![]() |
စုံးဆိုတာကို ဒီအရွယ်မှာစတွေ့ဘူးခဲ့တာဖြစ်ပါတယ်။ ကျမငယ်စဉ်ကပုံ |
စုံးဆိုတာ
ကျမတို့မြို့မှာ
ငယ်စဉ်ကတည်းက
ကြားခဲ့ဘူးတယ်။
စုံးအတတ်ဟာ
ပညာတမျိုးလို့လည်းပြောကြ
ပါတယ်။ ကျမအဖွားပြောဘူးတာကတော့ စုံးမတွေဟာ ရွာမှာတွေရှိတာများတယ်။ ဒီစုံးပညာတတ်တဲ့သူရဲ့ တံတွေးကို တခြားတဦးက တနည်းနည်းနဲ့ သူပါးစပ်ထဲကတဆင့် ၀မ်းထဲကိုရောက်သွားရင် အဲဒီပညာကို တဖက်သားက သူတတ်ခြင် မတတ်ခြင်ခြင် သူသိသိ မသိသိ အလိုလိုတတ်သွားတယ်လို့ပြောပါတယ်။ စုံးတွေဟာပြုစားတတ်တယ်လို့ပြောပါတယ်။ ကျမတို့မြို့မှာ ဟိုးခေတ်အခါက(လွန်ခဲ့တဲ့အနှစ် ၆၀-၇၀)အတွင်းမှာ စုံးဟာ တခေတ်ဖြစ်ပါတယ်။ စုံးပြုစားလို့ဆိုပြီး (အောက်လမ်းပညာလို့လည်းပြောကြတယ်) အထူးသဖြင့် ဆံပင်ချည်ထွေးတွေ၊ ဖိနပ်စုပ်တွေ သံချောင်းတွေ အံ့ထွက်လာတာတွေ အတွေ့အကြုံတွေ ကလည်း များတဲ့အတွက် ကျမအဖွားဟာ ကျမတို့ကို သူများတွေဘာကျွေးကျွေးမစားဘို့ ခဏခဏမှာကြားပါတယ်။ သူတို့ကချစ်ရင်လည်း စုံးကိုက်တတ်တယ်တဲ့ အဲဒါကတော့ ခန္တာကိုယ် တနေရာမှာ ခရမ်းရောင်ကွက်တွေဖြစ်တာမျိုးဖြစ်ပါတယ်။ စုံးတွေဟာ ချီးစားစုံး (မစင်စားစုံး)၊ တိမ်ညွှန့်စားစုံး (ကောင်းကင်ကစုံး)ဆိုပြီး ၂ မျိုးရှိတယ်ပြောပါတယ်။ မစင်စားစုံးကတော့ တိရစ္ဆာန်ကလီစာတွေ မစင်တွေကိုစားတာလို့ပြောပါတယ်။ အထူးသဖြင့် ဈေးကမြောင်းပုတ်တွေ၊ ငါးခြောက်လုပ်တဲ့နေရာတွေ အညီအဟောက်တွေစုတတ်တဲ့နေရာမှာ စုံးတွေလာလေ့ရှိတတ်တယ်လို့ပြောပြခဲ့ပါတယ်။
ရွာတွေမှာ
စုံးတတ်တဲ့သူဟာ
ခန္တာကိုယ်က
အိပ်နေပြီး
နာမ်ကထွက်သွားတာဖြစ်တယ်လို့
ပြောကြတယ်။
သူတို့ မြူးလို့အားရမှ ပြန်ဝင်လာတယ်လို့ပြောတယ်။ စုံးတွေရဲ့အားနည်းချက်ကတော့ ဆူးခက်နဲ့တရော်ကို သိပ်ကြောက်တယ်တဲ့။ စုံးတတ်တဲ့အိမ်ကိုသေချာသိတယ်ဆိုရင် ကာလသားတွေက အိမ်လှေကားမှာ ဆူးခက်တွေချထား၊ တရော်တွေသုတ်ထားရင် အိမ်ထဲဝင်လို့မရဘဲနဲ့ ဒုက္ခရောက်တဲ့အခါ ရွာထဲက တစ်ဦးဦးကို ၀င်ပူးပြီးတောင်းပန်မှ ပြန်ဝင်ခွင့်ပေးလိုက်တာလို့ပြောပြဘူးပါတယ်။
ကျမကတော့
စုံးမီးလုံးကို
နှစ်ကြိမ်မြင်ခဲ့ဘူးပါတယ်။
သိတတ်စခလေးဘ၀က
တကြိမ်၊ အလုပ်ထဲရောက်မှ တကြိမ်ဖြစ်ပါတယ်။ ငယ်စဉ်က မြင်ခဲ့တဲ့ မီးလုံးက တစ်လုံးထဲသာဖြစ်ပြီး၊ ကြီးလာမှ မြင်တဲ့စုံးမီးလုံးက တော့ တော်တော်ကိုပညာတတ်တဲ့ ပညာရှင်ဖြစ်ပါတယ်။ ကျမကလည်း မကြောက်တတ်တော့ စုံးမီးလုံးမှန်း သေသေချာချာသိသွားတာဖြစ်ပါတယ်။
ကျမငယ်စဉ်
ပုံထဲကအရွယ်လောက်က
အခု အ.ထ.က(၃)လို့နာမည်ပြောင်းထားတဲ့ ဗန်းမော် ခရိယာန်မယ်သီလရင်ကျောင်းမှာအတန်းတက်ပါတယ်။ ပထမတန်းမှာ ကျောင်းကပွဲမှာ ဖျော်ဖြေရမှာမို့ ကျမစီးရမဲ့ဖိနပ်က အသွေးအရောင်မပြောင်တာမို့ ညကျမှ အမေ့ကို ဂျီကြပြီး ယုံကြည်စတိုးမှာဝယ်ခိုင်းမိ ပါတယ်။ အမေကလည်း ကျမဂျီကြနေတဲ့အတွက် စက်ဘီးလေးနဲ့ သားအမိနှစ်ယောက် ဖိနပ်ဝယ်ဘို့ ထွက်ခဲ့ပါတယ်။ ည(၈)နာရီလောက်ပေါ့။ စတိုးဆိုင်က ပိတ်စပြုနေပါပြီ။ သို့သော် ကျမအဖေရဲ့ကျောင်း နေဘက်သူငယ်ချင်းမို့လို့သူကလည်း အဆင်ပြေအောင်လုပ်ပေးလိုက်ပါတယ်။ ဖိနပ်ဝယ်ပြီးလို့အပြန်ကျတော့ ကျမတို့သားအမိဟာ ဗန်းမော်မြို့၊ မြို့မဈေးဘေးမှလမ်းအတိုင်းစက်ဘီးစီးလာခဲ့ကြပါသည်။ ထိုအချိန်တွင် ကြက်ဥထက်အနည်းငယ်ကြီးသော (ပင်ပေါင်ဘောလုံးပုံစံ)မီးအနီတလုံးသည် ဈေးကောင်းကင်ထက်သို့ တက်လာသည်ကို မြင်လိုက်ရပါသည်။ ဘာကိုမှမတွေးမိ သာမန်သာသဘောထားလိုက်သော်လည်း ထိုမီးလုံးသည် ကျမတို့ဈေးဘေးပတ်ပြီး ကုန်းဆင်းလမ်းအတိုင်းဆင်းသော် ကုန်းဆင်းအတိုင်းကောင်းကင်မှ လိုက်လာပါသည်။ အချိုးရောက်သော် ချိုးသည့်အတိုင်းလိုက်လာပြီး ရွှေကျောင်းကုန်းရှေ့ ကျမတို့နေသော အိမ်ရှေ့နားအထိ ကောင်းကင်ပေါ်တွင်ရှိနေပါသည်။ ကျမအမေသည် အိမ်ရှေ့ရောက်သော် ၀န်းခြံတခါးရောက် သည်နှင့် စက်ဘီးကိုလမ်းမပေါ်တွင် ပြစ်ချပြီး ကုန်းတက်ခြံစည်းရိုးအောက်မှ လျိုပြီး သားအမိနှစ်ယောက် အိမ်ဝိုင်းထဲသို့အမောတကောပြေးဝင်လာပါသည်။
ထိုအခါတွင်
ပါပါသည် ခြံဝန်းထဲတွင် လမ်းလျောက်ရင်းပုတီးစိပ်နေပါသည်။ ကျမတို့ကိုမြင်သော် ဘာဖြစ်သလဲဟု မေးရာကျမအမေက အပေါ်မှ မီးလုံးကိုလက်ညှိုးထိုးပြပါသည်။ ပါပါလည်း ရိပ်မိသွားရာ မေတ္တာပို့ခြင်း၊ ဂုဏ်တော်များရွတ်ခြင်းပြုလိုက်ရာ ထိုမီးလုံးသည် တဖြေးဖြေးနှင့် နောက်ဆုတ်သွားပြီး ကျမတို့အိမ်ရှေ့တွင်ရှိသော ဧရာဝတီမြစ်တဖက်ကမ်းဘက်သို့ နောက်ဆုတ်သွားသည်မှာ ကျမဘ၀တွင် ပထမဆုံးကြုံတွေ့ဘူးသော စုံးမီးလုံးဖြစ်ပါသည်။
ဒုတိယအကြိမ်
စုံးမီးလုံးကို
ကြုံဘူးသောအချိန်မှာ
ဘွဲ့ရပြီး
၁၉၈၀ ကျော်ပတ်ဝန်းကျင် ရေဆင်းတွင် အလုပ်ဝင်သောအခါ ရာထူးငယ်သူများ နေရသော (ခုနှစ်ဆယ် စကေး)တွင် နေထိုင်ခဲ့ရပေသည်။ ထိုကုန်း၏နောက်ကျောတွင် လျိုကြီးတခုရှိပါသည်။ ထိုစဉ်က ထိုလျိုကြီးထဲတွင် အစောင့်တဲလေး တစ်လုံးသာရှိပေသည်။ တရက်တွင် ကျမတို့သည် မြို့ထဲသို့ ညပိုင်းသွားရန်အိမ်ရှေ့တွင်ကားက ဆိုက်ထားသည်။ လိုက်မည့်သူများကလည်း ကားနားတွင်ရောက် နေကြသည်။ ခြံဝိုင်းနောက်ဖက် ချိုင့်အတွင်းသို့အမှိုက်ပစ်ရန်အသွား
