![]() |
ငြိမ်းချမ်းေ၇းစေတီအပြင်ဘက်မှ မြင်ကွင်း |
![]() |
န၈ါး၇ုံဘုရား |
![]() |
အတွင်းတွင်အဘဘိုးမင်းခေါင်တည်ထားသောဘု၇ား |
![]() |
ဘိုးတော်အောင်မင်းခေါင်၇ုပ်တုနှင့်ပွဲပေါင်း |
![]() |
ဘိုးတော်အောင်မင်းခေါင်ရုပ်တု |
![]() |
ယက္ကန်းစင်တောင် ဘိုးသြဘာသပုံတော် |
နေပြည်တော်က
ဘိုးတော်အောင်မင်းခေါင်ရဲ့ငြိမ်းချမ်းရေးစေတီကို တလောက ကျမသူငယ်ချင်းတယောက် အခက်အခဲ
တစ်ခုကိုကြုံရာမှ ကျမရဲ့ဆရာမဒေါ်ယဉ်မေက ဘုရားမှာ မင်းသုံးပါးပွဲတစ်ပွဲထိုးပေးပါဆိုလို့
ရောက်သွားခဲ့ပါတယ်။ အများအခေါ် အဘ ရဲ့ငြိမ်းချမ်းေ၇းစေတီကိ အဘထွက်ပွဲနေ့မှာရောက်သွားတော့
ပွဲကပြီးခါနီးလို့ကျမေ၇ာက်ပြီးသိပ်မကြာမတင်မှာ သာဓု ခေါ်ပွဲသိမ်းသွားပါတော့တယ်။အဲဒီတုံးက လူကများ
ကျမကလည်းနောက်ကျနေတော့ ပွဲလည်းပြီးရော ရေဆင်းပြန်သွားရပါတော့တယ်။
ကျမဆရာမပြောတာလေး
ဖောက်သည်ချခြင်ပါသေးတယ်။ ဘုရားတွေရောက်ရင် သရဂုံသုံးပါးကို ရွတ်ပြီးတံမြက်စည်လှည်းပါတဲ့။
ကိုယ့်ကိုအတိုက်အခိုက်တွေရှိရင် အဲဒီကုသိုလ်က ရှင်းလင်းအောင် ပံ့ပိုးပေး တတ်ပါသတဲ့။ ပြီးရင် နေ့နံဘုရားတွေကို ရေသပ္ပါယ်ပါတဲ့။ ကျမကတော့
မိုးအေးတဲ့အခါတို့ ရာသီဥတုအေး၇င် ရေသပ္ပါယ်လေ့မရှိပါဘူး။ မြတ်စွာဘုရားကို သက်ရှိထင်ရှားလိုသဘောထားတဲ့အတွက်ပါ။
ကျမယခုတလောဘိုးတော်အောင်မင်းခေါင်ဘုရားကို
အပတ်တိုင်းလိုရောက်ပါတယ်။ ပျဉ်းမနားသွားတိုင်း ၀င်ပြီးစရဏလုပ်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာက
ကျမညောင်ဦးကို သွားခဲ့တာလေး ကြားဖြတ်ပြောပြ
ခြင်ပါတယ်။ ညောင်ဦးမသွားးခင်မှာ ကျမဆ၇ာမက အဘကိုခိုင်းတယ် ဆွမ်းကျိုင့်တကျိုင့်ကပ်ပေးပြီး
မမြင်ရတဲ့ဘ၀ကအဆက်က ကျွတ်မဲ့သူကိုအမျှပေးဝေလိုက်
ပြီးရင် ငါ့ဘု၇ားတောင်ဘက်ကိုသွား။ ထူးခြားတာတွေ့လိမ့်မယ်လို့ မိန့်ခဲ့ပါတယ်။ ငါ့ဘုရားဆိုတာ ညောင်ဦးငှက်ပစ်တောင်က
ရှင်တစ်ထောင်ဘု၇ား ကိုဆိုခြင်တာပါ။ ကျမက ဇေတ၀န်ကျောင်းကိုသွားနေကြဆိုတော့ အဲဒီဘု၇ားက
ဇေတ၀န်ကျောင်းနဲ့လမ်းဘဲခြားပါတယ်။ ညောင်ဦးေ၇ာက်တော့ ဆွမ်းကျိုင့်တစ်ကျိုင့်နဲ့ ငှက်ပစ်တောင်ဝန်းထဲက
သုံးထပ်ကျောင်းကိုသွားလိုက်ပါတယ်။ သုံးထပ်ကျောင်းဆ၇ာတော် တခြားကြွနေတာကြောင့် ဦးဇင်းကိုအ
ကျိုးအကြောင်းပြောပြပြီးအမျှဝေခဲ့ရပါတယ်။ ပြီးမှ ဇေတ၀န်ကူးခဲ့ရ ပါတယ်။ ဇေတ၀န်ကျောင်းေ၇ာက်တော့ ကျမဆ၇ာတော်နဲ့စကားစမည်ပြောလျှောက်ထားပါတယ်။
ဆရာတော် မိမိအဆောင်ပြန်ကြွသွားတော့
ငါ့ဘုရားတောင်ဘက်ဆိုတာကို သွားသတိ၇မိပါတယ်။ မိုးတွေက စရွာနေပါပြီ။ ဒီတော့ ရှင်တစ်ထောင်ကိုမသွားခြင်တော့ဘူး။
ဒါပေမဲ့ မသွားဘူးလုပ်ကာမှ စိတ်တပိုင်းက သွားခြင်နေတယ်။ ငှက်ပစ်တောင်ပတ်ဝန်းကျင်မှာလည်း
ဘုရားတောင်ဘက်ဆိုပြီးမထူးခြား။
၇ှင်တစ်ထောင်ဘု၇ားဟာဘိုးတော်အောင်မင်းခေါင်နုစဉ်က
တည်ထားတဲ့ ဓါတ်သားဆန် စိန်ဖူးတော် ဇလုံ ပုဂံ ကြာမှောက်ဘု၇ားလို့ ကျမေ၇းခဲ့ဘူးပါတယ်။
ကျမလည်း အောက်မှာ အခန်းလေးတွေရှိတာမို့ တ၇ားထိုင်မယ်
ဆိုပြီး ၀င်သွားလိုက်တာကျမ၀င်သွားတဲ့ အခန်းအကန့်မှာ ငှက်ပျောပွဲ အကျအနနဲ့ လဘက်ေ၇၊
သောက်တော်ေ၇။ မျက်နှာသစ်တော်ေ၇၊ ပုတီးကြီးကလည်း ဧရာမကြီး။ ဒီပုတီးမျိုးကို ကြားသာကြားဖူးတာ
လက်တွေ့အကြီးကြီးအခုမှမြင်ဘူးတယ်။ ပုတီးက ပိတုန်းခေါင်းနဲ့ ဓာတ်ယူထားတဲ့ပုတီး။
ဒါနဲ့ကျမလည်း
စိပ်ဖူးတယ်ရှိအောင် စိပ်လိုက်တော့ လက်ကိုမြှောက်ပြီးခက်ခက်ခဲခဲစိပ်ခဲ့ရပါတယ်။ ကြေးစည်ကလည်း
အဆင်သင့်မို့ ကြေးစည်တီးအမျှဝေခဲ့ပါတယ်ရှင်။ ထူးခြားမှုဟာ ဒါဘဲလို့လည်း သဘောပေါက်လိုက်ပါတယ်။
ကျမ၀င်သွားတဲ့အခန်းလေးဟာ ဘု၇ားတောင်ဘက်ဖြစ်နေလို့ပါ။
ပျဉ်းမနားက
ဘိုးမင်းခေါင်ဘု၇ားမှာ အဘရုပ်တုကတော်တော်ကို နှဖူးအတွန့်များတယ်။ အဘက ဓာတ်ပုံထဲမှာ
ရုပ်မဆိုးဘဲ ပန်းပုဆရာလက်၇ာက ၇ုပ်ဆိုးစေတယ်။ အဲ အဘရုပ်ထုကို အိမ်တွေကပင့်ကြတယ်။ ရှမ်းအိုးစည်အဖွဲ့လည်းပါရဲ့။
အရင်ကလှည့်နေတာတွေ့ဘူးခဲ့တာပါ။
ပွဲတွေကတော့
၇က်စက်တယ်။ (၁၀၈)ဖီးပွဲတွေ အဓိဌာန်ကြောင့် မစွန့်ရစာကပ် ထားတဲ့ပွဲတွေ ပုံထဲမှမြင်ရတဲ့အတိုင်းပါဘဲ။
အဘဘုရားက ရွာကောက်ထဲမှာရှိတယ်။ ဈေးကုန်းကျောင်းကနေ ချိုးပြီးမှ မြို့ထဲ ၀င်တဲ့တံတား
(၂)ခုမှာအတွင်းဘက်တံတားဘက်မှာမှ ရှိတဲ့အတွက်
အေ၇ာက်အပေါက်နည်းကြတယ်ဆိုပေမဲ့ သက်ဆိုင်တဲ့သူတွေကတော လာတ၇ားထိုင် ပုတီးစိပ်နေကြတာပါဘဲရှင်။
0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး