
်အမြှောက်သုံးလက်
၁။ လူအမြှောက်
၂။ နတ်အမြှောက်
၃။ ဓာတ်အမြှောက် ဟူသော အမြှောက်သုံးလက်
(၁) ကိုယ်ပြောသလိုဖြစ်တဲ့ အာဏာကျည်ဆန်
(၂) ကိုယ်လိုသလိုရတဲ့ လာဘ်ကျည်ဆန်
(၃) ကိုယ့်ဘ၀အဆက်ဆက်က မ-ကျည်ဆန် ဆိုသော ကျည်ဆန်သုံးတောင့်။
ကျည်ဆန်သုံးတောင့် ၊ အမြှောက်သုံးလက်ကို ရှောင်နိုင်တိမ်းနိုင်မှ လူတော်ဖြစ်မှာ အောင်ပွဲရမှာနော်။
မနောလုပ်မှ အဟုတ်ဖြစ်၊ ဒါပေမဲ့ကိုယ်တော်ကြီးတပါးတည်း အကြွေးဆပ်နေရတယ်။
ဦးဗောဓိကြီး မနောနဲ့အလုပ်လုပ်မှ အကုန်ပြီးတာ။ ပရိသတ်ကို အချိန်ပေးနေရတော့ ဘယ်လိုလုပ်ပြီး မနောနဲ့ တတ်နိုင်တော့မှာလဲ။ ပရိတ်သတ်ကို မနောနဲ့လုပ်ပေးချင်တာလေ။ ယခုလိုကြီး လာပြီးတော့ ဟီးဟီးဟားဟား လုပ်နေလို့ ဘာမှ မပေးနိုင်တော့ဘူး။
သူတို့က လူလူချင်းမို့ ဟိုဟာ ဒီဟာလေးတွေထွေလီကာလီလေးတွေ လာပြောကြရမှ ကျေနပ်နေကြတာလေ။ အားရကြတာလေ။ ဒီဘက်က ရဟန်းအလုပ်ပျက်၊ ပင်ပန်းတာတွေ ထည့်မတွက်မိကြဘူး။ ဘယ့်နှယ်လုပ်မတုန်း ပရိတ်သတ်အများကြီးနဲ့ တစ်ယောက်တည်းလေ။ လုပ်စေခြင်တာက ကိုယ်တိုင်တရားလုပ်ဖို့၊ တရားအားထုတ်ဖို့လေ။ သူတို့က ဖူးရတာ၊ ပြောရတာ၊ လှူရတာလောက်နဲ့ပဲ ကျေနပ်နေကြတယ်။ အဲဒီလောက် ကလေးနှင့်နှစ်သက်နေလို့ကတော့ အကျိုးမများကြဘူးဗျာ့။
ဦးဗောဓိရေ…. မိုးမိတ်ရောက်တော့ ဟို.. ရန်ကုန်တွေ ၊ မန္တလေးတွေပိုပြီးဆိုးသေးပဲ။ ရန်ကုန် ရန်ကုန်ဗျာ၊ အကုန်ပါကြတာဘဲ။ မဟာမြိုင်တုံးက မဖူးရတာတွေပေါ့။ အကုန်လုံးပဲ အကြွေးလာတောင်းတော့တာဘဲ။ ကိုယ်တော်ကြီးတပါးတည်း အကြွေးဆပ်နေရတယ်။ကြွေးတောင်းတဲ့ လူကတော့ မနည်းဘူး ဦးဗောဓိ။
ပြန်လည်မျှဝေသူ၏မှတ်ချက်။ ယခုစာစုများကို မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး မိုးမိတ်မပဒါန်းဂူတွင် သီတင်းသုံးနေစဉ် သွားရောက်ဖူးမျှော်သော ဗုဒ္ဓေါရသ အရှင်ဣန္ဒာစရိယ (ဦးဗောဓိ)၊ ဗောဓိရပ်ငြိမ်တောရ၊ မှော်ဘီအား မိန့်ကြားသော သြ၀ါဒများ စာအုပ် (ပတ္တမြားမြေမှ တရားအမွေ (သို့မဟုတ်) ပတ္တမြားနှင့်သမင် တရားနှင့်သင်) စာအုပ်မှ ကောက်နှုတ်ချက်ဖြစ်ပါသည်။ ထိုစာအုပ်၏ဓမ္မဒါနအလှူရှင်မှာ ဦးထွန်းအောင်နှင့် ဒေါက်တာသင်းသင်းဝေ၊ ပြုံးပန်းကမ္ဘာမုန့်တိုက်၊ ရန်ကုန်ဖြစ်ပါသည်။
Tuesday, August 21, 2012
ရဟန်းသာမဏေတို့အတွက် အမြှောက်သုံးလက်၊ ကျည်ဆန်သုံးတောင့်
Subscribe to:
Post Comments (Atom)
သိတာလေးတွေ ပြောခဲ့ပါဦး
Popular Posts
-
ကျမပို့စ်မတင်ဖြစ်တာကြာပါပြီ။ ဆရာတော်ဘုရားကြီးနဲ့ပတ်သက်ပြီး တင်မယ်ဆိုရင်လည်း ဘာတွေအကောင်းဆုံးမျှဝေပေးနိုင်မလဲဆိုပြီးစဉ်းစားရတာကြောင့် ...
-
မနေ့က ကျောင်းမှာ ကိုရင်လောင်း(၅၀)စတင်ဝတ်ကြပါတယ်။ ကျမလည်း တစ်ပါးစာကို တာဝန်ယူထားတာကော ရာဂျူးး က(၃)ပါးယူထားတာကြောင့် ကျောင်းကို ည...
-
မုံရွာမြို့နယ်မှ ရင်သွေးလိမ္မာအဖွဲ့အားဟောကြားသောတရား ယခုတရားမှာ ယခင်က တချို့အပိုင်းများကို ကျမဘလော့ပေါ်တွင် တင်ခဲ့ဘူးပါသည်။ အခွေထဲမှ တ...
-
ကျမ ၂၁.၁၁.၂၀၁၂ နေ့က လက်လုပ်တောင်ကျောင်းသို့တခေါက်ရောက်ခဲ့ပြန်ပါသည်။ ထိုအချိန်တွင် ဆရာတော် ဦးခေမာလည်း ဆွမ်းဘုန်းပေးနေပြီ။ ကျမလည်း ဦးဗောဓိအရ...
-
မဟာဗောဓိမြိုင်ဆ၇ာတော်ဘုရားကြီး သီတင်းသုံးခဲ့တဲ့ နေပြည်တော် ရွှေနန်းသွင်းစေတီတော်မြတ်မှာ (၉.၁.၂၀၁၅)နေ့ ည(၉)နာရီခန့်မှာ ကြွရောက်လာတယ်လို့သိရပ...
-
၁၁-၇-၁၆ နေ့ ည(၇)နာရီမှာ ရေဆင်းကနေ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ ၇၅ နှစ်မြောက် ဂုဏ ပူဇာ တရားစခန်းပွဲကျင်းပရာ နေပြည်တော် လက်လုပ်တောင်တောရကိ...
-
ငယ်စဉ်က ကျမတို့ ဗန်းမော်ထောင်မှာ ထောင်မှူးကြီးအဖြစ် စာရေးဆရာ ရန်အောင်မောင်မောင် ပြောင်းရွေ့လာပါတယ်။ စာရေးဆရာ တင်သန်းဦးဟာလည်း ခြေလျင်တပ် (...







0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး