ယနေ့ညနေ ရုံးဆင်းပြီးသော် ကျမသည် လက်လုပ်တောင်တွင် သီတင်းသုံးနေသော ဦးဇင်း ဦးခေမာအား သတိရမိပါတော့သည်။ ဦးဇင်းကား မျက်စေ့ပြန်လည်ကုသနေသဖြင့် မှော်ဘီ ဗောဓိရိပ်ငြိမ်တွင် လည်းကောင်း၊သွားရောက်နေထိုင်သည်မှာ အတော်ကြာပြီ၊ ယနေ့တွင် ကျမသည် ဦးဇင်းထံမဆက်သွယ်ဖြစ်သည်မှာကြာပြီ။ ကိုယ်ဖုန်းဆက်သောကြောင့် ဖုန်းလက်ခံပြောနေရသဖြင့် အလုပ်ပျက်မည်ကိုလည်းကောင်း ထည့်တွက်မိသောကြောင့်ဖြစ်ပါသည်။
ကျန်းမာရေးကောင်းမကောင်းမေးရင်း၊ မျက်လုံးအခြေအနေအကြောင်းမေးရင် ဖုန်းဆက်ဖြစ်ပါသည်။ ဦးဇင်းမှ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ သက်တော်(၇၂)နှစ်ပြည့်မွေးနေ့- ၀ါဆိုလပြည့်ကျော်(၁)ရက်နေ့တွင် လက်လုပ်တောင်တွင် တရားစခန်းဖွင့်၍ ပူဇော်မည်ဖြစ်ပြီး၊ ရဟန်းယောဂီ (၇၂)ပါးအားလက်ခံမည်ဟုသိခဲ့ရပါသည်။ အမျိုးသား အမျိုးသမီးယောဂီလုံးဝ လက်မခံ၊ ရဟန်းယောဂီများ (၇၂)ပါး ဖြင့် တရားဖြင့် ပူဇော်ကြမည်ဖြစ်ပါသည်။
ဗောဓိရိပ်ငြိမ်ဆ၇ာတော်ကိုယ်တိုင်ကြွရောက်လာ၍ တရားပြသပေးမည်ဖြစ်ကြောင်းသိရပါသည်။ လက်လုပ်တောင် ဂေါပကအဖွဲ့ဝင်များအားလုံး ရဟန်းဝတ်ရမည်ဟုလည်း မိန့်ပါသည်။
ဒီတခါတော့ ဂေါပကတွေလည်း မရတော့ပြီ။ သူများတွေတရားထိုင်လျင် တရားစခန်းတွင် ရှိသမျှအလုပ် အကုန်ကျုံးရုန်းလုပ်နေရှာသော ဂေါပကများ (အထူးသဖြင့် ဦးလေးထွေးနှင့် ဘိုးမြသောင်း၊ ဘိုးမြသင်းတို့ အမွှာဘိုးဘိုးများလည်း ရဟန်းဝတ်ရတော့မည်။ ဧဟိ ဘိက္ခူဟူသော စကား၏ မြတ်သောနေရာသို့ အကုန် ပို့ဆောင်ခေါ်ယူတော့မည်။
အားကျပါဘိခြင်း။ ကျမတို့ကတော့ ရဟန်းယောဂီများချည်းဆိုတော့ ပယ်စာရင်းပိတ်သွားလေပြီ။ ယောကျာ်းလေးမဟုတ်တာ ဒီတခါတော့ နာပြန်ပြီဟု ဦးဇင်းအားလျောက်မိသည်။ အော်- မိန်းမ၊ မိန်းမ၊ မိန်းမ ဟု ငယ်စဉ်က ဖတ်ခဲ့ဘူးသော ဗန်းမော်ဆရာတော်ဘုရားကြီးနှင့် သီလရှင်မယ်ကင်းတို့ အပြန်အလှန် စကားဖြင့်တွယ်ကြပုံလေးကို အမှတ်ရမိပါတော့သည်။
စိတ်ဝင်စားကြကုန်သော - သာသနာ့အနွယ်ဝင် သူတော်စင် ရဟန်းအလောင်းအလျာများ၊ အကယ်လို့ ရဟန်းဝတ်ဖြင့် မြတ်စွာဘုရားနင့် သံဃာတော်များအား မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးအား ပူဇော်လိုတယ်ဆိုလျင်ဖြင့် မှော်ဘီ ဗောဓိရိပ်ငြိမ်ကျောင်း၊ ပျဉ်းမနား-လက်လုပ်တောင်ကျောင်း၊ ရန်ကုန် -ဥေယျဓမ်စာပေ တို့ကိုဆက်သွယ်ကြည့်ပြိး မေးမြန်းစုံစမ်းကြဖို့ နိုးဆော်လိုက်ပါသည်ရှင်။
ကျန်းမာချမ်းသာကြပါစေသောဝ်
ဓမ္မသာလာ
Monday, June 17, 2013
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးမွေးနေ့ပွဲတွင် ရဟန်းယောဂီ (၇၂)ပါး တရားဖြင့် ပူဇော်ကြမည်။
Subscribe to:
Post Comments (Atom)
သိတာလေးတွေ ပြောခဲ့ပါဦး
Popular Posts
-
ကျမပို့စ်မတင်ဖြစ်တာကြာပါပြီ။ ဆရာတော်ဘုရားကြီးနဲ့ပတ်သက်ပြီး တင်မယ်ဆိုရင်လည်း ဘာတွေအကောင်းဆုံးမျှဝေပေးနိုင်မလဲဆိုပြီးစဉ်းစားရတာကြောင့် ...
-
မနေ့က ကျောင်းမှာ ကိုရင်လောင်း(၅၀)စတင်ဝတ်ကြပါတယ်။ ကျမလည်း တစ်ပါးစာကို တာဝန်ယူထားတာကော ရာဂျူးး က(၃)ပါးယူထားတာကြောင့် ကျောင်းကို ည...
-
မုံရွာမြို့နယ်မှ ရင်သွေးလိမ္မာအဖွဲ့အားဟောကြားသောတရား ယခုတရားမှာ ယခင်က တချို့အပိုင်းများကို ကျမဘလော့ပေါ်တွင် တင်ခဲ့ဘူးပါသည်။ အခွေထဲမှ တ...
-
ကျမ ၂၁.၁၁.၂၀၁၂ နေ့က လက်လုပ်တောင်ကျောင်းသို့တခေါက်ရောက်ခဲ့ပြန်ပါသည်။ ထိုအချိန်တွင် ဆရာတော် ဦးခေမာလည်း ဆွမ်းဘုန်းပေးနေပြီ။ ကျမလည်း ဦးဗောဓိအရ...
-
မဟာဗောဓိမြိုင်ဆ၇ာတော်ဘုရားကြီး သီတင်းသုံးခဲ့တဲ့ နေပြည်တော် ရွှေနန်းသွင်းစေတီတော်မြတ်မှာ (၉.၁.၂၀၁၅)နေ့ ည(၉)နာရီခန့်မှာ ကြွရောက်လာတယ်လို့သိရပ...
-
၁၁-၇-၁၆ နေ့ ည(၇)နာရီမှာ ရေဆင်းကနေ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ ၇၅ နှစ်မြောက် ဂုဏ ပူဇာ တရားစခန်းပွဲကျင်းပရာ နေပြည်တော် လက်လုပ်တောင်တောရကိ...
-
ငယ်စဉ်က ကျမတို့ ဗန်းမော်ထောင်မှာ ထောင်မှူးကြီးအဖြစ် စာရေးဆရာ ရန်အောင်မောင်မောင် ပြောင်းရွေ့လာပါတယ်။ စာရေးဆရာ တင်သန်းဦးဟာလည်း ခြေလျင်တပ် (...







0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး