Friday, May 10, 2013

ခိုနှင့်ငူ သွေးတူ မွေးတူ မဖြစ်နိုင်


ဓာတ်ပုံများအား ဥေယျဓာမ်စာပေမှ ဦးထွန်းမြင့်  ဒေါ်မြင့်မြင့်ကြည်မှ ကျေးဇူးပြုပါသည်။


ရွှေဘို၊ မင်းဘိသိတ်ခံဘုရားထီးတင်ပွဲတွင်

ခိုနှင့်ငူ လုံးရပ်သဏ္ဍာန်ကား အတူတူ။
သို့တစေလည်း အသွင်ချင်းကားမတူ။ ခိုကား လည်တွင်အပြာရင်ဖြင့် အလှဆင်ပြီး တစ်ကိုယ်လုံးကား အပြာခြောက်ဖြင့် ပြင်ဆင်သည်။
ငူသည်ကား လည်တွင် စိမ်းဝါရောင် သမ်းစေပြီး တစ်ကိုယ်လုံးမှာမူကား ငှက်ပျောညွန့်ဖြင့် ပြင်ဆင်သည်။
သည်သို့ အသွင်အပြင်ချင်းမတူသလို အနေအထိုင် အမူအကျင့်များလည်း ဗီဇဥာဉ် ပင်ကိုယ်ဥာဉ်များ ခြားနားနေသလောက် ကွဲပြားနေကြသည်။
ခိုသည် လူရှိရာ နားခိုတတ်ပြီး ငူသည်ကား လူသူကင်းဆိတ် တောရိပ်တောင်ရိပ်မှာသာ နေလေ့ရှိသည်။ တစ်ဖန် လိုသည် လူအနားတွင်နေ လူကျွေးရာစား လူ့အစားအစာများကိုလည်း ခိုးစားဝှက်စားများဖြင့် ဖျက်ဆီးတတ်သည်။
ငူမှာမူကား လူစာကိုလည်း မစား၊ လူတို့စိုက်ပျိုးကြဲချထားရာကိုလျှင် ရှောင်ကွင်းသွားတတ်ကြပြီး။ တကယ်တိတိ…..
လူ့လက်ထဲ အမိခံရပါမူ လူ့အစာ မည်သည့်အရာမျှ မဖျက်ဆီးပါကြောင်း သက်သေလောင်း သောအား ဖြင့် စားပြီးသမျှ အစာအန်ထုတ်ပြလျက်သာဖြင့် အသက်အသေခံသွားကြ စမြဲသာ။
၎င်းတို့စားသုံးသော အစာကား နဘဲသီး၊ ညောင်သီးစသည် လူမသုံးမျိုးချည်းသာ။
သို့ပမာလျှင်……..
ကမ္ဘာလူနေမှု မျိုးရိုးစုများတွင်လည်း အရှေ့နှင့်အနောက်ရေခြား မြေခြားနေသော ကမ္ဘာသားများသည် ဥတုအစာဖြင့် ကံအိမ်တည်ဆောက်ပုံချင်း ကွာခြားသည့်အလျောက်…….
ရာဂမာန် အထောက်ကြီးသော အနောက်နှင့်
ဒေါသမာန် အထောက်ကြီးသော ရှေ့ ဓလေ့ချင်းမတူနိုင်။
တစ်ဖန် အရှေ့ အရှေ့ချင်းသော်မှ သားစား ကျားသစ်များ နှင့် မြက်စား တောသမင်များ အသွင်အပြင် ခြားနားသည့်ပမာ အသားစားကြမ်းသော အရှေ့နှင့်…
အသားစား မကြမ်းသော အရှေ့ ဓလေ့ချင်း မတူနိုင်။
ထိုမတူအရာများတွင်

သဒ္ဓါခံ အရင်းထားသော အရှေ့ကား သဒ္ဓါနောက် သတိအထောက်ကြောင့် အရှက်အကြောက်ထားခြင်း တိရစ္ဆာန်ဥာဉ်ပါများကို စွန့်လွတ်၍ လူဥာဉ်သို့ ပြောင်းကူးသော အကျင့်ကျင့်ခြင်း အသက်ဂုဏ်ကြီးမားသူနှင့် ဆရာသမားစကား နားဝယ်ထားခြင်း၊ အရာရာ ကိုယ်ပိုင်ဥာဏ်ဖြင့်သာ ခွဲခြားခွင့်ရရှိထားခြင်း စသည် သူတော်ကောင်းသုံး နည်းထုံးများဖြင့်သာ ဘ၀ကို အစကပင် ပြုစုပျိုးထောင် ယူလာကြခြင်းကြောင့် သဒ္ဓါအရင်းခံ အရှေ့တစ်မျိုးသာ-



ရှိသင့်သော တဏှာထက် အပိုမထွက်ခဲ့။



ရှိသင့်သော မာနထက်လည်း မာန ပိုမဆောင်။



ရှိသင့်သော ဒိဋ္ဌိထက်လည်း ဒိဋ္ဌိပွား မထားတတ်။



တဏှာအရင်းခံထားသော အရှေ့တစ်မျိုးကား တဏှာ၏ နောက် မာန၊ ဒိဋ္ဌိများလည်း မှိုလိုပေါက်လာသည် ချည်းဖြစ်ရာ….



-      ငါမှ ငါဖြင့် ဒိဋ္ဌိဖိစီး အယူသည်းလာကြသည်။



-      ငါ့ဟာမှ ငါ့ဟာဖြင့် တဏှာဖိစီး အယူသည်းလာကြသည်။



ထိုအယူသည်းမှုကြီးကပင် မရှက်တမ်း၊ မကြောက်တမ်းတရားများဖြင့် မျိုးချင်းတွေ့ အနိုင်ကျင့်ခြင်း၊ ဘာသာချင်းတွေ့ အနိုင်ကျင့်ခြင်းများမှသည် သတ်ရဲသည်။ ဖြတ်ရဲသည်။ လုယက်ဖျက်ဆီးခဲ့သည် သူတကာမယား ဖြားယောင်းဖျက်ဆီးရဲသည်အထိ အတင့်ရဲလာကြသည်။



-      ခေါင်းဆောင်များကလည်း အာဇာနည်ဘွဲ့ဖြင့် အားပေးကြသည်။



-      ဘုရားက တာဝန်ယူသည်ဖြင့် ရဲဆေးတင်ပေးကြသည်။



-      ဘုရားအား ပုဂ္ဂိုလ်စွဲထား အားကိုးစေကြသည်။

သို့ကြောင့် ဘုရားကလည်း ငါသာ အမြတ်ဆုံး၊ ငါမှတစ်ပါး အခြားသူတို့ ရှိခိုးမခံထိုက် တရားကိုဟော၏။ နောက်လိုက်များကလည်း ဘုရားမှ ဘုရားဟူသော ပုဂ္ဂိုလ်စွဲဖြင့် သဲကြီးမဲကြီး အယူသည်းပြကြ၏။

-မသေခင် ကြိုက်ရာလုပ်



- သေလျှင်ကား သရုပ်ကွဲစေမည်

ငူကောင် ငှက်ကဲ့သို့ စားသမျှ အစာအံ သစ္စာနှံနိုင်ကြမည်တဲ့လား။
မကောင်းစေတနာက ထင်ဟပ်ပြမည့် မကောင်းရာသွားကြရမည့် ဂတိနိမိတ် မျက်စိမှိတ်၍ ပယ်နိုင်ကြမည်တဲ့လား။
လက်တွေ့သည် လက်နှင့်တွေ့ တွေ့ရာ၌သာရှိသည်။
ကိုယ်တွေ့သည် ကိုယ်ဖြင့်တွေ့ရာ၌သာရှိသည်။ အခြားအခြားသို့ စိတ်ကူးဖြင့် ကြံဆ၍ မတွေ့သိနိုင်။
သို့ပမာလျှင်လရောင် နေရောင်တို့အောက် လျှောက်သွားရင်းက ရလာသည့် အထိခံ ဝေဒနာများနှင့် တူစွာ……
ကောင်းစေတနာချင်း တွေ့ရာမှဖြစ်သော ဝေဒနာကို ဆိုးဝေဒနာသို့ ပြောင်းလဲ၍ မရနိုင်။ တစ်ဖန် ဆိုးစေတနာက ဖြစ်သော ဝေဒနာကိုလည်း အကောင်းတွေ့သို့ ရွှေ့ပြောင်းယူရန်ကား လုံးဝ မဖြစ်နိုင်။ သည့်အတူ….
မိမိဖြစ်မိသည့် လူသတ်မှု မိဘ၀င်ခံ၍ မရ။
မိမိကျူးလွန်ခဲ့သည့် မုဒိန်းမှုကိုလည်း ညီအစ်ကိုများ ၀င်ခံ၍ မရ။ မသေခင်ကမှ မရ၊ သေသောကာလ ပို၍ပင် မရနိုင်။
ဤသည်မှာ အရှေ့ချင်းသော်မှ အသားစားမကြမ်းသည့်အပြင် ပူသောသွေး အေးစေရန် အငန် အပုပ်များများ စားတတ်သော အရှေ့သည် တဏှာ၊ မာန၊ ဒိဋ္ဌိများကင်းဝေးပြီး သဒ္ဓါ ဆန္ဒ ၀ီရိယ အကူပါသော ကံ၊ ဥာဏ်၊ ၀ီရိယတို့ဖြင့်သာ ……..
-      ဘ၀နှင့် ခန္ဓာကိုလည်း တည်ထောင်ကြသည်။
-      အယူဝါဒကိုလည်း ပုဂ္ဂိုလ်စွဲကင်းစေသည်။
တစ်ဖန် သဒ္ဓါဟူသော ယုံကြည်ချက် ထိုယုံကြည်ချက်က လမ်းတည့်ပေးရာကို သတိ၊ ပညာတို့ဖြင့်သာ သွားလာကြ၏။ ကျင့်စဉ်၊ စိတ်ထား အမူအရာများလည်း မရိုင်းစိုင်းကြပြီ။
တစ်ဖန် အသားစားကြမ်း တဏှာ၊ မာန၊ ဒိဋ္ဌိတို့ ဗလပွဖြင့် အာရုံဆန်းများနောက် တကောက်ကောက် လိုက်စားခြင်း။
အာရုံတစ်မျိုးရိုး တစ်မျိုး အမျိုးမျိုးတီထွင်ခံစားခြင်း၊
ငါပြီး ငါပိုင်နက် ကျယ်သထာက်ကျယ်ရန် အမြဲကြိုးစားခြင်း၊ တင်းလင်းရှိသော ဆောင့်ကြွားကြွား အနောက်ကမ္ဘာသားများနှင့်ဆိုပါက ဓလေ့ချင်း ကွာဟချင်တိုင်း ကွာဟနေကြတော့မည်။
သို့ကြောင့် သူ့ဓလေ့မကောင်းကြောင်း စောင်းမြောင်း ပုတ်ခတ်နေမည့်အစား ကိုယ့်ဓလေ့အကြောင်း ကိုယ်ကောင်းကောင်းကြီး သဘောပေါက်အောင်အောင် အားထုတ်သင့်ရာ၏။ ကိုယ့်ဓလေ့ကိုယ် မိရိုး ဖလာမျှမဟုတ် ကိုယ်တိုင်လုပ်အထိ အကောင်အထည်ဖော်သင့်ကြရာ၏။
ထိုအခါ ငါတို့ ဗုဒ္ဓဘာသာဝင်များ၏ ဤဂါရ၀ နိဝါတ မင်္ဂလာတရားသည်…….
လရောင်အောက် စင်းစင်းမှောက် နေ၇သလောက် အေးမြချမ်းသာစေသည့်အကြောင်း ကောင်းကောင်းကြီး သဘောပေါက်လာစေမည်။ စမ်းချောင်းတွင်း ငုတ်တုတ်ဆင်း ထိုင်နေရသလောက် အပူလွန်မြောက် မာန်မာန ကွယ်ပျောက်သွားသည်ကိုလည်း ရှင်းရှင်း ကြီး သဘောပေါက်လာစေသည်။ ထိုအခါ……….
သြော်  …ငါတို့သည်ကား…..
-      ဘုရားရှင်၏ တပည့်သားဖြစ်ရသည်မှာ ဂုဏ်ယူထိုက်ပေစွ။
-      တဏှာ၊ မာန၊ မသမ်း စိတ်ကြည်ချမ်းမှု ရပေစွ။
-      ဘုရား အရိယာတို့ အကျင့်မျိုးကျင့်ခွင့်ရနေသည်မှာ ငါ့ဘ၀အရ တော်ပေစွ။
ဤသို့လျှင် ဂုဏ်ယူမဆုံးဖြစ်ရန် မလွဲပြီ။

ဘောန္တော၊ အိုအချင်းတို့၊ တုမှေ၊ သင်တို့သည်။ သြ၀ါဒံ၊ အဆုံးထိမ ကို။ ဒဒံ၊ ပေးစွမ်းနိုင်သော။ ဗုဒ္ဓဿ၊ တရားသံဃာ၏။ သာဝကော၊ တပည့်ဖြစ်ရခြင်းသည်လည်း။ အဂ္ဂေါ၊ အမြတ်ဆုံး။



နိယျာနံ၊ ဘ၀လွတ်မြောက်နည်းကို။ ဒဒံ၊ ပေးစွမ်းနိုင်သော။ ဓမ္မသံဃာဿ၊ တရားသံဃာ၏။ သာဝကော၊ တပည့်ဖြစ်ရခြင်းသည်လည်း။ အဂ္ဂေါ၊ အမြတ်ဆုံး။



တထော၊ ထို့ထက်မက။ အတ္တာနံပိ၊ မိမိကိုယ်တိုင်လျှင်။ တေဟိ၊ ထိုဘုရား၊ တရား၊ သံဃာများတို့နှင့်။ သင်္မ၊ အကျင့်တူ၊ အမြင်တူ။ အာစာရံပိ၊ ကျင့်ခွင့်ရနေခြင်းသည်လည်း။ အဂ္ဂေါ၊ အမြတ်ဆုံး။

 

မိဘ၏ဆုံးမသွန်သင်မှုအားနည်းခြင်းကြောင့် အောက်လက်ငယ်သားများအား အော်ဟစ်ငေါက်ငမ်းခြင်း၊ ဆိုပြောခြင်း၊ လွန်ကဲသော အရိုအသေပေးစေလိုခြင်း၊ စာအုပ်များအား မထင်မထင်သလိုလွင့်ပစ်ခြင်း၊ မိမိ၏ အောက်လက်ငယ်သား၏မကောင်းကြောင်းကို အမှန်တကယ်မဟုတ်ပါဘဲ လူကြီးများထံ စကားဖြင့် ဂုန်းချော ဂုန်းတိုက်လုပ်ခြင်း၊ မလုပ်သင့်သည့် သူတပါးအား ထိခိုက်မည့်အလုပ်အား အားပေးမြှောက်ပင့်ပေးခြင်းတို့ဖြင့် မိမိမွေးဖွားလာရာ ဘ၀အားမေ့လျော့လျက် အာဏာကိုခုတုံးလုပ်ကာ သူတပါး၏ ရာထူးအာဏာအား ထိခိုက်အောင်လုပ်ခဲ့သော ခိုကဲ့သို့ကျင့်သော-ပင်စင်စားအရာရှိ ဒုညွှန်ကြားရေးမှူးတစ်ဦးအတွက် အမှတ်တရ 

(ဘယ်ဟာမတည်မြဲ ဖောက်လဲဖောက်ပြန်အကြောင်းကံ ကမ္မသကာ)

 

 


0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts