![]() |
ဒေါ်နီမြင်းဖြင့် သွားနေပုံ |
ထူးဆန်းတဲ့စိတ်တန်ခိုးများအပြင်
ကျမေ၇းပြခြင်တဲ့အဖြစ်မှန်တစ်ခုက ပဌာန်းဆက်များ အကြောင်းပါဘဲ။ ပဌာန်းဆက်များအကြောင်းတကယ်လက်တွေ့တိတိပပသိခဲ့ခြင်ပါတယ်။
နှစ်တော်တော်ကြာလောက်က သပြေကုန်းမှာ မိန်းမကြီးတယောက်ဆေးကုတယ်လို့ ကြားရပါတယ်။ ဒါပေမဲ့
သိပ်ပြီးထဲထဲဝင်ဝင်မသိခဲ့ ရပါဘူး။ ထူးဆန်းတယ်လို့ဘဲကြားမိပါတယ် ။ လွန်ခဲ့တဲ့ ဇူလိုင်လကတော့
ဆရာတော်ဘု၇ားကြီးမွေးနေ့ ပွဲမှာ ထပ်ကြားလာ၇ပြန်ပါတယ်။ တိုးမပေါက်ဖူး။ တုံကင်နဲ့မှဆိုတဲ့စကားအပြင် ဂေါပကထဲမှ ဦးလေးဦးထွေးမောင်က သပြေကုန်းကမို့မေးကြည့်တော့
သူတုံကင်ယူပေးမယ်။ လက်လုပ်တောင် တောင်ပိုင်ကြီး ၀င်ပူးပြီးဆေးကုတာ။ ဆေးကုတဲ့ ဒေါ်နီကအတိတ်ဘ၀က
သူ့နှမလိုကပြောပြလာပါတယ်။ လာခဲ့လို့ပြောပြီး ကျမတို့ကလည်း မသွားဖြစ်နဲ့။ ဇူလိုင်လကုန်ခါနီးမှာ
အခန်းဘေးက သူငယ်ချင်းက သူရောက်ဖူးတယ်။ တကယ်ထူးဆန်းတယ်လို့ပြောပြပါတယ်။
ိအထူးသဖြင့်
လက်လုပ်တောင် တောင်ပိုင်ကြီးဝင်ပြီးဆေးကုတာမို့ပိုစိတ်ဝင်စားမိပါတယ်။ မဟာဗောဓိမြိုင်ဆရာတော်ဘု၇ားကြီးကိုယ်တိုင်တော်က
တောင်ပိုင်ကြီးက သူ့အသက်နဲ့ပေးပြီး ကာကွယ် သွားလိမ့်မယ်။ ဒါကြောင့် သွားမနှောင်ယှက်ကြစေ၇န်နဲ့
တောင်ပိုင်ကြီးရှိတဲ့မန်ကျီးပင်ကြီးကို အုတ်နဲ့ကာထားဘို့ မိန့်ထားသလို ဆ၇ာတော်ဘုရားကြီးရေးသားတဲ့စာအုပ်မှာတည့်သွင်းရေးသားတော်
မူပါတယ်။ ကျမတို့လမ်းဖောက်လုပ်အားပေးသွားစဉ်ကနတ်တို့ကမ္ဗဇတန်ခိုးနဲ့ မပင်မပန်းဘဲ အလုပ်တွင်အောင်ကူညီလိုက်တဲ့တောင်ပိုင်ကြီး၊
မနှစ်က ဆရာတော်ကြီးမွေးနေ့မှာ ညမှာ လာခဲ့ပါမယ်လို့ နှုတ်ကျွံ့ထားပြီး မနက်မိုး၇ွာလို့ မိုးအေးတော့ ကျမမသွားခြင်တော့ဘဲ
ဆက်အိပ်နေလို့ လိမ့်နေအောင် လှုပ်နိုးတဲ့တောင်ပိုင်ကြီးကို ကျမစိတ်ဝင်စားပါတယ်။
အထူးသဖြင့်နာမ်လောကများရဲ့
တန်ခိုးဟာလည်း ပိုစိတ်ဝင်စားအောင်ဆွဲဆောင်နေတဲ့အတွက် ဇူလိုင်လ နောက်ဆုံးပတ်ရဲ့တရက်မှာ
ဒေါ်နီဆီရောက်သွားပါတော့တယ်။ အိမ်ကျဉ်းကျဉ်းလေးရဲ့ ဘုရားခန်းမှာ လူကအပြည့် ကျမတို့ထက်စောသမှစော။မနက်(၂)နာ၇ီထလာသူနဲ့။
ကားနဲ့အစောကြီးလာစောင့်သူနဲ့။ ညအိပ်ညနေလာစောင့်သူနဲ့။ ကျမတို့က မနက်လင်းမှထသွားတာဆိုတော့
နောက်ကောက်။ဒါနဲ့ ဦးလေးထွေး ကိုလိုက်ရှာတော့ ဘု၇ားဒကာကြီးက သပြေတောင်မဟာစည်ရိပ်သာကသံဃာများ
ဆွမ်းခံအ၀င်မှာ နိဗ္ဗာန်ဆော် လုပ်နေလေရဲ့။ တုံကင်မပေးတော့ဘူးဆိုတော့သူလည်းမတတ်နိုင်။
ကျမကတော့
ဖြစ်သမျှအကြောင်းအကောင်းဘဲဆိုပြီးသိပ်ကြိုးစားမနေဘဲ။ သူများဆေးကုတာကို ထိုင်ကြည့်နေလိုက်တယ်။
ထူးတော့ထူးဆန်းတယ်ခုလိုခေတ်ကြီးထဲမှာ ယုံစရာတောင်ရှိပေဘူး။ ၇င်ပတ်ကို လက်ဝါးနဲ့ခုတ်လိုက်တာ-
အပင်းသွင်းထားတဲ့အစာတွေ ၊အမှိုက်တွေ လက်ထဲပါလာတယ်။ နံစော်နေတာဘဲ။ တဦးနဲ့တဦးမတူဘူး။
အဲဒီထဲကမေးတဲ့သူက ခြံထဲကြည့်ပေးးပါ သန့်ရဲ့လားဆို၇င် ပြားနေအောင်ထိုင်ထားတဲ့ ဒေါ်နီကသူမရဲ့ ဘယ်ဘက်ပေါင်ကိုမြင်းလို တုတ်တုတ်တုတ်တုတ်နဲ့
ကြမ်းပြင်နဲ့ ရိုက်နေ၇တာ။ ခ၇ီးအတို အ၇ှည်အလိုက်တော်တော်ကြာတယ်။ ပန်းအိုးထဲထည့်ထားတဲ့
အင်းချပ် ကျောက်သင်ပုန်းတွေလက်ထဲပါလာ လိုပါလာနဲ့။ ငယ်ငယ်တုန်းက ကြားခဲ့ဘူးတဲ့ အပင်းသွင်းတယ်ဆိုတာကိုထုတ်ပေးတာဘဲလို့နားလည်
လိုက်ပါတယ်။ မြင်၇တဲ့မျက်စေ့တောင် မယုံနိုင်စ၇ာပါ။ ဆေးတောင်း၇င် ဆေးမြစ်တွေ ဆေးမှုန့်တွေ
လက်ထဲ ပါလာတယ်။ ဒေါ်နီဟာ အပင်းထုတ်ပြီးတိုင်းသူ့လက်ကိုတချိန်လုံးဆေးနေ၇တာလည်း ကျမတို့မျက်စေ့
ေ၇ှ့ မှာအမြင်ပါဘဲ။ ဒါကြောင့် အတော်ထူးဆန်းတာပါ။
ကျမတို့လည်းနောက်ဆုံး မနက်(၁၀း၃၀)တောင်ပိုင်ကြီးထွက်သွားမှဘဲ ပြန်ခဲ့ကြပါတယ်။
ဟိုတလောက လက်လုပ်တောင်ကျောင်းကိုေ၇ာက်လို့ ဦးလေးထွေးနဲ့ဒေါ်နီအကြောင်းပြောဖြစ်ကြတော့
တောင်ပိုင်ကြီး က သူ့ညီမဒေါ်နီကို သာသနာပြုရအောင်ပေးတာပါလို့ပြောပြပါတယ်။ဆေးကုတာ(၁၀)နှစ်လောက်၇ှိနေပြီိ-
အခုတလောဆိုရင် အခြားအ၇ပ်ဒေသက ကားတွေ (၇)စီးေ၇ာက်ပြီးဆေးလာကုနေတာ လူအပြည့်ပါဘဲတဲ့။
ဒါကတော့ စရဏနဲ့လည်းမဆိုင်တဲ့
ပဌာန်းဆက်များ၇ဲ့အကျိုးပြုပုံလေးကို သိစေခြင်လို့ ထူးဆန်းထွေလာ အဖြစ်မှန်ကိုရေးသားလိုက်တာဖြစ်ပါတယ်။
မိမိ၇ဲ့ကုသိုလ်ကောင်းမှုကို အမှီပြုပြီးအဆင့်မြင့်သွားကြတဲ့ နာမ်လောကသားတွေဟာလည်း မိမိကိုပြန်လည်ကောင်းကျိုးပြုတတ်ပါတယ်လို့
ကျမဆရာမကလည်း ပြောပြဘူးပါတယ်။ ဒေါ်နီလိုထူးဆန်းတဲ့
ပဌာန်းဆက်တွေလည်း အများကြီး၇ှိပါတယ်။ တချို့ဆို ဆေးဝိဇ္ဇာနဲ့ပဌာန်းဆက်ပါတယ်။
ဘာမှ မသိမတတ်ဖဲ ဆေးကုနိုင်တယ်။နောက် လာဘ်လာဘ နောက်ကို လိုက်ပြီး မဟုတ်တာလည်းလုပ်ရော ဆေးကုတာကို ပြန်နှုတ်သွားတာတို့။ ခေါင်းစွဲဆိုပြီး
အမြင်အာရုံအလိုလို ရဟောနိုင်ပြောနိင်လာလို့ ပိုက်ဆံတွေရလာတော့ နတ်လိုင်းလိုလိုအကြံအဖန်တွေနဲ့
ပွဲတွေထိုးလုပ်လည်းလုပ် လာရော ခေါင်းစွဲကမစွဲတော့ဘဲ ရှုတ်သိမ်းသွားပါလေရော။
ဒါကပဌာန်းဆက်တွေမှာ
ဖြစ်လေ့ဖြစ်ထရှိတဲ့သရုပ်ပါ။ု သတိထား၇မှာလည်း လမိုင်းပါ။ စရဏသိပ်လုပ်တဲ့ သူတွေအောင်မြင်မှာစိုးလို့ပူးသတ်တာ
လမိုင်းဘဲ။ သူတို့က ဟန်ဆောင်ထားတယ်။ ဟိုေ၇ာင်ရောင် ဒီရောင်ရောင် ပြီး၇င်မနောတိုက်ပြီး
ုလို၇ာမေ၇ာက်အောင်ဖျက်တဲ့အဖျက်တွေပါဘဲ။ ဒါတွေကိုတော့ မေတ္တာ သုတ်အရံအတားကလွဲရင်ုခက်ခဲတဲ့လို့
သိထားမိပါတယ်။ သိသမျှဖောက်သည်ချလိုက်တာပါ။
0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး