Monday, April 1, 2013

ဲပြည်မြို့သို့ ခရီးသွားမှတ်တမ်း

 ၂၅-၃-၂၀၁၂ နေ့တွင် ညောင်ဦးမြို့မှ တဆင့်ခရီးစဉ်ဆက်လိုက်လာရာ ပခုက္ကူ ဧရာဝတီမြစ်တကျော ကားဖြင့် တစ်လမ်းလုံး မှတ်တမ်းများ ယူလာရာ မကွေးသို့နေ့ခင်း(၂)နာရီခန့်တွင်ရောက်ခဲ့ပါသည်။ သို့ရာတွင် ညအိပ်ရပ်နားရန် အစီအစဉ်မရှိသဖြင့်မကွေးမှ (၅)နာရီခရီးမောင်းနှင်ရသော ပြည်မြို့သို့ ရောက်ရှိခဲ့ပြီး ပြည်မြို့ ဟော်တယ်တိုညအိပ်တည်းခိုခဲ့ပါသည်။ ၂၆-၃-၂၀၁၂ မနက်စောစောထပြီးသော် ကျမတို့ အဖွဲ့သည် ဆရာ ဦးသန်းအေး ၏ ဦးဆောင်မှုဖြင့် မှတ်တမ်းကောက်ယူသောခရီးမစမှီ ပြည်မြို့ ရွှေဆံတော်ဘုရားနှင့် န၀ဒေးတံတားကိုဖြတ်၍ ရွှေဘုံသာမုနိ ဘုရားကို ဖူးမျှော်ခဲ့ရပါသည်။ ခရီးသွားရာမှ ရိုက်ကူးလာသော ပုံတော်များအား ဓမ္မသာလာပရိသတ်များအတွက် တင်ပေးလိုက်ပါသည်ရှင်။


ပြည်မြို့ရွှေဆံတော်ဘုရားပေါ်က ရှမ်းလူမျိုးတွေလှူဒါန်းသွားတဲ့ နှီးဘုရား

ပြည်မြို့ ရွှေဆံတော်ဘုရားအား (၂၅-၃-၂၀၁၃) ဖူးမျှော်ရသည့် မြင်ကွင်း အောက်မှ ထီးတော်မှ မြန်မာတို့ထီးဖြစ်ပြီး၊ အထက်အဆင့်ထီးတော်မှာ မွန်တို့လှူဒါန်းထားသော ထီးတော်ဖြစ်ပြီး ထီးတော်နှစ်ဆင့်ဖြင့် ထူးခြားသောဘုရားဖြစ်ပါသည်



ရွှေဆံတော်ဘုရားပေါ်မှာ မြင်တွေ့ခဲ့ရတဲ့ ဘုရားရှင်အားပူဇော်ထားတဲ့ ပွဲများ
ပြည်ရွှေဆံတော်ဘုရားပေါ်မှ ဖူးမြင်ရသည့် ဆယ်ထပ်ကြီးဘုရား







ရွှေဆံတော်ဘုရားပေါ်မှ မှုန်မှုန်ရေးရေး မြင်ရတဲ့ န၀ဒေးတံတား မြင်ကွင်း

ပြည်မြို့တဖက်ကမ်း န၀ဒေးကိုကျော်ပြီး သွားရင်မြင်ရသည့် မုနိလေးဆူ ဟု ပြောကြသော ရွှေဘုံသာ မုနိဘုရားတွင် တည်ထားကိုးကွယ်ထားသည့် မဟာမြတ်မုနိ
ရှင်တော်မုနိ

ဇလွန်ပြည်တော်ပြန်ဘုရားဆင်းတုအား ရွှေဘုံသာမုနိဘုရားတွင် ဖူးမြင်ရစဉ်

ရွှေဘုံသာမုနိ အထူးဘုရားဆိုတော့မှန်တွေကာထားတော့ အရောင်ပြန်နေပါတယ် ဆရာဦးသန်းအေးမှ မုနိလေးဆူရှိသည်ဟု ဆိုပါသည်။ မုနိလေးဆူဆိုသည်မှာ (၁) မဟာမြတ်မုနိ၊ (၂) ကျောက်တော် မဟာမြတ်မုနိ၊ (၃) ဇလွန်ပြည်တော်ပြန်မုနိ၊ (၄)ပြည်၊ ရွှေဘုံသာမုနိတို့ဖြစ်ပါသည်တဲ့ရှင်။ ကျမက ယခုတဆူပါဆိုလျင် (၄)ဆူစလုံးကို ဖူးမျှော်ပြီး ဖြစ်တယ်လို့ ပြောလိုက်တဲ့အတွက် ဆရာလည်း ကျမကို အံ့သြသွားပါတယ်။ 



0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts