သင့်မှာရှိတဲ့ဥာဏ်ကိုသင်ကိုယ်တိုင်စမ်းစစ်ကြည့်
ဂုဏ်မဟုတ်တာကိုလည်း ဂုဏ်လုပ်ပြီး ဘ၀ရဲ့အဖိုးတန်တဲ့အချိန်တွေကို မဖြုန်းသင့်ပါဘူး။ မဟုတ်မမှန်တာ တွေကိုလည်း အားမကျမိဘို့လိုအပ်ပါတယ်။ လောကမှာ ပကာသနပညာနဲ့ သဘာဝပညာရယ်လို့ နှစ်မျိုးရှိတယ်။ ပကာသနပညာမှာဘဲ နစ်မွန်းနေကြတာများတယ်။ ဥာဏ်မှာလည်း သုတမယဥာဏ်၊ စိန္တာမယဥာဏ်၊ ဘ၀နာမယဥာဏ်လို့ သုံးမျိုးရှိပြန်တယ်။
သူများပြောလို့သိတယ်၊ စာဖတ်လို့သိတာ၊ သင်ထားလို့ သိတာက သုတမယအသိဖြစ်တယ်။ ခန္တာကိုယ်အတွင်းက အရှိသဘာဝတရားတွေကို သဘာဝကျကျ (ကိုယ်တိုင်သတိနဲ့စောင့်ကြည့်လို့ သိတာက) နက်နဲသိမ်မွေ့တဲ့ သဘာဝပညာအသိဖြစ်တယ်။
ရွှေစေတီဆရာတော် ဦးဣဿရိယ၊ နေပြည်တော်၏ ပညာ-၂ မျိုး
............................................................................
အတုဟာ အစစ်ထက်ပိုအရောင်တောက်နေတတ်တယ်
စိတ်နေစိတ်ထား မပြည့်ဝသူများဟာ မိမိကိုယ်ကို ပြည့်ဝရင့်ကျက်သူလို့ (ရှိနေတာထက်ပိုပြီး) အထင်ကြီး တတ်ကြတယ်။ မိမိကိုယ်ကို မိမိ ပြည့်စုံပြီလို့ ပြောလွန်းထင်လွန်းပြိး သူတပါးတွေသိအောင် လှုပ်ရှားနေထိုင် ပြုမှုနေထိုင်ခြင်းကလဲ မပြည့်စုံသေးတဲ့ သူ့ရဲ့ လက္ခဏာတွေဘဲ ဖြစ်ပါတယ်။ တခါတရံ အတုဟာ အစစ်ထက်ပိုပြီး အရောင်တောက်လေ့ရှိပါတယ်။
ရွှေစေတီဆရာတော် ဦးဣဿရိယ၊ နေပြည်တော်၏ စိတ်နေစိတ်ထား မပြည့်ဝသူများ၏လက္ခဏာ








0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး