ကျေးဇူးရှင်စွန်းလွန်းဆရာတော်ဘုရားကြီးမှ တိုက်တွင်းရှိတပည့်သား သံဃာများအားဆုံးမလေ့ရှိသောစကား
ဆွမ်းခံသွားရင် တန်းရပ်ပြီး ဆွမ်းခံကြ၊ ထိုင်အိမ်မထားကြနဲ့၊ ထိုင်အိမ်ထားတော့ ကာမမှုရောက်တတ်တယ်။
သူတပါးအချစ်မခံခြင်နဲ့ အချစ်ခံချင်လို့ ချစ်တော့ ပဲ့တတ်တယ်။
ဘုန်းမကြီးချင်ကြနဲ့၊ ဘုန်းကြီးချင်လို့ ဘုန်းကြီးတော့ ဘုန်းမှန်တတ်တယ်။
ဂုဏ်မကြီးခြင်နဲ့၊ ဂုဏ်ကြီးတော့ ဂုဏ်မွှေးစူးတတ်တယ်။
ဂုဏ်မလိုခြင်နဲ့ ဂုဏ်လိုလျှင် ဂုဏ်ပြိုတတ်တယ်။ ဂုဏ်မလိုမှ ဂုဏ်ပိုတယ်။
သပိတ်ကိုလည်း မကျော်ကြနဲ့၊ သပိတ်ကျော်တော့-ငရဲကြီးတတ်တယ်။
(ဥပမာ- ဒါယကာကြီးတယောက်က ချဉ်ပေါင်ရွက်ရေလုံပြုတ် အရေကြည်ကြည်လောင်းလိုက်ပါပေါ့တဲ့။ ဒီတော့ ဟင်ဆိုပြီးနှာခေါင်းရှုံလိုကတာ သပိတ်ကျော်တာဘဲ။ ၀က်သားဆီပြန်လောင်းလိုက်ပြန်ပေါ့တဲ၊ ဟာ-နေရာကျလိုက်လေ ဆိုပြီး ပြုံးတုံးတုံးလေးဖြစ်တာ သပိတ်ကျော်တာဘဲ)။
Thursday, August 2, 2012
သပိတ်မကျော်နဲ့၊ ဂုဏ်မွှေးမစူးခြင်နဲ့ ချစ်တော့ပဲ့တတ်တယ်
Subscribe to:
Post Comments (Atom)
သိတာလေးတွေ ပြောခဲ့ပါဦး
Popular Posts
-
မနေ့က ကျောင်းမှာ ကိုရင်လောင်း(၅၀)စတင်ဝတ်ကြပါတယ်။ ကျမလည်း တစ်ပါးစာကို တာဝန်ယူထားတာကော ရာဂျူးး က(၃)ပါးယူထားတာကြောင့် ကျောင်းကို ည...
-
ဒီတရားကို စင်္ကာပူမှ ဓမ္မမိတ်ဆွေတဦးက ပို့စ်တင်ပေးပါလို့ ကျမကို အကြံပေးတဲ့အတွက် တင်လိုက် ရခြင်းဖြစ်ပါတယ်။ ပထမကတော့ အရေးကြီးတဲ့အချက်လေးတွေကိ...
-
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးသီတင်းသုံးခဲ့သော ကျောင်းဆောင်ပေါ်တွင် ဖူးတွေ့ရသော ဆရာတော် ဦးဗောဓိ (ဗောဓိရိပ်ငြိမ်ဆရာတော်)၊ ဆရာတော်အနားမှာ...
-
သာသနာ့မဏ္ဍိုင် ခုနှစ်ရာခိုင်မှာ စိတ်ဝင်စားစရာဘုရားတဆူရှိပါသေးတယ်။ ဒါကတော့ ခုနှစ်ရာခိုင်စေတီပါ။ အဲဒီစေတီရဲ့ မြေညီထပ်မှာ ဘုရားလေးဆူရှိပါတယ်...
-
ဒါလေးကတော့ ဗဟုသုတအဖြစ် လူမမာတွေအနားနေရင် သတိထားနိုင်ဘို့အတွက် ဆရာတော် ဦးဇောတိက အတော် မမာမကျန်းဖြစ်ခဲ့တဲ့ကာလ (မဟာမြိုင်မှာ လွန်ခဲ့တဲ့ အနှစ် ...
-
စဉ်းစားစရာလေးများ (မဟာမြိုင်ဦးဇောတိက ထန်းတပင်တောရတွင် သီတင်းသုံးစဉ်က) မဟာမြိုင်ဆရာတော်လို့နာမည်ကျော်တဲ့ ဆရာတော် ဦးဇောတိကဟာ လွန်ခဲ့သော် နှစ...
-
ပိဋကတ် သုံးပုံ မြန်မာဘာသာပြန် စာအုပ် အစုံကို ဒေါင်းယူနိုင်ပါပြီ ခင်ဗျ မရှိသေးသူများ အောက်ပါ လင့်များတွင် ဖြစ်စေ ဆိုဒ် မီနူ မှာ ဖြစ်စေ နှိပ်ြ...







0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး