စဉ်းစားစရာလေးများ (မဟာမြိုင်ဦးဇောတိက ထန်းတပင်တောရတွင် သီတင်းသုံးစဉ်က)
မဟာမြိုင်ဆရာတော်လို့နာမည်ကျော်တဲ့ ဆရာတော် ဦးဇောတိကဟာ လွန်ခဲ့သော် နှစ်(၂၀)ခန့်က ပျဉ်းမနားနဲ့လယ်ဝေးနယ်စပ် မဟာမြိုင်မှာ သီတင်းသုံးခဲ့ပါတယ်။ အဲဒီတုံးက ဆရာတော်တို့ဟာ (၂)မိုင်လောက်ဝေးတဲ့ ထန်းတပင်ရွာကို ဆွမ်းသွားခံရပါတယ်။ အဲဒီလို ဆွမ်းသွားခံတဲ့အခါမှာ ဆရာတော်တို့ကို အင်မတန်မှ ကြည်ညိုတဲ့ ဒကာမကြီး ဒေါ်စောညွန့်ဆိုတာရှိပါတယ်။ ဒေါ်စောညွှန့်ဟာ မဟာမြိုင်တောကျောင်းမှာ ဆရာတော်သီတင်းသုံးတဲ့ ကျောင်းကို ပျဉ်းမနားက ဒကာမကြီး ဒေါ်လှမူနဲ့ ၂ ဦးစပ် လှူတန်းထားတာဖြစ်ပါတယ်။ ဦးမြသန်းစံရေးတဲ့စာအုပ်တအုပ်မှာလဲ အနည်းငယ်ဒီအကြောင်းပါဝင်ပါတယ်။
တခါတော့ ဒေါ်စောညွန့်ကို ဆရာတော်ဦးဇောတိကမေးပါတယ်။ ဒကာမကြီးသေခါနီးရင် ဘာကိုအာရုံပြုမလဲလို့ ပေါ့။ ဒကာမကြီးက ရွာကလည်းဖြစ်တော့ မိရိုးဖလာအရလည်း ဘုရားကိုအာရုံပြုလို့ပြောပြောနေကြတော့ ဘုရားကိုအာရုံပြုပါမယ်ဘုရားလို့ပြန်လျောက်ထားတယ်။ အဲဒီအခါမှာ ဆရာတော်က ဒကာမကြီး ဘုရားက ပရိနိဗ္ဗာန်ပြုသွားပြီလေ။ မရှိမှ မရှိတော့တာ ဘုရားအာရုံပြုလို့ ဘုရားမှမရှိတော့ဘဲ လို့ပြန်ပြောတယ်။ ဒေါ်စောညွန့်ကလည်း ဒါဆိုဘာကိုအာရုံပြုရမှာလဲဘုရားလို့ ပြန်လျောက်ထားတယ်။
ဆရာတော်ဦးဇောတိကက တရားရှုမှတ်မယ်လေ ဒကာမကြီး။ ဝေဒနာတွေပေါ်လာရင်လည်း ဝေဒနာတွေကို သတိနဲ့သိပြီး ရှုမှတ်မယ်။ တရားအားထုတ်ထားတယ်ဆိုတာ ဒါအတွက်ဖဲ ဒကာမကြီးလို့ ရှင်းပြသတဲ့။ ဒေါ်စော ညွန့်ကတော့ လျှာကင်ဆာနဲ့ဆုံးသွားတာနှစ်ပေါင်းများစွာကြာသွားပါပြီ။ သို့သော် ဒါလေးကို အမှတ်တရ ပြန်ပြီး လေးနက်တာလေးမို့ ကျမကတော့ မမေ့သေးတာခုထိပါဘဲ။
ထန်းတပင်မှာ ဆရာတော် ဦးဇောတိက သီတင်းသုံးစဉ် ဆရာတော်ဟာ အတော်နေမကောင်းဖြစ်လို့ ပျဉ်းမနား စည်ပင်ရိပ်သာက ဆရာတော့် ရဟန်းဒကာမကြီးမိသားစုအိမ်မှာ သီတင်းသုံးခဲ့ရပါတယ်။ အဲဒီအချိန်တုံးက ဆရာတော်ဟာ သူ့ကိုယ်သူသေပြီလို့မှတ်တယ်လို့ ပြန်ပြောပြပါတယ်။ ဆရာတော်ဟာ မေ့မျောနေတာ မဟုတ်ပဲနဲ့ ပါးစပ်ကနေ ဘာမှပြောလို့မရပါဘူးတဲ့။ ဘေးကလူတွေပြောနေတာအကုန်ကြားရတယ်။ ပါးစပ်က ဘာကိုမှပြောလို့မရတာတဲ့။ အဲဒီမှာ ဆရာတော်အနည်းငယ်နေကောင်းလာတော့ ဒီအကြောင်းကို မိန့်ခဲ့ပါတယ်။ အကြားအာရုံဟာ နောက်ဆုံးမှ ချုပ်တယ်ဆိုတဲ့အကြောင်းကိုကော ရှင်းပြပါတယ်။ ဒါကြောင့် သေခါနီး လူတွေ အနီးအနားမှာ မသင့်လျော်တဲ့စကားတွေမပြောကြဘို့၊ သူတို့ဟာ ပြန်သာမပြောနိုင်ပေမဲ့ ကြားနိုင်သေးတဲ့ အတွက် မသင့်တဲ့စကားတွေပြောရင် အာရုံလွဲသွားနိုင်တဲ့အကြောင်းကို ပြောတော်မူခဲ့ပါတယ်။
ဒါကြောင့် ဘာကိုအာရုံပြုမှာလဲဆိုတဲ့အမေးရယ်၊ အဖြေရယ်ဟာ ဒီမှာရှင်းပါတယ်နော်။ ဒါကြောင့် ဟောစဉ်တွေနဲ့ သွေဖယ်နေသလိုဖြစ်နေတဲ့အခါမှာ ဥာဏ်နဲ့သာ စဉ်းစားရမှာဖြစ်ပါတယ်။ တရားရှုမှတ်လေ့ ရှိတဲ့ သူတွေအတွက် တရားကို ရှုမှတ်ဖို့ အာရုံမလွဲဘို့ဟာ အရေးကြီးပါတယ်။ ဒါကြောင့် စဉ်းစားစရာလေးများလို့ ရေးလိုက်ရပါတယ်။ ဥာဏ်နဲ့သာယှဉ်ပြီး ကိုယ့်မိဘကို အစွဲကလွတ်ကျွတ်အောင် ဘာလုပ်ပေးသင့်သလဲပေါ့ ရှင်။
Sunday, July 15, 2012
သေခါနီးဘာကိုအာရုံပြုရမလဲ- စဉ်းစားစရာလေးများ(၂)
Subscribe to:
Post Comments (Atom)
သိတာလေးတွေ ပြောခဲ့ပါဦး
Popular Posts
-
မနေ့က ကျောင်းမှာ ကိုရင်လောင်း(၅၀)စတင်ဝတ်ကြပါတယ်။ ကျမလည်း တစ်ပါးစာကို တာဝန်ယူထားတာကော ရာဂျူးး က(၃)ပါးယူထားတာကြောင့် ကျောင်းကို ည...
-
နေပြည်တော် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး သီတင်းသုံးသွားခဲ့တဲ့ ရွှေနန်းသွင်းကျောင်းတော်မှာ မနက်ဖန်မနက်(၇)နာရီမှာ ဆွမ်းဆန်းစိမ်းလောင်မှာဖြစြ်...
-
၁၁-၇-၁၆ နေ့ ည(၇)နာရီမှာ ရေဆင်းကနေ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ ၇၅ နှစ်မြောက် ဂုဏ ပူဇာ တရားစခန်းပွဲကျင်းပရာ နေပြည်တော် လက်လုပ်တောင်တောရကိ...
-
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ (၇၃)နှစ်ပြည့်မြောက် ၀ိဇာတမင်္ဂလာအထိမ်းအမှတ်အဖြစ် (၁-၇-၂၀၁၄)နေ့ရက်မှ (၁၀-၇-၂၀၁၄)နေ့အထိ တရားစခန်းဝင...
-
ကျမပို့စ်မတင်ဖြစ်တာကြာပါပြီ။ ဆရာတော်ဘုရားကြီးနဲ့ပတ်သက်ပြီး တင်မယ်ဆိုရင်လည်း ဘာတွေအကောင်းဆုံးမျှဝေပေးနိုင်မလဲဆိုပြီးစဉ်းစားရတာကြောင့် ...
-
ဝါဆို သင်္ကန်းကပ်လှူထားသည့် မဂ္ဂင်နန်းဦး ဆင်းတုတော် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ (၇၃)နှစ်ဝိဇာတမင်္ဂလာစခန်းသိမ်းအောင်ပွဲ တရားဟောရန် ကြွလ...
-
၁၉၇၅ ကျမတို့စိုက်ပျိုးရေးတက္ကသိုလ်တက်စဉ်က အင်မတန်ထူးဆန်းတဲ့ တဘောင်တခုကို ပျဉ်းမနားသူဖြစ်တဲ့ ကျမသူငယ်ချင်းဆီက ကြားခဲ့ရဘူးပါတယ...
...ကမ္ဘာသစ်ဝက်ဆိုက်မှာ လင့်တွေ့လို့ တရားအသိတွေမှတ်သွားပါတယ်ရှင်။ ကျေးဇူးတင်ပါတယ်ရှင့်...
ReplyDeleteခင်မင်လေးစားစွာဖြင့်...
အေးအေးမိုးမိကူး
အေးအေးမိုးရေ
Deleteကျေးဇူးတင်ပါတယ်။ အကြံလည်းပေးပါ။ အဆင်ပြေသလို အနှစ်ကလေးတွေတင်ပေးနိုင်ဘို့ ကြိုးစားနေပါတယ်နော်။