တဲလေးဘက်မှ
မီးလုံးအနီကစမြင်
ရသည်။ ကျမလည်းငယ်စဉ် ပထမတန်းကျောင်းသူဘ၀က မြင်တွေ့ရသောစုံးမီးလုံးနှင့် တထပ်တည်း တူရာ စုံးမီးလုံးဟုပင်အမှန်ပင် တွေးမိလိုက်သည်။ အိမ်နောက်မှ အိမ်ရှေ့သို့ ထွက်လာပြီး ကားနားမှလူများကို ပြခြင်သဖြင့်သွားခေါ်ရာ လူတချို့ပါလာပါသည်။ ထိုနောက်ကျမက အဲဒီစုန်းမက ပညာမတတ်ဖူးဟု ပါးစပ်မှ ပြောလိုက်ရာ သူက ၄ လုံးခွဲထုတ်ပြပြီး အထက်အောက် စုန်ဆန် လုပ်ပြပါတော့သည်။ ကျမတို့နှင့် မီတာ ၁၅၀ လောက် စုန်းမီးလုံးနှင့်ဝေးသော်လည်း ထင်ရှားစွာမြင်နေရပါသည်။ ကျမက ဆက်ပြီး သိပ်မတတ်သေးပါဘူး။ ၄လုံးလောက်လုပ်နိုင်တာများဟု ပြောရာ(၈)လုံးအထိခွဲထုတ်ပြပြီး မီးလုံးများကို စက်ဝိုင်းသဏ္ဍန် ကစား ပြပါသည်။ ကျမနှင့်အတူကြည့်နေသောအဖွဲ့များက တချို့ကြောက်လို့ဟုဆိုကာ အိမ်ရှေ့ပြန်ပြေးသွားကြ ပါသည်။ တချို့က ကျန်နေကြပါသည်။
ထိုစုံးမီးလုံးသည် ၈
လုံးတင်မက (၁၂)လုံးအထိပွားလာပြီး အမျိုးမျိုးကစားပြပါသည်။ တက်လိုက်ဆင်းလိုက် စက်ဝိုင်းအလိုက်ပုံစံပေါင်းစုံပင်။ ထိုနောက် ထိုအထဲမှ တလုံးသည် ကျမတို့အဖွဲ့ကြည့်နေရာ အိမ်နောက်ဖေး ကျမတို့အဖွဲ့နှင့် ၂ ကိုက်အကွာတွင် ခွဲထွက်ပြီးရောက်လာပါသည်။ ကျမတို့လည်း ထိုအခါကြောက်လန့်သွား ကြပြီး အိမ်ရှေ့သို့ထွက်ပြေးကုန်ကျပါသည်။ ကျမနှင့်တစ်ဦးသာ ကျန်ခဲ့ပြီး ကျမက တော်တယ်။ ကြည့်လို့ကောင်းတယ်။ တော်တော်ပညာတတ်တာဘဲဟု ချီးကျူးလိုက်ပါသည်။ နောက် ထိုမီးလုံးသည် တဖြေးဖြေးနောက်ဆုတ်သွားပါတော့သည်။
နောက်နေ့မနက်
ကျမကွင်းထဲသို့ရောက်သော်
ဘဘတင်ဆိုသည့်ကျမအထက်မှဆရာနှင့်
ထိုအကြောင်းပြော
မိပါသည်။
ဘဘတင်မှ ကျမအား သူတို့ရောက်စက တောကြီး၊ မကြာခဏစုန်းမီးလုံးမြင်သည်။ အထူးသဖြင့် ကျောင်းကုန်းပေါ်ဖက်က တက်တက်လာတာမြင်ဘူးသည် သို့သော် စုန်းမီးလုံးကား တစ်လုံးတည်းသာ ဖြစ်သည်။ ယခုကဲ့သို့ များများစားစားမတွေ့ဘူးဟုဆိုပါသည်။ ကျမအဖွားငယ်စဉ်ကပြောပြောပြခဲ့သော ရွာမှစုန်းများ၏အကြောင်းအရာများသည် နောင်တွင် ထိုင်းစုန်းကားများပေါ်လာသောအခါ ထိုစုန်းကားများ တွင် ပါဝင်သောစုန်းများ၏အကြောင်းနှင့် အတော်များများတူညီနေသည်ကို အံ့သြဘွယ်တွေ့ရပါသည်။
စုန်းပညာသည်
ဘယ်ကလာပြီး
ဘာလိုဖြစ်သည်တော့
မပြောတတ်ပါ။
ကြုံခဲ့တာကတော့အမှန်ဖြစ်ပါသည်။
0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး