Thursday, August 2, 2012

ဆပ်ပြာသယ်လုပ်မနေနဲ့


စွန်းလွန်းရွာမှာ (ဆပ်ပြာ ၊ဆပ်ပြာ)နဲ့ သူတို့ဆပ်ပြာက အလွန်ချေးကျွတ်တယ်၊ အလွန်ဖြူစင်တယ်လို့ အော်ပြီး လည်ရောင်းနေကြတယ်။ သူတို့ ကိုယ်ကို ကြည့်လိုက်တော့ ချေးတွေချည်းဘဲ။ အဲ- ဒို့ ဒကာ၊ ဒကာမတွေ အဲဒီဆပ်ပြာသယ်တွေလိုဖြစ်နေဦးမယ်။ သူ့တကာ့ ချေးကျွတ်ဘို့ထက် ကိုယ့်ခန္တာကိုယ်က ချေးအရင်ကျွတ်ဘို့အရေး ကြီးတယ်။ သူ့တကာ့အပေါ် ဆရာလုပ်ပြီး တရားဟောနေတာထက် ကိုယ့်ကိုကိုယ် တရားရအောင် ကြိုးစား အားထုတ်ဘို့က အရေးကြီးပါတယ်။ ဒါကြောင့် ဆပ်ပြာသယ် လုပ်မနေကြနဲ့ဟု အမြဲဆုံးမတော်မူခဲ့လေသည်။

စွန်းလွန်းဆရာတော်ဘုရားကြီး

ပြန်လည်တင်ပြသူ၏ရည်ညွှန်းလွှာ-

စာစုများကို တရားဆွေးနွေးလျင် ညင်းကြခုံကြ ပြသနာတက်ကြ။ သူမှန်တယ် ကိုယ်မှန်တယ်နဲ့ ငြင်းခုံရာက ရန်ဖြစ်ကြ။ ပြသနာတက်တတ်ကြနဲ့ ဘာသာရေး သာသနာရေးကနေ မသာမယာဖြစ်သွားကုန်ကြတဲ့ ဗုဒ္ဓဘာသာ ပညာရှိများအတွက် ရည်ရွယ်ပြီး ပို့စ်လုပ်လိုက်တာဖြစ်ပါတယ်။ကျင့်ကြံအားထုတ်ပြီးကုန်သော ရဟန္တာများရဲ့စကားကတော့ နှလုံးသားထဲ လှံနဲ့စိုက်သလို ထိမှန်လှပါပေတယ်။

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts