သမထ ၀ိပသနာနှင့် ဆွမ်း နဲ့ထမင်း နောက်ဆုံးအပိုင်းကို ရေးနေပေမဲ့လည်း အင်မတန်မှတိုးတဲ့ ဆရာတော့် အသံများကြောင့် တကြောင်း ၊ ဘိုးတော် အောင်မင်းခေါင် အကြောင်းများကို မမှားမယွင်းစေရန်အလို့ငှာ လည်းကောင်း ကျမတင်ဘို့အတွက် ရက်ကြန့်ကြာသွားပါတယ်။ နောက်ဆုံးပိုင်းကျန်ရှိသေးပါကြောင်း စာဖတ်သူများ ဓမ္မမိတ်ဆွေများအား အသိပေးအပ်ပါတယ်ရှင်။
ဘိုးတော်အောင်မင်းခေါင်ကို ကျမအနေနဲ့ကော ကျမတို့အဖွဲ့တွေကကော သမထလိုင်းလို့လည်းကောင်း အမျိုးမျိုးကြားထားခဲ့ရတဲ့ ဝေဖန်ပြောဆိုခဲ့တာတွေကြားခဲ့ရတာနဲ့ ဆရာတော်ဘုရားကြီးရဲ့ ဆရာတော် ဘ၀ိမလ တို့ နဲ့ဆက်နွယ်နေမှု၊ ဝေဘူဆရာတော်ဘုရားကြီးနဲ့ဆက်နွယ်နေမှုတွေဟာ အင်မတန်စိတ်ဝင်စားစရာ ကောင်းသလို ကျမတို့ အရင် သိထားခဲ့တဲ့ အသိတွေနဲ့လည်း တခြားဆီဖြစ်ပါတယ်။ ဥပမာဆိုရင် - ၀ါစိတ် -၀ိဇ္ဇာဆိုပြီးနားသွင်းထားတဲ့ အပြောတွေကြားမှာ အမှန်ထင်ခဲ့တာတွေဟာ တကယ်အမှန် မဟုတ်ပါလားဆိုတာကို သိခဲ့တာပါ။ စိတ်ရဲ့စွမ်းအင်ဆိုတာ ဘယ်လောက်ကြီးမားတယ်။ ကျင့်ကြံရင် ကျင့်ကြံသလို ပါရမီပါရင် ပါသလို အသိထူးအမြင်ထူးတွေ အများတကာထက်သာတာတွေကိုလည်း ကျမတင်ပြထားခဲ့ပါတယ်။ ဒါတွေဟာလည်း တကဲ့အတွေ့အကြုံ တွေသာဖြစ်ပါတယ်။ အမှန်တကယ် သိနိုင်မြင်နိုင်စွမ်းရှိတဲ့ ဆရာတော်ကြီးများကဲ့သို့သော ဆရာတော်ကြီးများ၏ အပြောကသာ စစ်မှန်တာပါလားလို့ သိမြင်လာပါတယ်။ နှစ်ပေါင်းများစွာ အမှတ်မှားပြီး အမှားမှတ်ခဲ့ကြတာပါ။ ကျမကတော့ အခုမှဘဲ အော် မဟိဒ]္ဓိဝိဇ္ဇာတွေဟာ ၀ိပသနာနဲ့ ယှဉ်ပြီးရတာပါလားလို့ အမှန်ကိုရခဲ့တော့တယ်ရှင်။
နောက်ဆုံးအပိုင်းမှာ ဝေဘူဆရာတော်ဘုရားကြီး သေမလိုဖြစ်တဲ့အခါ အစာမစားရေမသောက်နိုင်တဲ့ အချိန် ဝေဘူဆရာတော်ဘုရားကြီးကို ဘိုးတော်အောင်မင်းခေါင်ကြီးက ကယ်တင်လိုက်တဲ့အပိုင်းက အင်မတန်မှစိတ်ဝင်စားစရာကောင်းသလို-- တသက်တာ ဟောကြပြောကြတာတွေနာခဲ့ ရသမျှထဲမှာ အထူးဆန်းဆုံးပါဘဲ။
ဒါကြောင့် တကယ့်သိ တကယ်မြင် အသိအမြင်ထူးတာကို ပါရမီအရဖြစ်စေ ကျင့်ကြံအားထုတ်မှုအရ ဖြစ်စေ ဘ၀ဘ၀ အကြောင်းဆက်ကြောင့်ဖြစ်စေ သိနိုင်မြင်နိုင်စွမ်းသော ဆရာတော်ဘုရားကြီးများ စကားကတော့ မမှားနိုင်တဲ့အတွက် ကျမဘ၀မှာနှစ်တော်တော်များများ အမှတ်မှားနေပြီး အမှားမှတ်နေရာမှ တည့်သွားပါတော့တယ်လို့။
![]() |
မြောက်ဦးမြို့က ကျမကြိုက်နှစ်သက်သော ဘုရားစောင့်ဘီလူးကြီး |
0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး