Wednesday, May 1, 2013

ပန်းချီဆရာ လက်ရာမြောက် စုတ်အောက်ကလူဖြစ်


ယခုကဲ့သို့ ဇွဲ၊ လုံ့လ၊ ၀ီရိယ အဓိဌာန်တို့ဖြင့် ပါရမီကိုဖြည့်ကျက်ခဲ့သည်မှာ နှစ်ပေါင်းများစွာ

ိ
ဆရာတော်ုဘုရားကြီးငယ်စဉ်မှာ- မလွယ်ကူသောအရာတို့မှာ ပါရမီအခံနှင့် ဇွဲ၊ ၀ီရိယတို့ဖြင့် ကျော်ဖြတ်သွာံးခဲ့ပါသည်။

စိတ်ဆိုသော ထိုစကား ဆန်းကြယ်ခြင်း သဘောတရားကို ညွှန်းဆို၏။



-      စိတ်ဆန်းလျှင် ကံလည်း ဆန်းမည်။



-      ကံဆန်းလာသလောက်လည်း စိတ်လည်း ဆန်းပေဦးတော့မည်။

၃၆ လက်မ၊ ၄၈ လက်မရှိ ဘောင်ခတ်ပိတ်ကားပေါ်တွင် ပန်းချီဆရာ စိတ်ကူးဖြင့် ဆေးချယ်သွင်းလိုက်ရာ တောတောင်နှင့် တောတွင်းနေ သဘာဝ သရုပ်စဉ် ပီပြင်လာစေသည်။ မြို့တော်နှင့် ဆင်၊ မြင်း၊ ရထား မင်းမိဖုရား သရုပ်စဉ် ပီပြင်လာစေ သည်။
သည့်ပမာလျှင် …. ဥတု၊ အာဟရတို့က အခြေခံ၊ ကံစိတ်တို့က ပြုစီမံများဖြင့် သတ္တလောကကြီးကို စိတ်ကူးယဉ်ခြေမှုန်းလိုက်ရာ တိရစ္ဆာန် လောကကြီး၏ မျိုးရိုးဗီဇများ ကွဲပြားလာရသည်။
ငှက်ကလေးများ၏ အမွေး၊ အတောင် မည်သူကမျှအရောင်မဆိုး၊ ဆေးမခြယ်ရပါဘဲလျက်က တောက်ပြောင်စေ၏။
ငှက်ကလေးများ၏ အလုံးအထည် မည်သူကမျှ ခွဲတမ်းမချပါဘဲလျက်က အသေးအကြီး ကွာခြားချက် ပေါ်ထွက်လာစေ၏။  စိတ်အကြံ၊ ကံအထောက် သဘာဝက မြှောက်ပေးလိုက် ခြင်း။
ထိုတိရစ္ဆာန်များ မိခင် မေတ္တာကို အရင်းခံ၍ ကောင်းကံများက မစီမံသေးသမျှ တိရစ္ဆာန်ဘ၀က ရှေ့မတိုး။
မောဟကြီးစိုး၊ လောဘ ဒေါသက အားကိုးရနေသော သောကြောင့်၊
ထိုမှာပင်….
-      ၀မ်းလွယ် ဥခွံမွေး၊ ဘ၀သို့လည်း ၀င်ခွင့်များများ ရလာပြီ။
-      သားသမီးများ မေတ္တာ၊ ကရုဏာများလည်း စွေဖြိုးလာနေပြီ။
-      သားသမီးများ၏ အသက်မွေးဝမ်းကျောင်းများကိုလည်း ထောက်ပံ့ကူညီနေပြီ။
-      သားသမီးများ၏ အသက်ဘေး၊ ၀မ်းမီးဘေးကိုလည်း ကာကွယ်ပေးနေပြီ၊ ထိုသူကောင်းပြုကျင့်စဉ်များ ထွန်ကားနေသည့်အပြင်…
-      လူသူများက မိမိတို့ဆီ အလာများ၍ အတွေ့အထိများလာခြင်း
-      လူသူရှိရာသိုက မိမိတိုကက အသွားများ၍ အတွေ့အထိများလာခြင်း
ထိုအတွေ့အထိများနောက် ဝေဒနာ၊ တဏှာ၊ ဥပါဒါန်များကပါ ထောက်ပို့လိုက်သောအခါ…

တိရစ္ဆာန်မှ လူသို့ အဆင်မြင့် ကူးခွင့်သာခဲ့ပြီ။ ကံစိတ်တို့၏ အထောက်အပံ့ဖြင့် လူပန်းချီကား ရေးပြီးသွားခြင်း။



နိယာမဟူသော သဘာဝတာဝန် လွန်ဆန်မရခြင်း၊ ငါးမျိုးတို့တွင် ဗီဇနိယာမလည်း တစ်ခုအ၀င် အပါဖြစ်ရာ….

-      ကြွက်ကြီးလာသဖြင့် ၀က်တက်ဖြစ်ခြင်း အစဉ်အလာမရှိ။
-      ၀က်ကြီးလာသဖြင့် ကျွဲတက်ဖြစ်ခြင်း အစဉ်အလာမရှိ။
-      တစ်ဖန် ဆင်ငယ်မျိုးဖြစ်နေသဖြင့် ကျွဲ ဖြစ်သွားသည်လည်း မရှိချေ။
အ၀ိဇ္ဇာခံ ကံစိတ်တို့က တိရစ္ဆာန်။
ဝိဇ္ဇာခံ ကံစိတ်တို့က လူသုံးမျိုး။
ဤ သဘာဝ နိယာမ၊ ဗီဇနိယာမ အစဉ်အလာရိုးများကိုလည်း မည်သူမျှ ချိုးဖောက် လွန်ဆန်၍ မရစကောင်းချေ။
ဝိဇ္ဇာတံခွန်ထူ လူဖြစ်လာလျှင်ကား-
-အောက်ကံဆန်းများက အောက်ဘုံခန်းများ တည်ဆောက်ပေးကြမည်။
- အထက်ကံဆန်းများက အထက်ဘုံခန်းမျး တည်ဆောက်ပေးကြမည်။
- အထက်ဈာန်ဆန်းများက အထက်ဘုံခန်းများ တည်ဆောက်ပေးကြမည်။
- ကံ ဈာန်ပယ်ဖျက် ဥာဏ်သက်များက အရိယာဘုံခန်းများ တည်ဆောက်ပေးကြမည်။
လူသည် အရောင်းအ၀ယ်အားလုံးတို့၏ ဇုံတည်း။

-      အထက်ပါစာစုကား မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ ပီတိမှသည် ဘ၀ပန်းတိုင်ဆီသို့မှ ဖြစ်ပါသည်။ ထိုစာအုပ်တွင် ဆရာတော်ဘုရားကြီးသည် မေးခွန်းများဖြင့် မိမိကိုယ်ကိုစစ်ရန် နေရာတော်တော်များများတွင် ဖော်ပြထားပေသည်။ ဘယ်ကလာတာလဲ။ ဘယ်သို့သွားမှာလဲ ဆိုသကဲ့သို့



-      ငါသည်အထက်က လာသလား၊ အောက်က လာသလား သိရမည်။



-      ငါသည် အထက်ပြန်မှာလား၊ အောက်ပြန်မှာလား သိရမည်။



-      ကိလေသာနှင့် မိတ်ဖက်လား ၊ ၇န်ဖက်လားဟု လည်းကောင်း။

မိမိကိုယ်ကို စစ်တမ်းထုတ်ရန် ညွှန်းထားပေသည်။ ဆရာတော်ဘုရားကြီးသည် တရားဟောလျင်လည်း စာအရ တိရစ္ဆာန်ဘ၀က များတယ်ဟု ထည့်ဟောလေ့ရှိသည်။ လူအနားနီး လျင် လူဘက်စိတ်သန်တတ်လို့ လူ့ဘ၀ရောက်လာသော သာဓကအားဖြင့် မေတ္တာရှင် အရှင်ဇ၀နသည် မိမိဘ၀နောက်ကြောင်းကို တရားဟောလျင်လည်းကောင်း၊ စာအုပ်ထဲတွင် လည်းကောင်း ဖော်ပြထားသည်။ အလားတူ ဖားအောက်တွင် တရားထိုင်သူအတော်များများသည် ကျင့်စဉ်အရ ဘ၀နောက်ကြောင်းကို ပြန်လှန်ချိန်ထိုးကြည့်လေ့ရှိကြရာ၊ အများအားဖြင့် ထိုယောဂီများသည် ဘ၀နောက်ကြောင်းများကို ကြောက်ရွံ့တုန်လှုပ်သောစိတ်ဖြင့် မယ်သီလရင်၊ သံဃာများဘ၀သို့ ကူးပြောင်းကုန်ကြသည်ကများပါသည်။ ပညာတတ်များ အတော်များများ ဖားအောက်ကထွက်လာလျင် အပြီးအပိုင်သံဃာ။ မယ်သီလရင်များ ဖြစ်ကုန်ကြသည်။
ကျမတို့ကားမသိတော့မကြောက်ကြ၊ ကျမတို့အသိကား အကြားသိ၊ သုတသိဖြစ်နေရကား မောဟ၊ လောဘ။ ဒေါသများလွမ်းမိုးထားသော အ၀ိဇ္ဇာဖက်များသောလူများသာဖြစ်နေကြကုန်၏။ အထက်လား အောက်လား လက်မှတ်မသေချာသောဘ၀။

 နောက်အသက်ရလာသော် လူမသုံး၊ သူမသုံး၊ အညွန့်တုံး ရွက်ကြွေချိန်များချည်းဖြစ်ကြရာ



-      အဘိုးကြီး စိတ်တို



-      အဘွားအို စကားများ



-      အညွန့်တုံးချင်း အချင်းများခြင်းဖြင့်သာ အချိန်ကုန်ကြရမည်။



-      ဘုရားဘက်စိတ်ရောက် ထင်သလောက်မပေါက်။ တရားဘက်စိတ်ထောက် ထင်သလောက် မပေါက်။ သို့ကြောင့်အိုမင်းမျှော်၊ သေမင်းမျှော် ကာလဖြင့်သာ အချိန်ကုန်ကြတော့မည်။

-      ဂဏန်းဖမ်းတတ်၊ အမြတ်ချည်းကျန်မည်။



-      ဂဏန်းဖမ်းမတတ်၊ အညှပ်ချည်းခံရမည်။



-      ဂဏန်းအညှပ်ခံရသူ၏ ထိုတစ်ဘ၀ လူဖြစ်ပါလျှက် လူသက်ကင်းဆိတ်ရကား နေလည်း အလကား၊ သေလည်း အလကားသာ။ ဟူ

ဂဏန်း ကောင်းကောင်းမဖမ်းတတ်သေးသော ကျမတို့ကဲ့သို့သော အရွယ်ရလာာပြီး ဂဏန်းအညှပ်ခံရမည့် သူများ (ဆရာတော်ဘုရားစာစုဖတ်၍ သံဝေဂ ရမရတော့မသိပေ- သံဝေဂ ရမလား၊ မြေးထိန်းနေမည်လားမသိ) ထောပနာပြုထား အလကားလူ ဟုဆိုခဲ့ပါပြီရှင်။



0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts