Tuesday, May 20, 2014

နေပြည်တော် ဟော်တယ်ဇုံကြားမှ သာသနာအာဇာနည်ဆရာတော်ဘုရားကြီး၏ တောရကျောင်း

လူတို့ဝင်ေ၇ာက်နှောက်ယှက်မှုကြောင့် ကျင့်ြံကံအားထုတ်နေသူတို့ စည်းခြားထား၇ာ  (မ၀င်၇)ဟူသော ဆိုင်းဘုတ်နှင့် ကျောင်းအ၀င်ဝ
ကျမတို့ငယ်စဉ်ဘ၀လေးတုံးက ဒီတောရကျောင်းလေးသွားရင် လှည်းတစ်တန် ကုန်းတစ်တန် ရွံဘွက်တွေ ကြားမှာသွားရပါတယ်။ ယခုခေတ်ကာလမှာ နာမည်ကြီးတဲ့ ဆရာတော်တစ်ပါးဖြစ်တဲ့ ဆရာတော် ဦးဇောတိကကို ၀ိနည်းတွေသင်ယူနိုင်စေဘို့ တောင်ပုလုဆရာတော်ဘုရားကြီးက ဒီတောရကျောင်းလေးကို အုပ်ချုပ်တဲ့ ၀ိနည်းဓိရ်ဆရာတော်ကြီး ဦးတိသရထံကို လွတ်လိုက်လို့ ဒီကျောင်းလေးနဲ့ ၂၀ မိနစ်လောက်လမ်းလျောက်သွားတဲ့နေရာမှာ မဟာမြိုင်ကျောင်းလေးဆောက်လုပ်ပြီး သီတင်းသုံးခဲ့တဲ့ မဟာမြိုင်ဦးဇောတိက(ပျဉ်းမနား)လို့ ဆရာတော်ကသုံးခဲ့တာဖြစ်ပါတယ်။ တစ်ချို့ကတော့ လယ်ဝေးနယ်စပ်ဆိုပြီး လယ်ဝေးလို့လည်း သုံးနှုန်းကြပါတယ်။ အခုဆိုရင် မဟာမြိုင်တောရကျောင်းလေးဟာ ကုမုဒြာဟော်တယ်ရဲ့နောက်ကျောတည့်တည့်မှာ ဖြစ်သွားသလို ထန်းတစ်ပင်ကျောင်းကတော့ ဟိုတယ်ဇုံအကြား လမ်းဘေးမှာ ကျရောက်သွားပါတယ်။ ဆရာတော်ဘုရားကြီး ဦးတိသရဟာ တနေ့မှာ ဒီနေရာတွေဟာ လူတွေကြားရောက်သွားမယ်ဆိုတာ လည်းကြိုတင်မိန့်ခဲ့တာဖြစ်ပါတယ်။ လွမ်းမောစရာ ဟော်တယ်ဇုံကြားမှာ ၀ိနည်းဆောင် ဓုတင်ဆောင် ရဟန်းများဟာ ယခင်ကထက်များလာပြီး တပါးနေကျောင်းလေးတွေနဲ့ အဆောင်အယောင်မဲ့ ၀ိနည်းစည်းကမ်းထိန်းသိမ်းပြီး အစဉ်အလာကောင်းတွေ သာသနာတော်မှာ စောင့်ထိန်းလျက်ရှိနေတာကို တင်ပြလိုက်ရပါတယ်ရှင်

ဝိနည်းဓိရ်ဆရာတော်ဘုရားကြီး ဦးတိသရ (နဘူးကျင်းဆရာတော်)ဟုလည်း လူသိများသည့် ဆရာတော်ဘုရားကြီး၏ ၇ုပ်တု
 
သုတ်သန် ဓူတင်ဆောင်ရန်အတွက် ကျောင်းအတွင်းမြုတ်နှံထားသော ကျမ၏ ကျွေးကျေးဇူးရှင် မိသားစု မှ အဘဥိးလှတင်၏ အုတ်ဂူ

နတ်မောက်မြို့နယ်မှ လှည်းဘူးဆရာတော်ဘုရားကြီးအားး သူငယ်ချင်းဖြစ်သူ အဘဦးလှတင် =ဒေါ်လှမူတို့၏ သမီး ကျမ၏ချစ်သူငယ်ချင်းလည်းဖြစ် ဓမ္မမိတ်ဆေါလည်းဖြစ်သော မထွေးနှင့်အတူ  ဖူးမျှော်ကြစဉ်

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts