Tuesday, September 18, 2012

သူများဆွမ်းလောင်းတာကိုအားကျတဲ့ ကျမအား ပညာပေးသွားသောဆရာတော်ဘုရားကြီး

မဟာမြိုင်တောထဲတွင် ဆွမ်းခံအပြီး ကျောင်းသို့ ပြန်ကြွသွားသည့် ဆရာတော်ဘုရားကြီး
-->
ထိုနေ့က ၀ါခေါင်လပြည့်နေ့ ကျော်()ရက် သို့မဟုတ် (--၂၀၁၂) နေ့မနက်က ကျမအတော်အိပ်ရာထ နောက်ကျပါသည်။ ညနက်မှဆိုတာထက် မနက် ()နာရီ၊ နာရီမှ အိပ်လေ့ရှိသောကျမသည် ထိုနေ့မနက်က ()နာရီကျော်မှအိပ်ရာမှနိုးသည်။ ထုံးစံအတိုင်း ဆွမ်းပွဲကို အလျင်အမြန်ပြင်ရသည်။ ညက သာကူကို ကရင်ဆိုဒါနှင့်ကြိုထားသော ရေခဲသေတ္တာထဲမှ သာကူများကိုထုတ်ပြီး အုန်းသီးဆန်ကိုခြစ်ရပါသည်။ အုန်းသီးဆန်လေးများခြစ်ပြီး သာကူများကို ပြန်လုံးသည့်အခါအရသာလည်း ကောင်း အမြင်လည်းလှပါသည်။ အုန်းသီးဆန်ခြစ်သည့်အတွက် ကျမမှာ အချိန်ကမရ။ ကဗျာကသီနှင့် ကပ်လှူလိုက်ရပါသည်။ ဘုရားအတွက် ()လုံးနှင့်ဆွမ်း။ ထိုနေ့သည် ()ရက် ဥပုဒ်မှန်းလည်းမသိပါ။
နေ့ခင်း(၁၁)နာရီလောက်တွင် ကျမသည် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး မိုးမိတ်မြို့နယ်၊ မပဒါန်လှိုဏ် ဂူရွေ့ပြောင်းသောအခွေကိုကြည့်ပါသည်။ ကြည့်ပြီးသားပြန်ကြည့်ခြင်းဖြစ်ပါသည်။ ကျမသည် ကုတင်ပေါ်မှ နေပြီး ကြိတ်ကြိတ်တိုးမျှသော လူထုကြီးအားကြည့်သည်။ လူထုတွေကို ရိုက်ပြရာ အသိမိတ်ဆွေများပါမလား ဟုလည်း လူတန်းကြီးများတွင် လိုက်ကြည့်ဖြစ်ပါသည်။ အထူးသဖြင့် ကျမဆရာနှင့်မမဆွေ။ ရန်ကုန်အုပ်စုထဲက တချို့ကိုမြင်လိုက်ရပါသည်။ ထိုနောက်ဆရာတော်ဘုရားကြီးကြွလာသည့်အပိုင်းရောက်လာရာ ကျမသည် အင်မတန်ကြည်ညိုစွာဖြင့် လက်အုပ်ချီမိပါသည်။ သို့သော်ကျမသည် ကုတင်ပေါ်တွင်ဖြစ်နေရာ မသင့်ဟုယူဆ သဖြင့်အောက်သို့ဆင်းပြီး ကြည်ညိုမိပါသည်။
စိတ်အတွင်းမှလည်း ကြည့်ရင်း ကြည့်ရင်း ကျမသည်အလွန်အားကျစိတ်ဖြစ်ပေါ်လာပါသည်။ ရန်ကုန်မှလူများ သည် ဆ၇ာတော်ကြီးကြွလေရာကို ရောက်နိုင်ကြသည်။ ကျမစိတ်ထဲတွင် အော်၊ ငွေကတော်တော်အရေးပါ တယ်။ ငွေပေါတော့ စိတ်သွားတိုင်းကိုယ်ပါတယ်။ ဆွမ်းတွေလောင်းကြ၊ သင်္ကန်းတွေကပ်ကြ၊ အားကျလိုက်တာ အားကျလိုက်တာဟု ဖြစ်မိပါသည်။ ၀န်ထမ်းကလည်းဖြစ်၊ နေရာတကာ ချင့်ချိန်နေရသော လခကြောင့်လည်း စိတ်သွားတိုင်းကိုယ်မပါနိုင်စသည် စသည်ဖြင့် ဆွမ်းလောင်းသူအုပ်စုကြီး၏ ကောင်းမှုကုသိုလ်အားလည်း သာဓု အကြိမ်ကြိမ်ခေါ်မိသလို များပြားလှသော လူအုပ်ကြီး အရှည်ကြီးအား အသက်အရွယ်(၇၁)နှစ်ပင်ဖြစ် သော်ငြား ဆရာတော်ဘုရားကြီး၏ ဆွမ်းခံဝတ်ကို အများတကာကုသိုလ်ရပါစေခြင်းအလို့ငှာ ပင်ပန်းခြင်း မရှိသည့်အလား ကြွရောက်အလှူခံနေသော ဆရာတော်ဘုရားကြီး၏ မေတ္တာကိုလည်းကောင်း နှလုံးသား အတွင်းမှ အထပ်ထပ်အခါခါ ကြည်ညိုပြီးရင်းကြည်ညိုမိပါသည်။
ထိုအချိန်လေးတွင်ပင် ကျမ၏နားထဲတွင် (နင့်ဟာက သုံးလုံးထဲဆိုတော့ငါကဘယ်လိုစားရမှာလဲ)ဟုသော အသံတသံကိုကြားမိလိုက်ပါသည်။ စိတ်ထဲတွင်လည်း တမျိုးဖြစ်သွားသည်။ ဘာလဲဟ ဆိုသောခံစားမှုနှင့် အသိမျိုး။ ဘာလဲ-ကြားလိုက်တာလဲအမှန်။ ပြတ်ပြတ်သားသားကြားလိုက်သည်။ ပြီးတော့ အသံကလည်း ကျမ၏အသံ၊ ပြောသည့်စကားက ကျမစကားမဟုတ်။ ကျမစိတ်ကူးလည်းမဟုတ်ပါ။
ထူးဆန်းသည်မှတော်တော်ထူးဆန်းသည်။ အထူးသဖြင့် ဘာအဓိပ္ပါယ်လဲ ဘာကိုဆိုခြင်တာလဲ။ ကျမခေါင်း ထဲတွင် ရှုတ်သွားသည်။ ကြားလိုက်တာလဲ ပြတ်ပြတ်သားသားအသေအချာ။ ဒီလိုတဦးဦးက ကိုယ့်အသံနဲ့ ကိုယ့်ကိုပြန်ပြီးပြောနေတာမျိုးက ဒုတိယအကြိမ်မို့ သိပ်တော့မဆန်း။ ပထမဦးဆုံး ကိုယ့်အသံနဲ့ကိုယ့်ကို အပြန်ပြန်အလှန်လှန်စကားပြောတာကို စကြုံသည်မှာ သာစည်မြို့နယ်၊ ငါးဆူကျောင်းဆရာတော်ဘုရားကြီး၏ ဂူဘုရားထဲတွင် တရားထိုင်စဉ်ကဖြစ်ခဲ့ဘူးသည်။ အကြာကြီး အပြန်ပြန်အလှန်လှန်ပြောဖြစ်သည်။ ကျမကို လာရောက်ပြီး အပြန်ပြန်အလှန်လှန်စကားလာပြောသူကား ဆရာတော်ဘုရားကြီးတဦးဖြစ်သည်။ အပြန်အလှန်ပြောရင်း ကျမကမေးသည် ဘယ်သူလဲဆိုတော့ ငါပါလို့ပြောနေ၊ နင့်ကိုပြောရတယ်မောတယ်။ ငါ လူအများကြီးကိုတရားဟောရတာ မမောဘူးဆိုမှ ဆရာတော်ဘုရားကြီး ကျမကိုလာဆုံးမခြင်းဖြစ်သည်ဟု သိလိုက်တော့သည်။
အလားတူပါပေ။ နေ့ခင်းအခွေကြည့်ပြီး ကျမအင်တာနက်ဆိုင်သွားရန် ပြင်ဆင်တော့မှ ခေါင်းထဲတွင် လစ်ခနဲ အဖြေပေါ်လာသည်။ ကျမသည် တဦးတည်း ပြုံးလည်းပြုံးသည်။ ရီလည်းရီမိသည်။ တနေ့လုံးပြုံးစိ ပြုံးစိဖြစ်နေ သည်။ ဆရာတော်ဘုရားကြီး၏ မနောအစွမ်းသည်ကား ကျမဘာလုပ်တာကို သိနေသည်ဟုဖေါ်ပြလိုက်ခြင်း ဖြစ်ပါသည်။
အကြောင်းမှာ ထိုနေ့က အချိန်မရတော့သဖြင့် ဆရာတော်ဘုရားကြီး၏ဆွမ်းပွဲတွင် ဘောဇဉ်မပါလိုက်ပါ။ ကျမသည် မဟာမြိုင်တောကြီးထဲမှ ပြန်လာပြီးကတည်းက မြတ်စွာဘုရားရှင်နှင့်တကွ ဆရာတော်ဘုရားကြီးအား အိမ်မှဘုရားစင်တွင် ဆွမ်းကပ်လေ့ရှိပါသည်။ မဟာမြိုင်တွင်ကပ်သည့်အတိုင်းနှင့် မဟာမြိုင်တွင် ဆရာတော်ဘုရားဆွမ်းခံကြွသည်အချိန်အတိုင်း(-နာရီဝန်းကျင်)တွင် ကပ်လှူပါသည်။ မြတ်စွာဘုရားနှင့်ဆရာတော်ဘုရားကြီးအား တူညီသောဆွမ်းဟင်း၊ တူညီသောဘောဇဉ်တို့ဖြင့်လှူတန်းပါသည်။ ထို့အပြင်ကျမသည် မယ်တော်ကြီးပန်ထွာဘုရင်မအားကုသိုလ်ရစေရန် ဆွမ်းကပ်တိုင်းမယ်တော်ကြီးမှ ဆရာတော်ဘုရားကြီး သပိတ်တော်အတွင်းသို့ ကျမကပ်သောဆွမ်းများကို ကုသိုလ်ရစေရန်လောင်းလှူပါဟု ဖိတ်ထားခဲ့ပါသည်။ တခါတရံရုံးချိန်နီးချင်းအရေးပေါ်ကိစ္စပေါ်ခြင်း၊ ခရီးသွားခြင်းမှလွဲပြီး မပျက်ကွက်သလောက် ဖြစ်ပါသည်။ မယ်တော်ကြီးသည် ညောင်ဦးတွင် အဘဘိုးမင်းခေါင်ဓါတ်ကိုရသော သိုသိုသိပ်သိပ်အမျိုးသမီးထံ ကျမတို့ရောက်ခဲ့စဉ်က ဘယ်လိုပတ်သက်နေလဲ ပန်ထွာမယ်တော်ကြီးနဲ့။ ဟိုက သူ့ကိုအကူအညီတောင်းပါ။ သူတို့ပို့သသော မေတ္တာကိုလည်း ခံယူပါဟုလာပြောသည်ဟုကျမကိုပြောပါသည်။ ကျမကတော့ ကျမအကူအညီတောင်းထားသည့်အတွက် ကျမသာလျင်သိပါသည်။
မြတ်စွာဘုရားအတွက် ဘောဇဉ်အဖြစ်သာကူလုံး()လုံးပါသော်လည်း ဆရာတော်ဘုရားကြီးအတွက် ()နာ၇ီကလည်းကျော်နေ အုန်းသီးခြစ်ရတာကသီသဖြင့် သာကူလုံးများမကပ်လိုက်ဖဲ ဆွမ်းချည်းသက်သက် သာကပ်လိုက်ရပါသည်။ သည့်အတွက် မနောပိုင်ပြီး မနောကို စေရာလွတ်နိုင်သော ဆရာတော်ဘုရားကြီးသည် ကျမနေ့စဉ်လိုလို ဆွမ်းကပ်နေပါလျက် ကိုယ့်ကုသိုလ်ကို ကိုယ်အလေးမထား၊ သူတပါးတိုးခွေ့ပြီးဆွမ်းလောင်း နေကြ၊ တိုးရလွန်းတော့ စိတ်တွေလည်း တည်ငြိမ်မှုရှိကောင်းမှရှိမည် (ဆရာတော်ကြီးက အလှူလှူလျင်ထားရ မည့်စိတ်အကြောင်းမကြာခဏဟောပြောပါသည်) ဒါကိုအားကျနေသောကျမ။ ငွေရှိမှသွားနိုင်လှူနိုင်သည်ဟု ဖြစ်နေသောကျမစိတ်။ ဒါကိုသိသော ဆရာတော်ဘုရားကြီးသည် ကျမအား(နင့်ဟာက သုံးလုံးထဲဆိုတော့ ငါက ဘာနဲ့စားရမှာလဲ)ဟု မနောအားရိုက်ခတ်၍ မိန့်သွားခြင်းဖြစ်ပါသည်။
ကျမသည် အဓိပ္ပါယ်ပေါက်သောအခါ အတိုင်းမသိပျော်ရွှင်သွားပြီး ခလေးဆန်သောကျမစိတ်ကို ပြန်လည် သုံးသပ်မိပြီး ရီခြင်မိပါတော့သည်။ အလားတူ ဆရာတော်ဘုရားကြီး၏ မနောအာရုံကို ပိုင်နိုင်စွာ အသုံးပြုနိုင်ခြင်းကိုလည်း အားကျမိပါသည်။ သီလ သမာဓိ ပညာဟူသော သိက္ခာရပ်တို့တွင် ထူးချွန်နိုင်ရန် စွမ်းစွမ်းတမံ အသက်မငဲ့ဘဲ ကျင့်ကြံအားထုတ်နေသော ဆ၇ာတော်ဘုရားကြီးအားလည်း အကြိမ်ကြိမ် အထပ်ထပ်ကန်တော့မိပါတော့သည်။ နောင်တွင်လည်း (သုံးလုံးထဲ)ကပ်လှူဖြစ်တော့မည်မဟုတ်ပါကြောင်း။
ဓမ္မမိတ်ဆွေများအားလုံး ကျမ၏အဖြစ်မှန်ကို ဖတ်ရှုပြီး ကြည်ညိုသဒ္ဓါပွားများနိုင်ကြပါစေရှင်။
နောင်တွင်လည်း စိတ်စွမ်းအင်များရထားကြသည့် ဆရာမများအကြောင်းနှင့် သူတို့ပဌာန်းဆက်များ အကြောင်းများကို ရေးသားပါဦးမည်ရှင်။
အနီးစခမ်းချမ်းမြေ့ရိပ်သာတွင်တရားထိုင်ခဲ့သော ယောဂီအုပ်စုနှင့်ကျမ

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts