ပြီဆိုပါတော့၊ အဓိဌာန်ဆိုတာ စာရင်းတင်ထားတော့ စာရင်းတိုင်ရှိသဗျ။ မော်ကွန်းထိမ်းရှိတယ်ဗျ။
အကျဉ်းအကြပ်ထဲရောက်ရင် အဓိဌာန်ကို သစ္စာပြုလို့ရတယ်။ အဓိဌာန်ဆိုတာမနောနဲ့ကိုး။ ဘုရားသားတော်။သမီးတော်
ဘယ်လိုဘယ်အချိန်မှာ ဘယ်နေရာမှာ ဘယ်လို အဓိဌာန်ဝင်ထားပါတယ်။ ဒါကြောင့် ဘယ်ဒုက္ခမှ လွတ်မြောက်ပါစေသား။
ကိုယ့်လုပ်တာအမှန်ပြောတာကို သစ္စာ။ ပါးစပ်ကမဆိုရဘူး။ မနောနဲ့ဆိုရမှာ။သစ္စာဆိုတာ အဲဒါပြောတာ။
ဘုရားလက်ထက်တော်မှာ
ရသေ့ကြီး။ ရသေ့ကြီးဆီသွား။ သူ့သားလေးက ဂျင်ပစ်ရင်းအဆိပ်တက် မေ့မျော နေတယ်။ အဲဒီတော့
ရသေ့ကြီး၊ ရသေ့ကြီးက ဒီနေရာမှာ(၆)နှစ်လောက်သာ
ရသေ့စိတ်နဲ့နေခဲ့ပါတယ်။ ကျန်တဲ့အချိန်ရသေ့စိတ်နဲ့မဟုတ်ပါ။ အမှန်ဆိုတာနော် ကောင်းတာမကောင်းတာနဲ့မဆိုင်ဘူး။
သတိမရတဲ့ခလေး နည်းနည်းလွန့်သွားတယ်။ သူကြွယ်ကလဲ
ရသေ့ကြီးကို(၆)နှစ်လောက်သာ ရသေ့ကြီးဆိုသဒ္ဓါနဲ့လှူခဲ့ပါတယ် ကျန်တဲ့နှစ်မှာ ၀တ္တရားအရ
လှူခဲ့တာဖြစ်ပါတယ်။ အဲဒီသူကြွယ်ကတော်ဆိုခိုင်းတယ်။ သူကြွယ်ကတော်က တော့်ရှေ့မဆိုဘူး။
သစ္စာဘဲဆိုသာဆိုဆိုတော့ သူကြွယ်ကတော့က ဒီယောကျာ်းကို ချစ်လို့ယူခဲ့တာ မဟုတ်ပါဘူးမိဘကပေးစားလို့သာယူရပါတယ်
လို့ဆိုတယ်။ အဲဒီတော့ခလေးက ထထိုင်ပြီး ရေတောင်းသောက်တယ်တဲ့။ အဓိဌာန်နဲ့ ၀ိရိယ ပါရမီလည်း
သူ့အလိုလိုတက်တယ်။ ဒီအချိန်ဒါလုပ်မယ်ပြောထားတာ ပျင်းလို့ရမလား။ အဓိဌာန်က ပါရမီထိုက်တယ်ဗျ။
အဲဒီလိုဒို့က ထမင်းဆာတာထက် ထမင်းစားခြင်တာထက် (၂)ဆလောက်လုပ်ရတာဘုရား။ ထမင်းကလည်းဆာပြီ၊
တရားကလည်း အားထုတ်ချိန်ဖြစ်နေပြီ။ ဘယ်ဘက် ဦးစားပေးမတုံး။
ခင်ဗျားခေါ်လာတာ
ခင်ဗျားအာမခံမလား။ဟုတ်ပါ့မလား ဒီမုံရွာတွေ။
အဖွားမှ သား။သမီးတွေရှိလား။(ရှိပါတယ်ဘုရား
အတူတော့မနေပါဘူးဘုရား)၊ အတူနေနေမနေနေ။
သားက ရဲစခန်းမှာချုပ်ထားရော။
မအေလာမှဖြစ်မယ်။ ဒီကလည်းတရားထိုင်မယ်ဆိုရင် တရားမထိုင်ဘဲ လိုက်သွားမလား။ အဲဒီလောက်အထိတရားတော်အပေါ်ယုံရမှာ
လုပ်ရမှာဗျ။ ဘ၀ကန္တရခရီးထဲကနေ
ကယ်ထုတ်ပေးတရား။ တချက်မှတ်နေရင်တချက်အတွေးမ၀င်ဘူးလေ။ တချက်မှတ်နေရင် တချက်ကိလေသာမ၀င်ဘူး။
မှတ်နေရင် မဟုတ်တာပြော မဟုတ်တာလုပ်ဖြစ်ဦးမလား။ ဘ၀ခရီးထဲကနေထုတ်ပေးတယ်ဆိုတာ ဒီနည်းနဲ့ကယ်ထုတ်ပေးတာ။
အဲဒါတချက်မှတ်နေရင် တချက်ကိလေသာအေးတယ်။
များများမဟုတ်ဘူး။ (၅)မိနစ်လောက်။ အတွင်းမ၀င်ဘဲမှတ်ကြည့်ပါ။အတွေးမ၀င်အောင်လုပ်ရင်လုပ်ကြည့်။
ကိလေသာနဲ့စိတ်နဲ့ သတိကခွာပေးနိုင်ပေါ့။ မှတ်ချက်ကြီးဘဲ ဒလဇပ်မှတ်နေလို့အတွေးမ၀င်ဖြစ်ဘူးဆိုရင်။
အဲဒီချမ်းသာက ဘာချမ်းသာနဲ့မှမတူဘူး။ လောကီချမ်းသာနဲ့မတူဘူး။ အဲဒီလောက်ဒို့ကတရားကိုယုံရမှာ.
ဒို့ကိုသက်သာခွင့်ပေးနေတာ တရား။ သံသရာကြီးအရှည်ကြီးထဲကနေ ဖယ်ထုတ်ပေးနေတာတရား။ သတ္တ၀ါတို့ဘေးကိုပယ်လျှောက်ပေးနေတာက
တရား။ ဒီနည်းနဲ့ပေးနေတာ။ ရှု့မှတ်သူသာ တရားကပေးမှာနော်။ ဓမ္မံပူဇေမိ ဆိုလို့ရရောလား။
ဓမ္မံပူဇေမိဆိုလို့မရဘူးဗျ။ သာသနာမှာဘုရားဘာကြောင့်ပွင့်သလဲ။ ၀ိပသနာနဲ့ အနန္တလက္ခဏာမြင်စေခြင်လို့။
သမထက လက်စွဲ
ကမ္ဘာ့ရိုးစွဲဘဲ။ သာသနာရှိရှိမရှိရှိ သမထရှိသဗျာ။ ဒါနကကောဗျာ။ (ရှိတာဘဲဗျာ)။ သီလကကော။
ရှိပြီးသား။ အနိစ္စ ဒုက္ခလက္ခဏာက အမြင်မြန်ပါတယ်။ အနန္ထလက္ခဏာက မြင်ခဲပါတယ်။ ဘွားတို့ အားထုတ်တယ်ဆိုလို့ပြောမှာနော်။
မှတ်တဲ့နေရာမှာ
(၁)စေ့စေ့စပ်စပ်မှတ်။(၂) စူးစူးစိုက်စိုက်မှတ်။ (၃) အကင်းပါပါမှတ်။ စာမှာ(၃)ချက်။ စာလို
လက္ခဏရသာ့ ပစ္စုပါဒါန်လို့သုံးတယ်။ ခန္တာ့ကိုယ့်ရှုကွက်ကိုမှတ်လိုက်လို့စေ့စေ့စပ်စပ်မှတ်တဲ့သူတာ
လက္ခဏာသုံးပါး ၀ိပသနာဥာဏ်ရဲ့ ပထမဥာဏ် နာမရူပပရိစ္ဆေဒဥာဏ်တို့က လက္ခဏာမပါလို့ သမာဓိဥာဏ်လို့သုံးပါတယ်။
ဝိပသနာထဲမထည့်ဘူး။ သမ္မသနဥာဏ်အထက်မဂ်မရောက်မှီကိုဝိပသနာဥာဏ်။
လက္ခဏာ (၃)ချက်မြင်တဲ့
သမ္မသနဥာဏ်အထက်ကိုသာ မဂ်မရောက်မှီကို ၀ိပသနာပြောတာ။ ၀ိပသနာမှာ လက္ခဏာက (၃)ချက်စလုံး တပြိုင်နက်မြင်တာမဟုတ်ဖူး။တချက်မြင်ပြီး
ကျန်တဲ့ ၂ ချက်က အတွေးနဲ့ သဘောပေါက်ရတာ။ စေ့စေ့စပ်စပ်မှတ်အမှတ်နဲ့သွားတဲ့သူကလက္ခဏာအမြင်နဲ့ပြီးနိုင်တယ်။
အနိစ္စလက္ခဏာဆိုတာ ရှုကွက်ထဲ ရွေ့ကနဲဆိုပျောက် ။ စေ့စပ်အားတင်မဟုတ် စူးစူးစိုက်စိုက်မှတ်တဲ့
ရှု့ကွက်ထဲသွားတဲ့ ပုဂ္ဂိုလ်က ပေါ်ပြီးဖြတ်ဆိုပျက်ကျတယ်။
အနန္တလက္ခဏကတော့ ဥာဏ်တော်တော်ကောင်းတဲ့သူမှတွေ့တယ်။ တွေ့နိုင်ဘူး။ အောက်မှာတွေ့တဲ့သူနည်းတယ်။ အောက်ဥာဏ်မှာတွေ့လေ့တွေ့ထမရှိဘူး။
သင်္ခါရုပေက္ခာလောက်ရောက်မှ ဥာဏ်တော်တော် ပါတဲ့သူမှမြင်နိုင်တယ်။ လက်ဝါးအပေါ်စီးသလိုမြင်နိုင်တာလေ။
အနူးညံ့ဆုံး။
ငရုတ်သီးဟေ့ ဆိုတာ-လက္ခဏာအမြင်။
ဖဿအမြင်ပေါ့။ငရုပ်သီးဟေ့ဆိုစပ်တာလောက်မြင်မှာပေါ့။ ပစ္စုပါဒါန်အမြင်က-ကုလားအော်က ဘယ်လိုစပ်တယ်။ မိုးမျော်ဘယ်လိုစပ်တယ်မြင်တယ်။
အဲဒီလောက်ထိကွဲကွဲပြားပြားသိတာ။ ဥာဏ်ပါတဲ့သူက ပစ္စုပါဒါန်အမြင်ကိုသွားနိုင်တယ်။ စေ့စပ်အားနဲ့သွား
။ စူးစိုက်သွားနဲ့အားအား။ အနူးညံ့ဆုံး။ ပစ္စုပါဒါန်အမြင်ကိုသွားတဲ့သူကသာ
အနန္တလက္ခဏာကိုမြင်နိုင်တယ် အနူးညံ့ဆုံး။ ပေါ်နိုင်ပါ့မလား။ အဲဒီ(၃)ချက်နဲ့ တချက်ချက်နဲ့သွားရတာလေ။ စေ့စပ်အား စူးစိုက်အားနဲ့သွားရတာ။
အပေါ်ကျတော့ တစ်မျိုးပြောင်းပြီးဝင်ခြင်ဝင်တာ။ အနိစ္စနဲ့မြင်နေပေးမဲ့ အနန္တနဲ့ဝင်ခြင်ဝင်တာ။
ဒုက္ခနဲ့ဝင်ခြင်ဝင်တာ။ တချို့အပေါ်ကျတော့ပြောင်းသွားခြင်လဲ ပြောင်းသွားတယ်။ လောကီနဲ့ပြောတော့
ဖိုင်နယ်ခေါ်သလား။ (အသက်မွေးဝမ်းကျောင်းခွဲတာ)တက္ကသိုလ်တက်ခါနီး (၁၀)တန်းအောင်တော့ အမှတ်နဲ့လိုင်းခွဲတာလေ။
သူကဆရာဝန်လိုင်း သူက အင်ဂျင်နီယာ သူကဘာလိုင်းဆိုတာ ။ အဲဒီနေရာခွဲတာ(၁၀)တန်းလေ။ ဒါကဆရာဝန်လိုင်း။
ဒါကဘာလိုင်းဆိုတာလေ။ အမှတ်ကခွဲတာ။ သင်္ခါရုပက္ခာအ၀င်ကျမှလမ်းခွဲတာ။ သင်္ခါရုပက္ခာကျတော့တက်တာ။
အဲဒီမှာ ကျမှတော့ ပြင်လို့မရတော့ဘူး။ အသိလေးနဲ့သွားနေရတာ။ ဖြစ်ပျက်ကနူးညံ့ပြီး မြန်လွန်းတဲ့အတွက်
သဲသဲကွဲကွဲ မမြင်တော့ဘူး။ အောက်မှာ အနှေးနဲ့ရိုက်ပြတာ။ အပေါ်ကျတော့ ၄-၅ ၁၀ ချက်လောက်
မှတ်မှတ်ပြီးရင် မှတ်မရတော့ဘူး အသိလေးနဲ့သွားရတာ။ အောက်မှာအမြင်ကြမ်း ခပ်နှေးနှေးပြတယ်။
သင်္ခါရုက္ခာအပေါ်ပိုင်းတော့ အသိနဲ့သွားရတာ။ တက္ကသိုလ်လေ။ ကျက်ရတာမှမဟုတ်တာ သဘောနဲ့သွားရတာ။
(၁၀)တန်းအောက်သာကျက်ရတာကိုး။ အထက်ကျတော့ သဘောနဲ့သွားတာ။ မုံရွာတွေကလယ်တီမျိုးတွေမို့ပြောရတာ။ပြောင်းဖူးလိုဘဲ
ခန္တာက။ ပြောင်းဖူးအထပ်ထပ်ဖုန်းထားတာ။ အတန်းစေ့လားမစေ့လား။ ရင့်လား သိလို့လား။ အထပ်ထပ်ဖုံးထားတာ
မြင်လားအတွင်းကို။ ခန္တာကိုယ်က (၄)ထပ်ဖုံးထားတာ။ အတွင်းကိုမမြင်နိုင်ဘူး။ ၀ိပသနာမဟုတ်ရင်မမြင်နိုင်ဘူး။
အနန္တလက္ခဏာမမြင်ရင် သူ့သဘော သူ့သဘာဝမသိရင် မမြင်ဘူး။ ကိုယ်လုပ်ခြင်သလို လုပ်မရဘူး။ သူဖြစ်ခြင်တာဖြစ်တာ။
ရှုကွက်ထဲဘာဖြစ်ပါစေလုပ်လို့ရသလား။ သူ့သဘောသူဆောင်တာကိုး။ ကိုယ်လုပ်သလိုမရဘူး။ ဒို့ကပွဲကြည့်သမား။
ကိုယ့်ယောဂီတွေဆို
ဒို့ကအော်အော်နေတာ သူ့သဘောသူဆောင်တာက တရား။ ငါတို့သည်က ပွဲကြည့်သမား။ ကိုယ်လုပ်သလိုမပိုင်တာ
ပထမ အနန္တ။ ဘယ်လောက်ကောင်းတယ် ဘယ်လောက်ဆိုးတယ်ကြည့် ဘာမှမရှိဘူး အဲဒါ ဒုတိယအနန္တ။ အဲဒီသဘောမျှသာဆိုတဲ့ တတိယအနန္တမြင်ဘို့တော်တော်ခဲယဉ်းပါတယ်။
ဒီတခုရဲ့သဘောအထိအောင်မြင်ဘို့ကျတော့ သဘောမျှသာဆိုတာ။ တတိယအနန္တကိုမြင်ဘို့တော်တော်ခဲယဉ်းပါတယ်။
အဲဒါကို သာသနာနဲ့ကြုံတုံး ၀ိပသနာနဲ့သွားရမှာမဟုတ်လား။ ၀ိ-ဆိုတာ အထူး ပဿနာဆိုတာ ရှု့တာ။ အထူးရှု့တာ။ ရှုကွက်နဲ့မှတ်စိတ်မလွတ်အောင် စိတ်အရိုင်းကို ကြမ်းကြမ်းသွားခိုင်း
ထုံးပုံခဲပစ်သလိုပေါ့ ထုံးပုံခဲပစ်တာနဲ့ဆိုးတာဗျာ။ ၀ိရိယလွန်တော့ ပျံ့တတ်သည်ဆိုတာ။
ကိုယ့်စိတ်က အကိုင်မခံဘူး။ အဲဒီတော့ စိတ်ကိုလက်သတ်မွေးပြီးချော့ရတာ။ သမထနဲ့လက်သတ်မွေးရတာ။
ရဲစခန်း ဥပမာနဲ့ပြရမယ်။ ရဲစခန်းကအမှုကို
ဖြောင့်ချက်မပေးမခြင်း ချော့မေး ခြောက်မေး။ နည်းနည်းသဲလွန်စရရင် တင်းပြီဗျာ။ သဲလွန်ရရင်းကြမ်းပြီဗျ။
သမထဆိုတာ စိတ်ကြမ်းကိုချော့ရတာ။ ၀ိပသနာကရုံးတင်ခါနီးစစ်တာ နဲ့အတူတူဘဲ။ စိတ်ပူလို့ ကနာမငြိမ်ဖြစ်နေတဲ့အချိန်
ဝိပသနာရှုလို့မရဘူး။သမထနဲ့သွားရတယ်။ စိတ်တည်ကြည်ကြောင်းကို
သူ့ သမာဓိနမိတ်က ပြတယ်။ ကားမောင်းတဲ့သူကကားဒီအတိုင်းမောင်းလား။ ကားမောင်းလာရင် ဆီဘယ်လောက်
ဘယ်နှစ်မိုင်နှုန်းနဲ့ ကားဒိုင်ခွက်မှာ မပြဘူးလား။ အဲဒီလိုဘဲ ရျု့ကွက်နဲ့မှတ်စိတ်တည့်မတည့်
သမာဓိနမိတ်ကြည့်သွားရတာ။ သမာဓိအားကောင်းကောင်းသလို အရောင်အလင်းပြောင်းနေတာ။ သမာဓိနမိတ်ကြည့်ပြီး
စိတ်ကိုမွေးနေရတာ။ မွေးရင်းမွေးရင်း ထိုင်လို့ မိနစ်ပိုင်းလောက်ပေါ်လာတယ်။ အာရုံမှားလို့ဖြစ်စေ
သတိလျော့သွားလို့ဖြစ်စေ…
တရားမှာ မဆုံးပါ။ အခွေတွင်းမှာ ထိုနေရာတွင်ဆုံးသည့်အတိုင်း
အဆုံးသတ်ထားပါသည်။
0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး