Sunday, October 27, 2013

နှုတ်ကြောင့်ဖြစ်ရသော အကျိုးဆက် ကြောင်နက်


ကျမဟာ မြင်းခြံ ခုနှစ်ရာခိုင်ဘုန်းကြီးကျောင်းအတွင်းမှာရှိတဲ့ ဘုန်းဘုန်း ဦးသုဇာတ မြေထုန်ကူးတဲ့ အကြောင်းကို အမှန်အတိုင်း သိထားမြင်ထားခဲ့တဲ့သူတွေကို မေးမြန်းပြီး ပို့စ်တင်ခဲ့ပါတယ်။ အခုအပေါ်ပုံက ကြောင်နှစ်ကောင် အမဲလေးတွေက အဲဒီကျောင်းက ဦးဇင်းရဲ့ အခန်းမှာရှိနေတဲ့ ကြောင်နက် (၂)ကောင်ပါ။ ကျမသွားတရားထိုင်တုံးက ကြောင်နက်တွေကို ဓါတ်ပုံရိုက်လာတာဖြစ်ပါတယ်။ အဲဒီတုံးက ဦးဇင်းကို ကျမက ကြောင်နက်တွေလိုခြင်ကြောင်း၊ ကျမက ကြောင်ချစ်တတ်ပြီး ကြောင်နက်များသည် စွမ်းသည်ဟု ပြောစမှတ်ရှိကြောင်း၊ နီးနေသော် ဖမ်းခေါ်သွားခြင်တယ်။ ဝေးနေတော့ ကြောင်တွေက ကားစီးတဲ့ခရီး မြင်းခြံ နဲ့နေပြည်တော်မှာ ပြသနာတက်မှာလို့ လျှောက်မိပါတယ်။ ဦးဇင်းကလည်း သူက ကြောင်ချစ်လို့မဟုတ်ဖူး။ ကြောင်တွေက မွေးနေလို့သာ ကျွေးထားတာလို့ပြန်ပြောခဲ့ပါတယ်။

ဒီပုံကလည်း မြင်းခြံ ခုနှစ်ရာခိုင် ဦးဇင်းရဲ့အခန်းမှာ နေနေကြတဲ့ ကြောင်နက်ပါ။





ပါးစပ်မဆော့နဲ့ ပါးစပ်မဆော့နဲ့ လို့ ကျမအဖွားက ခဏခဏပြောဖူးပါတယ်။ နှုတ်ကြောင့်ကျေ၊ လက်ကြောင့်သေဆိုပြီးလည်း ခဏခဏ ပြောဖူးတယ်။ ငယ်ငယ်တုံးက ကြားကြာ်းနေတာပါ။ ကျမတို့က ဘာသာရေးလိုက်စားတော့ စကားပြောရင် နည်းနည်းလေး ကလီကမာပြောတဲ့အတတ်ကို မပြောတတ်ကြ တော့ အပြောမချိုဘူးဖြစ်နေတယ်။ စကားကိုလည်း တည့်တည့်ဘဲပြောတတ်တယ်လေ။
အပေါ်က ကြောင်နက်တွေလိုခြင်တယ်လို့ ပြောလိုက်မိတာ ဒီပါးစပ်ကြောင့် ၀ါဆိုလပြည့်ကျော်(၁)ရက်နေ့ မတိုင်ခင် ပြုလုပ်တဲ့ မဟာဗောဓိမြှို်င်ဆရာတော်ဘုရားကြီးမွေးနေ့အကြို တရားစခန်းပွဲမှာ ဝေယျာဝစ္စသွားကူ ပြီး ပြန်လာရော အိမ်က ကြောင်မလေးက ကလေးမွေးဘို့ စောင့်နေပါလေေ၇ာ။ သူတို့ က ကျမခရီးထွက်နေရင် ခရီးပြန်လာတာနဲ့ သူတို့ ကိုယ်ဝန်ကို မွေးတော့တာပါဘဲ။ ကျမကလည်း ကြိုသိနေတော့ ကျောင်းမှာ ဒီကပြန်ရင် အိမ်က ကြောင်က ခလေးမွေးမယ်ထင်တယ်လို့ပြောမိပါရဲ့။
ကျမကြောင်နာမည်က ကျုတ်ကျုတ် ။ သူက ခပ်ကြားကြား သစ်ကျုတ်နဲ့တူလို့ ကျုတ်ကျုတ်လို့မှည့်ထားတာပါ။ သူခလေးမွေးတော့ အနက်(၂)ကောင်မွေးလာတယ် အမလေးတွေပါ။ ကျမက မွေးစကသိပ်မတွေးမိဘူး။ နောက် ဇူလိုင်ကနေ စက်တင်ဘာလထဲရောက်တဲ့အခါမှာ တကောင်က ထူးထူးခြားခြားသိပ်ဆော့သလို သူတို့မျက်လုံးတွေက တကောင်က ၀ါဝါ တကောင်က စိမ်းဝါ။ နက်နက် နဲ့ မဲမဲလို့ နာမည်ပေးလိုက်ပါတယ်။ အစကပေးထားတဲ့နာမည်က တာလီဘန်နဲ့ ဘင်လာဒင်ပါ။
နောက်တော့ အင်း ဘိုးသုဇာတက ကျမကြောင်နက်တွေရေဆင်းခေါ်သွားခြင်တယ်ဆိုလို့ ဖန်တီးလိုက်တာ လားလို့တွေးမိလိုက်ပါတယ်။ ၀ိဇ္ဇာဆိုတာစွမ်းတယ်မဟုတ်လား။






အပေါ်က ဇတ်ကားကြည့်နေတာက နက်နက်ပါ။ အောက်ပုံက ပထမပါ။ အပေါ်ပုံက ဒုတိယပုံပါ။ ဒီကားက ချွိကုန်းဇတ်ကား တရုပ်ဘိုးတော်ကားပါ။ ဖယ်ခိုင်းလည်း မဖယ် ။ ဟိုဘက်တိုးရင် ဒီဘက်ပြန်တိုး။ အောက်ဆင်းခိုင်းရင် ပြန်တက်လာနဲ့ သဲကြီးမဲကြီးကြည့်တာ (၃၀-၉-၂၀၁၃) နေ့ကဖြစ်ပါတယ်။ အဲဒီမတိုင်ခင် ၂၄-၉-၂၀၁၃ က ဖိုးချစ်ကတာကို အတင်းတိုးခွေ့ပြီးကြည့်ပါတယ်။ ကျမက အသံဆိုတဲ့ အာရုံ အရုပ်တွေ ဟိုလှုပ်လှုပ် ဒီလှုပ်လှုပ်မို့ ကြည့်တယ် လို့ ပထမက ထင်ခဲ့ပါတယ်။ ဒါကြောင် ဖိုးချစ်ကို သူကြည့်တုံးက စိတ်ထဲ သိပ်မထူးဆန်းပါဘူး။ သို့ပေမဲ့ ခဏလေးကြည့်ပြီး ဆင်းသွားတာမဟုတ်ဖဲ အကြာကြီး သူကြည့်နေပါတယ်။







ဖယ်ခိုင်းတာကို မဖယ်ခြင်လို့ လုပ်နေတာပါ။
ဖိုးချစ်က တာကို ကြည့်နေတာပါ။


လူရွှင်တော်တွေ မင်းသမီးကတာတွေကြည့်နေတဲ့ နက်နက်ဆိုတဲ့ကြောင်


တရုပ်ဘိုးတော် ချိကုန်းကို အားပေးနေတဲ့ နက်နက်ပါ။
သူ့ကိုကြည့်ပြီး သာမာန်မဟုတ်တာကို တော့ သတိထားမိလိုက်ပါတယ်။ သူဟာ တော်တော်ကို တီဗွီကြိုက်တဲ့ လူကနေတဖြစ်လည်းတဲ့ကြောင်မလေးဘဲဖြစ်မှာပါ။ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး သတိပေးပေးနေတဲ့ ခေါင်းတွေပြောင်းပေါင်းလည်း များပြီဗျာ။ ခေါင်းပြောင်းတဲ့ ဘ၀ပေါင်းလည်း များပြီဗျာ ဆိုတာကို သွားသတိရမိပြီး သံဝေဂ ရမိပါတယ်။ နောက်ရက်တွေမှာလည်း ကျမကွန်ပြူတာဖွင့်ရင် သူလာကြည့်ပါသေးတယ်။ အလုပ်လုပ်နေတယ်ဆိုရင် သူ့ဖာသာသူဘဲနေပါတယ်။ အစားအသောက်ကို လည်း ငမ်းငမ်းမတက်ပါဘူး။ သူနဲ့ အတူမွေးတဲ့ မဲမဲဆိုရင် အစားဆိုရင် အသံတွေထွက် တဂီးဂီးနဲ့ လှမ်းလှမ်းကိုက်ပါတယ်။ သူကတော့ အသေဆော့ပါတယ်။ ရုပ်ရှင်လည်းကြိုက်ပါတယ်။
ထူးဆန်းတာကလည်း ခုနှစ်ရာခိုင်နဲ့ဆက်စပ်နေတာပါဘဲ။ သံသရာကြီးဟာ ထူးဆန်းသလို ကြောက်စရာလည်း ကောင်းလှပါတယ်။ စိတ်ကိုပိုင်သူနိုင်သူတွေကတော့ စိတ်တန်ခိုး သတ္တိများနဲ့ နောက်ဆုံးနိဗ္ဗာန်အထိတောင် စံဝင်ကုန်ကျပါတယ်။ အရိယာများလည်း ဖြစ်ကုန်ကြပါတယ်။
ကိလေသာရဲ့နှောင်ဖွဲ့မှုတွေဟာ အနှစ်(၂၀)လည်း မကျွတ်လွတ်ကျ ၊ နှစ်ပေါင်းများစွာ ဘ၀တွေကို တွယ်တာရင်း ကျွတ်ပြန်တော့လည်း တိရိစ္တာန်ဖြစ်ရရင်တော့ မဟန်လိုက်တာပါလားလို့ရှင်။
မေတ္တာဖြင့်

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts