Monday, April 1, 2013

ဗိုလ်တစ်ထောင်ဘုရားက အမတော်မြနန်းနွယ်အား နားပူနားဆာတိုက်နေကြသူများ၊ ဥပုဒ်စောင့်မည့် အမတော်

ဗိုလ်တစ်ထောင်ဘုရားမှ ဆံတော်တွင်း ဘုရားအားကြည်ညိုဖွယ်ရာဖူးမြင်ရစဉ်

ဗိုလ်တစ်ထောင် အမတော်မြနန်းနွယ်နန်းဆောင်တွင် ချိတ်ဆွဲထားသော အမတော်မြနန်းနွယ်၏ မွေးနေ့ပုံတော်များ

မဟာ ကရုဏာရှင် စွမ်းအားရှင် မေတ္တာရှင် သာသနာ၏ လမ်းပြကြယ်စင် အစ်မတော်မြနန်းနွယ်၏ (၁၀၆)နှစ်မြောက် မွေးနေ့မင်္ဂလာပုံတော် ပလစ်စတစ်များအုပ်ထားသဖြင့် ပုံများတွင် အရောင်ပြန်နေခြင်းဖြစ်ပါသည်

အမတော်မြနန်းနွယ်နန်းဆောင်တွင် ပုဝါ၊ နို့၊ ပေါက်ပေါက်တို့ဆက်ရန် တန်းစီစောင့်နေကြသော ပရိတ်သတ်အား မြင်တွေ့ရစဉ် (၃၀-၃-၂၀၁၃) နေ့မြင်ကွင်း။

အမတော် ပင့်ဆောင်လာသည်ဟု သမိုင်းမှတ်တမ်းရှိသော အမတော်မြနန်းနွယ်နန်းဆောင်အတွင်းမှ ဘုရား

အမတော်မြနန်းနွယ်အကြောင်းကို ထိုင်းနိုင်ငံမှ စာစောင်တွင် ဖော်ပြထားသည်ကို ဘုရားဂေါပကမှ ဘုတ်ပေါ်တွင် ကပ်ထားသည် ကိုရိုက်ကူးခဲ့သောပုံဖြစ်ပါသည်။ အမျိုးသမီးတစ်ဥိးအမတော်၏ နားအနားသို့ကပ်၍ ဆုတောင်းနေပုံ။ တနေ့တနေ့ အမတော် တော်တော်နားငြီးမှာဘဲလို့ စဉ်းစားမိပါတယ်ရှင်။ ဒါပေမဲ့ နိုင်ငံခြားသွားမဲ့သူတွေ ရေခြားမြေခြားကသူတွေကတော့ လုံးဝယုံကြည်ပြီး ဆုတောင်းကြ လှူကြ ဆန္ဒတွေလည်းပြည့်ဝကြတယ်လို့ပြောပါတယ်။ ကျမကတော့ နဂါးဘုရားပုံကို ကျမဖုန်းလေးထဲကပုံလေးကို မျက်နှာရှေ့မှာ ကပ်ပြပြီး သာသနာအလုပ်တွေလုပ်ရာမှာ ကူညီပေးပါလို့ဘဲ ဆုတောင်းခဲ့ပါတယ်။ ကန်တော့ခြင်းတော့ မလုပ်ခဲ့ပါဘူး။ သို့သော် ကျမပြုသမျှ ကုသိုလ်ကိုတော့ အမျှပေးဝေခဲ့ပါတယ်။ ပထမဦးစွာ ဆံတော်တွင်းက ဒေါင့်လေးတစ်ဒေါင့်မှာ တရားထိုင်လိုက်ပါတယ်။ ဒီအကြားထဲမှာ မီးကပျက်သွားတဲ့အတွက် ဂေါပက အဖွဲ့ရုံးမှ လက်နှိပ်ဓါတ်မီးလေးတွေနဲ့ စရဏလုပ်နေသူတွေကို အပြင်ထွက်ပေးဖို့ မေတ္တာရပ်ခံပါတယ်ရှင်။ အော် နေပြည်တော်နဲ့ ရန်ကုန် လျှပ်စစ်မီးရမှုမှာ တော်တော်ကွာခြားကြပါလားလို့ တွေးမိလိုက်ပါတယ်ရှင်။ မီးပျက်သွားတာနဲ့ အထဲမှာ တော်တော်မှောင်နေတာကို တရားဖြုတ်လိုက်တော့ သိရပါတယ်။ ပြုသမျှကုသိုလ်ကို အမတော်ကို အမျှပေးဝေလိုက်ပါတယ်။ အမတော်ရဲ့အကြောင်း စာအုပ်လည်းထွက်နေပါတယ် တန်ဘိုးက သုံးထောင်ကျပ်ပါ။ ၀ယ်တော့ မ၀ယ်ဖြစ်ခဲ့ပါဘူးရှင်။ အမတော်ကိုယုံကြည်ကြတဲ့သူတွေအတွက် ဒီပို့စ်လေးကို တင်ပေးလိုက်တာဖြစ်ပါတယ်။ အမတော်ကို နားပူနိုင်ဘို့အတွက် ကျမအိမ်မှာ အရင်တည်းက ရှိနေတဲ့ အမတော်ရဲ့ပုံတော်နှစ်ပုံကို ထပ်တင်ပေးလိုက်ပါမယ်။
ကဲ ပြောထားတဲ့ ဂတိအတိုင်း အမတော်မြနန်းနွယ်ရဲ့ ပုံနှစ်ပုံကိုတင်ပေးလိုက်ပါတယ်။ အဲဒီပုံတွေက အိမ်မှာ အရင်ထဲက ရှိနေခဲ့တာပါ။ အမတော်ကို မေတ္တာပို့ အမျှဝေတဲ့အထဲမှာ ကျမလည်းတစ်ဦးအပါအ၀င်ပါ။ ဒါပေမဲ့ အနားသွားပြီး တိုးတိုးတိတ်တိတ် နားပူနားဆာတိုက်တဲ့အထဲမှာတော့ ကျမမပါပါဘူး။ အမတော်က ဥပုဒ်ရက်ရှည်တွေစောင့်လေ့ရှိပါတယ်တဲ့ရှင်။ အဲဒီလို ဥပုဒ်စောင့်တဲ့အချိန်ကာလမျိုးဆိုရင် အမတော်ကို အမြဲ ဆင်ယဉ်ထားတဲ့ တန်ဆာတွေအကုန်ဖြုတ်ပြီး ကတုံးလေးနဲ့ သီလရင်လေးဝတ် ယောဂီတဘက်ကလေးနဲ့ ကို ပုံမှာမြင်ကြရမှာပါ။ အမတော်ကို စိတ်ဝင်စားတဲ့ အမတော်နဲ့ အဆက်ရှိနေကြတဲ့ အမတော်ထံက အကူအညီလိုတဲ့ အဝေးရောက်နေတဲ့သူတွေ (ပြည်တွင်း၊ ပြည်ပ)အားလုံးကို အွန်လိုင်းပေါ်ကနေ ပုံတော်တွေမျှဝေလိုက်ပါတယ်။ အမတော်ဟာ သက်ဆိုင်ရာဆရာတော်ဘုရားကြီးများကို အိမ်မက်ပေးလေ့ရှိသလို သူမနဲ့ ပဌာန်းဆက်အရမ်းနီးတဲ့ သူတွေကိုလည်း အိမ်မက်ပေးလေ့ရှိပါသတဲ့ရှင်။
နန်းဝတ်နန်းစား အပြည့်ဖြင့် အမတော်မြနန်းနွယ် မွေးနေ့ပွဲတွင် ဂျစ်ကားပေါ်တင် လှည့်လည်စဉ်

ဥပုဒ်ဆောင်ဝင် ဥပုဒ်စောင့်မည့် အမတော်မြနန်းနွယ်

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts