Friday, February 22, 2013

နေပြည်တော် ပျဉ်းမနားက ဂမ္ဘီရဆန်ဆန် အဆောက်အဦဘု၇ားအဆက်

ကျမက ပိုစ်တင်တာ အဆင်မပြေဘူး။ ဓါတ်ပုံတွေအောက်စာရိုက်လို့မရတော့လို့ ထပ်တင်လိုက်တာပါ။ ကျမကို ဆရာတော်က အဲဒီလိုမိန့်တော့ ကျမက ပြောခြင်တာ ကျမသုတိသာဘုံကိုသွားခြင်တဲ့သူပါလို့လေ။ ဘိုးတော်အောင်မင်းခေါင်ကြီးနဲ့ ကျမတို့လည်း မကင်းပါဘူး။ သို့သော် ထေရ၀ါဒ သာသနာပျက်နေတာတော့ မဟုတ်ဖူး။ ကျမတို့ ဘုရားကိုကျော်ပြီးဘာကိုမှ မလုပ်ဖူး။ တခါတရံတွေ့ဖူးပါတယ်။ လူတွေရဲ့အားကိုးမှုတွေလွန်ကဲပြီး ဘုရားကိုကျော်ပြီး ဆရာတော်ဘုရားကြီးတွေ ပုံတွေအကြီးကြီး ပက်လက်ကုလားထိုင်တွေနဲ့ အပျံစား။ ဘုရားကတော့ စင်လေးသေးသေးလေးပေါ်မှာ အေ၇ာင်မှိန်မှိန်လေး။

လိပ်နှစ်ကောင်ဆင့် ရှေ့ဘက်က ဂဏန်းနှ့်ဒေါင်း

ချိကုန်းဘိုးဘိုးကြီးပုံ


ယခုဆရာတော်က ထိုင်နေတဲ့ ဘုန်းဘုန်းပါ။ ပျဉ်းမနားသကြားစက်မှာ ယခင်က အရာရှိတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

ဒီဘက်တိုက်ကနေ ကြည့်လိုက် မြင်ရတဲ့မြင်ကွင်း ပေါ့။ မိုးထိဖေါက်ထွက်မယ် သဘောနဲ့များ တည်ထားလေရော့သလားဟု ထင်ဘွယ်ရာ တိုက်ခေါင်မိုးပေါ်ထိုးထွက်နေတဲ့ဘုရား။

ဘိုးတော်အောင်မင်းခေါင်ကြီးရဲ့ ကျင့်ကြံအားကြောင့်ရရှိလာတဲ့ အစွမ်း ဘုန်းကိုတော့ ကျမချီးကျူးပါတယ်။ ဒါကတော့ ဗုဒ္ဓဘာသာမဟုတ်တဲ့သူတွေလည်း ရရှိကြတာပါဘဲ။ သို့သော် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးတို့လို ဒီဘက်နယ်ပယ် ဟိုဘက်နယ်ပယ် တကယ်သိ တကယ်ပိုင်တဲ့ ဆရာတော်ဘုရားကြီးများ ပြောပြတာကိုတော့ ကျမကလက်ခံတယ်။ ဘာလို့ဆို ကိုယ်မှ ဥာဏ်မမှီဘဲ။ ကိုယ့်မှာ ကျင့်အားဘယ်လောက်ရှိလဲ။ ရှိသလောက် သိတယ်။ သိတာတောင် မတူဘူး။ တဖက်အားသန်နဲ့ နှစ်ဖက်သန် ဘယ်လိုမှ မတူနိုင်ဘူး။ မယှဉ်နိုင်ဘူး။
ဥာဏ်မှီလို့ ဥာဏ်အားဖြင့်သိလို့ ဆရာတော်ဘုရားကြီးများက တိုက်ရိုက်ဖြစ်ဖြစ် သွယ်ဝှက်ဖြစ်ဖြစ် မိန့်ရင် လိုက်နာလိုက်ခြင်းဟာ မမှားဘူးလို့ ကျမတော့ခံယူထားတယ်။ အကျိုးယုတ်စရာအကြောင်းလည်းမရှိနိုင်ပါဘူး။
ကျမဆိုရင် အဘဘိုးတော်အောင်မင်းခေါင်ကြီးကို မကြောက်မလန့်ပြောတာတွေရှိတယ်။ အဲ ကိုယ်လည်းထိတာပါဘဲ။ ကိုယ်က ဘာမှ ဟုတ်တိပတ်တိ ကျင့်မှမကျင့်တာ။ သို့သော် ခိုင်းရင်လည်း လုပ်တယ်။ ကောင်းတာခိုင်းတာ လုပ်လိုက်တာပေါ့။ မကောင်းတာခိုင်းတာမှ မဟုတ်တာ။
သို့သော် ကျမက အမြဲတမ်းပြောတဲ့စကားရှိတယ်။ အဘတို့လို ဘ၀တွေအများကြီးမနေခြင်ဘူး။ ဘုရားတရားတွေရှိတာ ကျင့်ပြီးသွားမယ်။ ဆရာတော်ဘုရားကြီးတို့လိုဘဲဖြစ်ခြင်တယ်။ ဆုတောင်းမှာဘဲနဲ့။
တခါတလေ သူ့နဲ့ပတ်သက်တဲ့ သူတွေဆီရောက်ရင် နင်ပြောတာတွေ ငါအကုန်ကြားတယ်လို့ ပြောတတ်တယ်။ ဗမာပြည်ရဲ့သာသနာမှာတော့ ဘိုးတော်အောင်မင်းခေါင်က မပါရင် ပြီးမှာမဟုတ်ဖူး။ ၀ိဇ္ဇာတွေ ၀ိဇ္ဇာတွေဆိုပြီး သွားလည်း မသမနေနဲ့ကျအုံး စာဖတ်ပရိတ်သတ်တို့ ရေ။ ၀ိဇ္ဇာမှာ သာမာန်မဟုတ်တဲ့ မဟိန္ဓိဝိဇ္ဇာတွေက သမထနဲ့ ၀ိပသာနာ နှစ်ဖက်စုံတယ် တဲ့နော်။ ဝေဘူဆရာတော်ဘုရားကြီးတို့ ကလက်နှစ်ဖက်စုံစိုက်ချတာ ၂ဖက်စုံတယ်ကွလို့ ပြောနေတာတဲ့။  ဘိုးတော်အောင်မင်းခေါင်ကြီးက ထပ်ဒူးနဲ့ထိုင်တာကလည်း ငါ ၀ိပသနာကို မြှပ်ထားတယ်ကွလို့ ပြောတာတဲ့။. ဒီတော့ ဥာဏ်မမှီမမြင်နိုင်တဲ့ မသိနိုင်တဲ့အရာတွေကို သတိထားပြီးဆင်ခြင်တာအကြောင်းဆုံးဘဲလို့ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးရဲ့ ဘ၀ကန္တရ ကထာကို ဖတ်မိပြီး ကောင်းကောင်းသဘောပေါက်လိုက်မိပါတယ်။
သို့သော် ဘုရားကျော်ပြီးတော့ဘာမှ မလုပ်ဖူး။ ဆုတောင်းကြောင့်ဆိုရင် ကိုယ့်ဆုတောင်းအတိုင်းလုပ်ရမှာပေါ့။ သို့ပေမဲ့ မိမိတို့မှာလည်း ဥာဏ်ကရှိသေးတယ်လေ။ ဒီတော့ ကျမကတော့ သစ္စာလေးပါးမြတ်တရားကို မြတ်နိုးတယ်။ ခိုင်းတာလည်းလုပ် တဖက်ကလည်း လက်မလွတ်ဖူး။ ဒါကြောင့် ဒီညနေမှာ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးရဲ့ကျောင်းမှာ ကျင်းပနေတဲ့ တရာစခန်းပွဲကို သွားပြီး ပိတ်ရက်နှစ်ရက်မှာ အမိအရ တရားသွားထိုင်လိုက်ပါဦးပါမယ်ရှင်။
ကိုယ့်အိမ်မှာဆို ကိုယ်တရားတချိန်ထိုင်ဘို့ မနည်း။ ဆရာတော်ဦးခေမာက လာခဲ့ဒကာမကြီးနှစ်ရက် လာထိုင်လာဆိုလို့ ပိတ်ပွဲလေး မသိမ်းခင်နှစ်ရက် သွားထိုင်လိုက်ပါဦးမယ်နော်။ ဆရာတော်ဘုရားကြီးရဲ့ ဆရာတော် ဘ၀ိမလဆိုရင် ဘုရားတွေတည်တော့ ဘိုးတော်အောင်မင်းခေါင်ကြီးနဲ့တွဲလုပ်ရတယ်လို့ ဆရာတော်ကြီးက အတိအလင်းရေးသားထားပါတယ်။ ဘုရားတည်တဲ့အလုပ်ကို မခိုင်းပါနဲ့လို့ ပြောတဲ့ အထိ စိတ်ပျက်တဲ့အကြောင်းတွေကို ဆရာတော်ဘုရားကြီးက သမထလိုင်းများအကြောင်းကို အတွေ့ အကြုံတွေနဲ့တိတိကျကျ ရေးသားထားခဲ့ပါတယ်။ ဒါကြောင့် သမထနဲ့ ၀ိပသနာယှဉ်နေတာကို နားလည်ခဲ့ပါတယ်။ ဆရာတော်ဘုရားဟာ သမထနဲ့ဝိပသနာကို လူစားတော့ ထမင်း၊ ရဟန်းစားတော့ ဆွမ်းလို့ တင်စားတာဖြစ်ပါတယ်ရှင်။
လမ်းညွှန်။ ပျဉ်းမနားမြို့ထဲက လာရင် ပါလိကွေ့ကနေ အမှတ်(၂)ဈေးဘက်တည့်တည့်သွား။ အဲ စူလာမဏိကျော်လာရင် ဥပုဒ်တောရ ပြီး ဘုရားကြီးတောရ မုဒ်ထဲက နေ အထဲကိုဝင်လိုက်။ ညာဘက်ကွန်ကရစ်လမ်းလေးအတိုင်းသွား။
နှင်းဆီပန်းအ၀ိုင်းကလာရင် ဥပ္ပတသတ္တိဘက်ကိုသွား၊ ရထားလမ်းရောက်တော့ မီးပွင့်ရှိတယ်။ ဘယ်ဘက်ကိုချိုးလိုက်ရင် ဘုရားကြီးတောရ မုဒ်ကို အရင်မြင်ရမယ်။ အထဲဝင်ပြီး ညာဘက်ကွန်ကရစ်လမ်းအတိုင်း ၀င်သွားလိုက်။ ယုတ်တရက်ဆိုရင်ဘုရားတွေ မမြင်ရဘူး။ေ တ်ာတော်လေး သွားလိုက်တော့မှ မြင်ရမယ်။ ၀န်ထမ်းတွေ အရမ်းသွားကြတယ်လို့ သိရတယ်။ အဲဒီရောက်တော့ သိမှာပေါ့နော်။ ၀ါသနာပါရင်တော့ ကျမလိုဘဲ စပ်စုလိုက်ဖို့ ပြောပြလိုက်တာပါ။ ကျမကတော့ သူများတွေ အကြိမ်ကြိမ်ပြောတာတောင် တနှစ်လောက်ကြာမှရောက်ပါတော့တယ်ရှင်။
အားလုံးကျန်းမာချမ်းသာကြပါစေ။

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts