Tuesday, April 2, 2013

ပီတိမှသည်…ဘ၀ပန်းတိုင်ဆီသို့


မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး ဆွမ်းခံနေစဉ် ရှုမှတ်အားထုတ်နေပုံ နှင့် တရားဟောနေပုံ




ပီတိမှသည်…ဘ၀ပန်းတိုင်ဆီသို့
လောကအတွင်း ချဉ်းနင်းဝင်ရောက်လာမိသူတိုင်း

  • ·        အားဟူသည် ရှိစမြဲ၊ ရုပ်ဓာတ် စိတ်ဓာတ်ကိုမှီ၍ ၊
  • ·       ၀န်းကျင်ဟူသည် ရှိစမြဲ၊ အပေးအယူကိုမှီ၍ ၊

ထိုအား ထိုပတ်ဝန်းကျင်တို့၏ အကြားတွင်ကား
အနိုင်အရှုံးများလည်း ပေါ်ပေါက်လာစမြဲချည်းသာ။
  • ·        လူလျှင် လူချင်း သို့မဟုတ် စိတ်ဓာတ်ချင်း
  • ·        တစ်ဦးနှင့်တစ်ဦး သို့မဟုတ် သဘာဝတရားနှင့်မိမိ

အားချင်းမတူသော ဆက်ဆံခြင်းမှန်သမျှ အနိုင်အရှုံးသို့သာ။

ဥာဉ်၊ စရိုက်ချင်းမတူသော ဆက်ဆံခြင်း မှန်သမျှ အနိုင်နှင့်အရှုံးသို့သာ။

  • ·        အားချင်းမတူလျှင် အားကြီးသူက စားစမြဲ၊
  • ·        အားချင်းတူလျှင် ဥာဏ်သာသူက စားစမြဲ၊

ဘ၀တစ်ခု၏ လောကအကြား သင်တို့၏ အစီးအပွားများသည်

တဏှာရမ္မက် ကာမဘက်၌ လေလော။

ကာမ၀ဋ်ဖျက် ဓမ္မဘက်၌ လေလော။

(မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး)

သာသနာတော်အတွက်ဆိုသည့် ဦးတည်ချက်ခြင်းတူသောလည်း စိတ်ဓာတ်ချင်း၊ အယူအဆခြင်း မတူသော သူများအားလုံး၊ ပဋိပက္ခဖြစ်နေသူများအားလုံးနှင့် ဗုဒ္ဓစေတမာန်မှ ကွန်ပြူတာပညာရှင် ဘိက္ခူဣန္ဒောအတွက်  

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts