Sunday, May 19, 2013

ကျမတန်ဘိုးထားသည့် ရှားပါးသော ပုံတစ်ပုံ။

မဟာစည်ဆရာတော်ဘုရားကြီး
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး ၊ ရေဆင်း၊ ဗဟိုစိုက်ပျိုးေ၇းသုတေသနဌာနတွင် တရားချီးမြှင့်နေစဉ်


မထင်မှတ်ဖဲ နာရေးတခုနှင့်ကြုံခဲ့ပါသည်။ ထိုနာရေးကား ကျမဆရာ၏ ခမီးခမက်တစ်ဦး၏ နာရေးပင်။ ကျမသည် မမဆွေရောက်နေသည်ဟုသိသည်နှင့် ပျဉ်းမနားမြို့သို့ပြေးရပါသည်။ အစည်းအဝေးကြောင့် အသုဘလည်းလိုက်မပို့နိုင်၊ ညတွင် မိုးသည်းထန်သဖြင့် မီးများပျက်နေသည့်အတွက် ကျမသည် သွားဘို့ အတွက် အနည်းငယ်စိတ်ပျက်နေမိသည်။ နေ့ခင်းတွင်လည်း အင်မတန်ပူသဖြင့် မီးလောင်သကဲ့သို့ အရေပြားပေါ်တွင် မိတ်များထွက်နေလေသည်။
ယုန်ကဲ့သို့ ပုံပေါ်ပြီး  နားရွက်ပါးပါး အဖြူရောင်ပေါ်တွင် ဆရာတော်ဘုရားကြီး၏ ဆွမ်းခံကြွနေသော ပုံရေးရေးထင်နေပုံလည်းပြခြင်၊ သို့အတွက် အမထံပြေးရတော့သည်။ အသုဘလည်းမေး။ အမနှင့်လည်းစကားပြော၊ ပြောရင်းနှင့် နံရံပေါ်မှ ခပ်သေးသေး ဘုန်းကြီးပုံနှစ်ပုံတွဲပုံသို့ မျက်လုံးကရောက်မိ သည်။ တပုံကား မဟာစည် ဆရာတော်ဘုရားကြီးငယ်စဉ်က တပုံကား ဆရာတော်ဘုရားပုံ။ ထိုပုံကို စိတ်ဝင်စားမိတော့- ဘယ်နေရာမှာလည်း ဘယ်ကရသလဲစပ်စုမိသည်။ ဒီနေရာအခင်းအကျင်းကို မှတ်မိသလိုလို သိသလိုလိုနှင့်။ သေချာမသဲကွဲတော့။

ဘေးမှတခြားတစ်ပုံမှာ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး (လက်လုပ်တောင်)သည် သုဝဏ္ဏလျှံတောင် မိုင်းဖုန်းမှ မြေပြန့်သို့ လားဟူ လီရှောများနှင့် ဆင်းလာခိုက်တွင် လက်လုပ်တောင်မသွားမှီ ရေဆင်း၊ ဗဟိုစိုက်ပျိုးရေးသုတေသနဌာန (ယခု စိုက်ပျိုးရေးသုတေသနဦးစီးဌာန)သို့ ဒေါက်တာမြသွင်၏ တရားချီးမြှင့်ပေးပါရန် လျောက်ထားချက်အရ ၀င်ေ၇ာက်၍ ဆွမ်းဘုန်းပေးပြီးသော် အပင်တွေချည်း သုတေသန မလုပ်ပါနဲ့၊ မိမိကိုယ်ကိုလည်း သုတေသနလုပ်ပါဟု တရားချီးမြှင့်ပေးသွားသည့်ပုံ ဖြစ်ပါသည်။
မမဆွေ၏ သမီး ဝေသွင်ချိုအား ရှားပါးပုံအား ဘယ်ကရသနည်းဟုမေးရာ သူ၏ ယောက္ခမများ ဘယ်ကရသည် မသိ ချိတ်ဆွဲပူဇော်ထားခြင်းဖြစ်သည်ဟုပြောရာ ကျမလည်း ဆရာတော်ဘုရားကြီး၏ ငယ်စဉ် နုနယ်စဉ်က ပလ္လင်ပေါ်တွင်တရားဟောနေသည့်ပုံအား ဓာတ်ပုံရိုက်ယူလာခဲ့ပါသည်။
ကျမအတွက်တော့ အင်မတန်စိတ်ကျေနပ်မှုဖြစ်စေသောပုံဖြစ်ပါသည်။ ကျမသည် ထိုစဉ်ကအကြောင်းကို ထူးခြားသော စိတ်စွမ်းအင်များ (ရေဆင်း)တွင်ရေးသားထားခဲ့ပြီး၊ ထိုအချိန်သည် ရေဆင်းသို့ကြွလာစဉ်က ရိုက်ထားသည့်ပုံမှာ ယခုတရားဟောနေသောပုံ ဖြစ်ပါသည်။ ထိုစဉ်က ဆ၇ာတော်ဘုရားကြီးအား ပင့်ဖိတ်ခဲ့သော ဒေါက်တာမြသွင်နှင့် မမဆွေတို့ ရိုက်ခဲ့သော အခွေများ ပုံများပင် ဘယ်သို့ရောက်ကုန်သည်မသိ မရှိတော့ဟု မမဆွေမှ ပြောပါသည်။ တခါတရံတွင် အရိယာကြိးများ အား ဖူးမြင်ရခြင်း၊ ဟောကြားသော တရားအားကြားနာရခြင်း၊ လှူတန်းပူဇော်ရခြင်းသည် အခွင့်အရေးသည်  နှစ်ခါမလာ တတ်ရ။ မကြာခဏ ထိုအခွင့်အရေးမျိုးကို ရတတ်သူများကို ကျမတို့က ကံထူးသည်ဟု သာ သတ်မှတ်မိပါသည်။ အခွင့်အရေးရခိုကု ရသမျှ ကုသိုလ်ကို မရွေးအရယူသည်ကသာ မိမိအတွက် အများအတွက် အမြတ်ထွက်သွားသည်မှာက နှိုင်းဘွယ်ရာမရှိပေ။ ထိုစဉ်က ကျမဆရာဒေါက်တာမြသွင်သည် ၄င်း၏ သူငယ်ချင်းတစ်ဦးအား တရားပွဲစီစဉ်နိုင်လျင်စီစဉ်ပါ ။ ဆရာတော်တရားချီးမြှင့်ရန် ၄င်းလျောက်ပေးမည်ဟု သွားပြောသည်ကို ကျမမှတ်မိနေပါသေးသည်။
ထိုသူငယ်ချင်းကား ငြင်းလိုက်ပါသည်။ အခွင့်အရေးကား နှစ်ခါမလာတော့ နောင်တွင်လည်း မပေါ်ပေါက်လာတော့။ ဒါကြောင့် ကုသိုလ်ကောင်းမှုကို လုပ်မည်ဆိုလျင် အချိန်မဆိုင်းနှင့် ချက်ခြင်းလုပ်ဟု ဆရာတော်ကြီးများက တိုက်တွန်းခဲ့ခြင်းပါလားဟုလည်း မှတ်သားမိလိုက်ပါသည်။
၂၀၁၂ ခုနှစ်မတ်လတွင် မဟာမြိုင်ရောက်သော် အားရအာင်မဖူးရတော့၊ ဘာစကား ဘာတရားမှလည်း မချီးမြှင့်တော့။ ကျောင်းပေါ်လည်း တက်ခွင့်မရတော့။ အရင် အဖူးမျှော်ခံစဉ်၊ တရားချီးမြှင့်စဉ်၊ ကျောင်းပေါ်လည်းအတက်ခံစဉ်က၀န်ထမ်းဖြစ်သူ ကျမအတွက် အစစပေသီးနဲ့တွက်ရတယ်ပေါ့။ တကယ်တော့ ကျမမိုက်မဲတာပါ ထိုအချိန်က အလုပ်အလုပ် အလုပ်ဖြစ်နေသည်။ ခွင့်မယူလို။
သို့သော် ထိုအလုပ်အလုပ်ကား ကျမအထက်အရာရှိ လူကြီးလူကောင်းက ကျမအား ဂူတဂူထဲ ခြင်္သေ့နှစ်ကောင်မအောင်းလိုသည့်အတွက် ပညာသားပါပါ ယောကျာ်းကြီးတန်မဲ့ ရိုက်ချလိုက်သော အခါ၊ လုပ်သလိုမဖြစ်ပါလားဟု။ ကိုယ်မှန်ကန်ပြီး တဖက်တည်း သီလစောင့်သော်လည်း အကြွေးပါလာသော် ဆပ်ရပါလားဟု။ ပုတီးကိုင်သော်လက်တွင် တဏှာ၊ လောဘ၊ ဒေါသပူးကပ်နေသော် သမာဓိကလွဲ၍ ပညာဥာဏ်မပါလာသည့်အတွက် ထိုသို့လုပ်ခြင်းပေလားဟု။ ထိုကြောင့် ဆရာတော်ဘုရားကြီးတော်တော်များများသည် သညာက အနိုင်ယူနေရင် ပညာကနောက်ဆုတ်နေရ တတ်တယ်ဟုလည်းကောင်း၊ လောဘ ဒေါသ မောဟ တဏှာ ကိလေသာ ပူးကပ်နေလျင် ပညာက နောက်ဆုတ်နေရသည်ဟုလည်းကောင်း မကြာခဏမိန့်တာ အဓိပ္ပါယ်အတော်ပါတာဘဲဟု မှတ်သားထားရမည်။ သတိထားရမည့်အချက်ဟု။
 ဆရာတော်ဘုရားကြီးသည် မိမိဘ၀တွင် ကုလားလိုစု တရုပ်လို စီးပွားလုပ်မည်ဟု အံခဲထားသော်လည်း နောက်ဆုံး မိမိရှာသမျှ အထည်များအခိုးခံ ရ၊ အမှုဖြစ်ရနှင့် ဖြစ်သောအခါ သံဝေဂစကားအား ရေးသားထားသည့်အဖြစ်အတိုင်ြး ကျမလည်း လောကဓံနှင့် တဦးတည်း လိမ့်ခံနေရပါသည်။
ဆရာတော်ဘုရားကြီးက ရူးခြင်းရူးရင် ဘုရားရူးရူးတာ အကောင်းဆုံးဟု ကိုယ်ရေး အထ္ထုပ္ပတိတွင် လည်းေ၇းသားထားပေသည်။
ထိုကြောင့် ကျမလည်း အခွင့်အရေးမှာ နှစ်ခါမလာ။ မဟာမြိုင်ကိုမရောက်ရောက်အောင် ၂၀၁၂ က ပြေးရပါတော့သည်။ အရိယာတို့၏ သဘောကားသိရခက်ပါသည်။ မပါဒန်တွင် ချွတ်ရန်ချွေရန်ရှိသူများရှိသည့်အတွက် ဖူးခွင့်ရ အနီးကပ်ကြုံခွင့်ရ တရုန်းရုန်းနှင့်ပျော်စရာ ကြည်ညိုစရာမြင်ကွင်း အခွေတွင်မြင်ရသည်။ ကျမကားမရောက်ခဲ့။ ဆရာနှင့်မမဆွေကားရောက်အောင် သွားပါသည်။ သိသောသူများ တန်ဘိုးထားကြသည်။ မသိသောသူများ ကျော်သွားကုန်ကြသည်။
အမှန်တကယ်ဆိုလျင်ဆရာတော်ကြီးသည် မဘိန်းကို လွန်ခဲ့သော(၁၄)နှစ်က သွားရန်ကြံစည်ခဲ့ဘူးသည်။ နှစ်ကြိမ်ပျက်ဟုမိန့်ပါသည်။ ကံကောင်းသည်က မိုးမိတ်ဟုဆိုပါသည်။ မမျှော်လင့်ဘဲ ချွေရန်ချွတ်ရန် ရောက်သွားခြင်းဟု မိန့်တော်မူပါသည်။
အရိယာတပါးပေါ်ထွက်လာခြင်းသည် များစွာသော ဝေနေယျတို့အား ချမ်းသာစေ၏။  တောင်းသောနိဗ္ဗာန်ဆုကို ပြည့်စေ၏။ နာမ်လောကသားတို့အား ကျွတ်စေလွတ်စေ၏။
ဆရာတော်ဘုရားကြီးက ပြောလျင်ပွင့်လင်း၏။ သူများတွေမပြောသဖြင့် မသိရသော အကြောင်းအရာများကို ဖွင့်ဟပြော၍သိစေ၏။ မြတ်စွာဘုရားထားခဲ့တဲ့ အရာတွေ တကယ်ရှိတယ် ကျင့်ကြဟေ့ဟု တဖွဖွပြော၏။ သက်သေလည်း ပြ၏။ အရာလည်းထင်းလင်းပြစေ၏။ မနောပိုင်သူတို့ သည် မည်သို့ဆိုသည်ကို လည်းသက်သေပြ၏။ သူတပါးမမြင်နိုင်သည်ကို မြင်၊ မသိနိုင်သည်ကိုသိ၏။
စွန်းလွန်းဆရာတော်ဘုရားကြီးသည်လည်း စိတ်ညွတ်လိုက်ပါက အထက်ဘ၀ဂ်အောက်အ၀ီဇိအထိ မြင်ရသည်ဟု ရေးသားထားသည်ကို ဖတ်ခဲ့ရဘူးပါသည်။
သက်သေထားခဲ့ကြကုန်ပြီ။ နောက်ကလိုက်ဖို့သာလိုသည်။ နောက်ဘ၀မမြင်ရဟုဆိုကာ အမိုက်ကြီး မိုက်ကြသူများကြသည်။ တနပ်စာ တဘ၀စာအတွက်သာသာထိုးထိုး အားမနာ လျှာရှာမကျိုးလုပ်ကိုင်ကုန်ကြ သည်။ လောဘနောက်မလိုက်လျင် အနေကြပ်သော ဘ၀အတွက် အနေနည်းနည်း ချောင်လိုက ချောင်စေ့- ဟီရ သြတပ္ပက မသိသလို နောက်ကျောပို့ထားလိုက်ရသည်က များသည်။
ထိုကြောင့်ဆရာတော်ဘုရားကြီးသည် လူယုတ်မာဟု အဓိပ္ပါယ်ဖွင့်ကာ မကောင်းမှုကို ကျူးလွန်သူတို့အား လူသတ်သမာထက်ပင်ကြောက်စရာကောင်းသည်ဟု ထင်ရှားစေရန်ဖွင့်ဆိုခဲ့ပါသည်။
ကောင်းမှု ကောင်းကျိုး ကုသိုလ်တိုး၍ မိအေးနှစ်ခါမနာစေရန် သတိပြုသင့်ပါသည်။
အခွင့်အရေးကား နှစ်ခါမလာတတ်။
ကျန်းမာချမ်းသာကြပါစေ။
မေတ္တာဖြင့်

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts