ရှေ့သို့ ရှေ့သို့၊ ရဟန်းအလုပ်နောက်မဆုတ်နဲ့
အရှင်ဘုရားရဲ့….(အရှင်ဣန္ဒောစရိယအားဆိုလိုခြင်းဖြစ်သည်)။
ပွားပို့မှု သတိနှင့် အောက်မေ့မှု သတိပေါ့။
စာလိုက ၀ိတက် ၀ိစာရလို့ဆိုရလိမ့်မယ်။
ရှုကွက် ရုပ်နာမ်ဖြစ်ပျက်မှာ အမှတ်ဝင်နိုင်ရင် ၀င်၊ မ၀င်နိုင်ရင်တော့ ကပ်သိတာလေးနဲပင် သိရုံလေးနဲ့ သိနေရမှာ။ အသိမျက်ခြေမပြတ်နဲ့။ အဲဒီအသိမျက်ခြေမပြတ်လျှင်သိရုံလေးသိတဲ့ အသိပင်လျှင် နူးညံ့လာပြီး အဲဒီကလည်း ချုပ်နိုင်တယ်နော်. ဒါမှမဟုတ်ရှေ့မကျော် နိုင်ရင်လည်း နောက်ပြန်ကျပြီး ရုပ်နာမ်ဖြစ်ပျက် ပြန်မြင်ရတယ်။ အဲဒီလိုဖြစ်လာရင်လည်း အားမလျော့ရဘူး။ ရှေ့သို့ ရှေ့သို့။
ရဟန်းအလုပ် နောက်မဆုတ်နဲ့
ကိလေသေ ဘိန္ဒဟီတိ ဘိက္ခု။
ကိလေသာတို့ကို သတ်ဖြတ် ဖျက်ဆီးပစ်နေတာ ရဟန်းမဟုတ်လား။ ရဟန်းဆိုတာ တရားရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ အားထုတ်ရမှာဖြစ်တယ်။ ကိလေသာ ဖျက်ဆီးတဲ့အလုပ် လုပ်နေရမှာဖြစ်တယ်။
တရားရတာ မရတာ ကိုယ့်နဲ့မဆိုင်ဘူး။ သူ့တာဝန်ဘဲ။ ကိုယ့်တာဝန်က လုပ်နေဖို့သာ လိုပါတယ်။ အားထုတ် နေဖို့သာလိုပါတယ်။
ကိုယ်က ရှေ့တန်းတက်တိုက်တဲ့ စစ်သားတစ်ယောက်လိုဘဲ။ ငါပင်ပန်းတယ်၊ ငါဆာတယ်၊ ငါနေမကောင်းလို့ ဟူ ပြီး နားနေလို့မရဘူး။ နားနေလို့ကတော့ ရန်သူ့လက်တွင်း ရောက်သွားရမှာ။ ဒီတော့ မပြတ်သာ အားထုတ်နေဖို့က အဓိကဖြစ်တယ်။
…………
မီးများမီးနိုင် ရေများရေနိုင်။
မိဘနှစ်ပါးမွေးကတည်းက ဓာတ်လေးပါးက တိုက်တာ ပတ်ချာလည်ဘဲ။ သွေးထဲမှာ ဥာဉ်တွေ၊ စရိုက်တွေ၊ ၀ါသနာတွေက ဘ၀အဆက်ဆက်ကပါလာတာ သွေးထိုးနေမှာလေ။ ဘ၀တိုင်းပါလာတာဆိုတော့နည်းမလား။ မီးဘက်ကနိုင်နေတော့ ကိုယ့်ဘက်က ရေများဖို့သာလိုတယ်ဗျာ။ လုပ်ချင်ရာလုပ်အတွေးမ၀င်အောင်လုပ်။ အမှတ်မလွတ်ဖို့သာလိုတယ်။ ရေများတော့မီးသေသွားတာပေါ့။
ပန်းပုဆရာပုံစံသွင်းသလိုမျိုး
ရွှံ့လို လူမျိုးဆိုရင် ရေနဲ့နှဲ၍ ကိုယ်လိုသလိုပုံစံသွင်း
ဖယောင်းလိုလူမျိုးဆိုရင် မီးလေးပြပြီး ကိုယ်လိုသလို ပုံစံသွင်း
သစ်သားလို လူမျိုးဆိုရင် လွှ၊ ဆောက်စသည်ဖြင့် ကိုယ်လိုသလိုပုံစံသွင်း
ကျောက်လို လူမျိုးဆိုရင် စို့၊ တူတို့ဖြင့် ကိုယ်လိုသလို ပုံစံသွင်း
ဗုဒ္ဓောရသ အရှင်ဣန္ဒောစရိယ (ဗောဓိရိပ်ငြိမ်ဆရာတော်၊ မှော်ဘီ)၏ ပတ္တမြားမြေမှ တရားအမွေစာအုပ် မှ မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး၏တရားအားဖော်ပြခြင်းဖြစ်ပါသည်။
Wednesday, August 22, 2012
ရှေ့သို့ ရှေ့သို့၊ ရဟန်းအလုပ်နောက်မဆုတ်နဲ့
Subscribe to:
Post Comments (Atom)
သိတာလေးတွေ ပြောခဲ့ပါဦး
Popular Posts
-
မနေ့က ကျောင်းမှာ ကိုရင်လောင်း(၅၀)စတင်ဝတ်ကြပါတယ်။ ကျမလည်း တစ်ပါးစာကို တာဝန်ယူထားတာကော ရာဂျူးး က(၃)ပါးယူထားတာကြောင့် ကျောင်းကို ည...
-
ဒီတရားကို စင်္ကာပူမှ ဓမ္မမိတ်ဆွေတဦးက ပို့စ်တင်ပေးပါလို့ ကျမကို အကြံပေးတဲ့အတွက် တင်လိုက် ရခြင်းဖြစ်ပါတယ်။ ပထမကတော့ အရေးကြီးတဲ့အချက်လေးတွေကိ...
-
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးသီတင်းသုံးခဲ့သော ကျောင်းဆောင်ပေါ်တွင် ဖူးတွေ့ရသော ဆရာတော် ဦးဗောဓိ (ဗောဓိရိပ်ငြိမ်ဆရာတော်)၊ ဆရာတော်အနားမှာ...
-
သာသနာ့မဏ္ဍိုင် ခုနှစ်ရာခိုင်မှာ စိတ်ဝင်စားစရာဘုရားတဆူရှိပါသေးတယ်။ ဒါကတော့ ခုနှစ်ရာခိုင်စေတီပါ။ အဲဒီစေတီရဲ့ မြေညီထပ်မှာ ဘုရားလေးဆူရှိပါတယ်...
-
ဒါလေးကတော့ ဗဟုသုတအဖြစ် လူမမာတွေအနားနေရင် သတိထားနိုင်ဘို့အတွက် ဆရာတော် ဦးဇောတိက အတော် မမာမကျန်းဖြစ်ခဲ့တဲ့ကာလ (မဟာမြိုင်မှာ လွန်ခဲ့တဲ့ အနှစ် ...
-
စဉ်းစားစရာလေးများ (မဟာမြိုင်ဦးဇောတိက ထန်းတပင်တောရတွင် သီတင်းသုံးစဉ်က) မဟာမြိုင်ဆရာတော်လို့နာမည်ကျော်တဲ့ ဆရာတော် ဦးဇောတိကဟာ လွန်ခဲ့သော် နှစ...
-
ပိဋကတ် သုံးပုံ မြန်မာဘာသာပြန် စာအုပ် အစုံကို ဒေါင်းယူနိုင်ပါပြီ ခင်ဗျ မရှိသေးသူများ အောက်ပါ လင့်များတွင် ဖြစ်စေ ဆိုဒ် မီနူ မှာ ဖြစ်စေ နှိပ်ြ...







0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး