မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးနတ်တလူမှာ တစ်ခါမိန့်ဖူးတာရှိပါတယ်။
ရုပ်နာမ် ဖြစ်ပျက် ရှုနေရင်းက ရှုဥာဏ်က နူးညံ့သွားလိုက် ကြမ်းလာလိုက် တက်သွားလိုက် ကျသွားလိုက်ဖြစ်နေရင် ။ဒါ..ပါရမီမပါလို့ ဖြစ်ရတာလို့ ယူဆတတ်တယ်။ တကယ်တော့ ပညာနဲ့သမာဓိကပ်ပြီး မလိုက်လို့ ဖြစ်ရတာ။
ဖြစ်ပျက်မြင်တဲ့နောက်က ရှေ့ကသွားရင် တည်ငြိမ်တဲ့ သမာဓိက နောက်က ကပ်ပါရတယ်။ သမာဓိက ရှေ့ကသွားရင် ပညာက နောက်ကကပ်ပါရတယ်လို့ မိန့်ဖူးပါတယ်။
ဒီလို ဖြစ်ပျက်တွေ သိမ်မွေ့သွားရင် နုးညံသွားရင် စိတ်ရှည်ရမယ်နော်။ ဇွဲရှိရမယ်နော်။ အသိမလွတ်စေနဲ့နော်။
တခါလာလည်း ဒီဖြစ်ပျက်ချည်းဘဲ။ တစ်ခါလာလည်း ဒီဖြစ်ပျက်ချည်းပဲလို့ စိတ်ဓာတ်မကျနဲ့နော်။ စိတ်ဓာတ်လည်းမတက်နဲ့နော်။
တပည့်တော် ပြောနေကျစကားနဲ့ဆိုရင် ....အဲဒီနေရာဟာ စန်းပြတ် လဂ်ပြတ် နေရာဘဲနော်။အမှတ်ဝင်လို့မရတော့ဘူး။ အသိလေးနဲ့ပင်သွားရတဲ့နေရာပဲ။ နီဝရဏ အတားအဆီးငုတ်သွားတဲ့နေရာ၊ အမှတ်ဝင်လို့မရောတ့ဘူး။ အသိလေးသုံးရတယ်။ အလွန်နူးညံ့နေပြီလေ။
အမှတ်ကတော့ တစ်ခါတလေ ရုပ်နာမ်းဖြစ်ပျက် ခပ်ကြမ်းကြမ်းလေး ဖြစ်လာမှ တဖန် ပြန်ပြီးမှတ်ရတာ။ ဒါမှမဟုတ် နေရာက အသိလေးနဲ့ သွားလို့ရတဲ့ နေရာပဲဆိုတာ သေချာမှတ်ထား။
ဒီနေရာက စိတ်ရှည်ရတယ်နော်။ စန်းပြတ် လဂ်ပြတ်နေရာဗျာ့။ စိတ်ရှည်နိုင်မှတော်ယုံကျတာ။ စိတ်ရှည်နိုင်မှအောင်မြင်တာ။ အဲဒါ အရှင်ဘုရား စိတ်ရှည်ရှည်ထားပြီးတော့ ပြန်အောင်မှတ်ပါဗျာ။ နောက်ထပ်လည်း ဒီအတိုင်းဘဲနော်)
ဦးဗောဓိရေ တပည့်တော်လည်း မဟာစည်တုန်းက အဲဒီလိုဘဲ တက်လိုက်ကျလိုက်နဲ့ဗျာ့။ ဆရာတော် ဦးပဏ္ဍိတက အမိန့်ရှိမှ သိရတာ။
ဒီရှုကွက်မှာ အသိလေးက အရေးကြီးတယ်နော်။ လမ်းပေါ်တက်သွားရင်းနဲ့ တဖြည်ဖြည်းနူးညံ့ နူးညံ့သွားတာနော်။ လမ်းပေါ်မရောက်ခင်လေးသာတင်ပေးရတာဗျာ့။ အဲဒီနေရာ မှတ်နိုင်ရင်မှတ်၊ မမှတ်နိုင်ရင် သိရုံလေး သိရုံလေးဘဲနော် အဲဒါလေးက ရှေ့ဆက်လည်း သုံးရမှာနော်။
ဝိတက်က အတွေးကို မြှုပ်ပေးတဲ့တာဝန်
ဝိစာရက အတွေ့ကို ဖော်ထုတ်ပေးတဲ့တာဝန်
ဝိစာရ အားကောင်းမှပြီးမှာနော်။ ၀ိတက်က အပြင်လူလေ။ အပြင်ကိုကာကွယ်ပေးတာလေ။
ဝိစာရက အတွင်းလူ၊ အတွင်းသိ၊ အတွင်းရှိုက် သမားကောင်းမှ ပြည့်စုံမှာ။ အတွင်းသိ၊ အစင်းသိပေါ့။ အဲဒါလေး နာနာမှတ်ပါ။ အဲဒီအသိရတနာလေးတွေ သိမ်းထားရတယ်နော်။ ပျောက်မသွားရဘူးနော်။
ဦးဗောဓိက ဆရာတော်ရှင်းပြတာ သဘောပေါက်လွယ်ပါတယ်ဘုရား။ အပူတောထဲက အမောတကောပြေးလာရင်း စမ်းရေအိုင်ထဲ ဖင်ထိုင်ချလိုက်ရသလိုဘဲဆိုတာ ရှင်းပါတယ်ဘုရား။
မှတ်ချက်။ ။ဗုဒေ]္ဓါရသ ၏ ပတ္တမြားမြေမှ တရားအမွေစာအုပ်မှ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ တရားအားကောက်နှုတ်ဖော်ပြခြင်းဖြစ်ပါသည်။
Wednesday, August 22, 2012
စန်းပြတ် လဂ်ပြတ် နန်းကပ်လိမ့် (၀ိပသနာတရားအားထုတ်ရာတွင်အထောက်အကူဖြစ်စေဖို့)
Subscribe to:
Post Comments (Atom)
သိတာလေးတွေ ပြောခဲ့ပါဦး
Popular Posts
-
၂၀၁၂ ခုနှစ်၊ မတ်လထဲမှာ မဟာမြိုင်တောကြီးထဲကို ဆရာတော်ဘုရားကြီးဖူးဘို့ သွားရောက်ခဲ့တုံးက နေပြည်တော်က ၀န်ထမ်းတချို့လည်း အဖွဲ့ထဲမှာပါဝင်...
-
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး ချီးမြှင့်တော်မူသော မေတ္တာမြိုင် -မေတ္တာပို့ နှင့် အနက်အဓိပ္ပါယ် (၁) ဘေရီသဒေ...
-
မဟာသာဝကများ၏ အဘိညာဉ်တန်ခိုး အဓိဌာန်တိုး၍ ပရိနိဗ္ဗာန်စံဝင်ပုံများနှင့် ဝေဘာရမှ ဝေဘာရသို့(အလောင်းတော်ကဿပအရှင်မြတ်ကြီး) ဘုရားပရိနိဗ္ဗာန်စ...
-
ဆရာတော် ဦးဇောတိကနှင့်ပတ်သက် ၍ ပျဉ်းမနားမြို့မှရှိသော ဆရာတော့် ဝေနေယျဟောင်းများ၏ ပြောဆိုသော အသံကိုလွန်ခဲ့သော (၃)နှစ်က ကြားလိုက်ရသည်။ ဆရ...
-
အဘိဏှသုတ်ပါဠိ နမော တဿ ဘဂ၀ါတော အရဟတော သမ္ဗာသမ္ဗုဒ္ဓဿ ပဉ္စမာနိ ဘိက္ခဝေ ဌာနနိ အဘိဏှံ ပစ္စဝေက္ခိ တဗ္ဗာနိ ဣ တ္ထိယာဝါ ပုရိသ၀ါ ဂဟဌေန၀ါ ပဗ္ဗာဇိတေန၀ါ။ ကတမ္မ...







0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး