Tuesday, April 2, 2013

ုမြန်မာပြည် အလွမ်းပြေ ဘုရားတန်ဆောင်း ဂူကျောင်းများ

ဒါ

ကိုးထပ်ကြီး ဘုရား

ရှင်အဇ္ဇဂေါဏဘုရား

မန္တလေး မဟာမြတ်မုနိ


တနေ့တခြား ရွှေသားများဖြင့် အိစက်လာသည့် မဟာမြတ်မုနိဘုရားအားယှဉ်ပြထားပုံ

ရွှေတိဂုံ တနင်္လာဒေါင့်က ဓမ္မစေတီမင်းတည်ထားတဲ့ ဓမ္မစေတီဘုရား အဓိဌာန်ပြည့်တယ်လို့ နာမည်ကြီးသလို အဓိဌာန်ဝင်သူတွေဟာလည်း အမြဲတမ်းအပြည့်။ ဒါပေမဲ့ဘုရားစောင့်တဲ့ အမျိုးသမီး လုံခြုံရေးတွေကိုတော့ မျက်စေ့နောက်မိတယ်။ လွန်ခဲ့တဲ့ (၈)နှစ်တုံးကအလွန်စည်ကား ပွဲတွေများသလောက် အခုတော့ ပွဲတွေခြောက်ခြောက်၊ လှူထားတဲ့ ရတနာတွေလည်း ခြောက်ကုန်တယ်လို့ သတိထားမိတယ်။ ဓမ္မစေတီပုံဟောင်းတွေကို သီးခြားတင်ပေးပါမယ်။

အသစ်ပေါ်လာတဲ့ တနင်္လာဒေါင့်နားက ဘိုးတော်အောင်မင်းခေါင်ပေါ့။ ပါးစပ်ထဲကို စီးကရက်တွေ အတင်းတပ်ကြလို့လားမသိဘူး အခုတော့မှန်ခန်းနဲ့ တခမ်းတနားပါဘဲ။ ပွဲတွေလည်း အများကြီး ။ မဟိန္ဓိဝိဇ္ဇာတွေက တန်ခိုးရှိတော့ ကောင်းကောင်းပသထားတာတွေ့ရပါတယ်။

ရွှေတိဂုံ၊ တောင်ဘက်မုဒ်က ၀ိဇ္ဇာတန်ဆောင်းထဲမှ ၀ိဇ္ဇာများ၊ ရှင်အဇ္ဇဂေါဏ ဆရာတော်ဘုရားကြီးဟာ ရန်ကုန်လို ရွှေမြို့တော်မှာ ကြွားကြွားဝံ့ဝံ့နေနိုင် အပူဇော်ခံနိုင်ပေးမဲ့ ညောင်ဦးမှာတော့ ဘာများမှားနေလို့ ရှင်အဇ္ဇဂေါဏဆရာတော်ဘုရားကြီးရဲ့ ကျောင်းတော်ကို ပိတ်ခံထားရသလဲ မသိပါဘူး။ သာသနာရေး ဥပဒေဆိုရင်လည်း ဟိုတမျိုး ဒီတမျိုး မြန်မာပြည်ထဲမှာ မဖြစ်သင့်ဘူးထင်ပါတယ်။ ဒီလိုအသေးအမွှားလေးတွေဘဲဖြစ်ဖြစ် ဆင်ခြင်သင့်လှပါတယ်။ လွတ်လပ်ခွင့်ပေးရင်လည်း တစ်ပြေးညီတော့ဖြစ်သင့်ပါတယ်လို့။

နွေရာသီစာမေးပွဲတွေ အပြီး ရှင်ပြုကြတဲ့ မောင်ရင်လောင်းတွေကို ဗိုလ်တစ်ထောင်ဘုရားမှာ တွေ့မြင်ခဲ့ရတယ်။

ဒါကလည်း ၀ိဇ္ဇာတန်ဆောင်းထဲက ဘုရားရှင်နဲ့ထွက်ရပ်ပေါက် ၀ိဇ္ဇာများ

ဝိဇ္ဇာတန်ဆောင်း

ဝိဇ္ဇာတဆောင်း ဘိုးတော်အောင်မင်းခေါင်ရဲ့ ကျောဘက်က ယက်ကန်းစင်တောင်ဆရာတော်ဘုရားကြီးဖြစ်ပါတယ်။

တနင်္လာဒေါင့်နည်းနည်းလေးလွန်သွားရင်တွေ့ရတဲ့ လောကပါလပါရမီရှင်များ၏ ဘုရား


ယက်ကန်းစင်တောင်ဆရာတော်ဘုရားကြီးနှင့် ဘိုးဘိုးအောင်

ဆေးလိပ်တွေကို ပါးစပ်ထဲ အတင်းတေ့ကျ  ကွမ်းယာတွေကို ပါးစပ်ထဲ အတင်းထည့်ကြလို့လားတော့ မသိဘူး ဒီတခါရောက်တော့ အဘဘိုးမင်းခေါင်က မှန်ခန်းနဲ့ဖြစ်သွားပြီ။ ကဲလည်းကဲ သဲလည်းသဲကြပါပေ့။
တခါမှ ရှေ့ဘက်မျက်နှာကို မကြည့်ဖူးခဲ့ပါဘူး။ ဒါပေမဲ့ ဒီတခါတော့ ရန်ကုန်မှာ သားဆုပန်ဆုတောင်းကြတဲ့ လောကပါလ မယ်တော်ကြီးကို သူမနဲ့ ပဌာန်းဆက်ရှိသူများအတွက် ရည်ရွယ်ပြီး ရှေ့တည့်တည့်ကနေ ရိုက်ကူးပြီး တင်ပေးလိုက်ပါတယ်။

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts