Thursday, July 19, 2012

ရှင်မဟာ ကဿပကြီး၏ မုသားလွတ်အောင်လုပ်နည်း

ဒီတရားကို စင်္ကာပူမှ ဓမ္မမိတ်ဆွေတဦးက ပို့စ်တင်ပေးပါလို့ ကျမကို အကြံပေးတဲ့အတွက် တင်လိုက် ရခြင်းဖြစ်ပါတယ်။ ပထမကတော့ အရေးကြီးတဲ့အချက်လေးတွေကိုဘဲ ကျမက ထုတ်ထားတာပါရှင်။ သူအကြံပေးတဲ့အခါမှာ တရားသားမပျက်အောင် အသေးစိပ်ကိုဘဲတင်လိုက်ပါတယ်ရှင်။ သတိချပ်သင့်တာက ကျမတို့ white lie လို့ခေါ်တဲ့ မုသားမပါလင်္ကာမချောဆိုတဲ့ စကားလိုတော့ မဟုတ်ဖူးလို့ ပြောပါရစေ။ သူတပါးထိခိုက်မှာကို သူတော်ကောင်းကြီးများက ကာကွယ်တာဖြစ်ပါတယ်။ သူတပါးထိခိုက်စေလိုတဲ့ လင်္ကာချောတဲ့ မုသားမျိုးကိုလည်း ဘယ်သူတော်ကောင်းကမှ အားမပေးပါဘူးဆိုတာကိုတော့ သတိချပ်စေလိုပါတယ်။ White lie တို့ Diplomatic way တွေနဲ့ မရောထွေးစေလိုပါ။ ရောထွေးသွားရင် အနှစ်ကနေ အကာကို ပြောင်းလဲသွားနိုင်တဲ့အတွက် ဗုဒ္ဓဘာသာဝင်များက ထိန်းသိမ်းရမှာဖြစ်ပါတယ်လို့။

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးသည် 28-4-2012 နေ့တွင် ထိုင်းနိုင်ငံမှ ဆရာတော်ဘုရားကြီးကို ကြည်ညိုသဖြင့် လာရောက်သောဖူးမျှော်ကြသောထိုင်းလူမျိုး(၂)ဦး အား ဟောကြားသော တရားမှ တရားသားမပျက် ပြန်လည်ရေးသားထားခြင်းဖြစ်ပါသဖြင့် စကားပြောအမေးအဖြေကဲ့သို့ ဖြစ်နေပါသည်။ စကားပြန်အမျိုးသမီးလေးမှ ဆရာတော်ဘုရားကြီးနှင့်ထိုင်းလူမျိုးကြားတွင် ဘာသာပြန်ပေးခဲ့တာဖြစ်ပါသည်။ ထိုတရားမှာ အနှစ်အသားပါလှပါသည်။ ယခု ကျမတင်လိုက်သည် မှာ တရား၏ တချို့အပိုင်းမျှသာဖြစ်ပါသည်။ (ပို့စ်တင်သူK.Thet :bamawkhemarsiri@gmail.com)

(သူတို့ဟာ လူ့လောကထဲမှာ ကျင်လည်နေတဲ့အတွက် ၅ ပါးသီလကို မလုံခြုံတာမျိုးရှိပါတယ်တဲ့။ အဲဒါကြောင့် သူတို့ကတရားထိုင်တဲ့အခါ သီလမစင်ကြယ်တာများဖြစ်နေမလားတဲ့။)

တရားထိုင်မဲ့အချိန်မှာ သီလယူရတာ။ အဲဒါက ကိုယ်လုပ်ခဲ့တာကိုဖြတ်ခိုင်းတာမဟုတ်လား။ တရားထိုင်တိုင်း သီလယူရတယ်။ ဒါဟာ အရေးအကြီးဆုံး။ သီလယူခဲ့တာ အရင်လုပ်ပြီးသားတွေကို ဖြတ်ချလိုက်တာ။ သီလယူထားတဲ့အတွက်ကြောင့် အနှောက်အယှက်မဖြစ်အောင် သီလယူထားတဲ့သူကို သက်ဆိုင်ရာနတ်တွေ သာသနာစောင့်တွေက စောင့်ရှောက်ရတယ်။ ဒါကြောင့်သီလယူရတာ။ ဘာစည်းချစရာမှမလိုဘူးနော်။

မေးရဦးမယ် -ဒကာကြီးက အင်္ဂုလိမာလလောက် ဆိုးလို့လား။ (မဆိုးပါဘူးတဲ့ဘုရား။ သို့ပေမဲ့ အလုပ်လုပ်တဲ့အခါ စကားပြောတာတွေဘာတွေရှိလို့ပါတဲ့ဘုရား။) အင်္ဂုလိမာလဟာ ဆိုးတဲ့ကြားက ရဟန္တာဖြစ်သွားတာ မဟုတ်လား။ အဲဒီတော့ပါးစပ်နဲ့ပတ်သက်တာကို ရှင်မဟာကဿပ လိမ်နည်းလိမ်လို့ပြောပြ။

ဥပမာ- ဒို့က ဘတ်(၁၀)သိန်းယူသွားတယ်။ ဒို့က ဒီနေ့မှာ ဘတ်(၁၀)သိန်းနဲ့ပစ္စည်း မ၀ယ်မဖြစ်ဝယ်ရမှာ။ဒို့အရေးအကြီးဆုံး သူငယ်ချင်းကလည်း သူ့သားက ရုံးထုတ်ရမှာ ဘတ်(၁၀)သိန်းလိုတယ်။ အဲဒီမှာ သူငယ်ချင်းကဘတ်(၁၀)သိန်းမပါဘူးလို့မေးရော။ ပါတယ်ဆိုရင် ကိုယ့်ဒုက္ခကရောက်တော့မှာလေ။ ကိုယ်က ရှိတယ် မပေး၏ဘူးပြောရင် တသက်လုံးကိုယ့်သူငယ်ချင်းနဲ့ မိတ်ပျက်ပြီလေ ဟိုကသားဇောနဲ့။ အဲဒီအခါဘယ်လို လုပ်ရမလဲ။ (မဖြေတတ်ပါဘူးတဲ့)။

ဥပမာ ဘတ်(၁၀)သိန်းက အိပ်ထဲပါလာတယ်ဆိုပါတော့ အဲဒါကို ဘတ်(၁၀)သိန်းငါ့လက်ထဲမပါပါဘူးလို့ပြောလိုက် မှားသလား(မမှားပါဘူးတဲ့ဘုရား)

ရှင်မဟာကဿပကိုယ်တော်ကြိး တောထဲဆွမ်းခံသွားတာ။ သူခိုးက ဗိမသာရ မင်းကြီးရဲ့ ရတနာတွေခိုးလာတယ်။ မင်းချင်းတွေက နောက်ကလိုက်လာတယ်။ သူခိုးက ရှင်မဟာ ကဿပ ကိုယ်တော်ကြီးကို ဘယ်သိမတုန်း သူ့အသက်ဘေးဆိုတော့ တိုက်ပြိးပြေးသွားတယ်။ ဘုရင့်မင်းချင်းတွေက လိုက်ုလာတာပေါ့။ မင်းချင်းတွေက ရှင်မဟာကဿပကြီးကို မြင်တော့ ဓါးတွေလှံတွေချပြိးထိုင်ကန်တော့တာပေါ့။ ပြိးတော့ အရှင်ဘုရား ဒီနားမှာ ပြေးသွားတဲ့ လူတယောက် မမြင်မိဘူးလားလို့မေးတာပေါ့။ မြင်မိတယ်ဆိုရင်ပါရဇိက မမြင်မိဘူးဆိုရင် ပါဇိတ် အာပတ်သင့်မှာ နော်။ ဘယ်ဘက်ကမှ မလွတ်ဖူးလေ။ ဒီတော့ ရှင်မဟာကဿပကိုယ်တော်ကြီးက ခြေထောက်လေး နည်းနည်းရွေ့လိုက်ပြီး ဒီနားကတော့ မမြင်မိပါဘူးလို့ ပြောတာ။ ကဲ-ထိုင်းကောလိမ်တတ်ပါ့မလား။

(ရသွားပါပြီတဲ့)။ (ထိုင်းကို လိမ်နည်းသင်လိုက်ဦးမယ်)။ အဲဒါအပစ်လွတ်အောင်လို့ သူတော်ကောင်းတွေက ပရိယါယ်သုံးကြရတာ။ မှန်တဲ့အတိုင်း တိုက်ရိုက်ပြောရင် အကုသိုလ် တွေကအများကြီး။ ရှင်မဟာကဿပကိုယ်တော်ကြီးက လိမ်ပြသွားတာ။ မုသားလွတ်အောင် လုပ်တာနော်။ အရေးကြီးတာက သတိဘဲ။ မြင်တယ်လို့ပြောရင် ဖြစ်မှာမှမဟုတ်ဖဲ။ သတိရှိတဲ့ပုဂ္ဂိုလ်ဆိုတော့ နေရာလေး ဖယ်လိုက်ပြီး ဒီနားကတော့ မမြင်လိုက်ပါဘူး ပြောတာ။ဘတ်(၁၀)သိန်းပြောမယ်ကြံရင် ကားပေါ်ထားရင် ကားပေါ်အာရုံပြုလိုက် အိတ်ထဲပါရင် အိတ်ထဲအာရုံပြုလိုက် ပြီးမှ ငါ့လက်ထဲမပါဘူးပြောရမှာ။

ဆရာတော်ဘုရားကြီးမေတ္တာထားပြိး အချိန်တွေအများကြိးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်တဲ့။ ဆရာတော်ဘုရားကြီးပြောတာတွေကို အခုသူနားလည်နေပါပြီးတဲ့ဘုရား။

ကိုယ်လုပ်ခြင်ရာလုပ် သတိလေးနဲ့လုပ် သတိမပါရင် ဥာဉ်ခိုင်းတာ လုပ်ရမှာပေါ့။ သတိပါတော့ ဒို့ခိုင်းတာ ဥာဉ်ကလုပ်ရတာ။

ဘုရားသားဖြစ်ခြင်သလား မဖြစ်ခြင်သလား အဲဒါအရင်မေး။ (ဖြစ်ခြင်ပါတယ်တဲ့ဘုရား)။

သတိရှိရင် ဘုရားသားဘဲ။ သတိမရှိရင် ဘုရားသားမဟုတ်ဖူးပေါ့။

3 ဖတ်သူများပြောစကား:

  1. ဒါက ဘယ်သုတ်မှာပါတာလဲ အမေ အဌကထာ ဖွင့်ထားတာများလား သား သုတ္တံ ထဲမှာ မမြင်ဘူးလို့ မေးကြည့်တာပါ ဘာရယ်တော့ မဟုတ်ဘူး အမေစာရေးတာကလဲ ကျမ်းကိုးလဲ မပြဘူး သူများလှောင်မယ်နော် အမေ အဲလို မရေးရဘူး ကိုယ့် အပြစ်လွတ်အောင် ဘယ်စာအုပ် ဘယ်စာမျက်နှာ စသဖြင့်တော့ ထည့်ပေးပါ တော်ကြ မေလေး အာပတ် ချေနေရမယ် အာပတ်ချေလို့ ပျောက်တာဆို အကြောင်းမဟုတ်ဘူး ဒါမျိုးက တစ်ဦးတစ်ယောက် အမှတ်မှားခဲ့လို့ ရှိရင် သွားပြီး ရေးသူအတွက် မလွယ်ဘူးလေ နောက်တရားစာရေးရာမှာ ရှုသူနဲ့ အရှုခံ ဆိုတာ ရှိတယ်လေ အမေရေးထားတဲ့ စာက ရှုသူ သက်သက်ဖြစ်နေတယ် ဒါမျိုး မရေးသင့်ဘူးလို့ ယူဆပါတယ် အခု ဒီပိုစ့်က အမေပြောတာက ၀ိနည်းတတ်လို့ နွားသတ်တယ် ဆိုတဲ့ ကိန်းဆိုက်နေတာ စာရေးတာ အမေ မရေးတတ်သေးဘူးနော် သားရေးနည်း ဖရန်တွေ ပို့ပေးမယ် သိထားမှ ဖြစ်မယ်အမေရေ မဟုတ်လို့ကတော့ အမေ့ကို ငါ့စကားနွားရ ရေးတယ်ဆိုပြီး စွပ်စွဲလာလိုက်မယ် လူကြီးရှေ့ လူငယ်ပြေးနေတာတော့ မဟုတ်ပါဘူး လိုအပ်တယ်ထင်လို့ပါ (ဟီး...နွားရှေ့ထွန်ကျူး ဆိုတာမသုံးရဲလို့ လွဲရေးလိုက်တာ)တရား စာတစ်ပုဒ်မှာ အရှုခံ နဲ့ ရှုသူ နှစ်ဖက် စလုံးမပါရင် ဘယ်သူရေးတာ ဖြစ်ပါစေ မှန်တယ်လို့ တပ်အပ် ယူဆလို့ မရဘူး အကျယ်ချဲ့ရေးထားလို့ မှားယွင်းတဲ့ အယူအဆတွေ ဖြစ်လာတာ သာဓကတွေ ရှေ့မှာ အများကြီးရှိခဲ့ပြီးပြီဆိုတာ အမေလဲ သိပါတယ် ကိုယ့်ကြောင့်တော့ မဖြစ်ပါစေနဲံ အမေရေ ....... ရှင်ရာဟုလာထုံး နှလုံးမူလို့ ဒီလို ပြောတာပါ သားမိုက်လေး အာကာဖြိုး

    ReplyDelete
  2. This comment has been removed by the author.

    ReplyDelete
    Replies
    1. အာကာ၊။ သူများလှောင်မှာထက် အချင်းချင်းလှောင်မှာကြောက်ရတယ်။ သူများဖျက်မှာထက် အချင်းချင်းဖျက်တာ ပိုကြောက်ရပါတယ်။ အမှတ်မှားစရာမလိုပါဘူး။ ဒီအကြောင်းအရာကို ဗုဒ]္ဓဘာသာတော်တော်များများသိကြပါတယ်။ ဆရာတော်ကြီးတွေတော်တော်များများ လည်း ဟောကြပါတယ်။ ထင်ရှားမှတ်သားဘို့ လွယ်တဲ့အကြောင်းလေးပါ။ နောက်ပြီး ဒို့က စာရေးသူမဟုတ်ပါဘူး။ ဆရာတော်ဘုရားကြီးရဲ့တရားတွေကို ကြားရနာရခဲတဲ့အတွက် မကြားရရင်တောင် သိကြရပါစေဆိုတဲ့ စိတ်နဲ့ စေတနာနဲ့မျှဝေခြင်းသာဖြစ်တဲ့အတွက်၊ ပြန်လည်မျှဝေသူသာဖြစ်ပါတယ်။ စာရေးသူလုံးဝမဟုတ်ပါဘူး။ နောက်ပြီး ဆ၇ာတော်ဘုရားကြီးကို ကြည်ညိုကြတဲ့ ဥပသကာတွေအတွက် ဒကာဒကာမတွေအတွက် အထူးရည်ရွယ်ပြီးတင်တာဖြစ်ပါတယ်။ ဒါဆိုရင်သဘောပေါက်မှာပါ။ သားက ထိုင်းဘက်နေတဲ့အတွက် ဆရာတော်ဘုရားကြီးအကြောင်းကို မကြားမသိတာဖြစ်ပါလိမ့်မယ်။

      Delete

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts