မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီးအား ကြည်ညိုသူ ဓမ္မသာလ၏ စာဖတ်ပရိတ်သတ်များရှင်
ဆရာတော်ဘုရားကြီးနှင့်ပတ်သက်ပြီး ကြည်ညိုဘွယ်ရာ အဖြစ်မှန်များ ဓမ္မစာစုများကို ရေးသားသူတဦးဖြစ်သူ ကျမသည် နိုင်ငံတာဝန်ဖြစ်သော ရုံးကိစ္စများဖြင့် မအားမလပ်ပါသဖြင့် ပို့စ်တင်ခြင်းကို ခေတ္တခဏရပ်နားထားရသည်ကို ခွင့်လွတ်စေလိုပါသည်။
ကျမရေးသားထားသော အကြောင်းအရာများအားလုံးသည် အမှန်တကယ် အဖြစ်မှန်များသာဖြစ်ပါကြောင်း၊
မြတ်စွာဘုရားထားခဲ့သော တရားများ အမှန်တကယ်ကျင့်လျင် အမှန်တကယ်ဖြစ်တည်ရရှိပါကြောင်းကို ဓမ္မသာလာမှ တဆိတ်တဒေသ မီးမောင်းထိုးပြခြင်းမှာ အားကျစေလို၊ ကျင့်ကြံကျစေလို၊ ဆုပန်ကြစေလို သဖြင့်ဖြစ်ပါသည်။
အထူးသဖြင့် မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီးကိုယ်တိုင် ငယ်စဉ်က ၀ိဇ္ဇာလိုင်းကို အားထုတ်ကျင့်ကြံခဲ့ပြီး နောင်တွင် အရိယာဆရာတော်ဘုရားကြီးတပါးဖြစ်လာခြင်း၊ ဆရာတော်ဘုရားကြီး၏ ဆရာတော် ဘ၀ိမလသည်လည်း နှစ်လမ်းသွားသော အရိယာ ၀ိဇ္ဇာကြီးဖြစ်ကြပါသည်။
သို့ဖြစ်သည့်အတွက် အဘိဥာဉ်ယှဉ်သော စိတ်တန်ခိုးများကို ရရှိထားကြသည့်အတွက် ပိုမိုသိရှိသည့်အတိုင်း ဆရာတော်ဘုရားကြီးစာအုပ်တွင်လည်း ပွင့်ပွင့်လင်းလင်းထုတ်ဖော်ခဲ့သည်မှာ နောင်လာနောက်သားတို့၏ အကျိုးသာဖြစ်ပါသည်။
ကျမကိုယ်တိုင်ငယ်စဉ်က ၀ိဇ္ဇာလိုင်းကို ပုတ်ခတ်၊ ၀ိပသနာမှ ၀ိပသနာဖြစ်ရပြီး နားလည်လာသော အခါ မိမိ၏အမှားတို့ကို မြင်လာမိပါသည်။
ထို့အတွက်ကြောင့် ကျမသည် ဆရာတော်ဘုရားကြီး၏ စာစုများရေးရာတွင် အရိယာ ၀ိဇ္ဇာများအကြောင်းများ၊ ထူးဆန်းဘွယ်ရာ စိတ်စွမ်းအားများကို ထည့်သွင်းရေးသားခဲ့ခြင်းဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်ရှင်။
မေတ္တာဖြင့်
Thursday, November 14, 2013
စာရေးသူ၏စကား
Subscribe to:
Post Comments (Atom)
သိတာလေးတွေ ပြောခဲ့ပါဦး
Popular Posts
-
ကျမပို့စ်မတင်ဖြစ်တာကြာပါပြီ။ ဆရာတော်ဘုရားကြီးနဲ့ပတ်သက်ပြီး တင်မယ်ဆိုရင်လည်း ဘာတွေအကောင်းဆုံးမျှဝေပေးနိုင်မလဲဆိုပြီးစဉ်းစားရတာကြောင့် ...
-
မနေ့က ကျောင်းမှာ ကိုရင်လောင်း(၅၀)စတင်ဝတ်ကြပါတယ်။ ကျမလည်း တစ်ပါးစာကို တာဝန်ယူထားတာကော ရာဂျူးး က(၃)ပါးယူထားတာကြောင့် ကျောင်းကို ည...
-
မုံရွာမြို့နယ်မှ ရင်သွေးလိမ္မာအဖွဲ့အားဟောကြားသောတရား ယခုတရားမှာ ယခင်က တချို့အပိုင်းများကို ကျမဘလော့ပေါ်တွင် တင်ခဲ့ဘူးပါသည်။ အခွေထဲမှ တ...
-
ကျမ ၂၁.၁၁.၂၀၁၂ နေ့က လက်လုပ်တောင်ကျောင်းသို့တခေါက်ရောက်ခဲ့ပြန်ပါသည်။ ထိုအချိန်တွင် ဆရာတော် ဦးခေမာလည်း ဆွမ်းဘုန်းပေးနေပြီ။ ကျမလည်း ဦးဗောဓိအရ...
-
မဟာဗောဓိမြိုင်ဆ၇ာတော်ဘုရားကြီး သီတင်းသုံးခဲ့တဲ့ နေပြည်တော် ရွှေနန်းသွင်းစေတီတော်မြတ်မှာ (၉.၁.၂၀၁၅)နေ့ ည(၉)နာရီခန့်မှာ ကြွရောက်လာတယ်လို့သိရပ...
-
၁၁-၇-၁၆ နေ့ ည(၇)နာရီမှာ ရေဆင်းကနေ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ ၇၅ နှစ်မြောက် ဂုဏ ပူဇာ တရားစခန်းပွဲကျင်းပရာ နေပြည်တော် လက်လုပ်တောင်တောရကိ...
-
ငယ်စဉ်က ကျမတို့ ဗန်းမော်ထောင်မှာ ထောင်မှူးကြီးအဖြစ် စာရေးဆရာ ရန်အောင်မောင်မောင် ပြောင်းရွေ့လာပါတယ်။ စာရေးဆရာ တင်သန်းဦးဟာလည်း ခြေလျင်တပ် (...







0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး