မိုးမိတ် မပဒါန်တွင် ဆွမ်းခံကြွခဲ့သော ဆရာတော်ဘုရားကြီး |
ဆရာတော်ဘုရားကြီးသည်
ဝိပသနာအားမထုတ်မှီ သမထအားဖြင့် ချီတက်ခဲ့သူဖြစ်ပါသည်။ ထိုကြောင့် ဆရာတော်ဘုရားကြီးသည်
အတိတ်နမိတ်ကိုလည်း ကောက်ယူပါသည်။ ကျမသည်လည်း (၃)ညစောင့်ရမည့် ဥပုဒ်ကို နှစ်ညသာစောင့်ခဲ့ ပါသည်။
ကောင်းခြင်းများ ဆုံစည်းရာ ကောင်းခြင်းများပေါင်းလိုသည့်အတွက် လက်လုပ်တောင်ကျောင်းမှ
(၂၄-၂-၂၀၁၃)နေ့ ညတွင် ဝေငှသော ကောက်ညှင်းပေါင်းများကို စားလိုက်ခြင်းဖြစ်ပါသည်။ နောက်နေ့မှစလျင် ယခုယောဂီများနှင့် ကောင်းခြင်းများ မပေါင်းလိုက်ရမည်စိုးလို့ဖြစ်ပါသည်။ ကပ်ကြီး
(၆၄)ပါးကိုကျော်လွှားနိုင်ရန်အလို့ငှာ (၆၄)ပါးသော သံဃာများအား ပင့်ဖိတ်ဆွမ်းလောင်းလှူခြင်းမှာလည်း
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ ဆန္ဒပင်ဖြစ်ပါသည်ဟု ဆရာတော် ဦးဗောဓိမှ မိန့်ပါသည်။
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးသည်
ကိလေသာအား သမထလက်နက် (ပုတီးဆွဲ)၍ စတင်တိုက်စစ်ဆင်ခဲ့သူဖြစ်ပါသည်။ ဆရာတော်ဘုရားကြီးသည်
မိမိဘ၀အတွေ့အကြုံများ ကို တိတိပပပွင့်ပွင့်လင်းလင်းရေးသားခဲ့ပါသည်။ ဆရာတော်ဘုရားကြီး၏
ဥပစ္ဇျာယ်ဆရာတော်ဘုရားကြီး (ဘ၀ိမလ)သည် နှစ်လမ်းသွားအကျင့်ဖြင့်ကျင့်လျက် ဒုတိယမဂ်ဖြင့်
သေထွက်ထွက်သွားကြောင်းကိုလည်း အတိအလင်းထုတ်ဖော် ဟောကြားသကဲ့သို့ ဘိုးတော် အောင်မင်းခေါင်ကြီးနှင့်
တွဲလျက် ဆုတောင်းကြောင့် ဘုရားတည်ခဲ့ကြောင်းကိုလည်း တိတိပပရေးသားထားခဲ့ပေသည်။ ဆရာတော်ဘုရားကြီးကိလေသာစစ်ပွဲအား
ပုတီးလက်နက်ဖြင့် စစ်တိုက်လျင်လည်း ၀ိဇ္ဇာပုဂ္ဂိုလ်ကြီးများသည် ကျိုက္ကဆံစေတီပေါ်တွင် ထိုင်လျက်
ဒေါင့်ပေါင်းစုံမှ စောင့်နေသည်ကိုလည်း တိတိပပရေးသားခဲ့ပေသည်။ မျက်စေ့မိတ်လည်းမရ၊ မြင်နေရသည်
ဟုဖော်ထုတ်ရေးခဲ့ပါသည်။ ကျကျနနသေချာစွာ အားထုတ်ပြီးသဖြင့်လည်း မိမိ၏ အတွေ့အကြုံများအား
သတ္တိရှိရှိ ထုတ်ဖော်ရေးသားကာ နောင်လာနောက်သားများအတွက် ဘ၀ကန္တရခရီးကြမ်းစာအုပ်တော်တွင်
ရေးသားထားခဲ့ခြင်း ဖြစ်ပါသည်။ ထိုကြောင့် သမထနှင့်ဝိပသနာအား ရဟန်းစားတော့ ဆွမ်း၊ လူစားတော့
ထမင်းဟုဟောကြားခဲ့ခြင်းပါတည်း။
ဝေဘူဆရာတော်ဘုရားကြီးနှင့်
ပတ်သက်၍ ဆရာတော်ဘုရားကြီးဟောကြားခဲ့သော တရားတပုဒ်ထဲမှ ကောက်နှုတ်၍ဖော်ပြလိုပါသည်။ တခါသော်
ဝေဘူဆရာတော်ဘုရားကြီးသည် သာစည်ဘက်၊ တောကြီးမျက်မဲကြားထဲတွင် အသေခံကျင့်သည်ဟုဆိုပါသည်။
မည်သူမှမသိခဲ့ ဝေဘူဆရာတော်ဘုရားကြီး ပျောက်သွားသည်ဟုသာသိထားကြသည်။ မည်မျှအထိကျင့်သည်ဆိုသော်
တောင်အောက်မှ ကျောက်တုံးကြီးများအား ညလူမသိ သူမသိ လူမမြင်နိုင်သောမှောင်မဲမဲထဲတွင်
တောင်ပေါ်သို့ ထမ်းတင်ပါသည်တဲ့။ ကျောက်တုံးကြီးများ ထမ်းတင်ခြင်းမှာ သတိမလွတ်စေရန်အတွက်ဖြစ်သည်
သတိလွတ်ခဲ့သော် တောင်အောက်သို့ပြုတ်ကျလျင်ပြုတ်ကျ မပြုတ်ကျလျင် ကျောက်တုံးကြီးများသည်
ခြေမပေါ်ပြန်ကျ ဒလိမ့်ခေါက်ကွေးတောင်အောက်ထိုးကျကာ၊ လူလည်းဒုက္ခရောက်နိုင်သည်။ ထိုသို့
ဆိုးကျိုးဆက်များကိုသိပါလျက် ဝေဘူဆရာတော်ကြီးသည် သတိမလွတ်ရန် ယခုကဲ့သို့ ပြင်းပြင်းထန်ထန်အသေခံကျင့်ခဲ့သည်ဟုဆိုပါသည်။
တနေ့သော် ဝေဘူဆရာတော်ဘုရားကြီးသည် တောင်ပေါ်မှ တောင်အောက်သို့ပြုတ်ကျသွားသည်။ ဝေဘူဆရာတော်ဘုရားကြီး
တောင်အောက်သို့ပြုတ်ကျသည်ကို မည်သူမျှမသိပေ။ ထို့ကြောင့် အစာအဟာရသည် ပြတ်လပ်လျက် သေမည့်ကိန်းသို့ဆိုက်ရောက်နေသည်ဟုသိရသည်။
ထိုသို့အခြေအနေ တွင် ဘိုးတော်အောင်မင်းခေါင်ကြီးသည် အဟာရသိဒ္ဓိဆေးလုံးအား ဝေဘူဆရာတော်ဘုရားကြီး၏
ပါးစပ်တော်ထဲ ထည့်ခဲ့သည်ဟုဆိုပါသည်။ များမကြာမှီတောထဲသွားရောက် ဟင်းရှာသောသူများမှ
ဆရာတော်ဘုရားကြီး အားတွေ့၍ လူအများကိုအသိပေးကာ ပြုစုကြသည်။ ထိုအချိန်မှစ၍ ဝေဘူ၊ ဝေဘူဟု
နာမည်ကြီးလာပြီး သူများတွေလို အစာကိုစားခြင်လို့စားတာမဟုတ်ဖဲ။
မစားခြင်ဘဲနှင့်စားနေရသည်ဟု ထုတ်ဖော်၍ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးမှ မဟာမြိုင်တောကြီးထဲတွင်
ဟောကြားသောတရားတပုဒ် တွင်ထည့်ဟောခဲ့ပေသည်။ အဟာရသိဒ္ဓိပြီးသွားသည်ဟုဆိုလိုခြင်းဖြစ်ပါသည်။
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးသည်
ဥပစ္ဇျာယ်ဆရာတော် ဘ၀ိမလ(ခေါ်)ဘသန့်ရှင်း ကိုယ်တိုင်က သမထ ၀ိပသနာ နှစ်လမ်းသွားဖြစ်သကဲ့သို့
ဆရာတော်ဘုရားကြီးသည်လည်း နှစ်လမ်းသွားဖြင့် အထက်တက် လာခြင်းဖြစ်ရာ သမထသမားများ၏ ဈာန်ပိုင်းများပိုင်နိုင်သလို
ဝိပသနာဥာဏ်လိုင်းများတွင်လည်း ပိုင်နိုင်ပေသည်။ တစ်လမ်းသွားအသိနှင့် နှစ်လမ်းသွားအသိဥာဏ်များသည်
တူနိုင်မည်မဟုတ်ပါ။ နှစ်လမ်းသွားတို့သည် သည်ဘက်မှလည်းမြင်နိုင်၏။ ဟိုဘက်မှလည်းမြင်နိုင်၏။
ပါရမီအခံကလည်းထူးသဖြင့် လူတိုင်းမရနိုင်သော ဇာတိသရဥာဏ်ကို ငယ်စဉ်ကပင်ရရှိခဲ့သော ဆရာတော်တပါးဖြစ်ပါသည်။
မိမိဥာဏ်မမှီလျင် ဥာဏ်ကြီးသူများ မိန့်သည်ကို မဟုတ်တာ လုပ်ကြံသည်ဟုပြောမရ။ ထိုသဘော
အတိုင်းပါပေ။ ဆရာတော်ဘုရားကြီးလိုသိလိုလျင်တော့
ဆရာတော်ဘုရားကြီးကျင့်သလိုသာ ကျင့်ရန် သာရှိုပါသည်။ လမ်းကြောင်းတွေက ရှိပြီးသား။ ကျင့်ရန်သာလိုအပ်သည်မဟုတ်ပါလား။
ကျင့်လည်းမကျင့် နာယုံနဲ့လမ်းဆုံးလျင် သူများပါးစပ်လမ်းဆုံးနေသူဟု ဆရာတော်ဘုရားကြီးမှမိန့်ပါသည်။
သာသနာ့အာဇာနည်များ အပြောဖြင့်မဆုံး အကျင့်ဖြင့် ဆုံးသည်သာတည်း။
ကျမကြည်ညို
ဆည်းကပ်ခဲ့ဘူးသော ဆရာတော်ကြီးများသည် ဓမ္မကထိကများလည်းမဟုတ်၊ လျှမ်းလျှမ်းတောက် အောင်မြင်နေသောဆရာတော်ကြီးများလည်းမဟုတ်၊
ရိုးရိုးကုတ်ကုတ်ဖြင့် ၀ိနည်းလေးစားသော၊ သင်္ကန်းတောင် ချည်သင်္ကန်းသာလျင်ဝတ်သော တောရဆောက်တည်သော၊
ဆွမ်းအလျဉ်းမသင့်လျင် သပိတ်ရေကျင်းသောက်၍ တနေ့တာကိုဖြတ်သန်းကြသော၊ နိသစ္စဒူတင်ကို ၀ါတွင်း(သို့မဟုတ်)
ရာသက်ပန်ဆောင်ကြကုန်သော သံဃာတော်များသာ ဖြစ်ရာ၊ သွားလာရမလွယ်ကူသော တောရကျောင်းများ
တွင် မှီတင်းနေထိုင်ကြကုန်သော သံဃာတော်များသာဖြစ်သည့်အတွက် အများအမြင် နှင့်ကျမအမြင်မတူခဲ့သော်။
မြန်မာလူမျိုးတို့သည် ဘာသာရေးဆွေးနွေးလျင် ဘယ်သောအခါမှ အကောင်းဘက်သို့မသွားဘဲ ရန်ဖြစ်တာနှင့်အဆုံးသတ်ကြပြီး
မခေါ်နိုင်မပြောနိုင်ဖြစ်ကြတာများသည်ဟူသော မှတ်ချက်များကိုလည်း မနှစ်မြို့ပါသဖြင့်-
ကျမရေးသားသောအကြောင်းအရာများသည် စာဖတ်သူများ ခံယူချက်နှင့် မကိုက်ညီပါသော် လူအမျိုးမျိုးစိတ်အထွေထွေ
ခံယူချက်အမျိုးမျိုးယူသာမှတ်ယူ၍ နားလည်ပေးပါရန် မေတ္တာရပ်ခံလိုက်ပါသည်။
သာသနာ့အာဇာနည်များ
များများပေါ်ထွက်လာနိုင်ကြပါစေ။ သစ်တပင်ကောင်းလျင် ငှက်တစ်သောင်း ဆိုသည်မဟုတ်ပါလား။
ကိုယ်တိုင်မကျင့်နိုင်၍ အရိပ်ခိုလှုံ နားလိုသော ငှက်များအား သနားငဲ့ညှာသောအားဖြင့်
စရဏအားကောင်းသော သာသနာ့အာဇာနည်များ များများပေါ်ထွက်လာပါစေဟု ဆုတောင်းမိပါသည်။
0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး